နှင်းဆီပျိုးပင်သွားဝယ်စရာမလိုဘဲ ကိုင်းချိုးပြီးအလွယ်တကူ စိုက်ပျိုးနည်း နှင့် ပြုစုနည်း

အေထြအေထြဗဟုသုတ

နှင်းဆီကို ဖြတ်ထားတဲ့ကိုင်းကနေ ကူးစိုက်မယ်ဆိုရင် မြေကြီးထဲဖြစ်ဖြစ်၊ အာလူးထဲဖြစ်ဖြစ် ထိုးစိုက်လို့ ရပါတယ် အာလူးထဲ ထိုးသော် အာလူးကို မြေချမစိုက်ပါနဲ့နှင်းဆီပင် ရှင် မရှင် မသေချာပေမယ့်အာလူးခင်းတော့ သေချာပေါက်ရသွားပါလိမ့်မယ်

အာလူးထဲ အသာလေး ထိုးပြီးအာလူးရိလာ နှင်းဆီအမြစ်တွယ်လာဟန် ရှိကာမှ အာလူးကို အသာလေး ဖယ်ပြီး နှင်းဆီချည်း စိုက်ပါ ကိုင်းကို တစ်ပေပတ်လည်လောက်ပဲ ဖြတ်ထားပါ အပေါ်က ခေါင်ညွှန့်ကို လက်လေးလုံးစာလောက်ဖြတ်ပါ အောက် ခြေအရွက်တွေကို လုံးဝခြွေပစ်ပါအလယ်က အရွက်တွေကို အလယ်က တဝက်ညှပ်ပစ်ပါအပင်ပိုကြီးမြန်ပါတယ် အခုချိန်ကသစ်ပင်စိုက်ပျိုးဖို့ အကောင်းဆုံးအချိန်မို့ လှပတဲ့ပန်းပင် သစ်ပင်များနဲ့အေးချမ်းပျော်ရွှင်နိုင်ပါစေဗျာ

 

နှင်းဆီ ပြု စုနည်း

နှင်းဆီပန်းဟာ မြင်သူတကာ စွဲမက်ဖွယ်ရှိသလောက် နှင်းဆီပင်တွေမှာလဲ ရောဂါဘယမျိုးစုံ ရှိတတ်ကြပါတယ်။ ဒီအတွက် နှင်းဆီပင်တွေကို ပြုစုပေးဖို့ လိုပါမယ်

နှင်းဆီမှာ ကျရောက်တတ်တဲ့ ရောဂါတွေအနက် နှင်းဆီပင် အကိုင်းတွေ မည်းပြီး သေတတ်တာ၊ နှင်းဆီရွက်တွေမှာ ပိုးစားပြီး အပေါက်တွေဖြစ်တာ၊ နှင်းဆီအရွက် အောက်ဘက်မှာ ပိုးမည်းမည်းလေးတွေ ကပ်နေတာ၊ နှင်းဆီကိုင်းတွေ ညိုပြီး အရွက်တွေ ဝါလာတာ၊ နှင်းဆီအဖူးတွေ ခြောက်တာ၊ နှင်းဆီဖူးတွေ ပွင့်မလာတာ၊ စုံလို့ စုံလို့ပါပဲ

နှင်းဆီကို ပြုစုနှိမ်နင်းသမျှတွေထဲက လေ့လာသိရှိထားသလောက် ဖောက်သည်ချရမယ်ဆိုရင် နှင်းဆီပင် အကိုင်းတွေ မည်းလာတာဟာ ရိုးမည်းရောဂါ ကျရောက်တာဖြစ်ပြီး ဘော်နိုးဆေးရည်နဲ့ ကန့်မှုန့် ပက်ဖြူးပေးရင် ရပါတယ်

