“အဖော်မဲ့ ကလေးငယ်လေး နှင့် လေလွင့်ခွေးလေး မဲလုံး တို့ရဲ့ ကြေကွဲဖွယ် အဖြစ်အပျက်”…

ၾကားသိရသမွ်

“တောက်၊ ကိုယ်မှ ဆင်းရဲလွန်းလို့ သူများခြံမှာအလုပ်လာလုပ်နေရတာကို ဘယ်ကခွေးလေခွေးလွင့်က ငါ့တဲအောက် ရောက်လာသလဲမသိဘူး ”

“ဂီး…ဂီး…”

“အောင်မာ၊ခွေးပေါက်စကများ။ ငါ့ကွပ်ပျစ်အောက်လည်း လာနေသေးတယ်။ ငါ့ကိုပြန်ပြီးလည်း ဟိန်းနေ သေးတယ်”

ဖိုးလုံးတို့သားဖနှစ်ယောက်အိပ်တဲ့ ကွပ်ပျစ်အောက်က ဘယ်ကရောက်လာမှန်းမသိတဲ့ ခွေးပေါက် စကို အဖေက ဒေါသတကြီး အော်ဟစ်နေတယ်။ အဖေက ဒေါသထွက်နေပေမယ့် ဖိုးလုံးကတော့ ပျော်နေ တယ်။ တစ်ကိုယ်လုံး မဲနက်နေတဲ့ ခွေးလေးကို ဖိုးလုံးနဲ့နာမည်ချင်း ဆင်အောင်လို့ မဲလုံးလို့ စိတ်ထဲက နေတောင် နာမည်ပေးပြီးပြီ။ ဖိုးလုံးဘဝ မှာက အဖေပဲရှိတာ။ အဖေ ဖရဲခင်းထဲ အလုပ်ဆင်းတဲ့အချိန်ဆို ဖိုးလုံးတစ်ယောက်တည်း သည်တဲမှာ နေခဲ့ရတာ။

 

“ကိုယ်မှ သားဖနှစ်ယောက် ငတ်တစ်လှည့် ပြတ်တစ်လှည့်။ အရက်ဖိုးတောင် အနိုင်နိုင်ရယ်။ ဘူးလေးရာ ဖရုံဆင့်။ ရိုက်ထုတ် ပစ်ဦးမယ်”

အဖေပြောတဲ့ ဘူးလေးရာ ဖရုံဆင့် ဆိုတဲ့စကားကို ဖိုးလုံး နားမလည်ပါဘူး။ ငတ်တစ်လှည့် ပြတ် တစ်လှည့် ဆိုတာကိုတော့ ဖိုးလုံးသိတယ်။ အမေ့ကို မတွေ့ရတော့တဲ့နေ့ကစပြီး ဖိုးလုံး ထမင်းကို နပ်မှန် အောင် မစားရတော့ ဘူး။ စားရရင်လည်း ငါးပိချက်တို့၊ ရှူးရှဲလက်ဖက်နှပ်တို့နဲ့ပဲ စားရတာ။ တစ်ခါတလေ ဆန်ပြုတ်ရည်ကျဲကျဲကို မဝတဝ သောက်ရတယ်။ အမေ ဘယ်တော့ ပြန်လာမှာလဲလို့ အဖေ့ကိုမေးရင်

“မျှော်မနေနဲ့။ မင်းအမေ နောက်လင်ရသွားပြီ” လို့အဖေကဒေါသတကြီးပြောတယ်။ နောက်လင်ဆိုတာ ဘာလဲလို့ ဖိုးလုံး မသိပေမယ့် ဒေါသထွက်နေတဲ့ အဖေ့ကို ဆက်ပြီးမမေးရဲတော့တာ ဒီနေ့ထိပဲ။ အမေက နောက်လင်ဆိုတဲ့ လူကြီးနဲ့ လိုက်သွားပြီး ဖိုးလုံးအတွက် မုန့်တွေ သွား ဝယ်တာနေမှာလို့ ဖိုးလုံး ဖာသာ တွေးပစ်တယ်။

အဲဒီအချိန်ကတည်းက အဖေက ဖိုးလုံးထက် အရက်ကို ပိုချစ်သွား တယ်လို့ ထင်တာပဲ။ အရက်မမူးရင် ဖိုးလုံးကိုချစ်ပေမဲ့ မူးလာတဲ့ညတိုင်း မင်းအမေနောက်ကို လိုက်သွားဆိုပြီး ရိုက် တတ်တယ်။ အဖေ ခြေသံပြင်းပြင်း နင်းလာပြီး အရက်နံ့တထောင်းထောင်းနံ နေတဲ့ညတွေဆိုရင် ဖိုးလုံးက အရိုက်ခံ ရမှာကြောက်လို့ အိပ်ချင်ယောင်ဆောင်နေပစ်လိုက်တာပဲ။

