အရမ်းကောင်းတဲ့ စာသားလေးပါ

အရမ်းကောင်းတဲ့ စာသားလေးပါ ဖတ်ရင်းနဲ့ တွေးပါ အရသာက တမူထူးခြားနေပါလိမ့်မယ် (၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။ (၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။ (၃) ကိုယ့်ကိုယ်ကို လေးစားပါ။ သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။ အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။ (၄) ငွေဆိုတာ ရေလိုပဲ။ ငွေခမ်းရင် ငတ်သေတတ်တယ်။ငွေမက်လွန်းရင် နစ်သေတတ်တယ်။ (၅) အရာဝတ္ထုတစ်ခုတိုင်းကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။ (၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့ လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။ (၇) လောဘမကြီးနဲ့။ ကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။ (၈) သူငယ်ချင်းအတွက် […]

Continue Reading

ကိုယ့်ဒူးကိုယ်ချွန်သမားများအတွက် အောင်မြင်ဖို့ နည်းလမ်း (၁၀) ခု

ကိုယ့်ဒူးကိုယ်ချွန်သမားများအတွက် အောင်မြင်ဖို့ နည်းလမ်း (၁၀) ခု ကိုယ့်ထူးကိုယ်ချွန်ပြီး သူဌေးတစ်ယောက်ဖြစ်ဖို့ လွယ်မယ်ထင်ပါသလား…? မလွယ်ပေမယ့် ဒီလိုနည်းနဲ့ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့သူတွေ တကယ်ရှိပါတယ်။ သင်ကိုယ်တိုင်လည်း ကိုယ်ထူးကိုယ်ချွန် သူဌေးတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဒီစည်းမျဉ်းတွေက ဘယ်နယ်ပယ်မှာမဆို သင့်ကိုအောင်မြင်စေဖို့ အထောက်အကူဖြစ်စေမှာမှာ သေချာပါတယ်။ ၁။ စိန်ခေါ်ပြီး လုပ်ဆောင်ပါ။ ကိုယ့်ထူးကိုယ်ချွန်ပြီး သန်းကြွယ်သူဌေးဖြစ်လာသူတွေကို ဘာကြောင့်သူတို့ ဒီလိုအောင်မြင်လာတာလဲ မေးကြည့်ရင် အဖြေက ဒေါ်လာသန်းချီပြီးရဖို့ လို့ ဖြေမှာမဟုတ်ပါဘူး။ တကယ့်အကြောင်းရင်း အစစ်အမှန်က သူတို့အားလုံးက စိတ်ကူးအိပ်မက်တွေရဲ့ စိန်ခေါ်မှုကိုလက်ခံပြီး ကြိုးစားခဲ့ကြလို့ အောင်မြင်ချမ်းသာလာခဲ့ကြတာ ဖြစ်ပါတယ်။ ၂။ သက်သာဖို့ မစဉ်းစားပါနဲ့ ထိပ်ဆုံးရောက်အောင် သွားနေတဲ့ ခရီးမှာ ဒီလောက်ဆိုရပါပြီလို့ တွေးပြီး နားနေဖို့ အချိန်မရှိပါဘူး။ ကနဦးချမှတ်ထားတဲ့ ရည်မှန်းချက်ပြည့်ဝပြီး […]