နှင်းဆီရွက်စားတာက နွားချေးပိုးအနွယ် ကျိုင်းကောင်အငယ်စားတွေကြောင့်ဖြစ်ပြီး အဲဒီပိုးဟာ ညအချိန်ရောက်မှသာ နှင်းဆီပင်တွေဆီ လာပြီး နှင်းဆီရွက်တွေကို ကိုက်ဝါးစားသောက်တတ်ပါတယ်

ညဘက်မှာ မီးနဲ့စောင့်ဖမ်းရင် အဲဒီပိုးတွေကို တွေ့ရမှာ ဖြစ်တယ်။ ပန်းပင်ရဲ့ အနီးအနားက အမှိုက်ပုံတွေ၊ ချုံတွေ၊ ပေါင်းမြက်တွေ အကြားမှာ ပိုးတွေ ပုန်းအောင်းနေတတ်တဲ့အတွက် ပိုးတွေ ပုန်းအောင်းစရာတွေ မရှိအောင် ရှင်းလင်းပစ်ရပါမယ်

ဆေးရွက်ကြီး ဆပ်ပြာရည်ထဲကို ရေနံဆီ အနံ့လေး ရရုံထည့်ပြီး ညနေ နေဝင်ခါနီးအချိန် နှင်းဆီပင်ကို ပက်ဖျန်းပေးရင် နှင်းဆီရွက်စားပိုးတွေ မလာတော့ပါဘူး နှင်းဆီအရွက်အောက်ဘက်မှာ တွယ်ကပ်နေတဲ့ ပိုးမည်းမည်းလေးတွေ တွယ်ကပ်နေတာကတော့ ပျပိုးတွေပဲ ဖြစ်ပါတယ်

အဲဒီပျပိုးတွေဟာ နှင်းဆီရွက်မှာ ကပ်နေပြီး အပင်က သစ်ရည်ကို စုပ်ယူစားသုံးတာကြောင့် အပင်အား တိတ်ပြီး အရွက်တွေ တွန့်လိမ်ခြောက်သွေ့လာပြီး အပင် ပျက်စီးသွားတတ်ပါတယ်

ပျပိုးတွေကို မာလာသီယွန်၊ ဆေးရွက်ကြီး ဆပ်ပြာရည်တို့နဲ့ ပက်ဖျန်းပေးပါ။ နှင်းဆီကိုင်းတွေ ညိုလာတာကတော့ ပိုးစေးနှဲလို့ ခေါ်တဲ့ အမွေးဖြူလေးတွေ ဖုံးအုပ်နေတဲ့ ပိုးဖြူဖြူလေးတွေကြောင့် ဖြစ်ပါတယ်။ အဲဒီပိုးရဲ့ အမွေးတွေကို ပွတ်လိုက်ရင် အနီရောင်ပေါ်လာပါတယ်

အဲဒီ ပိုးစေးနှဲဟာလဲ ပျပိုးလို နှင်းဆီပင်ရဲ့ သစ်ရည်ကို စုပ်ယူစားတတ်တာကြောင့် သစ်ရည်ခန်းပြီး ကြာရင် နှင်းဆီတပင်လုံး သေဆုံးတတ်ပါတယ်။အော်ဘိုနီယံဆေးနဲ့ ပက်ဖျန်းနှိမ်နင်းနိုင်ပြီး အဲဒီဆေးမရှိရင် ဆေးရွက်ကြီးကို (၂၄)နာရီ ရေစိမ်ပြီး ပက်ပေးပါ

ပိုးတွေကို သွားပွတ်တံနဲ့ ပွတ်ပေးပါ။ နှင်းဆီအဖူး ခြောက်တာဟာ နှင်းဆီ ပွင့်ကာနီး ဓာတ်မြေသြဇာ ထည့်ပေးမိရင်၊ အမြစ် အားမရှိရင်၊ ရေများလွန်းရင် ဒါမှမဟုတ် စိမ့်ဆွဲနေရင်လဲ နှင်းဆီဖူး ခြောက်တတ်ပါတယ်