အဖေက ဝါးရင်းတုတ် ကောက်ကိုင်လိုက်တော့ ကွပ်ပျစ်အောက်ကနေ မဲလုံး ထွက်ပြေးသွားတယ်။ အဖေက ကွပ်ပျစ်ဘေး ဝါးရင်းတုတ် ပစ်ချပြီး တဲခြေရင်းက မီးဖိုဆီသွားတယ်။

“မောင်စိုးရေ မနက်စာ စားပြီးပြီလားဟေ့ ဖရဲခင်းထဲ သွားရအောင် ဒီနေ့ ဖရဲသီးအကင်းတွေကို ဆေးဖြန်းရ မယ်လို့ သာကောကြီးက ပြောတယ်”

ဦးမောင်ရဲ့ခေါ်သံကြားတော့ အဖေက ထမင်းနဲ့ငါးပိရည်ကို ဇလုံထဲမှာနယ်နေတုန်း။

“ခဏ ကိုဘမောင်ရေ။ ထမင်းစားရင်း ကိုယ်စောင့်နတ်ကို ပူဇော်ပသလိုက်ဦးမယ်”

အဖေပြောတဲ့ ကိုယ်စောင့်နတ်ကို ပူဇော်တယ်ဆိုတာ နံနက်လင်းလာတိုင်း အရက်တစ်ပိုင်း သောက် တာ။ ရွာမှာနေတုန်းက အဖေက ကိုယ်စောင့်နတ်ပူဇော်တော့ သားရော ပူဇော်ရမှာလားလို့ မေးတော့ အဖေ က တဟားဟားရယ်ပြီး “သားလည်း အဖေ့အရွယ် ရောက်ရင် ပူဇော်ရမှာပေါ့” တဲ့။အဖေက ထမင်းစားပြီး အရက်ကို မြန်မြန်မော့တယ်။

“ဖိုးလုံး မင်းအတွက်ဇလုံထဲမှာ နံနက်စာနယ်ခဲ့ပြီ။ နေ့လယ်စာလည်း ချက်ခဲ့ပြီးသား။ ကိုယ့်ဖာသာ စားနှင့် လိုက်တော့။ ညစာကိုတော့ အဖေပြန်လာမှချက်မယ်”

အဖေ ဖရဲခင်းဘက် ထွက်သွားတဲ့အချိန် ဖိုးလုံး ဆားနဲ့ပလုတ်ကျင်းလို့ မျက်နှာသစ်ပြီးပြီ။ တဲဘေး မှာ တင်ထားတဲ့ အဖေ့ပုဆိုးနဲ့ မျက်နှာသုတ်ပြီး အဖေနယ်ပေးခဲ့တဲ့ ထမင်းဇလုံကို ကိုင်လို့ ဝမ်းသာအားရနဲ့ တဲအပြင်ဘက်ပြေးထွက်လာမိတယ်။ စောနကတွေ့တဲ့ မဲလုံးကို လိုက်ရှာရမယ်လေ။

” ဂူ..ဂူး.. တောက်တောက် ဂူး..ဂူ..”

ဖိုးလုံးခေါ်သံမှမဆုံးသေးဘူး။ မဲလုံးက အမြီးလေးတနန့်နန့်နဲ့ ဖိုးလုံးဆီကို ပြေးလာတယ်။ ထမင်း တွေကို ဖိုးလုံးတစ်ဝက် မဲလုံးတစ်ဝက် ခွဲပြီး စားပစ်တယ်။ အဖေသိရင်တော့ ဖိုးလုံးကို ဆူဦးမှာပဲ။

“သည်တဲမှာ ဖိုးလုံးတစ်ယောက်တည်း နေရတာ သိပ်ပျင်းတာပဲ။ အဖေနဲ့ ဒီခြံကြီးထဲက လူတွေက မနက် လင်းလာရင် ဖရဲခြံထဲအလုပ်ဆင်းကြ။ ညနေပိုင်းဆိုရင် အရက်ဝိုင်းသောက်ကြနဲ့။ ဖိုးရှမ်းနဲ့ကတုံးတို့လို ဖိုးလုံးနဲ့လည်း အတူတူမကစားပေးကြဘူး အဖေ့ကို ဒီခြံထဲမှာအလုပ်ပေးတဲ့ သာကောဆိုတဲ့ အသားဖြူဖြူ ဝတုတ်တုတ် လူကြီးကို ဖိုးလုံးဖြင့်သိပ်မုန်းတာပဲ သိလား။ သူ့ခြံထဲမှာ အဖေ အလုပ်ရလို့ ဖိုးလုံး တစ်တန်း နဲ့ကျောင်းထွက်ခဲ့ရတာ။ ကတုံးတို့အိမ်မှာ ကြည့်နေကျ ဖိုးလုံးအရမ်းကြိုက်တဲ့ စွမ်းအားရှင် မျောက်မင်းဇာတ် ကားလည်း ဒီခြံထဲရောက်ကတည်းက မကြည့်ရတော့ဘူး”

