သင့်ရဲ့အစ်မကို ပြောဖို့မေ့နေခဲ့တဲ့ ကျေးဇူးတင်စကား…

အစ်မတစ်ယောက်ရှိတာဟာ ကံကောင်းခြင်းဖြစ်သလို၊ အားလည်းဖြစ်စေပါတယ်။ သင့်မှာ အစ်မရှိခြင်းက သင့်အတွက် အရာရာကိုပိုအဆင်ပြေစေပြီး ပျော်ရွှင်ဖွယ်ဘဝကိုလည်း ပိုင်ဆိုင်စေပါတယ်။ ဒါကြောင့် သင့်ရဲ့အစ်မကြီးကို အခုလိုမျိုး ကျေးဇူးတင်စကားလေးတွေ ေြပာလိုက်ပါ (၁) ခက်ခဲတဲ့အချိန်တွေမှာ အတူတူရှိနေပေးလို့ ၊ အားပေးဖေးမပေးလို့ ကျေးဇူးတင်ပါတယ်။ (၂) ရင်ဖွင့်သမျှကိုနားထောင်ပေးလို့၊ လျှို့ဝှက်ချက်တွေကို သိမ်းဆည်းထားပေးလို့ ကျေးဇူးတင်ပါတယ်။ (၃) မွေးလာတဲ့အချိန်ကစပြီး အခုချိန်ထိအနောက်ကနေရပ်တည်ပေးလို့ ကျေးဇူးတင်ပါတယ် (၄) ရန်ဖြစ်လိုက်၊ပြန်ချစ်လိုက်နဲ့ မွေးချင်းတွေရှိခြင်းရဲ့အနှစ်သာရကို နားလည်စေခဲ့လို့ ကျေးဇူးတင်ပါတယ်။ (၅) အလှအပနဲ့ တခြားသိသင့်တဲ့အရာတွေကိုသိအောင် သင်ပြပေးလို့ ကျေးဇူးတင်ပါတယ်။ (၆) အရာရာကိုဝေမျှပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ (၇) ဘဝတလျှောက်လုံးရယ်မောအောင်လုပ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ (၈) အပေါ်ယံမဟုတ်ဘဲ ကိုယ့်အတွက်လိုအပ်တဲ့ စစ်မှန်တဲ့အကြံဉာဏ်တွေကိုပဲ ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ (၁၀) တခါတရံမှာ အပြန်အလှန်အပြစ်တင်တာမျိုးရှိပေမယ့် တကယ်အပြစ်မမြင်ခဲ့တဲ့အတွက် […]

Continue Reading

အမျိုးသမီးတွေ အမှန်အတိုင်း ဖွင့်ဟလေ့မရှိတဲ့ အချက် (၄) ချက်

အမျိုးသမီးတွေ အမှန်အတိုင်း ဖွင့်ဟလေ့မရှိတဲ့ အချက် (၄) ချက် ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။ သို့ပေမယ့်လည်း တစ်ချို့သော အတိတ်ဖြစ်ရပ် တွေဟာ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အခြေအနေမပေးတာမျိုး ရှိနိုင်ပါတယ်။ အတိတ်ဟာ အတိတ်ပဲဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေ ပျက်စီးတတ်ပါတယ်။ တကယ်လို့ အတိတ်ဟာ လက်ရှိအချိန်ကို လာရောက်ထိခိုက်မှု မရှိစေနိုင်ဘူးဆိုရင်တော့ အနောက်မှာပဲ ချန်ထားခဲ့တာ ပိုကောင်းပါလိမ့်မယ်။ ကျွနု်ပ်တို့လည်း အလားတူ ရိုးသားစွာနဲ့ လိမ်ကောင်း လိမ်မိဖူးကြပါလိမ့်မယ်။ ဒီဆောင်းပါးလေးကတော့ မိန်းကလေးတွေအနေနဲ့ အမှန်အတိုင်း ဖွင့်ပြောလို့မရှိတဲ့ အရာ (၄) မျိုးအကြောင်း ဖော်ပြမှာဖြစ်ပါတယ်။ (၁)သူမ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသားတွေရဲ့ အရေအတွက် သူမဟာ အတွေ့အကြုံရှိတဲ့ ပရောဖက်ရှင်နယ်တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ သူမ ရည်းစား ဘယ်နှစ်ယောက်လောက်ပဲ […]