တစ်ခါ နှင်းဆီဖူး ရိုးတံတစ်လျှောက် ပျပိုးတွေ ကျရောက်စွဲကပ်ပြီး ယင်းရိုးတံက သစ်ရည်ကို စုပ်ယူတတ်တာကြောင့် နှင်းဆီဖူးတွေ ပွင့်မလာတော့ဘဲ ခြောက်ပြီး ကြွေကျသွားတာ ဖြစ်နိုင်ပါတယ်။ပျပိုးနှိမ်နင်းသလို မာလာသီယွန်၊ ဆေးရွက်ကြီး ဆပ်ပြာရည်တွေနဲ့ ပျက်ဖျန်း နှိမ်နင်းနိုင်ပါတယ်

နှင်းဆီတွေ မပွင့်တဲ့အချက်က သုံးချက်လောက်ရှိပါတယ်။ ပထမ နိုင်ငံခြား နှင်းဆီမျိုးတွေက အေးတဲ့ဒေသတွေမှာသာ ပေါက်တဲ့မျိုးတွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ရာသီဥတုဒဏ်ကို ကောင်းကောင်း မခံနိုင်ဘဲ အခုလို အဖူးတွေ ပွင့်မလာတာ ဖြစ်ပါတယ်

နောက်တစ်ချက် နှင်းဆီတွေ မပွင့်တာဟာ ပြုစုမှု မကျွမ်းကျင်လို့ ဖြစ်ပါတယ်။ အပင်တွေ ပွင့်ဖူးစပြုတဲ့အချိန်မှာ နိုက်ထရိုဂျင်ဓာတ်များတဲ့ မြေသြဇာကို ထည့်ပေးလိုက်ရင် အကိုင်း အခက် အရွက်တွေမှာသာ အားတွေများလာပြီး အပွင့်အားလျော့သွားတာကြောင့် ပွင့်အာလာနိုင်ခြင်း မရှိတာကို တွေ့ရပါမယ်

စိုက်တဲ့မြေမှာ မီးစုတ်းဓာတ် ချို့တဲ့နေရင်လဲ နှင်းဆီတွေ မပွင့်ပါဘူး။ နောက်တစ်ချက်က နှင်းဆီပင်တွေပေါ် ပိုးမွှားရောဂါ၊အဓိက မှိုဖြူ ရောဂါကို ထိရောက်စွာမနှိမ်နင်းလို့လဲ နှင်းဆီတွေ ပွင့်မလာခြင်းပါ။ ကာကွယ်ပြုစုနည်းကတော့ နှင်းဆီအကိုင်းနုလေးတွေကို ဖြတ်ပစ်ပါ

အပင်ကို ဆားဖိနက်ဆေး ပက်ဖျန်းပါ။ ထုံးကန့်ဆေးရည်ဆိုလဲ ရပါတယ်။ဒါ့အပြင် ပုလဲဓာတ်မြေသြဇာ၊ မီးစုန်းဓာတ်မြေသြဇာ၊ (၁)ဆစီနဲ့ အရိုးမှုန့် ဓာတ်မြေသြဇာ (၂)ဆ ရောပြီး နှင်းဆီပင်တပင်ကို ဇွန်းကြီးတစ်ဇွန်းစီထည့်၊ ရေတဝလောင်းပေးပါ မကြာမီ နှင်းဆီတွေ ပွင့်လာပါတယ်။

Crdမူရင်း စိုက်ပျိုးရေး နည်းပညာ

Zawgyi

ႏွင္းဆီကို ျဖတ္ထားတဲ့ကိုင္းကေန ကူးစိုက္မယ္ဆိုရင္ ေျမႀကီးထဲျဖစ္ျဖစ္၊ အာလူးထဲျဖစ္ျဖစ္ ထိုးစိုက္လို႔ ရပါတယ္ အာလူးထဲ ထိုးေသာ္ အာလူးကို ေျမခ်မစိုက္ပါနဲ႔ႏွင္းဆီပင္ ရွင္ မရွင္ မေသခ်ာေပမယ့္အာလူးခင္းေတာ့ ေသခ်ာေပါက္ရသြားပါလိမ့္မယ္

