၇ တန်းအောင် လူငယ်လေး ဘဝကနေ မြန်မာပြည်ရဲ့ အချမ်းသာဆုံးသူတွေထဲက တစ်ယောက် ဖြစ်လာသူ

၇ တန်းအောင် လူငယ်လေး ဘဝကနေ မြန်မာပြည်ရဲ့ အချမ်းသာဆုံး သူတွေထဲက တစ်ယောက် ဖြစ်လာတဲ့ အထိကြိုးစားခဲ့ရတာ…ဆောက်လုပ်ရေးရွှေခေတ်ကို မှီပြီး ကံကောင်းဖို့ ဆိုတာ လိုအပ်ပေမယ့်အဲဒီ ကံ တစ်ခုထဲ နဲ့ ဘယ်ဖြစ်လာပါ့မလဲနော့်။လူငယ်လေး တစ်ယောက် ၇ တန်းပြီးတော့ ရွေးချယ်စရာ နည်းပါးတဲ့ခေတ်မှာ ရှမ်းပြည်ဖက်မှာ ကားဝပ်ရှော့ လုပ်ဖြစ်တယ်။ နောက် ဓားပြတွေ ရန်ကြောက်လို့ ရန်ကုန်ကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တက်လာတယ်။ရန်ကုန်ရောက်တော့ ၃ ဘီး မောင်းတယ်။ ၃ ဘီး မောင်းနေရင်း လက်ဖက်ခြောက် ကုန်သည်နဲ့တွေ့လို့ အဲဒီအိမ်မှာ ဒရိုင်ဘာ လုပ်ရာကနေ အရောင်းအဝယ်ပညာ သင်ယူခဲ့တယ်။အိမ်ထောင်ကျ ကလေးရပြီး အဆင်မပြေတော့ လမ်းဘေးမှာ ဈေးရောင်းတယ်။ ၄ နှစ်လောက် ရောင်းပြီး စုဆောင်းရငွေနဲ့ လက်ဖက်ခြောက်တွေ […]

Continue Reading

အိပ်ရေးပျက်ပြီး အားအင်ကုန်ခမ်း မောပန်းနေသူတွေ ချက်ခြင်းလန်းဆန်းစေတဲ့ ဆေးတစ်ခွက်…

အိပ်ရေးပျက်ပြီး အားအင်ကုန်ခမ်း မောပန်းနေသူတွေ ချက်ခြင်းလန်းဆန်းစေတဲ့ ဆေးတစ်ခွက်… အားအင်ကုန်ခမ်းမော ပန်းနွမ်းနယ်ခြင်းနှင့်် မူးဝေခြင်းကို သက်သာ ‌ပျောက်ကင်းစေသည့် ကြက်ဥသံပုရာဆမ်း ‌ဆေးတစ်ခွက်”၊အလုပ် ပင်ပန်းလို့ဖြစ်ဖြစ်၊ အားအင် ကုန်ခမ်းလို့ိပဲဖြစ်ဖြစ် ၊မူးဝေနေရင်ပဲဖြစ်ဖြစ် အလွယ်တကူ သက်သာ ‌ပျောက်ကင်းစေတဲ့‌။ဆေးနည်း တစ်လက်ကို မျှဝေပေးပါ့မယ်။ ပါဝင် ပစ္စည်းတွေကတော့ (၁) ကြက်ဥ အစိမ်းတစ်လုံး (မည်သည့်ကြက်ဥမဆို) (၂) သံပုရာသီး အမှည့်တစ်လုံး ၊ (၃) သကြားဖြူ ဟင်းစားဇွန်းနှစ်ဇွန်း တို့ကိုဖေါက် ထည့်ရောမွှေပေးပါ။ သံပုရာအစေ့တွေ ကိုဖယ်ရှားပစ်ပါ။ပါဝင် ပစ္စည်းအားလုံကို သေချာအောင် နှံ့နှံ့စပ်စပ် ‌ရေ ာမွှေပြီးသောက်ပေးရင် အမောအပန်းပြေပြီး အားရှိလာမှာဖြစ်ပါတယ်။ ဒီဆေးနည်းက ကျွန်တော့်ဖခင် ‌ပေးတဲ့ရိုးရာဆေး တစ်လက်ဖြစ်ပါတယ် ။သွေးအားနည်း သူတွေနဲ့သွေးပေါင်ကျသူတွေ ပိုပြီးသုံးစွဲသင့် ပါတယ်။ အိပ်ရေးပျက်သူတွေ အတွက်လည်း […]

