ဦးဖိုးအေးတို့ မိသားစု သင်္ချိုင်းထဲ မှာ ပေါက်တဲ့ မျှစ်ကို ချိုးယူပြီး စားလိုက်မိကြသောအခါ

အေထြအေထြဗဟုသုတ

ဦးဖိုးအေးတို့ မိသားစု သင်္ချိုင်းထဲ မှာ ပေါက်တဲ့ မျှစ်ကို ချိုးယူပြီး စားလိုက်မိကြသောအခါ

*သင်္ချိုင်း ဆိုသည်မှာ* လူတစ်ယောက်က မေးတယ်… “ကိုဖိုးအေး ခင်ဗျား သင်္ချိုင်းထဲက မျှစ်တွေ ယူစားနေတာ မရွှံဘူးလား…? ဖြေ။”ဘာရွှံမလဲကွ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ ဘာရွှံစရာရှိ လဲ။သင်္ချိုင်းဆို တာလဲ မြေကြီးပါပဲကွာ လူ တွေသမုတ်ထားလို့သာ သင်္ချိုင်းဖြစ်နေတာပါ ငါဆို ဒီသင်္ချိုင်းက ထွက်တဲ့မျှစ်တွေ စားလာတာ ကြာပါပြီ။

ကြည့်စမ်း ငါ့သားသမီးတွေ ဘယ်လောက်ချောလဲ။ ကျန်းမာရေး ဘယ်လောက်ကောင်းလဲ။ဖျားနာနေတာ မင်းတို့မြင်ဘူးလာ။ ဉာဏ်ရည်ဆို တာ လည်း ငါ့သားသမီးတွေ ကျူရှင်တောင်မယူနိုင်ဘူး။ ရွာကနေ ကျပ်ပြင်ကျောင်းသွားတတ်နေရတာ။

မင်းတို့စဉ်းစားကြည့် မြတ်စွာဘုရားတောင်မှ သုသာန်တစ်စ သင်္ချိုင်းဝက လူသေလွှမ်းတဲ့အဝတ်တွေ ကောက်ယူတော်မူပြီး ပံ့သုကူသင်္ကန်း ချုပ်ပြီး သုံးဆောင်တော်မူသေးတာ မင်းတို့ငါတို့လို ဘာမှမဟုတ်တဲ့အကောင်တွေက ရှောင်တယ်ဆိုတာ ရယ်စရာကြီးကွ။

ကျောင်းစကိုရှောင် မသာစကို “ဆောင်”ဆိုတဲ့အဆိုလည်းရှိသားပဲကွာ။ကျောင်ပစ္စည်းယူသုံးရင်သာ အပြစ်ရှိမယ် သင်္ချိုင်းပစ္စည်း ယူသုံးရင် အပြစ်လုံးဝမရှိဘူးကွ။ဘာလို့လဲဆိုတော့ သင်္ချိုင်းဆိုတာ လူတွေရဲ့စိတ်ထဲမှာ လုံးဝသံယောဇဉ်အတွယ်အတာမရှိပဲစွန့်ပစ်ထားတဲ့ နယ်မြေအဲ့ဒီနယ်မြေထဲက ပစ္စည်းမှာဘာအနှောင်အတွယ်မှ မရှိကြဘူး။

အဲ့ဒီစင်ကြယ်တဲ့ပစ္စည်းကို ငါသုံးတဲ့အခါ ငါလိပ်ပြာလုံတာပေါ့ကွာ။ ဘုန်းကြီးကျောင်းဝင်းထဲကညောင်ချင်တစ်နပ်စာလောက်ခူးခဲ့ရင်တောင် ငါလိပ်ပြာလုံမှာမဟုတ်ဘူး။ ကျောင်းဆိုတာက သာသနာ့နယ်မြေသံဃာရဲ့ပစ္စည်းလေကွာ။ယှဉ်ကြည့်ပေါ့။ကျောင်းပစ္စည်းဆိုတာမစားတတ် ရင် သံသရာအဆိပ်ကွ။သင်္ချိုင်းပစ္စည်းက သံသရာအဆိပ်ကင်းစေတယ်။

ဒါ့ကြောင့်ငါအမြဲစားခဲ့တာပေါ့။သင်္ချိုင်းကမျှစ်လည်း မျှစ်ပါပဲ။ အပြင် က မျှစ်လည်း မျှစ်ပါ ပဲ။ အတူတူပါပဲကွာ။အေ သင်္ချိုင်းထဲက မျှစ်က စားမဖြစ်အောင် ခါးနေတယ် ပုတ်စော်နံနေတယ်ဆိုရင်တော့ ငါလဲ လူပဲကွာ ဘယ်စားမှာလဲ။ အလကားပါကွာ လူတွေကိုက အယူသီးနေတာပါ သင်္ချိုင်းတဲ့ မင်းတို့စဉ်းစားကြည့် သင်္ချိုင်းဆို တာက ကြာကြာ တစ်ခါ လူသေမှ မြှုတ်ကြ တာ။မင်းတို့ငါတို့ရဲ့ ပါးစပ်တွေကိုကြည့်စမ်း။