မဲလုံးလေး နားလည်လား နားမလည်ဘူးလားတော့ ဖိုးလုံးမသိဘူး။ မဲလုံးကို ဖိုးလုံး ပြောချင်တာတွေ ပြောလိုက်ရတော့ ရင်ထဲမှာရှင်းသွားတာပဲ။ မဲလုံးလေးကတော့ ဖိုးလုံးပေါင်ပေါ်မှာ အမြီးလေးတနန့် နန့် လှုပ် လို့။

နေပူလာတော့ ဖိုးလုံး ရေချိုးချင်လာတယ်။ အလုပ်သမားတွေ နေတဲ့ တဲတွေကိုဝေ့ပတ်ပြီး သာကော ကြီးနေတဲ့ တဲနားက မြောင်းငယ်လေး ဘက်ဆီကို မဲလုံးနဲ့အတူ ထွက်လာမိတယ်။

“ဟေ့ ဖိုးလုံး ရေတွင်းနားမှာ မကစားနဲ့ ။ ရေတွင်းထဲ ပြုတ်ကျတတ်တယ်။ တခြားမှာသွားကစား”

ရေတွင်းနားကတဲမှာနေတဲ့ ဘဘလှိုင်က ဖိုးလုံးကိုမြင်တော့ လှမ်းအော်တယ်။

“ဟုတ်၊ ဘဘလှိုင်၊ ရေတွင်းနားမှာ မကစားပါဘူး ဖိုးလုံးမြောင်းလေးထဲ ရေသွားချိုးမလို့ပါ။ ဖိုးလုံးမှာ သူငယ် ချင်း ရပြီသိလား။ မဲလုံးတဲ့”

” ဝုတ်.. ဝုတ်..”

“ဟ မင်းခွေးက တယ်စွာပါလား။ ချစ်စရာလေးဟေ့။ သူ့ကို ကျွေးဖို့ဘလှိုင်တဲက ထမင်းကျန်ဟင်းကျန်ကို နေ့တိုင်းလာယူဟေ့”

ကြည့်လေ။ အဖေသာ မဲလုံးကို မောင်းထုတ်ချင်နေတာ။ ဘဘလှိုင်ဆို ဖိုးလုံးအတိုင်းပဲ။ မဲလုံးကို မြင်မြင်ချင်း ချစ်တယ်။ ဒီခြံထဲမှာ အဖေပြီးရင် ဘဘလှိုင်ကို ဖိုးလုံးအချစ်ဆုံးပဲ။ ဘဘလှိုင်က အရက်မ သောက်တတ်ဘူး။ဖိုးလုံးကိုလည်း မုန့်တွေခဏ ခဏ ကျွေးတယ်။

မဲလုံးနဲ့အတူ မြောင်းလေးထဲမှာ ရေချိုးပြီး တဲကိုပြန်လာခဲ့တယ်။ နေ့လယ်စာကိုလည်း တစ်ယောက် တစ်ဝက် ခွဲစားကြတယ်။ ဖိုးလုံးပြောသမျှကို မဲလုံးလေးက အမြီးလေးလှုပ်ပြီး နားထောင်ပေး တယ်။ မဲလုံးနဲ့ ပြေးတမ်းလိုက်တမ်းကစားလိုက်၊ မောလာတဲ့အခါ ကွပ်ပျစ်ပေါ် အတူတူအိပ်လိုက်နဲ့ နေဝင်သွားတာတောင် ဖိုးလုံးမသိလိုက်ဘူး။

“ဝုတ်..ဝုတ်..”

“အောင်မယ် ခွေးပေါက်စက ငါ့တဲထဲလည်းနေသေး ငါ့ကိုလည်းဟောင်သေး၊ ရိုက်သတ်ပစ်မယ်”

အဖေက ပြောပြောဆိုဆို ဝါးရင်းတုတ်ကောက်ကိုင်လိုက်တယ်။

“မဲလုံးကိုမောင်းမထုတ်ပါနဲ့ အဖေရယ်။ ဖိုးလုံး အဖော်မရှိလို့ပါ။ ဖိုးလုံးစားတဲ့အထဲက မဲလုံးကိုကျွေးပါ့မယ်”