Continue Reading

ညဘက် ဖုန်းကို ခေါင်းအုံးဘေးချအိပ်တတ်သူများအတွက် ဆိုးကျိုးများ

ညဘက် ဖုန်းကို ခေါင်းအုံးဘေးချအိပ်တတ်သူများအတွက် ဆိုးကျိုးများ အရေးကြီးတဲ့ အချက်တစ်ချက်မို့ အားလုံးကို ဗဟုသုတ ရစေဖို့ မျှဝေပေးလိုက်ပါတယ်။လက်ကိုင်ဖုန်းနဲ့ပတ်သက်ပြီး အရေးကြီးသည့် ကျန်းမာရေးဗဟုသုတတစ်ခုကို မိတ်ဆွေများအတွက် မျှဝေပေးချင်ပါတယ်ဒီခေတ်မှာ ဟန်းဖုန်းများ ပေါများစွာ ပေါ်ပေါက်လာပြီး အရွယ်ရောက်ပြီးသူ လူတိုင်းနီးပါး အသုံးပြုလာနေကြပါပြီ လူအများဟာ အိပ်ယာဝင်ခါနီးမှာ အများဆုံး အသုံးပြုနေကြပြီး ခေါင်းအုံးအနားမှာပဲချထားကာ အိပ်ပျော်သွားတတ်ကြပါတယ်လက်ကိုင်ဖုန်းအတွင်းမှာပါတဲ့ နည်းပညာနဲ့ပြုလုပ်ထားပြီး သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ရေဒီယိုကြိမ်နှုန်း ထုတ်လွတ်ပေးပြီး ရေဒီယိုလှိုင်း ချုံ့၊ ချဲ့လုပ်ပေးတဲ့လှိင်းများဟာ လူတွေရဲ့ ဦးနှောက်သွေးကြောများကို ထိခိုက်စေနိုင်ပါတယ် pA IC ,rf ICတို့ဟာ ဖုန်းကို ပါဝါပိတ်ထားသည့်တိုင် အထဲမှာ ဆက်ပြီး အလုပ်လုပ်နေပါသေးတယ်။ ခေါင်းအုံးနားမှာ အချိန်ကြာမြင့်စွာ ချထားမိရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်ချက်ချင်းကြီး မသိသာပေမယ့် အစပိုင်းမှာ သတိလက်လွတ်ဖြစ်ခြင်း၊ မကြာခဏ […]

Continue Reading

သူဌေးတွေရဲ့ပိုက်ဆံသုံးနည်း

သူဌေးတွေရဲ့ပိုက်ဆံသုံးနည်း (၂မိနစ်လောက် အချိန်ပေးပြီး ဖတ်ပေးပါ) တကယ့်သူဌေးတွေဟာ ငွေကိုရှာပြီး ပရမ်းပတာ သုံးစွဲနေတယ်လို့ သင်မထင်ပါနဲ့။ သူတို့ဟာ ငွေရှာနည်းကို ကျွမ်းကျင်သလို ငွေသုံးစွဲနည်းကိုလည်း ကျွမ်းကျင်ကြတာ အသေအချာပါပဲ။ အခုဖော်ပြပေးမှာတော့ သင့်အတွက်အသုံးဝင်စေနိုင်မယ့် ချမ်းသာသူတွေရဲ့ ငွေသုံးစွဲနည်းလျှို့ဝှက်ချက်တွေပဲ ဖြစ်ပါတယ်။ ၁။ တကယ်မလိုအပ်တဲ့ အရာတွေကို မဝယ်ယူမိပါစေနဲ့ တကယ့်သူဌေးတွေဟာ လူအထင်ကြီးစေဖို့အတွက် သူတို့အတွက်တကယ် မလိုအပ်တဲ့အရာတွေကို ဝယ်ယူလေ့မရှိကြပါဘူး။ ၂။အနာဂါတ်အတွက်ငွေကြိုစုထားပါ ငယ်ရွယ်စဉ်မှာငွေမရှိပဲနဲ့ နေနိုင်ပေမယ့် အသက်ကြီးတဲ့အခါမှာတော့ ငွေမရှိပဲနဲ့နေလို့ မရပါဘူး။ ဒီအတိုင်းပဲ သူဌေးတွေဟာ အနာဂါတ်အတွက် ငွေကြိုစုထားလေ့ရှိပါတယ်။ ၃။ထွက်ငွေနဲ့ဝင်ငွေကို စာရင်းပြုစုထားပါ သူဌေးတွေဟာ ထွက်ငွေ၊ဝင်ငွေစာရင်းကို ပြုစုထားလေ့ရှိကြပါတယ်။ ဒါမှသာ သုံးစွဲမှု့တွေဟာ လိုအပ်လား၊မလိုအပ်လား ချင့်ချိန်နိုင်မှာဖြစ်ပါတယ်။ ၄။အလုပ်ကြိုးစားပါ သူဌေးမို့လို့ အလုပ်သမားတွေလောက် အလုပ်မလုပ်ဘူးလို့သင်ထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ့် ကိုယ်ထူးကိုယ်ချွန် […]