Continue Reading

မြန်မာပြည်မှ တစ်ချို့သော မိန်းကလေး များ အကြောင်း

အခမဲ့ပြည့်တန်ဆာရုံ ဖြစ်လာတဲ့မြန်မာပြည်မှ တစ်ချို့သော မိန်းကလေး များ အကြောင်း မြန်မာနိူင်ငံဆိုတာ ယဉ်ကျေးမှူ့အရာမှာ ကမ္ဘာက အသိအမှတ်ပြုထားရတာ မြန်မာအမျိုးသမီးတို့ရဲ့ ဂုဏ်ကျက်သရေ မြန်မာ့အိန္ဒြေ ၊ မြန်မာ့ယဉ်ကျေးမှူ့ဟန်ပန်တွေက မြန်မာအမျိုးသမီးတော်တော်များများကြောင့် ပျက်ဆီးခဲ့ရတယ်(မြန်မာ့ယဉ်ကျေးမှူ့နဲ့အညီနေထိုင်တဲ့ မိန်းကလေးအချို့တော့ရှိပါတယ်) ဟိုးအရင်တုန်းက ဟောလိဝုဒ်ဇာတ်ကားရိုက်ဖို့ မြန်မာမင်းသမီးကို ငှါးတဲ့အခါ ဇာတ်ကားတစ်ခုလုံးမှာမြန်မာဝတ်စုံပဲဝတ်ပြသွားပီး မြန်မာ့ဂုဏ်ကျက်သရေကို ကမ္ဘာ့အလယ်မှာ ချပြသွားခဲ့တဲ့အဖြစ်တွေ ဒါတွေဟာ မြန်မာ့ယဉ်ကျေးမှူ့ကိုထိန်းသိမ်းပြသွားတာတွေ ဒီနေ့ခေတ်မှာတော့….Facebook မှာ like တစ်ခု ရဖို့အရေး…..ရှိသမျှပစ္စည်းတွေ အကုန်ဖော်ပြနေကြတဲ့ မြန်မာမိန်းကလေး တွေများလာတယ်……သူတို့ပိုစ့်တွေရဲ့ comment တွေကြည့်လိုက်ရင် အယုတ္တအနတ္တစုံလင်နေအောင်ဆဲဆိုနေကြတဲ့အဆဲ comment တွေကို အဟုတ်မှတ်ပီးသာယာနေတယ်… ခေတ်ဆန်ပီးရှိသမျှဖော်ပြနေမှ ဝိုင်းပြစ်မှားခံနေရတဲ့Facebook နာမည်ကြီးတစ်ယောက်ဖြစ်ချင်နေတာလား ဒီလိုမိန်းကလေးမျိုးတွေက အပြင်သွားလာတဲ့အခါပတ်ဝန်းကျင်မှာရော လုံခြုံမှူ့ရှိလိမ့်မယ်ထင်ပါသလား ကွယ်ရာကလေ ပစ်မှားဖို့ပြစ်မှားဖို့ချောင်းနေတဲ့ ပုရိဿယောကျာ်သားတွေ ဒုနဲ့ဒေး ရှိနေတယ်… မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ်လေးနေတဲ့ […]

Continue Reading

ယောက်ျားအများစု ရှိန်ကြတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အမူအကျင့်များ…

ယောက်ျားအများစု ရှိန်ကြတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အမူအကျင့်များ… ယောက်ျားလေး တွေဟာ ဒီလို အရည်အသွေး ရှိ တဲ့ အမျိုးသမီး တွေကို ရှိန်တတ်ကြတယ် …။ (၁) ယောက်ျားတွေရဲ့ အာရုံစိုက် ခံရဖို့ မကြိုးစားပဲ ရှိရင်းစွဲအတိုင်း ပြုမူ ပြောဆို ဆက်ဆံတတ်တာ …။ (၂) ကိုယ်လိုချင်တာကို ရအောင် ယူတတ် တဲ့ စိတ်အား ထက်သန် မှုတွေ ရှိတာ …။ (၃) ကိုယ့်အား ကိုယ်ကိုးလိုစိတ် ရှိတာ …။ (၄) လုပ်သမျှ ကို အကောင်းဆုံး လုပ်ဆောင် တတ်တာ၊ ဘက်စုံ ထူးချွန်နေတာ …။ (၅) မှန်ကန်တဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ်နိုင်တာ …။ (၆) […]

Continue Reading

ကြာသပတေး သားသမီးများအတွက် စကားလက်ဆောင်

ကြာသပတေး ဒီလမှာ မိမိစိတ်ကလောဘကြီးနေတတ်ပါတယ်..အစစရာရာကို ဂရုစိုက်ပြီးလုပ်ဆောင်ပါ..မိမိရဲ့လောဘကြောင့် စိတ်ပင်ပန်းတာမျိုး ထင်သလောက်ခရီးမရောက်တာမျိုးဖြစ်တတ်ပါတယ်.. မိမိအတွက်အရာရာခက်ခဲနေတယ်လို့ထင်နေတဲ့အရာလေးတွေ တဖြေးဖြေးအဆင်ပြေချောမွေ့လာတတ်ပါတယ်..မထင်မှတ်ပဲ ၃ လအတွင်းခရီးထွက်ရတာ ခရီးဝေးသွားရတာမျိုးကြုံရတတ်ပါတယ်.. ဘာပဲလုပ်လုပ် အလောတကြီးလုပ်တာမျိုးလေးတွေ ရှောင်ရှားပေးပါ..မိသားစုထဲမှ ကောင်းသောသတင်းကြားရတတ်ပါတယ်..မိသားစုဆွေမျိုးထဲမှာ လူကြီးအကြီးကဲတစ်ယောက်အတွက် ကျန်းမာရေးပူပန်ရတတ်ပါတယ်.. ဒီလထဲမှာ ဝမ်းနည်းစိတ်လေးတွေများနေတတ်ပါတယ်..စိတ်ငြိမ်အောင် ဘုရားနဲ့အချိန်ယူပြီး မေတ္တာပွားအောင်ဆုတောင်းတာလေးလုပ်ပေးစေချင်ပါတယ်…အလုပ်ကိုင်နဲ့ပတ်သတ်ရင် အခက်ခဲကြားကနေ အဆင်ပြေလာတတ်ပါတယ်.. မိမိအလုပ်မှာ အပြိုင်ဆိုင် စိတ်ရှုပ်ရတာမျိုးလေးတွေကြုံရတတ်ပါတယ်..နှစ်ကုန်ပိုင်းလောက်မှာ အလုပ်ကိုင်နဲ့ပတ်သတ်ပြီး ထူးထူးခြားခြား ကောင်းသောပြောင်းလဲခြင်းကြုံရတတ်ပါတယ်.. လုပ်ငန်းသစ်စဖို့အခွင့်အရေး အကြံညဏ်သစ်တွေ ပေါ်လာတတ်ပါတယ်..ငွေကြေးမှာအဝင်ထက်ကို အထွက်များနေတတ်ပါတယ်..ငွေကြေးလာရောက်အကူညီတောင်းတဲ့သူများလည်းရှိတတ်သလို ပေးစရာရှိသောငွေများလည်း တောင်းခံတာမျိုးကြုံရတတ်ပါတယ်… ချစ်သူကမိမိကို အရာရာဝင်ပါနေတယ် တစ်ခုခုဆိုမိမိကပဲ ချုပ်ကိုင်တယ် ချုပ်ချယ်တယ်ထင်နေတတ်ပါတယ်..မိမိမှာလည်းသူ့အပေါ် သံသယတွေများနေတတ်ပါတယ်..ဘာမဟုတ်တာလေးကနေ စကားများပေမယ့် အချစ်မလျော့ပဲ ပိုအဆင်ပြေလာတတ်ပါတယ်… မိမိချစ်သူက မိမိစကားထက် အပေါင်းသင်းစကားကိုပိုပြီးနားယောင်နေတတ်ပါတယ်…Singel Faလေးများကတော့ ချစ်သူထားဖို့ထက် မိမိစိတ်ကိုပိုပြီးတည်ငြိမ်အောင်လုပ်သင့်ပါတယ်.. မိမိစိတ်မှာ အရင်ထက်အပြောင်းလဲမြန် ဆုံးဖြတ်ချက်မြန်နေတတ်ပါတယ်…ခြေထောက်နဲ့ပတ်သတ်ပြီး သတိထားပါ..ခြေထောက်ကိုက်ခဲတာ ဒူးဆစ်မြတ်တာလေးတွေ […]

Continue Reading

ကိုယ့်ဝင်ငွေကိုယ် ရှာပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား…

ကိုယ့်ဝင်ငွေကိုယ် ရှာပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား… မိန်းကလေးတွေဟာ သဘာဝအားဖြင့် အားနွဲ့တယ်၊ စိတ်ပျော့တယ် ဆိုပေမယ့် မှီခိုချင်တဲ့ သူတွေတော့ မဟုတ်ပါဘူး။ မိသားစုက ချမ်းသာ သည်ဖြစ်စေ၊ ဆင်းရဲ သည်ဖြစ်စေ ကိုယ့်ဝင်ငွေ ကိုယ်ရှာပြီး ကိုယ့်အား ကိုယ်ကိုးတဲ့ မိန်းကလေးတွေဆိုတာ ဒီလိုပါ ။ (၁) နှမြောတတ်တယ် ဒီလို မိန်းကလေးတွေဟာ အရမ ်းနှမြောတတ်တဲ့ သူတွေပါ ။ ဈေးဝယ်တဲ့ အခါမှာလည်း အရမ်း ဈေးကြီးတာမျိုးဆိုရင် ကိုယ့်မှာရှိနေရင်တောင် မဝယ်ပါဘူး။ ဈေးကြီးတဲ့အဝတ်အစားတွေ၊ ဈေးကြီးတဲ့ အစားအစာတွေကို ချင့်ချိန်ပြီးမှ ဝယ်တတ်၊ စားတတ်တဲ့သူတွေပါ။ အစားအသောက်ကျန်နေရင် အရမ်းနှမြောတတ်သလို၊ ကိုယ့်ပစ္စည်းလေးတစ်ခုခု ပျောက်သွားခဲ့ရင်တောင် အရမ်းနှမြောတတ်ပါတယ်။ ကိုယ့်ဝင်ငွေကိုယ်ရှာပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား… (၂) […]

