စီးပွားရေးလုပ်ပြီး အရင်းပြုတ်တယ်ဆိုတာ… (သုံးသပ်ချက်လေးတွေ မှတ်သားသင့်တယ်နော်)

အေထြအေထြဗဟုသုတ

စီးပွားရေးလုပ်ပြီး အရင်းပြုတ်တယ်ဆိုတာ… (သုံးသပ်ချက်လေးတွေ မှတ်သားသင့်တယ်နော်)

အရင်းပြုတ်တယ် ဆိုတာ ရောင်းရတဲ့ငွေကို သုံးပစ်လို့ပါ…။ ဘယ်စီးပွားရေးကြောင့်နဲ့မှ မဆိုင်ပါဘူး။ ရောင်းရငွေ ကို လုံးဝ မသုံးပဲ ပြန်ပြန် ရင်းသူတိုင်း အရင်း မပြုတ်ပါဘူး။

အမြတ် မြင်ရဖို့ သုံးရဖို့ နှေးချင် နှေးမယ်။ ဒါပေမယ့် အရင်း ပိုပိုများလာမယ်။ ပြောရတာလွယ်ပေမယ့် လူအများစုက စည်းကမ်း မရှိကြပါဘူး။

များများ ရောင်းရလေ များများ သုံးချင်လေ ဖြစ်ကြပါတယ်။ သုံးလိုက်တဲ့ထဲမှာ ကိုယ့်အရင်းတွေ ပါပါသွားတယ်ဆိုလည်း သတိ မထားမိကြပါဘူး။ ဘယ်အချိန်မှာ သတိထားမိကြလဲဆိုရင် ပြန်ရင်းဖို့ ပိုက်ဆံမရှိတော့တဲ့ အချိန်မှာပေါ့။

အရင်းပြုတ်ရတဲ့ နောက်ထပ် အကြောင်းရင်းက အကြွေး ရောင်းလို့ပါ။ ရောင်းကုန်သွားတဲ့ချိန် အကြွေးက မကောက်နိုင်သေးဘူး… စ္စည်းက ပြန်ဝယ်ရတော့မှာ… အဲ့မှ ာအရင်းတွေ ထပ်ထပ် ထုတ်ရင်း ရှိရှိသမျှ ပြုတ်တာပါပဲ။

အရင်းပြုတ်တဲ့ နောက်ထပ် ပိုဆိုးတဲ့ အကြောင်းရင်းက အကြွေးယူပြီး စီးပွားရေးလုပ်တာပါ။ စလုပ်ပြီ ဆိုတည်းက Negative Energy နဲ့စတော့ ထင်သလောက် မရောင်းရ အတိုးလည်း မဆပ်နိုင်ရာကနေ နောက်ဆုံး ရှိတာတွေပါ အကုန် ပြုတ်ကြတဲ့ အထိပေါ့နော်။

အရင်းပြုတ်သွားတဲ့ အချိန်မှ ဘာပြောကြလဲဆိုရင် ဒီစီးပွားရေးက မကောင်းဘူး အရင်းပြုတ်တယ် ဆိုတာပါပဲ။

တကယ်က ကိုယ်ရှိတဲ့ ငွေပမာဏလေးနဲ့ တတ်နိုင်သလောက်လေး စီးပွားရေး စလုပ်မယ်… လူအား ဉာဏ်အား ပို စိုက်ထုတ်မယ်… ရောင်းရသလောက် အရင်းထဲ ပြန်ပြန်ထည့်မယ်၊ စည်းကမ်း ရှိမယ်…

မလိုအပ်တာ အရေးမကြီးတာ ဘာမှ မဝယ်ပဲ သီးခံနိုင်တယ် မျိုသိပ်ထားနိုင်တယ် ဆိုရင်Cash Flow management နိုင်တယ် ဆိုရင် စီးပွားရေးက တစ်ဖြေးဖြေးချင်း အဆင်ပြေပြီး တိုးတက် ပြောင်းလဲလာမှာပါ။

အားလုံးပဲ ငွေကြေး သေချာစီမံခန့်ခွဲနိုင်ပြီး စီးပွားရေးတိုင်း တိုးတက် အောင်မြင်ကြပါစေ…။ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Zawgyi