Continue Reading

ခွန်အားဖြစ်စေသောစာများ

နားခိုစရာလို့ ထင်ထားတဲ့ အကိုင်းအခက်တစ်ခုက တစ်ခါတစ်လေ ကိုယ့်အတွက် နာကြင်မှုတွေ ပေးသွားတတ်တယ် ပျော်ရွှင်မှုရလိမ့်မယ့်လို့ ထင်ထားတဲ့ သူတစ်ယောက်ဆီက တစ်ခါတစ်လေ ကိုယ့်အတွက် ဝေဒနာတွေ ပေးသွားတတ်တယ်၊ ပိုင်ဆိုင်ပြီလို့ ထင်ထားတဲ့ အရာတွေက တစ်ခါတစ်လေ ကိုယ်ကပဲ ပေးဆပ်လိုက်ရတတ်တယ်၊ တကယ်တော့ မျှော်လင့်ချက်ဆိုတာ အကောင်းဆုံး အရှုံးသမားပါပဲ… ဒါ့ကြောင့်…ဘယ်အရာကိုမှ အရမ်းကြီး မမျှော်လင့်ပါနဲ့။ Credit. ပြန်လည်မျှဝေသည် Zawgyi နားခိုစရာလို့ ထင်ထားတဲ့ အကိုင်းအခက်တစ်ခုက တစ်ခါတစ်လေ ကိုယ့်အတွက် နာကြင်မှုတွေ ပေးသွားတတ်တယ် ပျော်ရွှင်မှုရလိမ့်မယ့်လို့ ထင်ထားတဲ့ သူတစ်ယောက်ဆီက တစ်ခါတစ်လေ ကိုယ့်အတွက် ဝေဒနာတွေ ပေးသွားတတ်တယ်၊ ပိုင်ဆိုင်ပြီလို့ ထင်ထားတဲ့ အရာတွေက တစ်ခါတစ်လေ ကိုယ်ကပဲ ပေးဆပ်လိုက်ရတတ်တယ်၊ တကယ်တော့ မျှော်လင့်ချက်ဆိုတာ အကောင်းဆုံး အရှုံးသမားပါပဲ… ဒါ့ကြောင့်…ဘယ်အရာကိုမှ […]

Continue Reading

ငွေနဲ့ပက်သက်ပြီး သစ္စာရှိပါ

အကြွေး=ဆင်းရဲခြင်း ငွေနဲ့ပက်သက်ပြီး သစ္စာရှိပါ သူတစ်ပါးဆီက တစ်ကျပ်ယူထားရင် တစ်ကျပ်ပြန်ပေးပါ။မရှိသေးဘူးဆိုရင် ရှိအောင်လုပ်ပါ…။မပေးနိုင်သေးဘူးဆိုရင် ပေးနိုင်အောင်လုပ်ပါ။ အများကြီး ယူထားပြီး အားလုံးကိုပြန်မဆပ်နိုင်လျှင်တောင် နည်းနည်းချင်း ခွဲဆပ်ပါ။ကိုယ်ယူထားတာ ပေးရမယ့် အချိန်ရောက်ရင် တောင်းစရာ မလိုဘဲ ပေးပါ ။ အဆင်မပြေဘူးဆိုတဲ့ တစ်ခုထဲ အဆင်မပြေတဲ့ အကြောင်းပြချက် ခဏ…ခဏ…..မပြောမိစေနဲ့။ဘာဖြစ်လို့ အခုလိုပြောနေရတာလဲ အကြောင်းရှိပါတယ်…အရမ်းလည်း အဓိပ္ပါယ်ရှိပါတယ်။ ကိုယ်ယူထားတဲ့ငွေဟာ သူတစ်ပါး အနေနဲ့ သူ့ရဲ့ကြိုးစားမှုနဲ့ ရထားတာပါ ။သူ့ရဲ့ ကိုယ်စွမ်း/ဥာဏ်စွမ်းနဲ့ ခက်ခက်ခဲခဲ ရှာဖွေထားရတာပါ။ သင် သူတစ်ပါးဆီကယူထားတဲ့ငွေဟာ ချွေးစက်တွေနဲ့ ရှာထားတာလည်း ဖြစ်နိုင်ပါတယ် မအိပ်မနေ ညနက်သန်းခေါင်အထိ ရှာဖွေထားတာလည်း ဖြစ်နိုင်တယ်။ သူ့ကိုယ်ကျိုးအတွက် မသုံးစွဲရက်ဘဲ ယုံကြည်မှုနဲ့ ကိုယ့်ကိုပေးခဲ့ခြင်းဖြစ်တယ် အဲဒီယုံကြည်မှုကို ဘယ်တော့မှ လွယ်လွယ်လေး မချိုးဖျက်မိပါစေနဲ့။ကိုယ်ပိုက်ဆံချေးထားတဲ့သူက ချမ်းသာနေလို့ အဆင်ပြေနေလို့ […]