Continue Reading

ခေတ်သစ်မိန်းမပျက် (၃၅) မျိုး…

ခေတ်သစ်မိန်းမပျက် (၃၅)မျိုး ၁ ယောက်ျားမကောင်းကြောင်းကိုFb ပေါ်တွင်ချချရေးသောမိန်းမ ၂ တခြားယောက်ျားတွေကောင်းကြောင်းကိုFb ပေါ်တွင် share သောမိန်းမ ၃ အိပ်လျှင်ယောက်ျားဖက်လှည့်အိပ်ပြီးကျယ်လောင်စွာဟောက်တတ်သောမိန်းမ ၄ ညဘက်သွားတိုက်မအိပ်သောမိန်းမ ၅ယောက်ျားကိုပေါ်သမျှအလှပြင်ပစ္စည်းဝယ်ခိုင်းသောမိန်းမ ၆ညဖက်အချိန်မတော် အရပ်တကာလှည့်လည်သွားလာသောမိန်းမ ၇ တနေကုန် TV ကြည့်သောမိန်းမတနေကုန် ဖုန်းနှင့်မျက်နှာမခွာသောမိန်းမ ၈ တနေ့ပြီးတနေ့ ရောဂါတမျိုးပြီးတမျိုးဖြစ်ပြီးလင်ရှာသမျှ ဆေးကုနေရသောမိန်းမ ၉ တနေ့ ပုံ၅ပုံအထက်တင်သောမိန်းမ ၁၀ ဤပို့စ်ကိုရှဲပါ ထီပေါက်မည်ဤပုံကိုရှဲပါ ငွေဝင်မည် အရည်မရအဖက်မရပုံများကိုနေ့တိုင်းရှဲသောမိန်းမ ၁၁ ယောက်ျားမအိပ်ခင်အိပ်ပြီးယောက်ျားနောက်မှထသောမိန်းမ ၁၂ ယောက်ျားစကားပြောနေလျှင်ကြားဖြတ်ကာ လုလုပြောသောမိန်းမ ၁၃ ယောက်ျား passward များကိုအတင်းတောင်းသောမိန်းမ ၁၄ ဝနေသည်ကိုသိလျက် ဝိတ်မချသောမိန်းမ ၁၅ ပိန်နေသည်ကိုသိလျက် ဝိတ်မတင်သောမိန်းမ ၁၆ ယောက်ျားအား အပေါစားများသာဆင်သောမိန်းမ ၁၇ ယောက္ခမများအားနေ့စဉ်ဆဲရေးကျိန်းမောင်းနေသောမိန်းမ ၁၈ […]

Continue Reading

သားကောင်းယောက်ျားများ မိန်းမသား ဘဝကို ကိုယ်ချင်းစာတတ်ပြီး တန်ဖိုးထားတတ်ကြပါစေလို့

ယောကျာ်းများ ? မဖတ်ရ မိန်းကလေး တစ်ယောက်??? ဘဝမှာ အရွယ်ရောက် လာပါပြီတဲ့ ရာသီ ကလာပြီ ၊ ထိန်းရပြီ ၊သိမ်းရပြီ ၊ ဂရုစိုက်ရပြီ ရည်းစား ထားပါပြီတဲ့ လွမ်းရပြန်ပြီ၊ ဆွေးရပြန်ပြီ ၊ ကြေကွဲရပြန်ပြီ ၊ ခံစားရပြန်ပြီ အိမ်ထောင်ပြု ပါပြီတဲ့ မိဘ ၊ မောင်နှမတွေနဲ့ ခွဲရပြန်ပြီ ၊ ငိုရပြန်ပြီ အိမ်ထောင် ကျပါပြီတဲ့ ယောက်ျားလည်း ထိန်းရ ၊ အိမ်ကိုလည်း သိမ်းရ ယောက္ခမ ကိုလည်း ဂရုစိုက်ပေးရ ၊ သားသမီးတွေကိုလည်း သွန်သင်ပေးရ ၊ ခန္ဓာကိုယ်က ယောက်ျား အတွက် အချိန်တွေက သားသမီး အတွက သတိရနေတဲ့စိတ်က မိဘ အတွက် ပင်ပန်း […]

Continue Reading

တန်ဖိုးရှိတဲ့ မိန်းကလေးတွေဆိုတာ အချစ်ရေးနဲ့ ပတ်သက်ပြီး ဒီလိုစိတ်ဓာတ်မျိုး ရှိသူတွေပါ…

