ဦးပိန်တံတား မဟုတ်တဲ့ တောင်သမန်တံတား မူရင်း အမည်နာမ မပျောက်စေလို (သမိုင်းကြောင်း အမှန်)

အေထြအေထြဗဟုသုတ

ဦးပိန်တံတား မဟုတ်တဲ့ တောင်သမန်တံတား မူရင်း အမည်နာမ မပျောက်စေလို (သမိုင်းကြောင်း အမှန်)

“တောင်သမန်တံတား အမည်နာမ မပျောက်စေလို” မြန်မာ့သမိုင်း၏ ရှေးဟောင်းမြို့ပြများအကြောင်းပြောတိုင်း အမရပူရက မပါမဖြစ် မြို့တော်ဟောင်း ဖြစ်သည်။ အမရပူရအကြောင်းပြောတိုင်းလည်း အရှည် ၃၉၆၇ ပေ ရှိပြီး ကောဇာသက္ကရာဇ် ၁၂၁၃ ခုနှစ်က တည်ဆောက်ပြီးစီးကာ ယခုတိုင်တည်ရှိနေသော သစ်သားတံတားကြီး အကြောင်းကိုလည်း အရေးတယူပြောကြရသည်။

ထိုတံတားကြီးက အမရပူရနေပြည်တော်ကို ဆီးကာထားသည့် တောင်သမန်အင်းကို ဖြတ်သန်းတည်ဆောက်ထားသောကြောင့် တောင်သမန်တံတားဟု အစဉ်အဆက်မှတ်သားကမ္ပည်းတင်ခဲ့၏။ သို့သော် တံတားတည်ဆောက်သူ၏အမည်ကို

 

အစွဲပြုကာ မောင်ပိန်တံတားမှသည် ဦးပိန်တံတားဟုပဲ အရပ်သုံးအခေါ်အဝေါ်အဖြစ် သုံးစွဲခဲ့ကြရာမှ ယခုအခါ မူလကမ္ပည်းတင် အမည်မှန်ဖြစ်သော တောင်သမန်တံတား အခေါ်အဝေါ် ပျောက်ကွယ်နေသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။

“ပုဂံမင်း နှင့် အမရပူရ” အမရပူရထီးနန်းကို ပုဂံမင်းဆက်ခံချိန်တွင် မြန်မာပြည်အောက်ပိုင်း သရက်မြေထဲအထိ အင်္ဂလိပ်က သိမ်းပိုက်ထားပြီး ထီးနန်းလုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်သော်လည်း ပုဂံမင်းကတိုင်းရေးပြည်ရာ ကို စိတ်မဝင်စားချေ။ အရေးကြီးသည့် တိုင်းရေးပြည်ရာ ကိစ္စများကိုမင်းညီမင်းသား မှူးမတ်များအား၊ ‘မျက်နှာ လွှဲခဲပစ်’ လွှဲအပ်ထားပြီး ကိုယ်တော်တိုင်က အပျော်အပါး၌သာ ယစ်မူးမွေ့လျော် ပျော်ပိုက်နေပေသည်။

အထူးသဖြင့် ပုဂံမင်းဝါသနာထုံသည်က တိရစ္ဆာန်အချင်းချင်း တိုက်ခြင်းနှင့် လက်ဝှေ့ထိုးသတ်မှုများဟုဆိုသည်။ ကြက်တိုက်ကစားသည်၊ ကျွဲ၊ ဆိတ်၊ သိုး စသောတိရစ္ဆာန်များ တိုက်ဝှေ့စေခြင်းလည်းမွေ့ပျော်သည်။

စဉ်းစားဆင်ခြင်ဉာဏ်မဲ့ပြီး အပျော်အပါးအလောင်း အစား၌သာ ပျော်မွေ့သောရှင်ဘုရင်တွင် သူ့အပါး၌ မြှောက်ပင့်၊ ကပ်စားဖော်လံဖားပြီး နေရာယူ အခွင့်အရေးယူ အနေချောင်သူများရှိနေသည်မှာလည်း လောကဓမ္မတာဖြစ်သည်။ ပုဂံမင်း၌ သူအလွန်

ယုံကြည်အားကိုး အရေးပေးသောသွားလေရာအမြဲပါ သူလက်သုံးတော်များအနက် မြို့ဝန်ဘိုင်ဆတ်ဆိုသူက အထင်အရှားဖြစ်သည်။ မြို့ဝန်ဘိုင်ဆတ် တွင်လည်း အားကိုးအားထားရသူ မြို့ဝန်စာရေး မောင်ပိန် ဆိုသူကလည်း အကင်းပါးလှသူဖြစ်သည်။

 

ဘုရင့်အလိုကျ စိတ်တော်သိဗောင်းတော်ညိတ်ထဲတွင် မြို့ဝန်ဘိုင်ဆတ်နှင့် စာရေးမောင်ပိန်တို့က ထိပ်ဆုံးကဟုဆို၏။ မောင်ပိန်၏ အသိုင်းအဝိုင်းမှာပင် ပုဂံမင်းအတွက် အချိန်မရွေးကြက်တိုက်၊ ငှက်တိုက်နိုင်ဖို့ ကျေးငှက်တိရစ္ဆာန်တွေ အဆင်သင့် မွေးမြူထားကြသည်ဟုဆိုသည်။

“တံတားစီမံကိန်း” ပုဂံမင်းကအလောင်းအစား၊ အပျော်အပါးတွင်ထုံမွေ့ အချိန်ပေးသော်လည်းတစ်ဖက် ကုသိုလ်ကောင်းမှု၌လည်း လက်မနှေးစိတ် သဘောထား နူးညံ့ပျော့ပျောင်းသည်ဟုဆို၏။

ထို့ကြောင့်လည်းမင်းနားကပ်၍ ခစားကြသော လူယုံတို့၏ အလိုကို မဆိုင်းမတွ ဖြည့်ဆည်းပေးပုံလည်းရသည်။ တောင်သမန် တစ်ဆယ့်နှစ်ရပ်မှ ပြည်သူအများကမိုးတွင်းကာလရောက်လျှင် တောင်သမန်အင်းက ရေပြည့်သောကြောင့် အမရပူရရွှေမြို့တော်နှင့် သွားရေးလာရေးခက်ခဲခဲ့ကြသည်။

ထို့ကြောင့် အင်းကိုဖြတ်၍ တံတားတစ်စင်းဆောက်လုပ်ရန် အစီအမံကိုမောင်ပိန်တို့က ပုဂံမင်းထံတင်ပြသည်။ လတ်တလောအနေဖြင့် တောင်သမန်တစ်ဆယ့်နှစ်ရပ်က ဆင်းရဲသားပြည်သူတွေသွားရေး၊ လာရေးလွယ်ကူစေရန် စီစဉ်သောမောင်ပိန်တို့၏ အစီအမံအပေါ် ပုဂံမင်းကလက်ခံသည်။ ဤတံတားအတွက် ဘုရင့်ဘဏ္ဍာတော် တစ်ပြားတစ်ချပ်မျှ ကုန်ကျစရာမလိုသော ‘စီမံကိန်း’ ဟုဆိုပြန်တော့ ပို၍ အဆင်ပြေသည်။

“ရယူဖျက်သိမ်းသုံးစွဲခွင့်” တံတားစီမံကိန်းအတွက် လိုအပ်သောသစ်သားများ ရရှိဖို့က ဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့ စွန့်ပစ်ထားခဲ့သော စစ်ကိုင်း ထီးနန်း၊ အင်းဝ ထီးနန်းများ၏ ကျောင်းတော်၊ အိမ်တော်၊ နန်းတော်ဟောင်းများကား ချုံပုတ်အုတ်ပုံကြား အလဲလဲအပြိုပြို ဖြစ်နေသောကြောင့်စွန့်ပစ်၊ ဆွေးမြည့်၊ မီးသင့်၊ ခြစားခြင်းအတူတူ၊ ရယူဖျက်သိမ်းသုံးစွဲခွင့် ‘လိုင်စင်’ ချထားပေးရန် လျှောက်ထားခြင်း ဖြစ်သည်။

 

ပုဂံမင်းကလည်းနန်းတော် အိမ်တော်များမှ အသားများသည် ကျေးတော်မျိုး၊ ကျွန်တော်မျိုးများ အသုံးမပြုနိုင်၊ သာသနိကအဆောက်အအုံဆောက်လုပ်ရန်မှာလည်း မှူးမတ်တို့ အသုံးပြုနေထိုင်ဖူးဖြစ်သဖြင့် မသင့်လျော်။ အလဟဿ ဆွေးမြည့်ပျက်စီးမည့်အတူ၊

ထိုသစ်ဟောင်းများဖြင့် တံတားဆောက်လုပ်ခြင်းက သင့်လျော်သည်ဟုဆုံးဖြတ်ပြီး မြို့စာရေးမောင်ပိန်အားစစ်ကိုင်း၊ အင်းဝနန်းတော်၊ အိမ်တော်ဟောင်းများ ဖျက်သိမ်း၍ အသားဟောင်းများရယူကာ တံတားတည်ဆောက်ခွင့် ပေးသနားတော်မူခဲ့သည်။

ထို့ကြောင့် မောင်ပိန်က စစ်ကိုင်း၊ အင်းဝက နန်းတော်အိမ်တော်ဟောင်းများ ဖျက်သိမ်းပြီး ရရှိသည့်ကျွန်းလုံး၊ ကျွန်းတိုင်၊ ကျွန်းသားများနှင့် တောင်သမန်အင်း ဖြတ်တံတားဆောက်သည်။ ထို့ကြောင့် တံတားစတင်ဆောက်လုပ်သည့် ‘အင်း က အော် အာဆောက် လုပ်ခါ’ဟူသော ၁၂၁၁ ခုနှစ်ကပင် အသုံးပြုသောသစ်သားများက ရှေးဟောင်းဖြစ်နေပေပြီ။

“အင်းကအော်ညီး၊ ဆောက်လုပ်ပြီး” မြို့စာရေးမောင်ပိန်က ဘုရင်ပေးသနားသော သစ်ဟောင်းများနှင့် ကျေးလက်လူထု လုပ်အားရယူကာ တည်ဆောက်ခဲ့သော တံတားကြီးက နှစ်နှစ်အကြာမှာပြီးစီးသည်။ ထို့ကြောင့် တံတားပြီးစီးသည့်နှစ်ကို ‘အင်းက အော်ညီး၊ ဆောက်လုပ်ပြီး’ ဟု သက္ကရာဇ် ၁၂၁၃ ခုနှစ်(ခရစ်နှစ် ၁၈၅၁)ကိုမှတ်သားခဲ့ကြသည်။

မှတ်မှတ်ရရ တံတားပြီးသည့် ၁၂၁၃ ခုနှစ်တန်ဆောင်မုန်းလဆန်း ၆ ရက်နေ့မှာပင် မြို့ဝန်နှင့် ဝန်စာရေးခေါင်းဆောင်သောအပေါင်းပါတို့ကို ရွှေနန်းတော်အတွင်း ဥပဒေမဲ့လုပ်ရပ်တစ်ခုမှ အစပြု၍ မဟုတ်မမှန် ပြည်သူပြည်သားတို့ကိုညှဉ်းပန်းနှိပ်စက်

ကြေးငွေစား သတ်ဖြတ်ပြုကျင့်ကြောင်းများကို အလုံးစုံသိတော်မူ၍ လွှတ်တော်က မေးမြန်းစေကာ နတ်တော်လပြည့်ကျော် ၇ ရက်နေ့တွင် အမိန့်တော်အရ ကွပ်မျက်တော်မူခဲ့ကြောင်း ဖြစ်ရပ်ကိုလည်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ဖတ်မှတ်ရပါ၏။

“တောင်သမန် တံတားဟူသော အဖိုးတန်အမည်” တံတားအရှည် ၃၉၆၇ ပေရှိပြီး အခန်း ပေါင်း ၄၈၂ ခန်းရှိကာ ရေလယ်ဇရပ်တိုင်များ အပါအဝင်တိုင်ပေါင်း ၁၀၈၆ တိုင်၊ ရေကြီးချိန်ဖောင်များ၊ လှေများ ဖြတ်သန်းဖို့ ဖောင်ကြောင်းကိ်ုးကြောင်းပါသည့် သစ်သား တံတားကြီးက လွန်ခဲ့သော နှစ်ပေါင်း ၁၆၈ နှစ်ကတည်းက သွားရေးလာရေးအတွက် အဆင်ပြေချောမွေ့သကဲ့သို့ယခုအခါ

ကမ္ဘာကျော်သည့် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ခဲ့ချေပြီ။ သို့သော် တောင်သမန်တံတားဟူသော အဖိုးတန်အမည် ကွယ်ပျောက်နေသည်ကတော့ ဝမ်းနည်းဖွယ်ဖြစ်ပါသည်။ တောင်သမန်တံတား ဟူသည်က မူလအမည်မှန်ဖြစ်ပါ၏ ။ ။

ဆူးငှက်

Zawgyi

ဦးပိန္တံတား မဟုတ္တဲ့ ေတာင္သမန္တံတား မူရင္း အမည္နာမ မေပ်ာက္ေစလို (သမိုင္းေၾကာင္း အမွန္)

“ေတာင္သမန္တံတား အမည္နာမ မေပ်ာက္ေစလို” ျမန္မာ့သမိုင္း၏ ေရွးေဟာင္းၿမိဳ႕ျပမ်ားအေၾကာင္းေျပာတိုင္း အမရပူရက မပါမျဖစ္ ၿမိဳ႕ေတာ္ေဟာင္း ျဖစ္သည္။ အမရပူရအေၾကာင္းေျပာတိုင္းလည္း အရွည္ ၃၉၆၇ ေပ ရွိၿပီး ေကာဇာသကၠရာဇ္ ၁၂၁၃ ခုႏွစ္က တည္ေဆာက္ၿပီးစီးကာ ယခုတိုင္တည္ရွိေနေသာ သစ္သားတံတားႀကီး အေၾကာင္းကိုလည္း အေရးတယူေျပာၾကရသည္။

ထိုတံတားႀကီးက အမရပူရေနျပည္ေတာ္ကို ဆီးကာထားသည့္ ေတာင္သမန္အင္းကို ျဖတ္သန္းတည္ေဆာက္ထားေသာေၾကာင့္ ေတာင္သမန္တံတားဟု အစဥ္အဆက္မွတ္သားကမၸည္းတင္ခဲ့၏။ သို႔ေသာ္ တံတားတည္ေဆာက္သူ၏အမည္ကို

အစြဲျပဳကာ ေမာင္ပိန္တံတားမွသည္ ဦးပိန္တံတားဟုပဲ အရပ္သုံးအေခၚအေဝၚအျဖစ္ သုံးစြဲခဲ့ၾကရာမွ ယခုအခါ မူလကမၸည္းတင္ အမည္မွန္ျဖစ္ေသာ ေတာင္သမန္တံတား အေခၚအေဝၚ ေပ်ာက္ကြယ္ေနသည္မွာ ဝမ္းနည္းဖြယ္ျဖစ္သည္။

“ပုဂံမင္း ႏွင့္ အမရပူရ” အမရပူရထီးနန္းကို ပုဂံမင္းဆက္ခံခ်ိန္တြင္ ျမန္မာျပည္ေအာက္ပိုင္း သရက္ေျမထဲအထိ အဂၤလိပ္က သိမ္းပိုက္ထားၿပီး ထီးနန္းလုံၿခဳံေရးအတြက္ စိုးရိမ္ဖြယ္ရာ အေျခအေနျဖစ္ေသာ္လည္း ပုဂံမင္းကတိုင္းေရးျပည္ရာ ကို စိတ္မဝင္စားေခ်။ အေရးႀကီးသည့္ တိုင္းေရးျပည္ရာ ကိစၥမ်ားကိုမင္းညီမင္းသား မႉးမတ္မ်ားအား၊ ‘မ်က္ႏွာ လႊဲခဲပစ္’ လႊဲအပ္ထားၿပီး ကိုယ္ေတာ္တိုင္က အေပ်ာ္အပါး၌သာ ယစ္မူးေမြ႕ေလ်ာ္ ေပ်ာ္ပိုက္ေနေပသည္။

အထူးသျဖင့္ ပုဂံမင္းဝါသနာထုံသည္က တိရစာၦန္အခ်င္းခ်င္း တိုက္ျခင္းႏွင့္ လက္ေဝွ႔ထိုးသတ္မႈမ်ားဟုဆိုသည္။ ၾကက္တိုက္ကစားသည္၊ ကြၽဲ၊ ဆိတ္၊ သိုး စေသာတိရစာၦန္မ်ား တိုက္ေဝွ႔ေစျခင္းလည္းေမြ႕ေပ်ာ္သည္။

စဥ္းစားဆင္ျခင္ဉာဏ္မဲ့ၿပီး အေပ်ာ္အပါးအေလာင္း အစား၌သာ ေပ်ာ္ေမြ႕ေသာရွင္ဘုရင္တြင္ သူ႔အပါး၌ ေျမႇာက္ပင့္၊ ကပ္စားေဖာ္လံဖားၿပီး ေနရာယူ အခြင့္အေရးယူ အေနေခ်ာင္သူမ်ားရွိေနသည္မွာလည္း ေလာကဓမၼတာျဖစ္သည္။ ပုဂံမင္း၌ သူအလြန္

ယုံၾကည္အားကိုး အေရးေပးေသာသြားေလရာအၿမဲပါ သူလက္သုံးေတာ္မ်ားအနက္ ၿမိဳ႕ဝန္ဘိုင္ဆတ္ဆိုသူက အထင္အရွားျဖစ္သည္။ ၿမိဳ႕ဝန္ဘိုင္ဆတ္ တြင္လည္း အားကိုးအားထားရသူ ၿမိဳ႕ဝန္စာေရး ေမာင္ပိန္ ဆိုသူကလည္း အကင္းပါးလွသူျဖစ္သည္။

ဘုရင့္အလိုက် စိတ္ေတာ္သိေဗာင္းေတာ္ညိတ္ထဲတြင္ ၿမိဳ႕ဝန္ဘိုင္ဆတ္ႏွင့္ စာေရးေမာင္ပိန္တို႔က ထိပ္ဆုံးကဟုဆို၏။ ေမာင္ပိန္၏ အသိုင္းအဝိုင္းမွာပင္ ပုဂံမင္းအတြက္ အခ်ိန္မေ႐ြးၾကက္တိုက္၊ ငွက္တိုက္ႏိုင္ဖို႔ ေက်းငွက္တိရစာၦန္ေတြ အဆင္သင့္ ေမြးျမဴထားၾကသည္ဟုဆိုသည္။

“တံတားစီမံကိန္း” ပုဂံမင္းကအေလာင္းအစား၊ အေပ်ာ္အပါးတြင္ထုံေမြ႕ အခ်ိန္ေပးေသာ္လည္းတစ္ဖက္ ကုသိုလ္ေကာင္းမႈ၌လည္း လက္မေႏွးစိတ္ သေဘာထား ႏူးညံ့ေပ်ာ့ေပ်ာင္းသည္ဟုဆို၏။

ထို႔ေၾကာင့္လည္းမင္းနားကပ္၍ ခစားၾကေသာ လူယုံတို႔၏ အလိုကို မဆိုင္းမတြ ျဖည့္ဆည္းေပးပုံလည္းရသည္။ ေတာင္သမန္ တစ္ဆယ့္ႏွစ္ရပ္မွ ျပည္သူအမ်ားကမိုးတြင္းကာလေရာက္လွ်င္ ေတာင္သမန္အင္းက ေရျပည့္ေသာေၾကာင့္ အမရပူရေ႐ႊၿမိဳ႕ေတာ္ႏွင့္ သြားေရးလာေရးခက္ခဲခဲ့ၾကသည္။

ထို႔ေၾကာင့္ အင္းကိုျဖတ္၍ တံတားတစ္စင္းေဆာက္လုပ္ရန္ အစီအမံကိုေမာင္ပိန္တို႔က ပုဂံမင္းထံတင္ျပသည္။ လတ္တေလာအေနျဖင့္ ေတာင္သမန္တစ္ဆယ့္ႏွစ္ရပ္က ဆင္းရဲသားျပည္သူေတြသြားေရး၊ လာေရးလြယ္ကူေစရန္ စီစဥ္ေသာေမာင္ပိန္တို႔၏ အစီအမံအေပၚ ပုဂံမင္းကလက္ခံသည္။ ဤတံတားအတြက္ ဘုရင့္ဘ႑ာေတာ္ တစ္ျပားတစ္ခ်ပ္မွ် ကုန္က်စရာမလိုေသာ ‘စီမံကိန္း’ ဟုဆိုျပန္ေတာ့ ပို၍ အဆင္ေျပသည္။

“ရယူဖ်က္သိမ္းသုံးစြဲခြင့္” တံတားစီမံကိန္းအတြက္ လိုအပ္ေသာသစ္သားမ်ား ရရွိဖို႔က ေဘးေလာင္းေတာ္၊ ဘိုးေလာင္းေတာ္တို႔ စြန္႔ပစ္ထားခဲ့ေသာ စစ္ကိုင္း ထီးနန္း၊ အင္းဝ ထီးနန္းမ်ား၏ ေက်ာင္းေတာ္၊ အိမ္ေတာ္၊ နန္းေတာ္ေဟာင္းမ်ားကား ခ်ဳံပုတ္အုတ္ပုံၾကား အလဲလဲအၿပိဳၿပိဳ ျဖစ္ေနေသာေၾကာင့္စြန္႔ပစ္၊ ေဆြးျမည့္၊ မီးသင့္၊ ျခစားျခင္းအတူတူ၊ ရယူဖ်က္သိမ္းသုံးစြဲခြင့္ ‘လိုင္စင္’ ခ်ထားေပးရန္ ေလွ်ာက္ထားျခင္း ျဖစ္သည္။

ပုဂံမင္းကလည္းနန္းေတာ္ အိမ္ေတာ္မ်ားမွ အသားမ်ားသည္ ေက်းေတာ္မ်ိဳး၊ ကြၽန္ေတာ္မ်ိဳးမ်ား အသုံးမျပဳႏိုင္၊ သာသနိကအေဆာက္အအုံေဆာက္လုပ္ရန္မွာလည္း မႉးမတ္တို႔ အသုံးျပဳေနထိုင္ဖူးျဖစ္သျဖင့္ မသင့္ေလ်ာ္။ အလဟႆ ေဆြးျမည့္ပ်က္စီးမည့္အတူ၊

ထိုသစ္ေဟာင္းမ်ားျဖင့္ တံတားေဆာက္လုပ္ျခင္းက သင့္ေလ်ာ္သည္ဟုဆုံးျဖတ္ၿပီး ၿမိဳ႕စာေရးေမာင္ပိန္အားစစ္ကိုင္း၊ အင္းဝနန္းေတာ္၊ အိမ္ေတာ္ေဟာင္းမ်ား ဖ်က္သိမ္း၍ အသားေဟာင္းမ်ားရယူကာ တံတားတည္ေဆာက္ခြင့္ ေပးသနားေတာ္မူခဲ့သည္။

ထို႔ေၾကာင့္ ေမာင္ပိန္က စစ္ကိုင္း၊ အင္းဝက နန္းေတာ္အိမ္ေတာ္ေဟာင္းမ်ား ဖ်က္သိမ္းၿပီး ရရွိသည့္ကြၽန္းလုံး၊ ကြၽန္းတိုင္၊ ကြၽန္းသားမ်ားႏွင့္ ေတာင္သမန္အင္း ျဖတ္တံတားေဆာက္သည္။ ထို႔ေၾကာင့္ တံတားစတင္ေဆာက္လုပ္သည့္ ‘အင္း က ေအာ္ အာေဆာက္ လုပ္ခါ’ဟူေသာ ၁၂၁၁ ခုႏွစ္ကပင္ အသုံးျပဳေသာသစ္သားမ်ားက ေရွးေဟာင္းျဖစ္ေနေပၿပီ။

