ကျွန်တော့ Taxi ကားကို အမျိူ းသမီးတယောက် ငှား စီးပါတယ်။သူငှားတဲ့နေရာက မြို့ပြင်။ အသွားအပြန် ၃၀၀၀၀ ကျပ်။ စျေးတည့်လို့ သူမက ကားပေါ်ကို ရှေ့ခန်းက တက်ထိုင်ပါတယ်။
တန်ဖိုးကြီးရေမွှေးနံ့က သင်းပျံ့ ပျံ့။ ညနေစောင်းချိန်မို့— ကားကို ဂရုစိုက်မောင်းလာ ရာမှ–မြို့ပြင်ရောက်လာတော့ နေဝင်လုအချိန်။ သူမရပ်ခိုင်းသည့်နေရာ— ကားကိုလမ်းဘေးချကာ ရပ် ပေးလိုက်သည်။ သူမသည် ချက်ခြင်း မဆင်း သေးဘဲ သူ၏ခြေနင်းတွင် ချထားသော အိပ်ကိုဖွင့်ကာ လည်ရှည်တောစီးဖိနပ်ကို ထုတ်လိုက်ပြီး ဝတ်ဆင်တော့သည်။
“ကားဆရာ ခဏနော် နာရီဝက်ထက် ပိုမကြာပါဘူး” ပြောပြောဆိုဆို ကားငှားစဉ်က စီးလာသော မမြင့်တမြင့် ဒေါက်ဖိနပ်ကို ခြေနင်းမှာထား ခဲ့ကာ ဆင်းသွားပါတော့သည်။ သူမ သွားရာ လှမ်းကြည့်လိုက်တော့—- ခြံကကျယ်ဝန်းပြီး ခြံတံခါးမကြီး မှာ ခြုံ နွယ်များပင်ပိတ်နေတော့ သည်။
သူမသည် လူဝင်ပေါက်တခါးကို အသာတွန်းကာ—အောက်ခြေ မျက်ပင်ရှည်များကို နင်း၍ — ခြံထဲ ဝင်သွားပါတော့သည်။ ကျွန်တော် အောင့်မေ့မိသည် ဒီအမျိူ းသမီး မကြောက်မရွံ့ ခြံထဲ လှမ်းကြည့်လိုက်တော့ ခပ်ဝေးဝေးမှာ နှစ်ထပ်အိမ် အိမ်အိုကြီးတလုံး အောက်ပိုင်းကိုမမြင်ရပေ။ အပေါ်ပိုင်းကိုသာမြင်ရလေ သည်။
ရေနံမဲနေအောင်သုပ် ထားသော–ရှေးအိမ်ကြီး။ ကားပေါ်မှာ တယောက်ထဲထိုင်ကာ သူမ ကိုစောင့်နေရအုံးမည်။ ကျောချမ်းပေစွ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့ကားရပ်ထားသောနေရာကား သစ်ပင်ကြီးများက အုံ့အုံ့ဆိုင်းဆိုင်း။ နေကလည်းဝင်နေပြီမို့— အမှောင်ထုကကြီးဆိုးလာသည် တော်ပါသေးသည် လမ်းမပေါ်မှာ–ကားအချို့တလေ ဖြတ်မောင်း နေကြသည်မို့။
ကျွန်တော် စက်ရပ်ထားသော ကားကို စက်ပြန်နှိုးကာ— AC တမှတ်ဖွင့်၍ အားသွင်းထား သောဖုန်းကိုကောက်ကိုင်လိုက်စဉ်—– သူမ ဝင်သွားသောခြံထဲမှ—- “အား” ကနဲအော်သံ တဝုတ်ဝုတ် ခွေးအော်သံ ကိန် ကိန်ဟူ၍ ခွေးအော်ပြီး ထွက်ပြေးသံ တို့ကို ကြားလိုက် မိသည်။
သူမကိုများ ခွေးကိုက်၍ “အား” ဟုအော်လိုက်လေသလား? သူမက ခွေးကိုရိုက်လိုက်၍ ခွေးကအော်ပြီး ထွက်ပြေးလေသလား? ကျွန်တော် မသိချေ ။ အသံကို ထပ်ကြားရလေမလား ဟူ၍ နားကိုစွင့်နေမိသည်။ ဘာသံမှ ထပ်မကြားရတော့။ ကျွန်တော် ကျောချမ်းမိသည်ကား အမှန်ပင်။ သူမအပေါ်စိုးရိမ်စိတ်ကို ဖေါ့ပြစ်လိုက်သည်။
သူမ ဝင်သွားသည့် ဤခြံသည် လူသူုမရှိဘဲ နဲ့ သူမ ဝင်မည် မဟုတ်ခြေ။ ကျွန်တော် တံခါးလော့တွေ အကုန်ချ လိုက်မိသည်။ ဖုန်းကို အာရုံပြု့၍— တက်လာသော နိုင်ငံရေး Post ကို ဖတ်နေလိုက်သည်။ တဖက်နဲ့တဖက် အမှားတွေ မကြိုက်မနှစ်သက်တာတွေကို အပြိုင်အဆိုင် မန့်နေကြသည်။
ထိုမန့်များကို ဖတ်ပြီး—- ငယ်ငယ်က ဖတ်ခဲ့ဘူးသော “ခြေကျိူ း” နှင့် “မျက်ကန်း” တို့အကြောင်း သတိရသွား မိတော့သည်။ မျက်ကန်းကခြေလက်သန်သည် ခြေကျိူ းက မျက်စေ့မြင်သည်။ သူတို့နှစ်ယောက်မှာ—- မျက်ကန်းက စပြောသည် ဒီအနီးအနားက ရွာမှာ—- အသံချဲ့စက်သံ ကြားတယ်။
အလှူ ကြီးပေးနေတာဖြစ်မယ် မင့်နဲ့ငါ အဲဒီရွာ အရောက်သွားနိုင်ရင်— ထမင်း ကောင်းကောင်းစား ရမယ်တဲ့။ ခြေကျိူ းက ပြန်ပြောတယ်။ မင့်မျက်စေ့က ကန်းနေတာ မမြင်ရဘဲ ဘယ်လိုသွားမလဲ တဲ့။ မျက်ကန်းကလည်း အားကျမခံ ပြန်ပြောပြန်တယ်။ မင်းလည်း ခြေကျိူ းနေတာ ငါမှမဟုတ် မင်းလည်း မသွား နိုင်ပါဘူးတဲ့။