စီးပြားေရးလုပ္ၿပီး အရင္းျပဳတ္တယ္ဆိုတာ… (သုံးသပ္ခ်က္ေလးေတြ မွတ္သားသင့္တယ္ေနာ္)

အရင္းျပဳတ္တယ္ ဆိုတာ ေရာင္းရတဲ့ေငြကို သုံးပစ္လို႔ပါ…။ ဘယ္စီးပြားေရးေၾကာင့္နဲ႔မွ မဆိုင္ပါဘူး။ ေရာင္းရေငြ ကို လုံးဝ မသုံးပဲ ျပန္ျပန္ ရင္းသူတိုင္း အရင္း မျပဳတ္ပါဘူး။

အျမတ္ ျမင္ရဖို႔ သုံးရဖို႔ ေႏွးခ်င္ ေႏွးမယ္။ ဒါေပမယ့္ အရင္း ပိုပိုမ်ားလာမယ္။ ေျပာရတာလြယ္ေပမယ့္ လူအမ်ားစုက စည္းကမ္း မရွိၾကပါဘူး။

မ်ားမ်ား ေရာင္းရေလ မ်ားမ်ား သုံးခ်င္ေလ ျဖစ္ၾကပါတယ္။ သုံးလိုက္တဲ့ထဲမွာ ကိုယ့္အရင္းေတြ ပါပါသြားတယ္ဆိုလည္း သတိ မထားမိၾကပါဘူး။ ဘယ္အခ်ိန္မွာ သတိထားမိၾကလဲဆိုရင္ ျပန္ရင္းဖို႔ ပိုက္ဆံမရွိေတာ့တဲ့ အခ်ိန္မွာေပါ့။

အရင္းျပဳတ္ရတဲ့ ေနာက္ထပ္ အေၾကာင္းရင္းက အေႂကြး ေရာင္းလို႔ပါ။ ေရာင္းကုန္သြားတဲ့ခ်ိန္ အေႂကြးက မေကာက္ႏိုင္ေသးဘူး… စၥည္းက ျပန္ဝယ္ရေတာ့မွာ… အဲ့မွ ာအရင္းေတြ ထပ္ထပ္ ထုတ္ရင္း ရွိရွိသမွ် ျပဳတ္တာပါပဲ။

အရင္းျပဳတ္တဲ့ ေနာက္ထပ္ ပိုဆိုးတဲ့ အေၾကာင္းရင္းက အေႂကြးယူၿပီး စီးပြားေရးလုပ္တာပါ။ စလုပ္ၿပီ ဆိုတည္းက Negative Energy နဲ႔စေတာ့ ထင္သေလာက္ မေရာင္းရ အတိုးလည္း မဆပ္ႏိုင္ရာကေန ေနာက္ဆုံး ရွိတာေတြပါ အကုန္ ျပဳတ္ၾကတဲ့ အထိေပါ့ေနာ္။

အရင္းျပဳတ္သြားတဲ့ အခ်ိန္မွ ဘာေျပာၾကလဲဆိုရင္ ဒီစီးပြားေရးက မေကာင္းဘူး အရင္းျပဳတ္တယ္ ဆိုတာပါပဲ။

တကယ္က ကိုယ္ရွိတဲ့ ေငြပမာဏေလးနဲ႔ တတ္ႏိုင္သေလာက္ေလး စီးပြားေရး စလုပ္မယ္… လူအား ဉာဏ္အား ပို စိုက္ထုတ္မယ္… ေရာင္းရသေလာက္ အရင္းထဲ ျပန္ျပန္ထည့္မယ္၊ စည္းကမ္း ရွိမယ္…

မလိုအပ္တာ အေရးမႀကီးတာ ဘာမွ မဝယ္ပဲ သီးခံႏိုင္တယ္ မ်ိဳသိပ္ထားႏိုင္တယ္ ဆိုရင္Cash Flow management ႏိုင္တယ္ ဆိုရင္ စီးပြားေရးက တစ္ေျဖးေျဖးခ်င္း အဆင္ေျပၿပီး တိုးတက္ ေျပာင္းလဲလာမွာပါ။

အားလုံးပဲ ေငြေၾကး ေသခ်ာစီမံခန႔္ခြဲႏိုင္ၿပီး စီးပြားေရးတိုင္း တိုးတက္ ေအာင္ျမင္ၾကပါေစ…။ျပန္လည္ မွ်ေဝျခင္းျဖစ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *