အိမ်မက် အမျိုးမျိုးတို့ရှိပါတယ် အချို့ အိမ်မက်တွေက ရှေ့မှာဖြစ်လာတော့မယ့် အရာတွေကို နိမိတ်ပြတဲ့ အိမ်မက် မျိုးတွေရှိပါတယ်။
ဒီလိုအရာတွေကို မယုံကြည်တဲ့ လူမျိုးရှိနိုင်ပေမယ့် လက်တွေ့မှာ တကယ်လည်းဖြစ်ခဲ့ ရှိခဲ့တယ်ဆိုတဲ့ သာဓက တွေကအများကြီးရှိပါတယ်။
ငွေတွေဝင်ခါနီးရင် ဘယ်လို နိမိတ်ပြအိမ်မက် မျိုး တွေမက် လေ့ရှိလဲဆိုတာကိုတော့ filipinotimes မှာ အခုလို ဖော်ပြထားပါတယ်။
နို့ သို့မဟုတ် ပျားရည်
အိမ်မက်ထဲမှာ နို့ တွေကို မက်တာ ဒါမှမဟုတ် ပျားရည်ကို မက်တာ မျိုးက မကြာခင်မှာ ငွေ ဝင် တော့မယ်ဆိုတဲ့ နိမိတ် ပါ။
ဥပမာ- ပျားအုံကြီးကို ပျားရည်ညှစ်တာ မျိုး၊နွားနို့ ညှစ်တာမျိုး၊နို့ တွေက လမ်း တွေ ပေါ် မှာဖုံးလွှမ်းနေတာ မျိုး အစရှိတဲ့ အိမ်မက်မျိုးပါ။
ဂျုံ၊စပါး
ဒါတွေကတော့ အခြေခံ မရှိမဖြစ် စားသောက်ကုန် လို့ ပြောလို့ရပါတယ် ဂျုံ၊စပါး ဆိုတာမျိုးက ချမ်းသာခြင်း၊ ပျော်ရွှင်မှုကို ကိုယ်စားပြုတဲ့ အရာတွေဖြစ်လို့ကြောင့် အိမ်မက် မက်ရင်လည်း ကံကောင်းတတ်၊ငွေ ဝင် တတ်ပါတယ်။
ရွှေ နဲ့ လက်ဝတ်ရတနာ
ရွှေဆိုတာက ချမ်းသာကြွယ်၀ မှုရဲ့ လက္ခာဏာ တစ်ခုပါ ကိုယ့်ရဲ့ အိမ်မက်ထဲမှာ ရွှေတွေကို မြင်မက်ရင်လည်း ဒါဟာ မကြာခင်မှာ ချမ်းသာတော့မယ်ဆိုတဲ့ ရှေ့ ပြေးပါ။
နောက်တစ်ခုကတော့ အိမ်မက်ထဲမှာ နားကပ် ပန်ရတယ်၊လက်စွပ် တွေ တ်ရတယ်ဆိုပြီး မက်တာမျိုးပါ အဲ့လိုမက် နေပြီဆိုရင်တော့ မကြာခင်မှာ သင် ငွေ ဝင်တော့မှာပါ။
ဥပမာ- အိမ်မက်ထဲမှာ ရွှေချောင်းတွေ၊ရွှေတုံးတွေရှိတဲ့ နေရာတစ်နေရာကို ရောက်တာ မျိုး၊လက်ဆောင်ရတာမျိုး၊နားကပ်တွေ ပန်ရတယ်လို့ အိမ်မက် မက်တာ မျိုးပါ။
နံပါတ်(၈)
ဂဏန်း နံပါတ် (၈) က တရုတ်နဲ့ အာရှ နိုင်ငံတွေမှာဆိုရင် ကံကောင်းစေတဲ့ နံပါတ် တွေ လို့ သတ်မှတ်ခံထားရတာပါ မြန်မာမှာတော့ (၈)ဂဏန်းက မ ကောင်းဘူး ဆိုတဲ့ အယူအဆ တစ်ချို့ တော့ ရှိပါတယ်။
ဒါပေမယ့်လည်း (၈) က ဝင်ငွေ ခါနီးရင် တွေ့ရတတ်တဲ့ ရှေ့ ပြေး အရာ တွေထဲက တစ်ခုပါ (၈) ဂဏန်းကို မက်ပြီဆိုရင် တော့ သင်မကြာခင် ငွေ ကံ ကောင်းတော့မှာပါ။
အီး( မစင် )နဲ့ ငွေ
အီးကရွံစရာလို့ထင်ပေမယ့်သူ့ကိုအိမ်မက်မက်ရင်တော့ငွေဝင်တတ်ပါတယ်ချီးတွင်းထဲကျတာ၊ချီးပုံနင်းမိတာ၊ချီးတွေ ကို တွေ့တာမျိုးတွေ မြင်ရင်မကြာခင်မှာငွေ ဝင်တတ်ပါတယ်။
နောက်တစ်ခုကတော့ ပိုက်ဆံပါ ပိုက်ဆံတွေကို အိမ်မက်ထဲမှာ အပုံလိုက် မက်ရင်လည်း အပြင်မှာပါ ငွေ ဝင်တတ်ပါတယ်။
တိရိစ္ဆာန်
တိရစ္ဆာန်ထဲမှာဆိုရင်တော့ နွား၊ဆင်တွေ၊မြင်းတွေကို မက်တာ ကလည်း ငွေဝင်မယ်ဆိုတဲ့ ရှေ့ပြေး လက္ခဏာပါ။
ငှက် ဆိုရင် ကြက်တူရွေး၊မြွေ၊ပျား၊ကင်းမြှီးကောက်၊ကြွက် တို့ကိုမက်ရင်လည်း ငွေ ဝင်တတ်ပါတယ်။
လင်းယုန်ငှက်
လင်းယုန်ကို မက်တာကလည်း ငွေဝင်မယ့် ရှေ့ ပြေး နမိတ် အိမ်မက်ပါ။လင်းယုန်က တော့ ရဲ ရင့်မှု၊သတ္တိရှိမှု ကို ကိုယ်စား ပြုတဲ့ တိရစ္ဆာန်ပါ။
ဂရိဒဏ္ဍာရီမှာဆိုရင် လင်းယုန်က Zeus နတ်ဖုရားရဲ့ ကူညီပံ့ပိုးသူအဖြစ် လက်ခံယုံကြည်ကြပါတယ် လင်းယုန်ကို အိမ်မက် မက်ရင် ငွေ ဝင်မယ်၊ကြံစည်သမျှ အောင်မြင်မယ် ဆိုတဲ့ အယူ ရှိပါတယ်။
ခရစ်ဒစ်
Zawgyi
ဂျုံ၊စပါး
ရွှေ နဲ့ လက်ဝတ်ရတနာ
နံပါတ်(၈)
အီး( မစင် )နဲ့ ငွေ
တိရိစ္ဆာန်
လင်းယုန်ငှက်
ခရစ်ဒစ်