တယောက်အားနည်းချက် တယောက် အပြိုင်ပြောနေစဉ် အဖိုးအိုတေယာက္က ခရီးသြား ရင်း သူတို့နှစ်ယောက်ပြောဆို နေတာကို ကြားလို့— သူတို့အနား ခဏဝင်နားကာ ခုလိုပြောသတဲ့။ မောင်ရင်တို့နှစ်ယောက် တယောက်အားနည်းချက်ကို တယောက်ကထောက်ပြ အပြစ်ဖို့နေမဲ့အစား—- နှစ်ယောက်ပေါင်းပြီး—- တယောက်လိုအပ်ချက်ကို တယောက်က ဖြည့်စည်း ကူညီ၍ ပူးပေါင်းသွားရင်— လိုရာခရီး ရောက်လောက်ပြီတဲ့။
အဖိုးအိုစကားကြားရမှ— မျက်ကန်းက ခြေကျိူ းကို ပခုန်းနဲ့ထမ်းပြီး— ခြေကျိူ းက မျက်စေ့နဲ့ကြည့်ကာ ဘယ်ချိူ း ညာချိူ း လမ်းညွှန် သည်လိုနဲ့ လိုရာခရီးရောက် ခဲ့သတဲ့။ တယောက်နဲ့တယောက် တဖက်နဲ့တဖက် အားနည်းချက်ကို အပြစ်ဖို့နေမဲ့ အစား— ခြေကျိူ းနဲ့မျက်ကန်းလို လိုအပ်ချက်ကို ပူးပေါင်းကူညီ ကြပြီး ရည်မှန်းချက် ခရီးကို လျှောက်လှမ်းကြရင်—-
ခရီးအတော် ပေါက်လောက်ပြီ ပေါ့ဟူ၍—-စဉ်းစားတွေးနေစဉ် ခြံထဲမှ သူမက တောစီးဖိနပ်ကို ခပ်ပြင်းပြင်း ခပ်သွက်သွက်နင်း ပြီး ထွက်လာနေသံ ကြားလိုက် လို့ ခြံပေါက်ကို လှမ်းကြည့် လိုက်တော့—- ကျွန်တော့စိတ်မှာ—ဇဝေဇဝါ ဖြစ်သွားမိတယ်။
ဝင်သွားတုန်းကနှင့် မတူ ဆံပင်က ဖရိုဖရဲ မှောင်နေလို့ စိတ်ကထင်မိလေ သလားလို့ သေခြာကြည့် လိုက်စဉ်—သူုမကတခါးကိုပြန်ပိတ်ပြီး ကားဆီလာနေရင်း—- ဖရိုဖရဲဖြစ်နေသော ဆံပင်ကို ပြန်သပ်တင်လိုက်မှ—- သူမဆိုတာ သေခြာသွားတော့ တယ်။ ဒီအခါမှ လော့ချထားတဲ့တံခါး ကို –သူမ တက်ဖို့ဖွင့်ပေးလိုက် တယ်။
သူမက ကားကို တခါးဖွင့်ပြီး ရှေ့ခန်းကဘဲတက်ကာ— မကြာပါဘူးနော် တဲ့။ ဟုတ်တယ် မြန်သားဘဲလို့ ပြန်ပြောလိုက်ပြီး— ကားကို လာလမ်းပြန်ကွေ့ကာ ခပ်မှန်မှန် မောင်းလာခဲ့တော့ တယ်။ ကားကိုမောင်းလာရင်း— သူမဆီက အလာတုန်းကရတဲ့ ခပ်သင်းသင်းရေမွှေးနံ့ပျောက် ပြီး — ညှီစို့စို့အနံ့ကို ခံစားလိုက်ရတယ်။
သူမက တောစီးဖိနပ်ကို ပြန်ချွတ်ပြီး အိပ်ထဲပြန်ထဲ့ လိုက်တယ်။ ကျွန်တော် သူ့ကိုလည်းမမေးရဲ ခုလိုစဉ်းစားမိတယ်။ တောစီးဖိနပ်နဲ့ သေနေတဲ့ အကောင်တကောင်ကိုများ နင်းမိလာသလား။ ဒါဆိုလည်း ပုတ်ဆော်နံရမယ်။ အခုနံတာက ပုတ်ဆော်မဟုတ် သွေးစိမ်းညှီနံ့ ဖြစ်နေတယ်။
ကျွန်တော် ဒီအနံ့က်ို ကြာရှည် မခံနိုင်တော့၍— AC ပိတ်ပြီး မှန်တွေဖွင့်လိုက်မယ်နော် လို့ ပြောလိုက်တော့— ကောင်းတယ် အပြင်လေက ပိုကောင်းတာပေါ့ တဲ့။ ဒါနဲ့ မှန်တွေချ လိုက်ပြီး AC ကို ပိတ်လိုက်မှ အနံ့သက်သာ သွားတော့တယ် တဖြေးဖြေး မောင်းလာလိုက်တာ— စည်ကားတဲ့နေရာ ရောက်လာ မှ–သူမကို မေးလိုက်တယ်။
ငှားတဲ့နေရာကိုဘဲ ပို့ပေးရမလား လို့ဆိုတော့ သူမက ဟုတ်တယ် တဲ့။ ကျွန်တော်လည်း ဘာမှဆက်မပြောတော့ဘဲ ကားကိုဘဲအာရုံစိုက်ကာ မောင်းလိုက်တော့တယ်။ ငှားတဲ့နေရာပြန်ရောက်တော့–ရပ်ပေးလိုက်တယ်။ သူမ က ကားခထုတ်ပေးရင်း နောက်တခါသွားအုန်းမှာ လိုက်မယ်ဆိုရင် ဖုန်းနံပါတ်ပေး သွားမဲ့ရက် ဖုန်းဆက်လိုက်မယ်တဲ့။
ကျွန်တော်လည်း ဖုန်းနံပါတ်ပေး လိုက်ပါတယ်။ တပတ်အကြာမှာ ညနေစောင်းချိန်ပါဘဲ သူမဖုန်း ဝင်လာပါတယ်။ ၁၀ မိနစ် လောက်စောင့်ခိုင်းပြီး— အရင်ငှားနေကျနေရာမှာ သွားခေါ်လိုက်တယ်။ သူမက ရောက်နေပါပြီ။ သူမ ကားပေါ်ရောက်တာနဲ့ ခုလိုပြောတယ်။ သိပ်အရေးမကြီးဘူး။ ကားကို မှန်မှန်ဘဲမောင်းပါတဲ့။