Continue Reading

လူတစ်ရာမှာ တစ်ယောက်သာ လုပ်တတ်တဲ့ ချမ်းသာစေမယ့် နည်းဗျူဟာ(၇)ခု

လူတစ်ရာမှာ တစ်ယောက်သာ လုပ်တတ်တဲ့ ချမ်းသာစေမယ့် နည်းဗျူဟာ(၇)ခု လူချမ်းသာတွေက ပိုပြီးချမ်းသာလာတတ်ကြပါတယ်။ ဆင်းရဲသူတွေကလည်း ပိုပြီးဆင်းရဲလာကြပါတယ်။ ဒီလို အမြဲဖြစ်နေတယ်လို့တော့ မထင်လိုက်ပါနဲ့။ သင်လည်းပဲ ချမ်းသာလာနိုင်ပါတယ်။ ချမ်းသာလာဖို့အတွက် လူဦးရေ(၁၀၀)မှာ (၁)ရာခိုင်နှုန်းလောက်ပဲ လုပ်ဆောင်လေ့ရှိပြီး ကျန်တဲ့(၉၉)ရာခိုင်နှုန်းက မလုပ်တတ်ကြတဲ့ အရာ(၇)ခုကို လုပ်ဆောင်လိုက်ရုံပါပဲ။ (၁) အအိပ် မမက်ပါနဲ့ တကယ်လို့ လူတစ်ယောက်ဟာ အိပ်စက်စရာမလိုဘူးဆိုရင် တစ်နေ့ကို (၇)နာရီလောက် စာဖတ်ချိန်၊ အလုပ်လုပ်ချိန် ပိုထွက်လာမှာဖြစ်ပါတယ်။ အသိပညာဟာ စွမ်းအားရှိစေပါတယ်။ စွမ်းအားရှိသူတွေပဲ ငွေရှာနိုင်ကြတာ ဖြစ်ပါတယ်။ ဘဝမှာရည်ရွယ်ချက်မရှိတဲ့သူတွေပဲ အိပ်စက်ဖို့ကို မျှော်လင့်နေတတ်ကြတာ ဖြစ်ပါတယ်။ ဒါဆို မအိပ်ရဘူးလား။ လိုအပ်သလောက်ပဲ အိပ်ပါ။ ပြီးရင် နိုးထပြီး အလုပ်ပြန်လုပ်ပါ။ (၂) အကောင်းဆုံးဖြစ်ပါစေ လူတွေက တတ်နိုင်သမျှ အကောင်းဆုံးထုတ်ကုန်တွေ ဝနျဆောငျမှုတှကေို […]

Continue Reading

စီးပွားရေးလုပ်တဲ့အခါ အသုံးချသင့်တဲ့ နည်းလမ်းကောင်း

စီးပွားရေးလုပ်တဲ့အခါ အသုံးချသင့်တဲ့ နည်းလမ်းကောင်း တစ်ခါကပေါ့ မြို့နဲ့မနီးမဝေးမှာ ငါးကန်လေးတစ်ခုဖွင့်ပါတယ်။အခကြေးငွေယူပြီး ငါးမျှားအပန်းဖြေတဲ့နေရာပေါ့။ ဖွင့်ပွဲနေ့မှာ အထူးအစီအစဉ်အနေနဲ့ ငါးမျှားလို့ ငါးမရတဲ့သူတွေကို ဘဲတစ်ကောင်လက်ဆောင်ပေးမှာဖြစ်ပါတယ်။ အဲဒါနဲ့ ဖွင့်ပွဲနေ့မှာပဲ ပျော်ပျော်ပါးပါးလာရောက်ငါးမျှားကြပါတယ်။ငါးမရလည်း ဘဲယူပြန်ပေါ့ ဒီလိုနဲ့ ငါးကန်ပိုင်ရှင်ရဲ့ ဘဲတွေလည်းအကုန်ပြောင်ပဲ။ မျှားတဲ့သူတွေက ငါးရဖို့ထက် ဘဲတစ်ကောင်ရဖို့ကိုပိုစိတ်ဝင်စားကြလို့လား။နောက်မှသိလိုက်ရတယ် တစ်ကယ်တော့ ငါးကန်ပိုင်ရှင်သူဌေးဟာ အရင်က ဘဲမွေးမြူရေးလုပ်တာပါ။အဲဒီနောက် ငါးမွေးမြူရေးကိုပြောင်းလုပ်ချင်ပေမယ့် ငါးမျိုးဝယ်ထည့်ဖို့က အရင်းအနှီးမရှိ ဘဲတွေကလည်းရောင်းမထွက်တော့ ဒီနည်းကိုသုံးလိုက်တာ တစ်ချက်ခုတ်ပြီး သုံးချက်ပြတ်သွားပါတယ်။ သူ့ ဘဲတွေလည်းကုန် ပိုက်ဆံလည်းရ ငါးမျှားတဲ့သူလည်းကျေနပ်ပေါ့။ဒီလိုနဲ့ ငါးမွေးမြူရေးကိုအောင်မြင်စွာစတင်နိုင်ခဲ့တယ်။နောက်တစ်လလောက်ကြာတော့ နောက်ထပ်ပရိုမိုးရှင်းထပ်လုပ်ပါတယ်။ မည်သူမဆို အခမဲ့ငါးမျှားနိုင်ပါသည်။ ငါးမိရင်တော့ တစ်ကီလိုကို ၅ ဒေါ်လာပေးရမည်။ တစ်သုတ်ပြီးတစ်သုတ်လာလိုက်တဲ့ ငါးမျှားဝါသနာရှင်တွေ ထူးဆန်းတာက မျှားတဲ့သူတိုင်း ငါးမိကြတာပါပဲ။ တစ်ကယ်တော့ ငါးကန်သူဌေးက ငါးတွေကိုပိုလျှံအောင် အများကြီးထည့်ထားပြီး Demand […]

Continue Reading

ကိုယ့်ကိုယ်ကို ရင့်ကျက်တဲ့ လူတစ်ယောက်အဖြစ်ယူဆထားတယ်ဆိုရင် Facebook ပေါ်မှာ မပြုလုပ်သင့်တဲ့ အရာများ