Continue Reading

အဖိုးပြောတဲ့ ဆုံးမစကား

အဖိုးပြောတဲ့ ဆုံးမစကား ( အရမ်းကောင်းလို့ ဖတ်စေချင် ) တခါတုန်းက တောရွာလေး တခုမှာ အင်မတန်မှ ဆင်းရဲလှတဲ့ မုဆိုးမ သားအမိ ရှိတယ်တဲ့။ ရာသီဥတု ပူပြင်းတဲ့ နေ့တနေ့မှာတော့ ကလေးတယောက်ဟာ ရွာအပြင် သစ်ပင်ရိပ်အောက်မှာ ဒေါသတွေ အကြီးကျယ်ထွက်ပြီး တယောက်တည်း ပါးစပ်ကနေ ပြောနေလေရဲ့။ ထိုအချိန်မှာ ခွေးလေးတကောင်ကို ခေါ်ဆောင်ပြီး အပန်းဖြေရန် သစ်ပင်ရိပ်သို့ ရောက်လာတဲ့ ခရီးသွား အဖိုးအိုတယောက်က သူ့အဖြစ်ပျက်ကြည့်ပြီး အဲ့ကောင်လေးကို မေးလိုက်တာပေါ့။” ကောင်လေး မင်းကို ဘာဖြစ်လို့ ဒီလောက်တောင် စိတ်တိုနေရတာလဲကွာ””ဘာရှိရမှာလဲဗျာ၊ အိမ်က အမေပေါ့။ သားကို အလုပ်တွေ တနေကုန် ခိုင်းနေတယ်။ သူငယ်ချင်းတွေနဲ့တောင် ကစားချိန်မရဘူး” လို့ ပြန်ဖြေတာပေါ့။ ”ဒါဆို မင်း အဖိုးနဲ့ ကစားမလား” […]

Continue Reading

စေတီပုထိုးဘုရားကျောင်းကန်တွေကို ဘယ်လို နည်းပညာနဲ့ တည်ဆောက်ခဲ့ကြသလဲ…

ဘိလပ်မြေ မပေါ်သေးတဲ့ အချိန် မြန်မာတို့ ခုထိ တည်တံ့နေသေးတဲ့ စေတီပုထိုးဘုရားကျောင်းကန်တွေကို ဘယ်လို နည်းပညာနဲ့ တည်ဆောက်ခဲ့ကြသလဲ… ဘိလပ်မြေ မပေါ်ပေါက်မီ ကမ္ဘာတစ်ဝှမ်းလုံး ထုံး၊အင်္ဂတေကို သုံးစွဲခဲ့ကြစဉ်က မြန်မာနိုင်ငံတွင်လည်း မြန်မာ့ရိုးရာ အင်္ဂတေကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဖော်စပ်သုံးစွဲခဲ့ကြပါတယ်။ ပုဂံခေတ်အင်္ဂတေစပ်နည်းကတော့ အုံတုံအပင်က အခေါက်ကိုခွာပြီးကြိုရတဲ့ အရည်ငါးဆ ကျွဲကော်ရည် (ကျွဲသားရေ နွားသားရေ ကြိုပြီးရတဲ့အရည်) ခြောက်ဆ ဥသျှစ်သီးမှရတဲ့ အစေးတစ်ဆ၊ တင်လဲရည်နှစ်ဆ တို့နဲ့ ထုံးနဲ့သဲဇတူစပ်ပြီး အင်္ဂတေကို ပြုလုပ်ကြပါတယ်။ နောက်တစ်နည်းကကျွဲကော်၊ ရေ၊ အုံတုံ၊ ဥသျှစ်၊ နွားနို့အသစ်၊ လက်ပံရေ၊ ကောက်ညှင်း၊ ထမင်းနယ် ပျားရည် ရှားစောင်း သဖန်းခါး လက်ပံသီးကရတဲ့ လဲဝါချဉ်ရည် စတဲ့အရာတွေနဲ့လည်း အင်္ဂတေစပ်ပါတယ်။ နောက်တနည်းကကျွဲကော်ရည် အုံတုံ၊ ဥသျှစ်၊ […]