တန်ဖိုးရှိတဲ့ မိန်းကလေးတွေဆိုတာ အချစ်ရေးနဲ့ ပတ်သက်ပြီး ဒီလိုစိတ်ဓာတ်မျိုး ရှိသူတွေပါ… မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးဟာ သူများက သတ်မှတ်ပေးရတာမဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် သတ်မှတ်တာမျိုးပါ။ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ သူ့ကိုတန်ဖိုးထားခြင်းတွေက သူ့ရဲ့တန်ဖိုးကို ဖော်ပြနေတာဖြစ်ပါတယ် အခုဖော်ပြပေးမှာကတော့ တန်ဖိုးရှိတဲ့ မိန်းကလေးတွေဟာ အချစ်ရေးနဲ့ပတ်သက်ရင် ဘယ်လိုပြုမူတတ်သလဲ၊ ဘယ်လိုဆုံးဖြတ်ချက်ချတတ်သလဲ ပြီးတော့ ဘယ်လိုစိတ်ဓာတ်ရှိသလဲ ဆိုတာပါပဲ။ တကယ်လို့ သင်ဟာဒီအချက်တွေနဲ့ ကိုက်ညီနေခဲ့ရင် တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါနော် …။ (၁) မချစ်သင့်တဲ့သူကို မချစ်ဘူး။ ဒီလို မိန်းကလေးတွေ အနေနဲ့ မချစ်သင့်တဲ့သူတွေကို ဘယ်တော့မှ ချစ်မိမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ ကိုယ်ကျင့်တရားဖောက်ပြန်တာ၊ လူမှုရေးဖောက်ပြန်တာမျိုးတွေကို အရမ်းမုန်းပြီး အဲလိုမဖြစ်အောင်လည်း အရမ်းဂရုစိုက်ကြပါတယ်။ မချစ်သင့်တဲ့ သူမျိုးကိုဆို အစကတည်းက မပတ်သက်မိအောင် နေတတ်ကြပါတယ်။ […]

Continue Reading

ယောင်္ကျားလေးတိုင်းဖတ်ပါ၊၊ယောကျ်ားဆိုတာမယုတ်မာဖို့ပဲ လိုတာပါ …

ယောင်္ကျားလေးတိုင်းဖတ်ပါ၊၊ယောကျ်ားဆိုတာမယုတ်မာဖို့ပဲ လိုတာပါ … မိန်းကလေးတစ်ယောက်ရဲ့ တင် ရင် တွေကြည့်ပြီးအပျိုစစ်လား မစစ်လား ဝေဖန်နေတဲ့ တစ်ချို့ကောင်တွေမင်းတို့ရော လူပျိုစစ်ရဲ့လား? ရမလား စမ်းတာ ယောကျ်ားသဘာဝလို့ မပြောပါနဲ့အဲ့ဒီစကားတစ်ခွန်းကြောင့် မိန်းကလေးပေါင်းများစွာရဲ့အရှက်သိက္ခာ နစ်နာမှုတွေ ဘယ်လောက်များပြီးလဲကိုယ်ချင်းစာမိရဲ့လား အိုင်တွေ့လို့ ခြေဆေးမယ် ဆိုကတည်းကကိုယ်ခြေထောက်က နဂိုကတည်းက မသန့်လို့ပဲ ဆိုတာသိထားပါ ကိုယ်ကိုယ်တိုင်က နှမချင်းစာနာတတ်တဲ့စိတ် မရှိရင်ခွေးထက်ယုတ်ညံသွားလိမ့်မယ် Tattoo ထိုးမှ ယောကျ်ားပီသတယ် ထင်နေလားဆေးလိပ်/အရက်သောက်မှ ယောကျ်ားပီသတယ် ထင်နေလားဗလတောင့်မှ ယောကျ်ားပီသတယ် ထင်နေလား ယောကျ်ားပီသဖို့ သူများသားသမီးကိုမယုတ်မာဖို့ပဲ လိုတာပါ မင်းသာ ယောကျ်ားကောင်းဆိုရင် ကိုယ်ချစ်တဲ့မိန်းကလေးတစ်ယောက်ကို ဘဝတစ်ခုတည်ဆောက်ဖို့ အတွက်မင်းခေါ်သွားဖို့ ကြိုးစားနေတဲ့ တည်းခိုးခန်းအစား မင်္ဂလာခန်းမထဲ ပြောင်းခေါ်ခဲ့လိုက်ပါ မင်းသာ ယောကျ်ားကောင်းဆိုရင်အချစ်တစ်ခုကို ဘန်းပြပြီး သူအဝတ်အစားတွေ ချွတ်နေတဲ့မင်းလက်ကို ရပ်လိုက်ပါ မိန်းကလေးတစ်ယောက်ရဲ့ အချစ်နဲ့ဘဝကိုစော်ကားဖို့ […]

Continue Reading