ဆေးရုံ ရှေ့မှာ ရောင်းတဲ့ အသုပ်ဆိုင်ကိုဆေးရုံအုပ်ကြီးက သန့်ရှင်းမှု ရှိမရှိ သွားရောက် စစ်ဆေးလိုက်သောအခါ…

ၾကားသိရသမွ်

အသုပ် သုပ်တဲ့ အမျိုးသမီးက အသုပ်ကို နယ်တဲ့အခါ လက်အိတ် မစွပ်ပဲ နယ်တာ တွေ့တော့” ခင်ဗျားတို့ ဒီပုံစံ အတိုင်းသာ ဆက်ပီး ရောင်းမယ် ဆိုရင် ဒီမှာ ရောင်းချခွင့် မပြုနိုင်ပါဘူး ”

ဆေးရုံ ရှေ့မှာ ရောင်းတဲ့ အသုပ်ဆိုင်ကိုဆေးရုံအုပ်ကြီးက သန့်ရှင်းမှု ရှိမရှိ သွားရောက် စစ်ဆေးလိုက်သောအခါ…

” ရှင် .. ဘာဖြစ်လို့လဲ ရှင် ”” ဟာ …. ဘာ ဖြစ်ရမှာလဲ ”” ခင်ဗျားတို့ အသုပ် နယ်တာ လက်အိတ်လည်း မစွပ်ဘူး ”” ဒီလိုမျိုးတာ လူနာတွေ စားမိရင် ရောဂါတွေ ပိုဆိုးတော့ မှာပေါ့ ”” အဲ့တော့ ကျမတို့ ဘာလုပ်ရမလဲ ရှင် ”” အဲ့တော့ အသုပ် သုပ်ရင် လက်အိတ်စွပ်ပြီးမှ သုပ်ပါ ”

” ဒါမှ ဒီမှာ ဆက်ရောင်းခွင့် ပြုနိုင်မယ် ”” ဟုတ်ကဲ့ပါ ဆရာ ကျမတို့ လိုက်နာပါ့မယ် ”” ပြီးရော ”ဒီလိုနဲ့ နောက်နေ့ကြတော့ ဆေးရုံအုပ်ကြီးက သူ့စကားကို လိုက်နာမှု ရှိမရှိ အသုပ်ဆိုင်ကို တဖန် သွားကြည့်တော့

အသုပ် နယ်တဲ့ အမျိုးသမီးက လက်အိတ်စွပ်ပြီး အသုပ် နယ်နေတာကို တွေ့လိုက်ရတယ်…။ဒါ့ကြောင့် ဆေးရုံအုပ်ကြီးလည်း သဘောကျ သွားပြီး ….” အေး … ဒီလိုမှ ပေါ့ကွာ ကောင်းတယ် ကောင်းတယ် ”” ဟုတ်ကဲ့ဆရာ … ကျမ ဆရာမှာတဲ့ အတိုင်း လက်အိတ် စွပ်ပြီးပဲ နယ်ပါတယ် ဆရာ ”

” အေးအေး ကောင်းတယ် ကောင်းတယ် ”” ဒါနဲ့ဆရာ အသုပ် တပွဲလောက် ကျမတို့ ဧည့်ခံပါရစေ သုံးဆောင်ပါနော် ”” အေး မြည်းကြည့်တာပေါ့ကွာ ”ဆေးရုံအုပ်ကြီးက ထိုင်ခုံမှာ ဝင်ထိုင်ပြီး ဆိုင်ရှင် သုပ်ပေးတဲ့ အသုပ်ကို စားကြည့်လိုက် ပါတယ်” အံမယ် လက်ရာက တယ်ကောင်းပါလား ဟ ”

” ကေ်းဇူးပါ ဆရာ ”ထိုစဉ် ကလေးငယ် တစ်ယောက်က ရောက်လာပြီးဆိုင်ရှင် အမျိုးသမီးကို ဒီလို ပြောလိုက်ပါတယ် …။” အမေရေ ဒီနေ့ ဆေးရုံ အမှိုက်ပုံးထဲက လက်အိတ် ၅ ခုပဲ ရခဲ့တယ် ရော့ ”” တိန် ”

Credit:လူချွန်တော်

Zawgyi








Credit:လူချွန်တော်

Leave a Reply

Your email address will not be published. Required fields are marked *