အာလူးထဲ အသာေလး ထိုးၿပီးအာလူးရိလာ ႏွင္းဆီအျမစ္တြယ္လာဟန္ ရွိကာမွ အာလူးကို အသာေလး ဖယ္ၿပီး ႏွင္းဆီခ်ည္း စိုက္ပါ ကိုင္းကို တစ္ေပပတ္လည္ေလာက္ပဲ ျဖတ္ထားပါ အေပၚက ေခါင္ၫႊန႔္ကို လက္ေလးလုံးစာေလာက္ျဖတ္ပါ ေအာက္ ေျခအ႐ြက္ေတြကို လုံးဝေႁခြပစ္ပါအလယ္က အ႐ြက္ေတြကို အလယ္က တဝက္ညႇပ္ပစ္ပါအပင္ပိုႀကီးျမန္ပါတယ္ အခုခ်ိန္ကသစ္ပင္စိုက္ပ်ိဳးဖို႔ အေကာင္းဆုံးအခ်ိန္မို႔ လွပတဲ့ပန္းပင္ သစ္ပင္မ်ားနဲ႔ေအးခ်မ္းေပ်ာ္႐ႊင္ႏိုင္ပါေစဗ်ာ

ႏွင္းဆီ ျပဳ စုနည္း

ႏွင္းဆီပန္းဟာ ျမင္သူတကာ စြဲမက္ဖြယ္ရွိသေလာက္ ႏွင္းဆီပင္ေတြမွာလဲ ေရာဂါဘယမ်ိဳးစုံ ရွိတတ္ၾကပါတယ္။ ဒီအတြက္ ႏွင္းဆီပင္ေတြကို ျပဳစုေပးဖို႔ လိုပါမယ္

ႏွင္းဆီမွာ က်ေရာက္တတ္တဲ့ ေရာဂါေတြအနက္ ႏွင္းဆီပင္ အကိုင္းေတြ မည္းၿပီး ေသတတ္တာ၊ ႏွင္းဆီ႐ြက္ေတြမွာ ပိုးစားၿပီး အေပါက္ေတြျဖစ္တာ၊ ႏွင္းဆီအ႐ြက္ ေအာက္ဘက္မွာ ပိုးမည္းမည္းေလးေတြ ကပ္ေနတာ၊ ႏွင္းဆီကိုင္းေတြ ညိဳၿပီး အ႐ြက္ေတြ ဝါလာတာ၊ ႏွင္းဆီအဖူးေတြ ေျခာက္တာ၊ ႏွင္းဆီဖူးေတြ ပြင့္မလာတာ၊ စုံလို႔ စုံလို႔ပါပဲ

ႏွင္းဆီကို ျပဳစုႏွိမ္နင္းသမွ်ေတြထဲက ေလ့လာသိရွိထားသေလာက္ ေဖာက္သည္ခ်ရမယ္ဆိုရင္ ႏွင္းဆီပင္ အကိုင္းေတြ မည္းလာတာဟာ ႐ိုးမည္းေရာဂါ က်ေရာက္တာျဖစ္ၿပီး ေဘာ္ႏိုးေဆးရည္နဲ႔ ကန႔္မႈန႔္ ပက္ျဖဴးေပးရင္ ရပါတယ္

ႏွင္းဆီ႐ြက္စားတာက ႏြားေခ်းပိုးအႏြယ္ က်ိဳင္းေကာင္အငယ္စားေတြေၾကာင့္ျဖစ္ၿပီး အဲဒီပိုးဟာ ညအခ်ိန္ေရာက္မွသာ ႏွင္းဆီပင္ေတြဆီ လာၿပီး ႏွင္းဆီ႐ြက္ေတြကို ကိုက္ဝါးစားေသာက္တတ္ပါတယ္

