မလိုချင်တဲ့ မှဲ့တွေ၊ အသားပိုတွေကို ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းများ

Beauty

မလိုချင်တဲ့ မှဲ့တွေ၊ အသားပိုတွေကို ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းများ

ခန္ဓာကိုယ်ပေါ်က မလိုချင်တဲ့မှဲ့တွေနဲ့ အသားပိုတွေအတွက်ကြောင့် စိတ်ညစ်နေရင်တော့ ဒီနည်းလမ်းလေးတွေက သင့်ကို အကူအညီပေးမှာပါ။သဘာဝနည်းလမ်းလေးတွေ ဖြစ်တာကြောင့် ဓာတ်မတည့်တာတွေ ဖြစ်မှာလည်း မစိုးရိမ်ရတော့ဘူးပေါ့။ ကြည့်လိုက်ရအောင်နော်။

အသားပိုများဖယ်ရှားနည်း

အသားပိုတွေဟာ ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာရှိနေပြီး လည်ပင်း၊ ဂျိုင်းနဲ့ မျက်ခွံလိုနေရာမျိုးတွေမှာ အများဆုံးရှိနေတတ်ပါတယ်။ ဒီအရာတွေကိုဖယ်ရှားချင်ရင်တော့….

(၁) ဂွမ်းစအနည်းငယ်ကို ပန်းသီးရှာလကာရည်ထဲမှာစိမ်ပြီး တို့လိမ်းပေးပါ။ တဖြည်းဖြည်း မည်းလာပြီးနောက် သူ့အလိုလို ကွာကျသွားပါလိမ့်မယ်။

(၂) ကြက်ဆူဆီနဲ့ မုန့်ဖုတ်ဆိုဒါကို အချိုးတူရောစပ်ပြီး အသားပိုပေါ်ကို ပွတ်လိမ်းပေးပါ။ ပြီးရင်တော့ ပတ်တီးနဲ့စည်းပြီး နှစ်ရက်လောက်ထားလိုက်ပါ။

(၃) ဂျင်းကိုလှီးပြီး တစ်ရက်ကို ၇ မိနစ်ခန့်ပွတ်ပေးလိုက်ပါ။ နှစ်ပတ်ဆက်တိုက် ပုံမှန်ပြုလုပ်ပေးပါ။

မှဲ့ဖျက်နည်း

မှဲ့တွေဟာ နေကြောင့် ဒါမှမဟုတ် မျိုးရိုးဗီဇကြောင့် ဖြစ်ပေါ်လာရတာပါ။ သင်မကြိုက်တဲ့မှဲ့တွေကို ဖျက်ချင်ရင်တော့..

(၁) မှဲ့ကို ဗက်စလင်းအနည်းငယ် လိမ်းပေးထားရပါမယ်။ ပြီးရင်တော့ ကြက်သွန်ဖြူနဲ့အုပ်ပြီး ပတ်တီးစည်းလိုက်ပါ။ နာရီအနည်းငယ်ကြာအောင် ထားလိုက်ပါ။ မထူးခြားမချင်း နေ့တိုင်းပြုလုပ်ပေးပါ။

(၂) မအိပ်ခင်မှာ မုန့်ဖုတ်ဆိုဒါနဲ့ ကြက်ဆူဆီကို အချိုးတူရောစပ်ပြီး မှဲ့နေရာကို လိမ်းပေးပါ။ ပြီးရင် ပတ်တီးဒါမှမဟုတ်၊ ပလာစတာ တစ်ခုခုနဲ့ တစ်ညလုံး အုပ်လိုက်ပါ။

(၃) ပန်းသီးရှာလကာကို မှည့်ပေါ်မှာ သုတ်လိမ်းပေးပြီး ပလာစတာ၊ ပတ်တီးတို့နဲ့ အုပ်ထားလိုက်ပါ။ ပြီးရင် (၈)နာရီလောက်ကြာအောင် ထားလိုက်ပါ။

Credit

Zawgyi

မလိုခ်င္တဲ့ မွဲ႔ေတြ၊ အသားပိုေတြကို ဖယ္ရွားပစ္ႏိုင္မယ့္ နည္းလမ္းမ်ား

ခႏၶာကိုယ္ေပၚက မလိုခ်င္တဲ့မွဲ႔ေတြနဲ႔ အသားပိုေတြအတြက္ေၾကာင့္ စိတ္ညစ္ေနရင္ေတာ့ ဒီနည္းလမ္းေလးေတြက သင့္ကို အကူအညီေပးမွာပါ။သဘာဝနည္းလမ္းေလးေတြ ျဖစ္တာေၾကာင့္ ဓာတ္မတည့္တာေတြ ျဖစ္မွာလည္း မစိုးရိမ္ရေတာ့ဘူးေပါ့။ ၾကည့္လိုက္ရေအာင္ေနာ္။

အသားပိုမ်ားဖယ္ရွားနည္း

အသားပိုေတြဟာ ခႏၶာကိုယ္ရဲ႕ေနရာအႏွံ႔မွာရွိေနၿပီး လည္ပင္း၊ ဂ်ိဳင္းနဲ႔ မ်က္ခြံလိုေနရာမ်ိဳးေတြမွာ အမ်ားဆုံးရွိေနတတ္ပါတယ္။ ဒီအရာေတြကိုဖယ္ရွားခ်င္ရင္ေတာ့….

(၁) ဂြမ္းစအနည္းငယ္ကို ပန္းသီးရွာလကာရည္ထဲမွာစိမ္ၿပီး တို႔လိမ္းေပးပါ။ တျဖည္းျဖည္း မည္းလာၿပီးေနာက္ သူ႔အလိုလို ကြာက်သြားပါလိမ့္မယ္။

(၂) ၾကက္ဆူဆီနဲ႔ မုန႔္ဖုတ္ဆိုဒါကို အခ်ိဳးတူေရာစပ္ၿပီး အသားပိုေပၚကို ပြတ္လိမ္းေပးပါ။ ၿပီးရင္ေတာ့ ပတ္တီးနဲ႔စည္းၿပီး ႏွစ္ရက္ေလာက္ထားလိုက္ပါ။

(၃) ဂ်င္းကိုလွီးၿပီး တစ္ရက္ကို ၇ မိနစ္ခန႔္ပြတ္ေပးလိုက္ပါ။ ႏွစ္ပတ္ဆက္တိုက္ ပုံမွန္ျပဳလုပ္ေပးပါ။

မွဲ႔ဖ်က္နည္း

မွဲ႔ေတြဟာ ေနေၾကာင့္ ဒါမွမဟုတ္ မ်ိဳး႐ိုးဗီဇေၾကာင့္ ျဖစ္ေပၚလာရတာပါ။ သင္မႀကိဳက္တဲ့မွဲ႔ေတြကို ဖ်က္ခ်င္ရင္ေတာ့..

(၁) မွဲ႔ကို ဗက္စလင္းအနည္းငယ္ လိမ္းေပးထားရပါမယ္။ ၿပီးရင္ေတာ့ ၾကက္သြန္ျဖဴနဲ႔အုပ္ၿပီး ပတ္တီးစည္းလိုက္ပါ။ နာရီအနည္းငယ္ၾကာေအာင္ ထားလိုက္ပါ။ မထူးျခားမခ်င္း ေန႔တိုင္းျပဳလုပ္ေပးပါ။

(၂) မအိပ္ခင္မွာ မုန႔္ဖုတ္ဆိုဒါနဲ႔ ၾကက္ဆူဆီကို အခ်ိဳးတူေရာစပ္ၿပီး မွဲ႔ေနရာကို လိမ္းေပးပါ။ ၿပီးရင္ ပတ္တီးဒါမွမဟုတ္၊ ပလာစတာ တစ္ခုခုနဲ႔ တစ္ညလုံး အုပ္လိုက္ပါ။

(၃) ပန္းသီးရွာလကာကို မွည့္ေပၚမွာ သုတ္လိမ္းေပးၿပီး ပလာစတာ၊ ပတ္တီးတို႔နဲ႔ အုပ္ထားလိုက္ပါ။ ၿပီးရင္ (၈)နာရီေလာက္ၾကာေအာင္ ထားလိုက္ပါ။

Credit

Leave a Reply

Your email address will not be published. Required fields are marked *