မှောင်မှရောက်လေ ကောင်းလေ တဲ့။ ကျွန်တော်လည်းကားကို မှန်မှန်ဘဲမောင်းလာခဲ့ရင်း တွေးနေမိတယ်။ မိန်းခလေးတယောက်ထဲ ဘာ့ကြောင့် ဒီအချိန်မှ ရွေးပြီး သွားတာလဲ။ ရိုးမှ ရိုးသားရဲ့လား။ တော်ကြာ ကိုယ်ပါ အမှု့ပတ်နေအုံးမယ်။
အဲသလို–တောင်တွေးမြောက် တွေးနဲ့ မောင်းလာလိုက်တာ– မြို့ပြင်လည်ဲးရောက် နေလည်းဝင်ပါရော— ခြံရှေ့ရောက်တော့ အတော်လေးမှောင်နေပြီ။ ဖုန်းမီးတောင်မထွန်းဘဲ သတ္တိခဲမက အရင်တခါလို တောစီးဖိနပ်စီးပြီး လူဝင်ပေါက်က ဝင်သွားပါတော့တယ်။ သူဝင်သွားပြီး အရင်တခေါက်ကလို အသံ တွေကြားရမလား နားစွင့်ပေမဲ့ ဘာသံမှကို မကြားရပေ။
လေတိုက်၍ သစ်ရွက်လှုပ်သံ မှ တပါး ပကတိ တိတ်ဆိတ်လျှက်။ ကျွန်တော်–ကားကို လော့ချ AC နဲ့ Fb သုံးနေရင်း— သူမကို စောင့်နေလိုက်တော့သည်။ နာရီဝက်ခန့်အကြာ—ခြံထဲမှ ခွေးအူသံကြားလိုက်ရသည်။ စိတ်ခြောက်ခြားဖွယ်– ကျွန်တော်ခြံပေါက်ကို သူမ လာ နေပြီလား အကြည့်လိုက်မှာ— လန့်သွားမိသည်။
သူမကို မတွေ့ရဘဲ နီရဲနေတဲ့ မျက်လုံးတစုံ။ ဘာကောင်မှန်း ်မသိ။လန့်ပြီး မျက်နာလွှဲလိုက် သည်။ ခဏအကြာ မဝံ့မရဲ ခြံပေါက်ကို ပြန်ကြည့်လိုက်တော့ သူမက ခြံအပြင်ရောက်ရုံမက ကားဆီ ကို လာနေတော့သည်။ အရင်အခေါက်ကထက် ပို၍ ဆံပင်က ဖရိုဖရဲ။ အရင်အခေါက်ကလို မျက်နာပေါ်ကျနေတဲ့ဆံပင်ရှည် ကို ပြန်သပ်မတင်။
ကားတံခါးကိုဖွင့်ပြီး ရှေ့ခန်း ဝင်ထိုင်ကာ–အားမရှိတဲ့လေသံဖြင့်–“ရပြီ” မောင်းတဲ့။ တောစီးဖိနပ်ကိုတောင်မချွတ် ကားထိုင်ခုံကို မှီကာ မျက်နာကို ကျွန်တော့ဖက်လှဲ့၍ မှိန်းလိုက်လာတော့သည်။ သူမကိုအကဲခတ်ရသည်မှာ မောပမ်းနွမ်းနေသရောင်ရောင်။ ကျွန်တော့စိတ်မှာ ပဟေဠိများ စွာနှင့်အတူ ကြောက်စိတ်က ကားမောင်းရင်း ကြီးစိုးလျှက်။
သူမ ဆင်းမည့်နေရာ ရောက်ခါနီးမှာ—မနှိုးရပါဘဲ သူမ နိုးလာခဲ့သည်။ တောစီးဖိနပ်ကို ချွတ်၍ အိပ်ထဲ ပြန်ထဲ့ရင်း က— သွားမဲ့ရက် ဖုန်းဆက်လိုက် မယ်နော် တဲ့။ကားခကိုလည်း ထုတ်ပေးတယ်။ သူမကို ကြည့်ရသည်မှာ ဆင်းခါနီးမှာ အေးဆေးပါဘဲ။
သူမဆင်းသွားအပြီး— အိမ်အပြန်လမ်းတလျှောက် ကျွန်တော့မှာ အတွေးများစွာ ဒီတခါ သူမ ကားငှားလျှင် သူမကို မေးဖြစ်အောင် မေး မည်ဟူ၍ ဆုံးဖြတ်ချက်ချ လိုက် မိသည်။ မေးလို့ ကားငှားမစီးလည်း နေပါစေတော့။ စိုးတထိတ်ထိတ်နဲ့ရသောငွေ မမက်မောချင်တော့ပေ။ နောက်သုံးရက်အကြာ– သူမဆီက ဖုန်းဝင်လာသည်။ ထိုအချိန် ကျွန်တော်က အိမ် ပြန်ရောက်နေသည်။
ထုံးစံအတိုင်း နေဝင်လုအချိန်။ ကျွန်တော် သူမကိုပြောလိုက် သည်။ အမျိူ းသမီးကို ခေါ်လာလို့ ရမလားဟူ၍— ခေါ်ခဲ့လေ အဖေါ်တောင်ရသေး။ပိုကောင်း တာပေါ့ တဲ့။ ကျွန်တော်လည်း ဝမ်းသာ စိတ်ပေါ့စွာ–အမျိူးသမီးနှင့်အတူ သူမကိုသွားခေါ်၍— သွားနေကျ ခြံကြီးဆီသို့— နေဝင်ချိန်လေးမှာ ခပ်မှန်မှန် မောင်းနှင်လိုက်တော့သည်။
မောင်းလာစဉ် လမ်းတလျှောက် ကျွန်တော်တို့သုံးယောက် စကားမပြောဖြစ်ချေ ။ ခြံနားရောက်လုအချိန် သူမသည် ထုံးစံအတိုင်း တောစီးဖိနပ်ကို စီးတော့သည်။ သူမ၏ လှုပ်ရှားပုံတို့ကို နောက်ထိုင်ခုံမှထိုင်လိုက်လာ သော ကျွန်တော့အမျိူ းသမီးက အကဲခတ် ကြည့်နေမည်မှာ မလွဲချေ။
ခြံရှေ့ရောက်ပြီဆိုတာနဲ့— လမ်းဘေးချ ကာ ရပ်နေကျနေရာမှာ ရပ်ပေး လိုက်သည်။ ဒီအခါ သူမသည် ကားပေါ်မှ ခပ်မြန်မြန် ဆင်းကာ— ခြံတံခါးဝသို့ ပြေးသွား၍ မှောင်မဲနေသော ခြံထဲကို ဝင်သွားတော့သည်။ ထိုအခါမှ—အမျိူ းသမီးက ကျွန်တော့ပခုန်းကို ပုတ်ခါ အကိုရေ–ဒီမိန်းမ အကြောက်တရားမရှိဘဲ မှောင်မဲနေတဲ့ ဒီခြံကို ဘာလာလာ လုပ်တာလဲမသိ။
အကိုမကြောက်ဘူးလား ကျမတော့ ကြောက်တယ်။ ဒီအမျိူ းသမီး ကြည့်ရတာ မူမမှန်တဲ့ ပုံ။ ဒီအခေါက်ရောဆို ဘယ်နှစ်ခေါက်မြောက်လဲ သုံးခေါက် ရှိပြီ။ ကားဆွဲရတာ သိပ်မကောင်း တော့ ရတဲ့အော်ဒါ လိုက်ရ တာဘဲ။နောက်တခါ ခေါ်ရင် မလိုက်တော့ဘူး။ မလိုက်ပါနဲ့ အကိုရယ်— ဘာမှန်းမသိ အန္တရာယ်များ ပါတယ်။
ရှင်တို့ရှာတာစား ရတာ မျိူ တောင်မကျခြင်တော့ ဘူး။ ထိုသို့ နှစ်ယောက်သားစကား ပြောနေစဉ် ခြံဝင်းထဲမှ ပြေးလာသံတွေ ကြားရ လေသည်။ နှစ်ယောက်သား ခြံဝင်းတံခါးဆီ ပြိုင်တူ လှမ်းကြည့်ရင်းက– သုံးလေးယောက် ပြေးလွှားနေတဲ့အသ။ံ အကို ရေ တယောက်ထဲရဲ့အသံမဟုတ်ဘူး။ အေး ဟုတ်တယ်ဟ အကိုလည်း အဲလိုဘဲထင်တယ်။
ထိုစဉ်–ခြံဝင်းပေါက်ကို တအား တွန်းဖွင့်ပြီး သူမက ကားဆီကို ပြေးလာတော့သည်။ သူမနောက်မှာလှမ်းကြည့်တော့ ဘယ်သူမှပါလာတာမတွေ့။ ကျွန်တော် တံခါးလော့ကို အမြန်ဖွင့်ပေးလိုက်တယ်။ သူမ ကားပေါ်အမြန်တက်ကာ မြန်မြန်မောင်း မြန်မြန်မောင်း ဟူ၍ ပြောဆိုခြင်းကြောင့်– ကားကိုလာလမ်းအမြန်ကွေ့ ကာ– ခပ်မြန်မြန် မောင်းလိုက် တော့သည်။
ထိုသို့ မောင်းနေစဉ် သူမကို စောင်းငဲ့ကြည့်လိုက်တော့– ပါးမှာ အစင်းရာများ– နှုတ်ခန်းမှာလည်း သွေးစ သွေးန။ ဒီတခေါက်တော့ မေးမယ်လို့ ဆုံးဖြတ်ထားသည့်အတိုင်း ကျွန်တော် သူမကို စကားစ လိုက်သည်။ တူမကြီး ဘာများဖြစ်လာတာ လဲကွယ်။ပါးမှာလဲ အစင်းရာတွေ– နှုတ်ခန်းမှာလည်း သွေးစ ထင်တယ်။သုပ်လိုက်ပါအုန်း။
သည်အခါမှ သူမသည် ကပြာကယာ တစ်ရှူ းထုတ်ကာ သုပ်လိုက်တော့သည်။ မလုံမလဲဖြစ်နေသော သူမ ကို ကျွန်တော်ဆက်မေးလိုက်သည်။ ဒီခြံကို နေဝင်ချိန် မှောင်ချိန် ရွေးပြီး မကြာခဏ လာနေတာ အကြောင်းတစ်ခုရှိလို့ဆိုတာ တော့ သိပါတယ်။ အကြောင်းရင်းလေးကို သိခွင့် ရမလား တူမကြီး။ ပဟေဠိဖြစ်နေလို့ပါ။
မှန်တာပြောရရင် တူမကို သံသယစိတ်နဲ့စိုးရိမ်စိတ်လည်း ဖြစ်မိလို့ပါ။ လုံးဝပြောလို့မရရင်လည်း မပြောပါနဲ့။ကိစ္စမရှိပါဘူးကွယ် သူမသည် ကျွန်တော့ကိုတလှဲ့ နောက်ခုံတွင်ထိုင်လိုက်လာ သော အမျိူ းသမီးဖက်ကိုပါ လည်ပြန်ကြည့်ကာ— ကျမလေ–ရင်ဖွင့်ခြင်ပါတယ်။ အကြောင်းစုံပြောပြပါ့မယ်။ ဦးကိုလည်း ကျေးဇူးတင်မိပါတယ်။
ဘာ့ကြောင့်လည်းဆိုတော့ အရင်အခေါက်တွေမှာ မစပ်စု ဘဲ သုံးခေါက်မြောက်မှ– ပွင့်လင်းစွာ ခုလိုမေးလို့ပါ။ သူမ ပြောပုံက အရင်ခေါက်တွေက မေးမိရင် ပြောမဲ့ပုံမမြင်ပေ။ သူမက သူပြောပြသော သူမအကြောင်းကို ဘယ်သူ့မှ ပြန်မပြောဖို့ “ကတိ”တောင်း လေသည်။ ကျွန်တော်လည်း ကတိ ပေးလိုက်ပါသည်။
သူမ ပြောပြနေချိန် နားထောင် နေသော ကျွန်တော့မှာ– ရင်တလှပ်လှပ်။ သနားခြင်း စိတ်မကောင်းခြင်း ရင်နာခြင်း စိုးရိမ်ခြင်း တို့များစွာ—- ခံစားလိုက်ရပေသည်။ သူမ ပြောပြသော သူမ အကြောင်းကို သူများတွေကို ပြန်ပြောပြချင်နေမိသည်။ သို့သော် ကျွန်တော့အား “ကတိ”တည်ခွင့်ပေးပါ . . . Crd