Continue Reading

ဒီဇင်ဘာ ၃၁ ရက် (စနေနေ့) အတွက် ကမ္ဘာ့ရွှေစျေး၊ ပြည်တွင်း ရွှေစျေး၊ ဒေါ်လာစျေး၊ စက်သုံးဆီစျေး

ဒီဇင်ဘာ ၃၁ ရက် (စနေနေ့) အတွက် ကမ္ဘာ့ရွှေစျေး၊ ပြည်တွင်း ရွှေစျေး၊ ဒေါ်လာစျေး၊ စက်သုံးဆီစျေး ယနေ့ ဒီဇင်ဘာ ၃၁ ရက် (စနေနေ့) အတွက် ကမ္ဘာ့ရွှေစျေး၊ ပြည်တွင်း ရွှေစျေး၊ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှုန်းတို့ကို ဖော်ပြပေးလိုက်ပါတယ်။ ကမ္ဘာ့ရွှေစျေး တအောင်စ − 1823 ဒေါ်လာ YGEA ရည်ညွှန်းစျေး အခေါက်ရွှေတစ်ကျပ်သား − 2147500 ကျပ် ပြင်ပ ရွှေစျေး အခေါက်ရွှေ တကျပ်သား − 2708000 ကျပ် (ရောင်း) အခေါက်ရွှေ တကျပ်သား − 2690000 ကျပ် (ဝယ်) ပြင်ပ ငွေလဲနှုန်း USD =2825~2845 (ဒေါ်လာ) Euro = 2950~2985 […]

Continue Reading

မြန်မာတို့ ထိုင်းကို လိုက်လို့ မမှီနိုင်လောက်အောင် မိုး‌နဲ့မြေလို ဘာကြောင့် ကွာခြားသွားခဲ့တာလဲ…?

မြန်မာတို့ ထိုင်းကို လိုက်လို့ မမှီနိုင်လောက်အောင် မိုး‌နဲ့မြေလို ဘာကြောင့် ကွာခြားသွားခဲ့တာလဲ…? လွန်ခဲ့တဲ့၁၃ နှစ်ကျော်က ဘန်ကောက်မြို့ကို ပထမဆုံးစရောက်တော့ ဪ ငါတို့တိုင်းပြည်ဟာ နှစ် ၅၀ လောက် နောက်ကျကျန်နေခဲ့ပါလားလို့ တွေးမိတယ်။ ပြီးခဲ့တဲ့လက အခါခါထပ်ရောက်တော့ ဪ ငါတို့တိုင်းပြည်ဟာ နှစ် ၁၀၀ လောက် ကျန်နေခဲ့ပြီဆိုတာ သေချာသွားတယ်။ ကျန်ခဲ့တယ်ဆိုတဲ့နေရာမှာ တိုက်တာအခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေးစနစ်တွေတင်မကဘူး မျက်လုံးနဲ့ မမြင်ရတဲ့ စိတ်ဓါတ်တွေ၊ ကျင့်ဝတ်တွေ၊ စည်းကမ်းတွေ၊ နိုင်ငံသားတယောက်စီရဲ့အတွေးအခေါ် အမြင်ကျယ်တာတွေ အစ တိုင်းပြည်ရဲ့ နိုင်ငံတကာမှာရှိနေတဲ့ ပုံရိပ်တွေ၊ အထင်ကြီးလေးစားမှု၊ နေရာပေးမှု၊ ဆက်ဆံပတ်သက်ချင်စရာကောင်းမှု၊ ယုံကြည်မှု၊ ရင်းနှီးမြုပ်နှံနိုင်မှု၊ ငြိမ်းချမ်းရေး နိုင်ငံရေး ဒါတွေ အားလုံးပါ ရစရာမရှိအောင် ကျန်ခဲ့တာကို ပြောတာ။ […]