ညဘက္မွာ မီးနဲ႔ေစာင့္ဖမ္းရင္ အဲဒီပိုးေတြကို ေတြ႕ရမွာ ျဖစ္တယ္။ ပန္းပင္ရဲ႕ အနီးအနားက အမႈိက္ပုံေတြ၊ ခ်ဳံေတြ၊ ေပါင္းျမက္ေတြ အၾကားမွာ ပိုးေတြ ပုန္းေအာင္းေနတတ္တဲ့အတြက္ ပိုးေတြ ပုန္းေအာင္းစရာေတြ မရွိေအာင္ ရွင္းလင္းပစ္ရပါမယ္

ေဆး႐ြက္ႀကီး ဆပ္ျပာရည္ထဲကို ေရနံဆီ အနံ႔ေလး ရ႐ုံထည့္ၿပီး ညေန ေနဝင္ခါနီးအခ်ိန္ ႏွင္းဆီပင္ကို ပက္ဖ်န္းေပးရင္ ႏွင္းဆီ႐ြက္စားပိုးေတြ မလာေတာ့ပါဘူး ႏွင္းဆီအ႐ြက္ေအာက္ဘက္မွာ တြယ္ကပ္ေနတဲ့ ပိုးမည္းမည္းေလးေတြ တြယ္ကပ္ေနတာကေတာ့ ပ်ပိုးေတြပဲ ျဖစ္ပါတယ္

အဲဒီပ်ပိုးေတြဟာ ႏွင္းဆီ႐ြက္မွာ ကပ္ေနၿပီး အပင္က သစ္ရည္ကို စုပ္ယူစားသုံးတာေၾကာင့္ အပင္အား တိတ္ၿပီး အ႐ြက္ေတြ တြန႔္လိမ္ေျခာက္ေသြ႕လာၿပီး အပင္ ပ်က္စီးသြားတတ္ပါတယ္

ပ်ပိုးေတြကို မာလာသီယြန္၊ ေဆး႐ြက္ႀကီး ဆပ္ျပာရည္တို႔နဲ႔ ပက္ဖ်န္းေပးပါ။ ႏွင္းဆီကိုင္းေတြ ညိဳလာတာကေတာ့ ပိုးေစးႏွဲလို႔ ေခၚတဲ့ အေမြးျဖဴေလးေတြ ဖုံးအုပ္ေနတဲ့ ပိုးျဖဴျဖဴေလးေတြေၾကာင့္ ျဖစ္ပါတယ္။ အဲဒီပိုးရဲ႕ အေမြးေတြကို ပြတ္လိုက္ရင္ အနီေရာင္ေပၚလာပါတယ္

အဲဒီ ပိုးေစးႏွဲဟာလဲ ပ်ပိုးလို ႏွင္းဆီပင္ရဲ႕ သစ္ရည္ကို စုပ္ယူစားတတ္တာေၾကာင့္ သစ္ရည္ခန္းၿပီး ၾကာရင္ ႏွင္းဆီတပင္လုံး ေသဆုံးတတ္ပါတယ္။ေအာ္ဘိုနီယံေဆးနဲ႔ ပက္ဖ်န္းႏွိမ္နင္းႏိုင္ၿပီး အဲဒီေဆးမရွိရင္ ေဆး႐ြက္ႀကီးကို (၂၄)နာရီ ေရစိမ္ၿပီး ပက္ေပးပါ

ပိုးေတြကို သြားပြတ္တံနဲ႔ ပြတ္ေပးပါ။ ႏွင္းဆီအဖူး ေျခာက္တာဟာ ႏွင္းဆီ ပြင့္ကာနီး ဓာတ္ေျမၾသဇာ ထည့္ေပးမိရင္၊ အျမစ္ အားမရွိရင္၊ ေရမ်ားလြန္းရင္ ဒါမွမဟုတ္ စိမ့္ဆြဲေနရင္လဲ ႏွင္းဆီဖူး ေျခာက္တတ္ပါတယ္