Zawgyi
ကြၽန္ေတာ့ Taxi ကားကို အမ်ိဴ းသမီးတေယာက္ ငွား စီးပါတယ္။သူငွားတဲ့ေနရာက ၿမိဳ႕ျပင္။ အသြားအျပန္ ၃၀၀၀၀ က်ပ္။ ေစ်းတည့္လို႔ သူမက ကားေပၚကို ေရွ႕ခန္းက တက္ထိုင္ပါတယ္။
တန္ဖိုးႀကီးေရေမႊးနံ႔က သင္းပ်ံ႕ ပ်ံ႕။ ညေနေစာင္းခ်ိန္မို႔— ကားကို ဂ႐ုစိုက္ေမာင္းလာ ရာမွ–ၿမိဳ႕ျပင္ေရာက္လာေတာ့ ေနဝင္လုအခ်ိန္။ သူမရပ္ခိုင္းသည့္ေနရာ— ကားကိုလမ္းေဘးခ်ကာ ရပ္ ေပးလိုက္သည္။ သူမသည္ ခ်က္ျခင္း မဆင္း ေသးဘဲ သူ၏ေျခနင္းတြင္ ခ်ထားေသာ အိပ္ကိုဖြင့္ကာ လည္ရွည္ေတာစီးဖိနပ္ကို ထုတ္လိုက္ၿပီး ဝတ္ဆင္ေတာ့သည္။
“ကားဆရာ ခဏေနာ္ နာရီဝက္ထက္ ပိုမၾကာပါဘူး” ေျပာေျပာဆိုဆို ကားငွားစဥ္က စီးလာေသာ မျမင့္တျမင့္ ေဒါက္ဖိနပ္ကို ေျခနင္းမွာထား ခဲ့ကာ ဆင္းသြားပါေတာ့သည္။ သူမ သြားရာ လွမ္းၾကည့္လိုက္ေတာ့—- ၿခံကက်ယ္ဝန္းၿပီး ၿခံတံခါးမႀကီး မွာ ၿခဳံ ႏြယ္မ်ားပင္ပိတ္ေနေတာ့ သည္။
သူမသည္ လူဝင္ေပါက္တခါးကို အသာတြန္းကာ—ေအာက္ေျခ မ်က္ပင္ရွည္မ်ားကို နင္း၍ — ၿခံထဲ ဝင္သြားပါေတာ့သည္။ ကြၽန္ေတာ္ ေအာင့္ေမ့မိသည္ ဒီအမ်ိဴ းသမီး မေၾကာက္မ႐ြံ႕ ၿခံထဲ လွမ္းၾကည့္လိုက္ေတာ့ ခပ္ေဝးေဝးမွာ ႏွစ္ထပ္အိမ္ အိမ္အိုႀကီးတလုံး ေအာက္ပိုင္းကိုမျမင္ရေပ။ အေပၚပိုင္းကိုသာျမင္ရေလ သည္။
ေရနံမဲေနေအာင္သုပ္ ထားေသာ–ေရွးအိမ္ႀကီး။ ကားေပၚမွာ တေယာက္ထဲထိုင္ကာ သူမ ကိုေစာင့္ေနရအုံးမည္။ ေက်ာခ်မ္းေပစြ။ အဘယ့္ေၾကာင့္ဆိုေသာ္ ကြၽန္ေတာ့ကားရပ္ထားေသာေနရာကား သစ္ပင္ႀကီးမ်ားက အုံ႔အုံ႔ဆိုင္းဆိုင္း။ ေနကလည္းဝင္ေနၿပီမို႔— အေမွာင္ထုကႀကီးဆိုးလာသည္ ေတာ္ပါေသးသည္ လမ္းမေပၚမွာ–ကားအခ်ိဳ႕တေလ ျဖတ္ေမာင္း ေနၾကသည္မို႔။
ကြၽန္ေတာ္ စက္ရပ္ထားေသာ ကားကို စက္ျပန္ႏႈိးကာ— AC တမွတ္ဖြင့္၍ အားသြင္းထား ေသာဖုန္းကိုေကာက္ကိုင္လိုက္စဥ္—– သူမ ဝင္သြားေသာၿခံထဲမွ—- “အား” ကနဲေအာ္သံ တဝုတ္ဝုတ္ ေခြးေအာ္သံ ကိန္ ကိန္ဟူ၍ ေခြးေအာ္ၿပီး ထြက္ေျပးသံ တို႔ကို ၾကားလိုက္ မိသည္။
သူမကိုမ်ား ေခြးကိုက္၍ “အား” ဟုေအာ္လိုက္ေလသလား? သူမက ေခြးကို႐ိုက္လိုက္၍ ေခြးကေအာ္ၿပီး ထြက္ေျပးေလသလား? ကြၽန္ေတာ္ မသိေခ် ။ အသံကို ထပ္ၾကားရေလမလား ဟူ၍ နားကိုစြင့္ေနမိသည္။ ဘာသံမွ ထပ္မၾကားရေတာ့။ ကြၽန္ေတာ္ ေက်ာခ်မ္းမိသည္ကား အမွန္ပင္။ သူမအေပၚစိုးရိမ္စိတ္ကို ေဖါ့ျပစ္လိုက္သည္။
သူမ ဝင္သြားသည့္ ဤၿခံသည္ လူသူုမရွိဘဲ နဲ႔ သူမ ဝင္မည္ မဟုတ္ေျခ။ ကြၽန္ေတာ္ တံခါးေလာ့ေတြ အကုန္ခ် လိုက္မိသည္။ ဖုန္းကို အာ႐ုံျပဳ႕၍— တက္လာေသာ ႏိုင္ငံေရး Post ကို ဖတ္ေနလိုက္သည္။ တဖက္နဲ႔တဖက္ အမွားေတြ မႀကိဳက္မႏွစ္သက္တာေတြကို အၿပိဳင္အဆိုင္ မန္႔ေနၾကသည္။
ထိုမန္႔မ်ားကို ဖတ္ၿပီး—- ငယ္ငယ္က ဖတ္ခဲ့ဘူးေသာ “ေျခက်ိဴ း” ႏွင့္ “မ်က္ကန္း” တို႔အေၾကာင္း သတိရသြား မိေတာ့သည္။ မ်က္ကန္းကေျခလက္သန္သည္ ေျခက်ိဴ းက မ်က္ေစ့ျမင္သည္။ သူတို႔ႏွစ္ေယာက္မွာ—- မ်က္ကန္းက စေျပာသည္ ဒီအနီးအနားက ႐ြာမွာ—- အသံခ်ဲ႕စက္သံ ၾကားတယ္။
အလႉ ႀကီးေပးေနတာျဖစ္မယ္ မင့္နဲ႔ငါ အဲဒီ႐ြာ အေရာက္သြားႏိုင္ရင္— ထမင္း ေကာင္းေကာင္းစား ရမယ္တဲ့။ ေျခက်ိဴ းက ျပန္ေျပာတယ္။ မင့္မ်က္ေစ့က ကန္းေနတာ မျမင္ရဘဲ ဘယ္လိုသြားမလဲ တဲ့။ မ်က္ကန္းကလည္း အားက်မခံ ျပန္ေျပာျပန္တယ္။ မင္းလည္း ေျခက်ိဴ းေနတာ ငါမွမဟုတ္ မင္းလည္း မသြား ႏိုင္ပါဘူးတဲ့။