“အင္းကေအာ္ညီး၊ ေဆာက္လုပ္ၿပီး” ၿမိဳ႕စာေရးေမာင္ပိန္က ဘုရင္ေပးသနားေသာ သစ္ေဟာင္းမ်ားႏွင့္ ေက်းလက္လူထု လုပ္အားရယူကာ တည္ေဆာက္ခဲ့ေသာ တံတားႀကီးက ႏွစ္ႏွစ္အၾကာမွာၿပီးစီးသည္။ ထို႔ေၾကာင့္ တံတားၿပီးစီးသည့္ႏွစ္ကို ‘အင္းက ေအာ္ညီး၊ ေဆာက္လုပ္ၿပီး’ ဟု သကၠရာဇ္ ၁၂၁၃ ခုႏွစ္(ခရစ္ႏွစ္ ၁၈၅၁)ကိုမွတ္သားခဲ့ၾကသည္။

မွတ္မွတ္ရရ တံတားၿပီးသည့္ ၁၂၁၃ ခုႏွစ္တန္ေဆာင္မုန္းလဆန္း ၆ ရက္ေန႔မွာပင္ ၿမိဳ႕ဝန္ႏွင့္ ဝန္စာေရးေခါင္းေဆာင္ေသာအေပါင္းပါတို႔ကို ေ႐ႊနန္းေတာ္အတြင္း ဥပေဒမဲ့လုပ္ရပ္တစ္ခုမွ အစျပဳ၍ မဟုတ္မမွန္ ျပည္သူျပည္သားတို႔ကိုညႇဥ္းပန္းႏွိပ္စက္

ေၾကးေငြစား သတ္ျဖတ္ျပဳက်င့္ေၾကာင္းမ်ားကို အလုံးစုံသိေတာ္မူ၍ လႊတ္ေတာ္က ေမးျမန္းေစကာ နတ္ေတာ္လျပည့္ေက်ာ္ ၇ ရက္ေန႔တြင္ အမိန္႔ေတာ္အရ ကြပ္မ်က္ေတာ္မူခဲ့ေၾကာင္း ျဖစ္ရပ္ကိုလည္း ကုန္းေဘာင္ဆက္ မဟာရာဇဝင္ေတာ္ႀကီးတြင္ ဖတ္မွတ္ရပါ၏။

“ေတာင္သမန္ တံတားဟူေသာ အဖိုးတန္အမည္” တံတားအရွည္ ၃၉၆၇ ေပရွိၿပီး အခန္း ေပါင္း ၄၈၂ ခန္းရွိကာ ေရလယ္ဇရပ္တိုင္မ်ား အပါအဝင္တိုင္ေပါင္း ၁၀၈၆ တိုင္၊ ေရႀကီးခ်ိန္ေဖာင္မ်ား၊ ေလွမ်ား ျဖတ္သန္းဖို႔ ေဖာင္ေၾကာင္းကိ္ုးေၾကာင္းပါသည့္ သစ္သား တံတားႀကီးက လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၆၈ ႏွစ္ကတည္းက သြားေရးလာေရးအတြက္ အဆင္ေျပေခ်ာေမြ႕သကဲ့သို႔ယခုအခါ

ကမာၻေက်ာ္သည့္ ေရွးေဟာင္းအေမြအႏွစ္တစ္ခုျဖစ္ခဲ့ေခ်ၿပီ။ သို႔ေသာ္ ေတာင္သမန္တံတားဟူေသာ အဖိုးတန္အမည္ ကြယ္ေပ်ာက္ေနသည္ကေတာ့ ဝမ္းနည္းဖြယ္ျဖစ္ပါသည္။ ေတာင္သမန္တံတား ဟူသည္က မူလအမည္မွန္ျဖစ္ပါ၏ ။ ။

ဆူးငွက္

Leave a Reply

Your email address will not be published. Required fields are marked *