ငါးပုပ်ရင် ဆားနဲ့နယ်ပြီး ငါးဆားနယ်ဆိုပြီး စားကြတယ်။ ကြက်သေ/ဝက်သေ/ဘဲသေ/ငါးသေ/နွားသေ/ဆိတ်သေ တွေကွာ။စဉ်းစားကြည့် ကြ။အဲ့ဒါလည်း အသုဘ တွေပဲကွာ။ကြက်မသာ/ဝက်မသာ/နွားမသာ တွေပဲကွာ။ဒါတွေကြတော့ အသုဘ လို့မမြင်ဘဲ သုဘလို့ထင်ပြီး ချက်ပြုတ်ကြော်လှော်စားကြတယ်။ မင်းတို့ငါတို့ရဲ့ပါးစပ်သင်္ချိုင်းထဲကဘအဲ့ဒီလိုတိရိစ္ဆာန်အသေကောင်တွေ မနည်းမနောဝင်ပြီးပြီနော်။

ဒါကြတော လောကနိယာမ ကောင်းမွန်တဲ့ အစားအစာလို့ သတ်မှတ်ကြတယ်။သူလည်း ခန္ဓာငါးပါးအစု အဝေး အပုပ်ကောင်ပဲ မဟုတ်ဘူးလား။မသန့်တာက အဲ့ဒီပါးစပ်သင်္ချိုင်းပဲကွ။ဒါတွေကြတော တဖြောင်းဖြောင်း ဝါးစားနေကြပြီးငါသင်္ချိုင်းထဲက မျှစ်ချိုးစား တာကြ တော အပြစ်မြင်ပြီး လူရာမသွင်းချင်သလိုလို ဘာလိုလိုနဲ့ လူတွေကွာ

#တရား အလွန်ဝေးတဲ့လူတွေပါလာ။ကိုယ်ပြောမှ အမှန် ကိုယ်လုပ်မှ အဟုတ်ထင်ကြတာလား။လူဆိုတာ သေမျိုးကွ ဘယ်သူမှ ဒီသင်္ချိုင်း ကပြေးမလွတ်ဘူး။ မှတ်ထား။

ခရက်ဒစ်

Zawgyi

ဦးဖိုးေအးတို႔ မိသားစု သခ်ႋဳင္းထဲ မွာ ေပါက္တဲ့ မွ်စ္ကို ခ်ိဳးယူၿပီး စားလိုက္မိၾကေသာအခါ

*သခ်ႋဳင္း ဆိုသည္မွာ* လူတစ္ေယာက္က ေမးတယ္… “ကိုဖိုးေအး ခင္ဗ်ား သခ်ႋဳင္းထဲက မွ်စ္ေတြ ယူစားေနတာ မ႐ႊံဘူးလား…? ေျဖ။”ဘာ႐ႊံမလဲကြ လူေသေကာင္က ထြက္တဲ့မွ်စ္မွ မဟုတ္တာ ေျမႀကီးထဲက ထြက္တဲ့မွ်စ္ပဲ ဘာ႐ႊံစရာရွိ လဲ။သခ်ႋဳင္းဆို တာလဲ ေျမႀကီးပါပဲကြာ လူ ေတြသမုတ္ထားလို႔သာ သခ်ႋဳင္းျဖစ္ေနတာပါ ငါဆို ဒီသခ်ႋဳင္းက ထြက္တဲ့မွ်စ္ေတြ စားလာတာ ၾကာပါၿပီ။

ၾကည့္စမ္း ငါ့သားသမီးေတြ ဘယ္ေလာက္ေခ်ာလဲ။ က်န္းမာေရး ဘယ္ေလာက္ေကာင္းလဲ။ဖ်ားနာေနတာ မင္းတို႔ျမင္ဘူးလာ။ ဉာဏ္ရည္ဆို တာ လည္း ငါ့သားသမီးေတြ က်ဴရွင္ေတာင္မယူႏိုင္ဘူး။ ႐ြာကေန က်ပ္ျပင္ေက်ာင္းသြားတတ္ေနရတာ။

မင္းတို႔စဥ္းစားၾကည့္ ျမတ္စြာဘုရားေတာင္မွ သုသာန္တစ္စ သခ်ႋဳင္းဝက လူေသလႊမ္းတဲ့အဝတ္ေတြ ေကာက္ယူေတာ္မူၿပီး ပံ့သုကူသကၤန္း ခ်ဳပ္ၿပီး သုံးေဆာင္ေတာ္မူေသးတာ မင္းတို႔ငါတို႔လို ဘာမွမဟုတ္တဲ့အေကာင္ေတြက ေရွာင္တယ္ဆိုတာ ရယ္စရာႀကီးကြ။