တစ္ခါ ႏွင္းဆီဖူး ႐ိုးတံတစ္ေလွ်ာက္ ပ်ပိုးေတြ က်ေရာက္စြဲကပ္ၿပီး ယင္း႐ိုးတံက သစ္ရည္ကို စုပ္ယူတတ္တာေၾကာင့္ ႏွင္းဆီဖူးေတြ ပြင့္မလာေတာ့ဘဲ ေျခာက္ၿပီး ေႂကြက်သြားတာ ျဖစ္ႏိုင္ပါတယ္။ပ်ပိုးႏွိမ္နင္းသလို မာလာသီယြန္၊ ေဆး႐ြက္ႀကီး ဆပ္ျပာရည္ေတြနဲ႔ ပ်က္ဖ်န္း ႏွိမ္နင္းႏိုင္ပါတယ္

ႏွင္းဆီေတြ မပြင့္တဲ့အခ်က္က သုံးခ်က္ေလာက္ရွိပါတယ္။ ပထမ ႏိုင္ငံျခား ႏွင္းဆီမ်ိဳးေတြက ေအးတဲ့ေဒသေတြမွာသာ ေပါက္တဲ့မ်ိဳးေတြျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕ ရာသီဥတုဒဏ္ကို ေကာင္းေကာင္း မခံႏိုင္ဘဲ အခုလို အဖူးေတြ ပြင့္မလာတာ ျဖစ္ပါတယ္

ေနာက္တစ္ခ်က္ ႏွင္းဆီေတြ မပြင့္တာဟာ ျပဳစုမႈ မကြၽမ္းက်င္လို႔ ျဖစ္ပါတယ္။ အပင္ေတြ ပြင့္ဖူးစျပဳတဲ့အခ်ိန္မွာ ႏိုက္ထ႐ိုဂ်င္ဓာတ္မ်ားတဲ့ ေျမၾသဇာကို ထည့္ေပးလိုက္ရင္ အကိုင္း အခက္ အ႐ြက္ေတြမွာသာ အားေတြမ်ားလာၿပီး အပြင့္အားေလ်ာ့သြားတာေၾကာင့္ ပြင့္အာလာႏိုင္ျခင္း မရွိတာကို ေတြ႕ရပါမယ္

စိုက္တဲ့ေျမမွာ မီးစုတ္းဓာတ္ ခ်ိဳ႕တဲ့ေနရင္လဲ ႏွင္းဆီေတြ မပြင့္ပါဘူး။ ေနာက္တစ္ခ်က္က ႏွင္းဆီပင္ေတြေပၚ ပိုးမႊားေရာဂါ၊အဓိက မႈိျဖဴ ေရာဂါကို ထိေရာက္စြာမႏွိမ္နင္းလို႔လဲ ႏွင္းဆီေတြ ပြင့္မလာျခင္းပါ။ ကာကြယ္ျပဳစုနည္းကေတာ့ ႏွင္းဆီအကိုင္းႏုေလးေတြကို ျဖတ္ပစ္ပါ

အပင္ကို ဆားဖိနက္ေဆး ပက္ဖ်န္းပါ။ ထုံးကန႔္ေဆးရည္ဆိုလဲ ရပါတယ္။ဒါ့အျပင္ ပုလဲဓာတ္ေျမၾသဇာ၊ မီးစုန္းဓာတ္ေျမၾသဇာ၊ (၁)ဆစီနဲ႔ အ႐ိုးမႈန႔္ ဓာတ္ေျမၾသဇာ (၂)ဆ ေရာၿပီး ႏွင္းဆီပင္တပင္ကို ဇြန္းႀကီးတစ္ဇြန္းစီထည့္၊ ေရတဝေလာင္းေပးပါ မၾကာမီ ႏွင္းဆီေတြ ပြင့္လာပါတယ္။

Crdမူရင္း စိုက္ပ်ိဳးေရး နည္းပညာ

Leave a Reply

Your email address will not be published. Required fields are marked *