တေယာက္အားနည္းခ်က္ တေယာက္ အၿပိဳင္ေျပာေနစဥ္ အဖိုးအိုေတယာကၠ ခရီးၾသား ရင္း သူတို႔ႏွစ္ေယာက္ေျပာဆို ေနတာကို ၾကားလို႔— သူတို႔အနား ခဏဝင္နားကာ ခုလိုေျပာသတဲ့။ ေမာင္ရင္တို႔ႏွစ္ေယာက္ တေယာက္အားနည္းခ်က္ကို တေယာက္ကေထာက္ျပ အျပစ္ဖို႔ေနမဲ့အစား—- ႏွစ္ေယာက္ေပါင္းၿပီး—- တေယာက္လိုအပ္ခ်က္ကို တေယာက္က ျဖည့္စည္း ကူညီ၍ ပူးေပါင္းသြားရင္— လိုရာခရီး ေရာက္ေလာက္ၿပီတဲ့။
အဖိုးအိုစကားၾကားရမွ— မ်က္ကန္းက ေျခက်ိဴ းကို ပခုန္းနဲ႔ထမ္းၿပီး— ေျခက်ိဴ းက မ်က္ေစ့နဲ႔ၾကည့္ကာ ဘယ္ခ်ိဴ း ညာခ်ိဴ း လမ္းၫႊန္ သည္လိုနဲ႔ လိုရာခရီးေရာက္ ခဲ့သတဲ့။ တေယာက္နဲ႔တေယာက္ တဖက္နဲ႔တဖက္ အားနည္းခ်က္ကို အျပစ္ဖို႔ေနမဲ့ အစား— ေျခက်ိဴ းနဲ႔မ်က္ကန္းလို လိုအပ္ခ်က္ကို ပူးေပါင္းကူညီ ၾကၿပီး ရည္မွန္းခ်က္ ခရီးကို ေလွ်ာက္လွမ္းၾကရင္—-
ခရီးအေတာ္ ေပါက္ေလာက္ၿပီ ေပါ့ဟူ၍—-စဥ္းစားေတြးေနစဥ္ ၿခံထဲမွ သူမက ေတာစီးဖိနပ္ကို ခပ္ျပင္းျပင္း ခပ္သြက္သြက္နင္း ၿပီး ထြက္လာေနသံ ၾကားလိုက္ လို႔ ၿခံေပါက္ကို လွမ္းၾကည့္ လိုက္ေတာ့—- ကြၽန္ေတာ့စိတ္မွာ—ဇေဝဇဝါ ျဖစ္သြားမိတယ္။
ဝင္သြားတုန္းကႏွင့္ မတူ ဆံပင္က ဖ႐ိုဖရဲ ေမွာင္ေနလို႔ စိတ္ကထင္မိေလ သလားလို႔ ေသျခာၾကည့္ လိုက္စဥ္—သူုမကတခါးကိုျပန္ပိတ္ၿပီး ကားဆီလာေနရင္း—- ဖ႐ိုဖရဲျဖစ္ေနေသာ ဆံပင္ကို ျပန္သပ္တင္လိုက္မွ—- သူမဆိုတာ ေသျခာသြားေတာ့ တယ္။ ဒီအခါမွ ေလာ့ခ်ထားတဲ့တံခါး ကို –သူမ တက္ဖို႔ဖြင့္ေပးလိုက္ တယ္။
သူမက ကားကို တခါးဖြင့္ၿပီး ေရွ႕ခန္းကဘဲတက္ကာ— မၾကာပါဘူးေနာ္ တဲ့။ ဟုတ္တယ္ ျမန္သားဘဲလို႔ ျပန္ေျပာလိုက္ၿပီး— ကားကို လာလမ္းျပန္ေကြ႕ကာ ခပ္မွန္မွန္ ေမာင္းလာခဲ့ေတာ့ တယ္။ ကားကိုေမာင္းလာရင္း— သူမဆီက အလာတုန္းကရတဲ့ ခပ္သင္းသင္းေရေမႊးနံ႔ေပ်ာက္ ၿပီး — ညႇီစို႔စို႔အနံ႔ကို ခံစားလိုက္ရတယ္။
သူမက ေတာစီးဖိနပ္ကို ျပန္ခြၽတ္ၿပီး အိပ္ထဲျပန္ထဲ့ လိုက္တယ္။ ကြၽန္ေတာ္ သူ႔ကိုလည္းမေမးရဲ ခုလိုစဥ္းစားမိတယ္။ ေတာစီးဖိနပ္နဲ႔ ေသေနတဲ့ အေကာင္တေကာင္ကိုမ်ား နင္းမိလာသလား။ ဒါဆိုလည္း ပုတ္ေဆာ္နံရမယ္။ အခုနံတာက ပုတ္ေဆာ္မဟုတ္ ေသြးစိမ္းညႇီနံ႔ ျဖစ္ေနတယ္။
ကြၽန္ေတာ္ ဒီအနံ႔က္ို ၾကာရွည္ မခံႏိုင္ေတာ့၍— AC ပိတ္ၿပီး မွန္ေတြဖြင့္လိုက္မယ္ေနာ္ လို႔ ေျပာလိုက္ေတာ့— ေကာင္းတယ္ အျပင္ေလက ပိုေကာင္းတာေပါ့ တဲ့။ ဒါနဲ႔ မွန္ေတြခ် လိုက္ၿပီး AC ကို ပိတ္လိုက္မွ အနံ႔သက္သာ သြားေတာ့တယ္ တေျဖးေျဖး ေမာင္းလာလိုက္တာ— စည္ကားတဲ့ေနရာ ေရာက္လာ မွ–သူမကို ေမးလိုက္တယ္။
ငွားတဲ့ေနရာကိုဘဲ ပို႔ေပးရမလား လို႔ဆိုေတာ့ သူမက ဟုတ္တယ္ တဲ့။ ကြၽန္ေတာ္လည္း ဘာမွဆက္မေျပာေတာ့ဘဲ ကားကိုဘဲအာ႐ုံစိုက္ကာ ေမာင္းလိုက္ေတာ့တယ္။ ငွားတဲ့ေနရာျပန္ေရာက္ေတာ့–ရပ္ေပးလိုက္တယ္။ သူမ က ကားခထုတ္ေပးရင္း ေနာက္တခါသြားအုန္းမွာ လိုက္မယ္ဆိုရင္ ဖုန္းနံပါတ္ေပး သြားမဲ့ရက္ ဖုန္းဆက္လိုက္မယ္တဲ့။
ကြၽန္ေတာ္လည္း ဖုန္းနံပါတ္ေပး လိုက္ပါတယ္။ တပတ္အၾကာမွာ ညေနေစာင္းခ်ိန္ပါဘဲ သူမဖုန္း ဝင္လာပါတယ္။ ၁၀ မိနစ္ ေလာက္ေစာင့္ခိုင္းၿပီး— အရင္ငွားေနက်ေနရာမွာ သြားေခၚလိုက္တယ္။ သူမက ေရာက္ေနပါၿပီ။ သူမ ကားေပၚေရာက္တာနဲ႔ ခုလိုေျပာတယ္။ သိပ္အေရးမႀကီးဘူး။ ကားကို မွန္မွန္ဘဲေမာင္းပါတဲ့။
