မွေးရာပါ လက်နှစ်ဖက်မရှိပေမယ့် အခက်အခဲအားလုံးကို ကျော်ဖြတ်ရင်း တက္ကသိုလ်တက်ခွင့်ရခဲ့တဲ့ အသက်၂၀အရွယ်ကောင်လေး(ရုပ်သံ)
မွေးရာပါ လက်နှစ်ဖက်မရှိပေမယ့် အခက်အခဲအားလုံးကို ကျော်ဖြတ်ရင်း တက္ကသိုလ်တက်ခွင့်ရခဲ့တဲ့ အသက်၂၀အရွယ်ကောင်လေး(ရုပ်သံ) Ho Huu Hanhအမည်ရှိတဲ့ အသက် ၂၀အရွယ် ဗီယက်နမ်ကောင်လေးတစ်ဦးဟာ မွေးရာပါ လက်နှစ်ဖက်မရှိပေမဲ့ ထူးချွန်ပြီးတောက်ပတဲ့အနာဂတ်ကို ဖန်တီးနိုင်စွမ်းရှိကြောင်း သက်သေပြနေပါတယ်။နည်းပညာအင်ဂျင်နီယာပိုင်းလျှောက် ထားတဲ့ Hoဟာ မကြာသေးခင်ကမှ Lac Hong တက္ကသိုလ်မှာဝင်ခွင့်ရကြောင်းလက်ခံစာရရှိခဲ့တာပါ။ မွေးရာပါလက်နှစ်ဖက်မရှိတာကြောင့် Hoအတွက် မွေးရပ်မြေ Dong Nai ပြည်နယ်မှာကြီးပြင်းလာဖို့မလွယ်ကူခဲ့ရပါဘူး။အမေဖြစ်သူက Hoဟာ ကလေးဘဝကတည်းက စက်ဘီးစီးဖို့ ကြိုးစားရင်းပြုတ်ကျတိုင်း ဆေးရုံအကြိမ်ကြိမ်သွားခဲ့ရတာပါတဲ့။Hoဟာ အသက် ၅နှစ်အရွယ်ကတည်းက စက်ဘီးစီးတတ်နေပြီဖြစ်သလို ရေလည်းကောင်းကောင်းကူးတတ်နေပါပြီ။ Hoဟာ ငယ်စဉ်က ခြေထောက်နှစ်ချောင်းနဲ့တူကို ဘယ်လိုကိုင်ဖို့၊စာမျက်နှာနောက်တစ်ရွက်လှန်တတ်ဖို့ နဲ့ စာရေးတတ်ဖို့စတာတွေကို ကျောင်းမှာဘဲ ခက်ခက်ခဲခဲသင်ယူခဲ့ရတာပါ။ဒါ့အပြင် သူ့ရဲ့ခြေချောင်းတွေနဲ့ကွန်ပျူတာစာရိုက်၊ ပုံဆွဲတာတွေနဲ့ အခြားအရာတွေကို သာမန်လူတွေလက်ကို အသုံးပြုသလို သူလည်း ကြိုးစားအသုံးပြုခဲ့ရပါတယ်။ […]
Continue Reading