Continue Reading

ကမ္ဘာကျော် ရွှေတီဂုံစေတီတော်အောက်က လူအများမသိကြတဲ့ လျို့ဝှက်ချက်နှင့် အံ့ဖွယ် ၉ပါး…

ကမ္ဘာကျော် ရွှေတီဂုံစေတီတော်အောက်က လူအများမသိကြတဲ့ လျို့ဝှက်ချက်နှင့် အံ့ဖွယ် ၉ပါး… ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးအောက်မှာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ့ရွှေလှေတစ်စီးရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့ မြန်မာနိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေ ကပြောကြားခဲ့တယ်လို့ ၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည်ဖော်ပြချက်အရ သိရှိရပါတယ်။ မစ္စတာအပရမေကို ကြေးမုံသတင်းစာက တွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ခု၊ သူ့ရဲ့အသက်(၇) နှစ်သားအရွယ်မှာ သူငယ်ချင်းတွေနဲ့အတူ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံရင်ပြင်တော်ရဲ့ အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိ ဌာပနာတိုက်ဝကို ရောက်တဲ့အခါမှာ ရသေ့ကြီးတစ်ပါးနဲ့တွေ့လို့ ချဉ်းကပ်တောင်းပန်ပြီး ဌာပနာတိုက်ထဲကို ဆင်းခဲ့တယ်လို့ဆိုပါတယ်။ ရသေ့ကြီးရဲ့ခွင့်ပြုချက်အရ […]

Continue Reading

ဆရာတော် ဘုရားကြီးပြောပြတဲ့ အိမ်မြှောင် စုတ်ထိုး ရတဲ့ အကြောင်းအရင်း…

ဆရာတော် ဘုရားကြီးပြောပြတဲ့ အိမ်မြှောင် စုတ်ထိုး ရတဲ့ အကြောင်းအရင်း… အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ။ သူ့ စုတ်ထိုးသံ ကြား ရတတ်စမြဲ။ အိမ်မြှောင်စုတ်ထိုးသံကိုလည်း လူတွေ အတိတ်ကောက်ကြလေ့ ရှိတတ်ကြရဲ့။ ဘာကြောင့် အိမ်မြှောင်စုတ်ထိုးပါသလဲ။ အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်းဆရာတော်ဘုရားကြီးက ဒီလိုရှင်းပြထားပါတယ်။ မိဘနဲ့ သားသမီး ဆရာ နဲ့ တပည့် လင်နဲ့မယား ဆက်ဆံရေးမှာ လိုက်လျောမှု မရှိခဲ့လျှင် တကျက်ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ်။ “ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံသာ။ ကံထိန်းနတ် ဥစ္စာစောင့်နတ်တွေ လည်း နားမခံသာ။ နတ်တို့ နားမခံသာလို့ရှောင်သွားမည်။ သို့မဟုတ် လက်ပိုက်ကြည့်နေမည် ဆိုပါက အဲဒီအိမ် စီးပွားမတတ် နေသမျှ လူစိတ်မအေးရ လာသမျှ ဧည့်မ […]