ေမွာင္မွေရာက္ေလ ေကာင္းေလ တဲ့။ ကြၽန္ေတာ္လည္းကားကို မွန္မွန္ဘဲေမာင္းလာခဲ့ရင္း ေတြးေနမိတယ္။ မိန္းခေလးတေယာက္ထဲ ဘာ့ေၾကာင့္ ဒီအခ်ိန္မွ ေ႐ြးၿပီး သြားတာလဲ။ ႐ိုးမွ ႐ိုးသားရဲ႕လား။ ေတာ္ၾကာ ကိုယ္ပါ အမႈ႕ပတ္ေနအုံးမယ္။
အဲသလို–ေတာင္ေတြးေျမာက္ ေတြးနဲ႔ ေမာင္းလာလိုက္တာ– ၿမိဳ႕ျပင္လည္ဲးေရာက္ ေနလည္းဝင္ပါေရာ— ၿခံေရွ႕ေရာက္ေတာ့ အေတာ္ေလးေမွာင္ေနၿပီ။ ဖုန္းမီးေတာင္မထြန္းဘဲ သတၱိခဲမက အရင္တခါလို ေတာစီးဖိနပ္စီးၿပီး လူဝင္ေပါက္က ဝင္သြားပါေတာ့တယ္။ သူဝင္သြားၿပီး အရင္တေခါက္ကလို အသံ ေတြၾကားရမလား နားစြင့္ေပမဲ့ ဘာသံမွကို မၾကားရေပ။
ေလတိုက္၍ သစ္႐ြက္လႈပ္သံ မွ တပါး ပကတိ တိတ္ဆိတ္လွ်က္။ ကြၽန္ေတာ္–ကားကို ေလာ့ခ် AC နဲ႔ Fb သုံးေနရင္း— သူမကို ေစာင့္ေနလိုက္ေတာ့သည္။ နာရီဝက္ခန္႔အၾကာ—ၿခံထဲမွ ေခြးအူသံၾကားလိုက္ရသည္။ စိတ္ေျခာက္ျခားဖြယ္– ကြၽန္ေတာ္ၿခံေပါက္ကို သူမ လာ ေနၿပီလား အၾကည့္လိုက္မွာ— လန္႔သြားမိသည္။
သူမကို မေတြ႕ရဘဲ နီရဲေနတဲ့ မ်က္လုံးတစုံ။ ဘာေကာင္မွန္း ္မသိ။လန္႔ၿပီး မ်က္နာလႊဲလိုက္ သည္။ ခဏအၾကာ မဝံ့မရဲ ၿခံေပါက္ကို ျပန္ၾကည့္လိုက္ေတာ့ သူမက ၿခံအျပင္ေရာက္႐ုံမက ကားဆီ ကို လာေနေတာ့သည္။ အရင္အေခါက္ကထက္ ပို၍ ဆံပင္က ဖ႐ိုဖရဲ။ အရင္အေခါက္ကလို မ်က္နာေပၚက်ေနတဲ့ဆံပင္ရွည္ ကို ျပန္သပ္မတင္။
ကားတံခါးကိုဖြင့္ၿပီး ေရွ႕ခန္း ဝင္ထိုင္ကာ–အားမရွိတဲ့ေလသံျဖင့္–“ရၿပီ” ေမာင္းတဲ့။ ေတာစီးဖိနပ္ကိုေတာင္မခြၽတ္ ကားထိုင္ခုံကို မွီကာ မ်က္နာကို ကြၽန္ေတာ့ဖက္လွဲ႔၍ မွိန္းလိုက္လာေတာ့သည္။ သူမကိုအကဲခတ္ရသည္မွာ ေမာပမ္းႏြမ္းေနသေရာင္ေရာင္။ ကြၽန္ေတာ့စိတ္မွာ ပေဟဠိမ်ား စြာႏွင့္အတူ ေၾကာက္စိတ္က ကားေမာင္းရင္း ႀကီးစိုးလွ်က္။
သူမ ဆင္းမည့္ေနရာ ေရာက္ခါနီးမွာ—မႏႈိးရပါဘဲ သူမ ႏိုးလာခဲ့သည္။ ေတာစီးဖိနပ္ကို ခြၽတ္၍ အိပ္ထဲ ျပန္ထဲ့ရင္း က— သြားမဲ့ရက္ ဖုန္းဆက္လိုက္ မယ္ေနာ္ တဲ့။ကားခကိုလည္း ထုတ္ေပးတယ္။ သူမကို ၾကည့္ရသည္မွာ ဆင္းခါနီးမွာ ေအးေဆးပါဘဲ။
သူမဆင္းသြားအၿပီး— အိမ္အျပန္လမ္းတေလွ်ာက္ ကြၽန္ေတာ့မွာ အေတြးမ်ားစြာ ဒီတခါ သူမ ကားငွားလွ်င္ သူမကို ေမးျဖစ္ေအာင္ ေမး မည္ဟူ၍ ဆုံးျဖတ္ခ်က္ခ် လိုက္ မိသည္။ ေမးလို႔ ကားငွားမစီးလည္း ေနပါေစေတာ့။ စိုးတထိတ္ထိတ္နဲ႔ရေသာေငြ မမက္ေမာခ်င္ေတာ့ေပ။ ေနာက္သုံးရက္အၾကာ– သူမဆီက ဖုန္းဝင္လာသည္။ ထိုအခ်ိန္ ကြၽန္ေတာ္က အိမ္ ျပန္ေရာက္ေနသည္။
ထုံးစံအတိုင္း ေနဝင္လုအခ်ိန္။ ကြၽန္ေတာ္ သူမကိုေျပာလိုက္ သည္။ အမ်ိဴ းသမီးကို ေခၚလာလို႔ ရမလားဟူ၍— ေခၚခဲ့ေလ အေဖၚေတာင္ရေသး။ပိုေကာင္း တာေပါ့ တဲ့။ ကြၽန္ေတာ္လည္း ဝမ္းသာ စိတ္ေပါ့စြာ–အမ်ိဴးသမီးႏွင့္အတူ သူမကိုသြားေခၚ၍— သြားေနက် ၿခံႀကီးဆီသို႔— ေနဝင္ခ်ိန္ေလးမွာ ခပ္မွန္မွန္ ေမာင္းႏွင္လိုက္ေတာ့သည္။
ေမာင္းလာစဥ္ လမ္းတေလွ်ာက္ ကြၽန္ေတာ္တို႔သုံးေယာက္ စကားမေျပာျဖစ္ေခ် ။ ၿခံနားေရာက္လုအခ်ိန္ သူမသည္ ထုံးစံအတိုင္း ေတာစီးဖိနပ္ကို စီးေတာ့သည္။ သူမ၏ လႈပ္ရွားပုံတို႔ကို ေနာက္ထိုင္ခုံမွထိုင္လိုက္လာ ေသာ ကြၽန္ေတာ့အမ်ိဴ းသမီးက အကဲခတ္ ၾကည့္ေနမည္မွာ မလြဲေခ်။