ကိုယ့်ကိုယ်ကို ရင့်ကျက်တဲ့ လူတစ်ယောက်အဖြစ်ယူဆထားတယ်ဆိုရင် Facebook ပေါ်မှာ မပြုလုပ်သင့်တဲ့ အရာများ အခုခေတ်က Facebook သုံးပြီဆိုရင် မကျေနပ်တာတွေကိုတင်ပြီး ကိုယ့်အကြောင်းမှန်သမျှကို ဒိုင်ယာရီစာအုပ်ထဲချရေးသလို Status တွေရေးတင်နေကြတာကို တွေ့ရပါတယ်။ ဒီလိုတင်လိုက်တဲ့အတွက် ဘာအကျိုးအမြတ်မှမရသလို ကိုယ့်အတွက်ပဲနစ်နာစေပါတယ်။ တချို့ကျတော့ ကိုယ့်အိမ်တွင်းရေးကိစ္စတွေနဲ့ ကိုယ့်အတွင်းရေးကိစ္စတွေကိုပါ Public မှာ ချပြလေ့ရှိကြပါတယ်။ ဒါဟာ မကောင်းတဲ့အကျင့်တစ်ခုပါ။ ဒါကြောင့် ရင့်ကျက်တဲ့သူတစ်ယောက်အနေနဲ့ Facebook ပေါ်မှာမပြုလုပ်သင့်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။အိမ်တွင်းရေးကိစ္စ – အိမ်တွင်းရေးကိစ္စဆိုတာ ကိုယ့်မိသားစုကလွဲလို့ တခြားသူကိုပေးမသိတာ အကောင်းဆုံးပါ။ Facebook ပေါ်မှာတင်လိုက်မယ်ဆိုရင် ကိုယ့်အကောင့်ထဲရှိသမျှလူတွေသိသွားတော့ မကောင်းတဲ့ကိစ္စဆိုလည်း ကိုယ်ပဲအရှက်ရစေပါတယ်။ အိမ်မှာမကျေနပ်တာတွေရှိလာရင် Facebook ပေါ်တက်ပြောတာမျိုးတွေဟာ ကလေးဆန်ပြီး စိတ်ပျက်ဖွယ်အပြုအမူတွေပါ။ ဒါကြောင့် ကိုယ်ပေါင်ကိုယ်လှန်ထောင်းတဲ့အဖြစ်မျိုး ဘယ်တော့မှအဖြစ်မခံပါနဲ့။အလုပ်ကိစ္စ – တချို့လူတွေဆိုရင် အလုပ်မှာအဆင်မပြေတာတွေ၊ မကျေနပ်တာတွေကို […]

Continue Reading

သားသမီးတွေ မရှိတော့တဲ့အိမ် (ဖတ်ရင်းနဲ့ အိမ်ကို ပြန်ပြေးချင်မိတယ်)

သားသမီးတွေ မရှိတော့တဲ့အိမ် (ဖတ်ရင်းနဲ့ အိမ်ကို ပြန်ပြေးချင်မိတယ်) သားသမီးတွေ အရွယ်ရောက်လို့ မိဘတွေဆီကနေ ထွက်ခွာသွားပြီးနောက်ပိုင်း အိမ်ကြီးဟာ အရင်လိုမစိမ်းလန်းတော့ပါဘူး။ ဘယ်သားဘယ်သမီးများ အဖေနဲ့အမေဆီ ဘယ်တော့ပြန်လာမလဲလို့ မျှော်နေရတဲ့ မိဘအိုကြီးနှစ်ယောက်တည်း အထီးကျန်နေဆဲ။ တကယ်လို့ များ ဆန္ဒတစ်ခုသာပြည့်မယ်ဆိုရင် မိဘတွေကတော့ သားသမီးတွေအားလုံးဘေးမှာ ရှိနေစေချင်မှာ အမှန်ပါပဲ။ ငယ်ငယ်တုန်းက ကစားခဲ့တဲ့ အရုပ်တွေက အမေ့ရဲ့လွမ်းစိတ်ကို တိုးစေတယ်။ အဖေကတော့ ဘာမှမပြောပေမယ့် အိပ်ယာဝင်တိုင်း အမြဲတမ်း သတိရနေမှာပါ။ သားသမီးတွေကို ဖုန်းလည်းမဆက်ရဲကြဘူးလေ။ ဘာ့လို့လည်းဆိုတော့ သူတို့အလုပ်တွေနဲ့ရှုပ်နေလို့ ဖုန်းမပြောအားမှာ စိုးတယ်လေ။ သူတို့အလုပ်အားရင်တော့ တို့ဆီပြန်လာမှာပဲလို့တွေးရင်း ပျော်နေပါတယ်။ သူတို့ပြန်လာရင် သူတို့ကြိုက်တတ်တဲ့ အစားအသောက်တွေ ချက် ကျွေးဖို့ အမေကတော့ အမြဲတမ်း အဆင်သင့်ပါ။ သားတွေသမီးတွေမရှိတဲ့ အိမ်ကြီးဟာ ခြောက်ကပ်ပျင်းစရာကောင်းပေမယ့် တစ်နေ့နေ့တော့ […]

Continue Reading