ေက်ာင္းစကိုေရွာင္ မသာစကို “ေဆာင္”ဆိုတဲ့အဆိုလည္းရွိသားပဲကြာ။ေက်ာင္ပစၥည္းယူသုံးရင္သာ အျပစ္ရွိမယ္ သခ်ႋဳင္းပစၥည္း ယူသုံးရင္ အျပစ္လုံးဝမရွိဘူးကြ။ဘာလို႔လဲဆိုေတာ့ သခ်ႋဳင္းဆိုတာ လူေတြရဲ႕စိတ္ထဲမွာ လုံးဝသံေယာဇဥ္အတြယ္အတာမရွိပဲစြန႔္ပစ္ထားတဲ့ နယ္ေျမအဲ့ဒီနယ္ေျမထဲက ပစၥည္းမွာဘာအေႏွာင္အတြယ္မွ မရွိၾကဘူး။

အဲ့ဒီစင္ၾကယ္တဲ့ပစၥည္းကို ငါသုံးတဲ့အခါ ငါလိပ္ျပာလုံတာေပါ့ကြာ။ ဘုန္းႀကီးေက်ာင္းဝင္းထဲကေညာင္ခ်င္တစ္နပ္စာေလာက္ခူးခဲ့ရင္ေတာင္ ငါလိပ္ျပာလုံမွာမဟုတ္ဘူး။ ေက်ာင္းဆိုတာက သာသနာ့နယ္ေျမသံဃာရဲ႕ပစၥည္းေလကြာ။ယွဥ္ၾကည့္ေပါ့။ေက်ာင္းပစၥည္းဆိုတာမစားတတ္ ရင္ သံသရာအဆိပ္ကြ။သခ်ႋဳင္းပစၥည္းက သံသရာအဆိပ္ကင္းေစတယ္။

ဒါ့ေၾကာင့္ငါအၿမဲစားခဲ့တာေပါ့။သခ်ႋဳင္းကမွ်စ္လည္း မွ်စ္ပါပဲ။ အျပင္ က မွ်စ္လည္း မွ်စ္ပါ ပဲ။ အတူတူပါပဲကြာ။ေအ သခ်ႋဳင္းထဲက မွ်စ္က စားမျဖစ္ေအာင္ ခါးေနတယ္ ပုတ္ေစာ္နံေနတယ္ဆိုရင္ေတာ့ ငါလဲ လူပဲကြာ ဘယ္စားမွာလဲ။ အလကားပါကြာ လူေတြကိုက အယူသီးေနတာပါ သခ်ႋဳင္းတဲ့ မင္းတို႔စဥ္းစားၾကည့္ သခ်ႋဳင္းဆို တာက ၾကာၾကာ တစ္ခါ လူေသမွ ျမႇဳတ္ၾက တာ။မင္းတို႔ငါတို႔ရဲ႕ ပါးစပ္ေတြကိုၾကည့္စမ္း။

ငါးပုပ္ရင္ ဆားနဲ႔နယ္ၿပီး ငါးဆားနယ္ဆိုၿပီး စားၾကတယ္။ ၾကက္ေသ/ဝက္ေသ/ဘဲေသ/ငါးေသ/ႏြားေသ/ဆိတ္ေသ ေတြကြာ။စဥ္းစားၾကည့္ ၾက။အဲ့ဒါလည္း အသုဘ ေတြပဲကြာ။ၾကက္မသာ/ဝက္မသာ/ႏြားမသာ ေတြပဲကြာ။ဒါေတြၾကေတာ့ အသုဘ လို႔မျမင္ဘဲ သုဘလို႔ထင္ၿပီး ခ်က္ျပဳတ္ေၾကာ္ေလွာ္စားၾကတယ္။ မင္းတို႔ငါတို႔ရဲ႕ပါးစပ္သခ်ႋဳင္းထဲကဘအဲ့ဒီလိုတိရိစာၦန္အေသေကာင္ေတြ မနည္းမေနာဝင္ၿပီးၿပီေနာ္။

ဒါၾကေတာ ေလာကနိယာမ ေကာင္းမြန္တဲ့ အစားအစာလို႔ သတ္မွတ္ၾကတယ္။သူလည္း ခႏၶာငါးပါးအစု အေဝး အပုပ္ေကာင္ပဲ မဟုတ္ဘူးလား။မသန႔္တာက အဲ့ဒီပါးစပ္သခ်ႋဳင္းပဲကြ။ဒါေတြၾကေတာ တေျဖာင္းေျဖာင္း ဝါးစားေနၾကၿပီးငါသခ်ႋဳင္းထဲက မွ်စ္ခ်ိဳးစား တာၾက ေတာ အျပစ္ျမင္ၿပီး လူရာမသြင္းခ်င္သလိုလို ဘာလိုလိုနဲ႔ လူေတြကြာ

#တရား အလြန္ေဝးတဲ့လူေတြပါလာ။ကိုယ္ေျပာမွ အမွန္ ကိုယ္လုပ္မွ အဟုတ္ထင္ၾကတာလား။လူဆိုတာ ေသမ်ိဳးကြ ဘယ္သူမွ ဒီသခ်ႋဳင္း ကေျပးမလြတ္ဘူး။ မွတ္ထား။

ခရက္ဒစ္

Leave a Reply

Your email address will not be published. Required fields are marked *