ၿခံေရွ႕ေရာက္ၿပီဆိုတာနဲ႔— လမ္းေဘးခ် ကာ ရပ္ေနက်ေနရာမွာ ရပ္ေပး လိုက္သည္။ ဒီအခါ သူမသည္ ကားေပၚမွ ခပ္ျမန္ျမန္ ဆင္းကာ— ၿခံတံခါးဝသို႔ ေျပးသြား၍ ေမွာင္မဲေနေသာ ၿခံထဲကို ဝင္သြားေတာ့သည္။ ထိုအခါမွ—အမ်ိဴ းသမီးက ကြၽန္ေတာ့ပခုန္းကို ပုတ္ခါ အကိုေရ–ဒီမိန္းမ အေၾကာက္တရားမရွိဘဲ ေမွာင္မဲေနတဲ့ ဒီၿခံကို ဘာလာလာ လုပ္တာလဲမသိ။
အကိုမေၾကာက္ဘူးလား က်မေတာ့ ေၾကာက္တယ္။ ဒီအမ်ိဴ းသမီး ၾကည့္ရတာ မူမမွန္တဲ့ ပုံ။ ဒီအေခါက္ေရာဆို ဘယ္ႏွစ္ေခါက္ေျမာက္လဲ သုံးေခါက္ ရွိၿပီ။ ကားဆြဲရတာ သိပ္မေကာင္း ေတာ့ ရတဲ့ေအာ္ဒါ လိုက္ရ တာဘဲ။ေနာက္တခါ ေခၚရင္ မလိုက္ေတာ့ဘူး။ မလိုက္ပါနဲ႔ အကိုရယ္— ဘာမွန္းမသိ အႏၲရာယ္မ်ား ပါတယ္။
ရွင္တို႔ရွာတာစား ရတာ မ်ိဴ ေတာင္မက်ျခင္ေတာ့ ဘူး။ ထိုသို႔ ႏွစ္ေယာက္သားစကား ေျပာေနစဥ္ ၿခံဝင္းထဲမွ ေျပးလာသံေတြ ၾကားရ ေလသည္။ ႏွစ္ေယာက္သား ၿခံဝင္းတံခါးဆီ ၿပိဳင္တူ လွမ္းၾကည့္ရင္းက– သုံးေလးေယာက္ ေျပးလႊားေနတဲ့အသ။ံ အကို ေရ တေယာက္ထဲရဲ႕အသံမဟုတ္ဘူး။ ေအး ဟုတ္တယ္ဟ အကိုလည္း အဲလိုဘဲထင္တယ္။
ထိုစဥ္–ၿခံဝင္းေပါက္ကို တအား တြန္းဖြင့္ၿပီး သူမက ကားဆီကို ေျပးလာေတာ့သည္။ သူမေနာက္မွာလွမ္းၾကည့္ေတာ့ ဘယ္သူမွပါလာတာမေတြ႕။ ကြၽန္ေတာ္ တံခါးေလာ့ကို အျမန္ဖြင့္ေပးလိုက္တယ္။ သူမ ကားေပၚအျမန္တက္ကာ ျမန္ျမန္ေမာင္း ျမန္ျမန္ေမာင္း ဟူ၍ ေျပာဆိုျခင္းေၾကာင့္– ကားကိုလာလမ္းအျမန္ေကြ႕ ကာ– ခပ္ျမန္ျမန္ ေမာင္းလိုက္ ေတာ့သည္။
ထိုသို႔ ေမာင္းေနစဥ္ သူမကို ေစာင္းငဲ့ၾကည့္လိုက္ေတာ့– ပါးမွာ အစင္းရာမ်ား– ႏႈတ္ခန္းမွာလည္း ေသြးစ ေသြးန။ ဒီတေခါက္ေတာ့ ေမးမယ္လို႔ ဆုံးျဖတ္ထားသည့္အတိုင္း ကြၽန္ေတာ္ သူမကို စကားစ လိုက္သည္။ တူမႀကီး ဘာမ်ားျဖစ္လာတာ လဲကြယ္။ပါးမွာလဲ အစင္းရာေတြ– ႏႈတ္ခန္းမွာလည္း ေသြးစ ထင္တယ္။သုပ္လိုက္ပါအုန္း။
သည္အခါမွ သူမသည္ ကျပာကယာ တစ္ရႉ းထုတ္ကာ သုပ္လိုက္ေတာ့သည္။ မလုံမလဲျဖစ္ေနေသာ သူမ ကို ကြၽန္ေတာ္ဆက္ေမးလိုက္သည္။ ဒီၿခံကို ေနဝင္ခ်ိန္ ေမွာင္ခ်ိန္ ေ႐ြးၿပီး မၾကာခဏ လာေနတာ အေၾကာင္းတစ္ခုရွိလို႔ဆိုတာ ေတာ့ သိပါတယ္။ အေၾကာင္းရင္းေလးကို သိခြင့္ ရမလား တူမႀကီး။ ပေဟဠိျဖစ္ေနလို႔ပါ။
မွန္တာေျပာရရင္ တူမကို သံသယစိတ္နဲ႔စိုးရိမ္စိတ္လည္း ျဖစ္မိလို႔ပါ။ လုံးဝေျပာလို႔မရရင္လည္း မေျပာပါနဲ႔။ကိစၥမရွိပါဘူးကြယ္ သူမသည္ ကြၽန္ေတာ့ကိုတလွဲ႔ ေနာက္ခုံတြင္ထိုင္လိုက္လာ ေသာ အမ်ိဴ းသမီးဖက္ကိုပါ လည္ျပန္ၾကည့္ကာ— က်မေလ–ရင္ဖြင့္ျခင္ပါတယ္။ အေၾကာင္းစုံေျပာျပပါ့မယ္။ ဦးကိုလည္း ေက်းဇူးတင္မိပါတယ္။
ဘာ့ေၾကာင့္လည္းဆိုေတာ့ အရင္အေခါက္ေတြမွာ မစပ္စု ဘဲ သုံးေခါက္ေျမာက္မွ– ပြင့္လင္းစြာ ခုလိုေမးလို႔ပါ။ သူမ ေျပာပုံက အရင္ေခါက္ေတြက ေမးမိရင္ ေျပာမဲ့ပုံမျမင္ေပ။ သူမက သူေျပာျပေသာ သူမအေၾကာင္းကို ဘယ္သူ႔မွ ျပန္မေျပာဖို႔ “ကတိ”ေတာင္း ေလသည္။ ကြၽန္ေတာ္လည္း ကတိ ေပးလိုက္ပါသည္။
သူမ ေျပာျပေနခ်ိန္ နားေထာင္ ေနေသာ ကြၽန္ေတာ့မွာ– ရင္တလွပ္လွပ္။ သနားျခင္း စိတ္မေကာင္းျခင္း ရင္နာျခင္း စိုးရိမ္ျခင္း တို႔မ်ားစြာ—- ခံစားလိုက္ရေပသည္။ သူမ ေျပာျပေသာ သူမ အေၾကာင္းကို သူမ်ားေတြကို ျပန္ေျပာျပခ်င္ေနမိသည္။ သို႔ေသာ္ ကြၽန္ေတာ့အား “ကတိ”တည္ခြင့္ေပးပါ . . . Crd