Continue Reading

ကျန်းမာရေးထိုခိုက်စေလို့ အိမ်မှာ မစိုက်သင့်တဲ့ အပင် (၁၀)မျိုး

ကျန်းမာရေးထိုခိုက်စေလို့ အိမ်မှာ မစိုက်သင့်တဲ့ အပင် (၁၀)မျိုး တိုက်ခန်းသေးသေးလေးတွေမှာ နေတဲ့လူအများစုက အိမ်ထဲမှာ ပန်းလေးတွေနဲ့ အလှဆင်တတ်ကြပါတယ်။ ဒီလိုအလှဆင်တဲ့အခါမှာ အချိူ့အပင်တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ အထူးပဲ သတိထားသင့်ပါတယ်။ သစ်ပင်လေးတွေကို အိမ်ထဲမှာ စိုက်ထားတာကလည်း အလွန်လှပါတယ်။ သင့်အတွက် မကောင်းတဲ့ အပင်မျိုးကိုတော့ မစိုက်သင့်ပါဘူး။ ဒါဆိုရင် ဘယ်လိုအပင်မျိုးတွေက သင့်ကို ထိခိုက်စေနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။ ၁ ။ ရွက်လှပင် အပြင်ပန်းမှာတော့ လှပတဲ့အရွက်တွေ ရှိပါတယ်။ သူဟာ မူးယစ်စေတတ်တဲ့ အပင်မျိုးနွယ်ဝင်လဲ ဖြစ်ပါတယ်။ မတော်တဆ ပါးစပ်နဲ့ထိမိတာပဲဖြစ်ဖြစ်၊ စားမိတာပဲဖြစ်ဖြစ် ဝမ်းလျှောတာ၊ ပျို့အန်တာတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် ပါးစပ်နဲ့ လည်ချောင်းယားယံတာတွေကိုလည်း ဖြစ်စေပါတယ်။ ၂ ။ ဆင်စွယ်ဂမုန်းပင် အများစုကတော့ မြွေပန်းလို့ခေါ်ကြပြီးတော့ အိမ်တွင်းအလှဆင်ဖို့အတွက် […]

Continue Reading

သင်္ချိုင်းကုန်းထဲမှာ ထမင်းစားခဲ့တဲ့ ကျောင်းဆရာ (ဖြစ်ရပ်မှန်)

သင်္ချိုင်းကုန်းထဲမှာ ထမင်းစားခဲ့တဲ့ ကျောင်းဆရာ (ဖြစ်ရပ်မှန်) ကျွန်တော် တောကျောင်းကနေ မြို့ကျောင်း ကို ပြောင်းလာပေမယ့် မြို့ပေါ်ကျောင်းမှာ နေရတာ မဟုတ်ဘူး။ မြို့နဲ့ မနီးမဝေး မူလတန်းကျောင်းလေးကို ရောက်လာတယ်။ လေးတန်းအတန်းပိုင် တာဝန်ယူရတယ်။ ကျောင်းက ယိုင်တိုင်တိုင် စုတ်ချာချာ။ မိုးရွာ လေတိုက်ရင် မိုးလွတ်တဲ့နေရာ ခိုနေကြရတယ်။ ကျွန်တော့်လေးတန်းမှာ ကျောင်းသား ၂၄ ယောက် ရှိတယ်။ အဲဒီခေတ်က အုပ်စုလိုက်စစ်ဆိုတော့ အစိုးရစစ်လိုပဲ။ တစ်ကျောင်းနဲ့တစ်ကျောင်း ပြိုင်နေကြတာဆိုတော့ တန်းလုံးကျွတ်အောင်တာကို ဂုဏ်ရှိတယ် ထင်နေကြတာ။ ကျွန်တော့် ကျောင်းအုပ်ကြီးကတော့ တဝက်အောင်ရင်တော်ပြီ ဆိုပြီးနေတာ။ အတန်းထဲက ကလေးတွေ မဆိုး ပါဘူး။ အရည်အချင်းလေးတွေတော့ အရှိသား။ လေ့ကျင့်အား နည်းနေတယ်လို့ သုံးသပ် တယ်။ အရင်က ကျောင်းအုပ်ဆရာကြီးက တာဝန်ယူထားတာကိုး။ […]

Continue Reading