“မဲလုံးတဲ့၊ မင်းကနာမည်တောင် ပေးထားပြီပေါ့။ လာလာချည်သေး။ မင်းနဲ့ငါတောင် အရင်က ထမင်းနပ် မှန် ခဲ့လို့လား။ အခု မင်းပထွေးတရုတ်က တစ်ရာသီစီမံကိန်းနဲ့ ဖရဲသီးလာစိုက်လို့ နေ့တိုင်း အလုပ်ရနေတာ။ အဲဒီတရုတ်က နောက်သုံးလလောက်နေလို့ ဖရဲသီးတွေရင့်တဲ့အခါ ပြန်ကြတော့မှာကွ။ ငါတို့ ရွာထဲ ပြန် ရောက်လို့ အလုပ်မရှိတဲ့အခါ အရင်လိုငတ်ငတ်ပြတ်ပြတ် ဘဝကို ပြန်ရောက်ဦးမှာ”

မဲလုံးကို မောင်းမထုတ်ဖို့ အဖေ့ကိုဆက်ပြီးတောင်းပန်ချင်ပေမဲ့ ဖိုးလုံးပါးစပ်က အသံထွက် မလာ တော့ဘူး။ ဖိုးလုံးပါးမှာတော့ မျက်ရည်တွေ အလိုလိုစီးကျလာတယ်။ မဲလုံးသာ စကားပြောတတ်ရင် သူ့ကို မောင်းမထုတ်ပါနဲ့၊ ဖိုးလုံးနဲ့ အအတူနေခွင့်ပေးပါလို့ ကူပြောနေမလားပဲ။

“ကဲကဲ ငိုမနေနဲ့။ မွေးချင်ရင်လည်းမွေးထား။ ငါတော့ မင်းခွေးကိုကျွေးဖို့ ထမင်းပိုပြီးမချက်နိုင်ဘူး။ တခြား တဲတွေဆီက ထမင်းကျန်ဟင်းကျန်တွေကို မင်းနေ့တိုင်းလိုက်သယ်”

မဲလုံးကိုမွေးဖို့ အဖေ့ဆီက ခွင့်ပြုချက်ရတော့ ဖိုးလုံးပျော်လိုက်တာလေ။ မဲလုံးနဲ့သာ အတူနေရမယ် ဆိုရင် ဖိုးလုံးရွာကိုလည်း မပြန်ချင်ပါဘူး။ ဖိုးလုံး တက်ချင်တဲ့ ကျောင်း ဆက်မတတ်ရလည်း ဖိုးလုံး ဝမ်းမ နည်းတော့ပါဘူး။

ဖရဲခြံထဲက ဖရဲသီးတွေ တဖြည်းဖြည်း ရင့်မှည့်လာသလို မဲလုံးလေးလည်း ထွားကျိုင်းလာပြီ။ ဖိုးလုံး သင်ပေးတဲ့ ကကြီးခကွေးတွေကို မဲလုံးက မဆိုတတ်ပေမဲ့ လယ်တောက ကြွက်တွေ တောထဲက ယုန်တွေ ကိုတော့ ဖမ်းတတ်နေပြီ။ ဖိုးလုံးလည်း ဖိုးရှမ်းတို့ ကတုံးတို့ကို မေ့စပြုလာပါပြီ။ နေ့တိုင်းနေ့တိုင်း မဲလုံးနဲ့အ တူ ကြွက်တွေ၊ ယုန်တွေ လိုက်ဖမ်းရတာ ဖိုးလုံးဖြင့် မမောနိုင်ဘူး။

အတူတူသာဆိုတာ မဲလုံးက ဖိုးလုံးထက်ပို ပြီး ပင်ပန်းတယ်။ မဲလုံးယက်တဲ့ ကြွက်တွင်းကမြေတွေကို ဖိုးလုံးကဘေးကို ဖယ်ပေးရုံပဲ။ ယုန်လိုက်ရင် လည်း မဲလုံးကပဲ ပြေးလိုက်နိုင်တာ။ ဖိုးလုံးက ယုန်တွေ ထွက်ပြေးဖို့ ခြောက်လှန့်ရုံလောက်ပဲ တတ်နိုင်တာ။

အဖေက မဲလုံးကိုသာ ကြည့်မရတာ။

ဖိုးလုံးနဲ့မဲလုံးပြန်လာလို့ အတူပါလာတဲ့ ကြွက်တွေ ယုန်တွေ ကိုမြင်ရင် “မင်းခွေးကမိုက်သဟ” ဆိုပြီး ပြုံးဖြီးနေတာပဲ။ အဖေက ဖိုးလုံးကို ကြွက်တွေမီးဖုတ်ပြီး အရေခွံ ခွာနည်း သင်ပေးတယ်။ အဖေက ကြွက်အူတွေ၊ ယုန်အူတွေကျတော့ မဲလုံးကို ကျွေးတယ်။ အသားတွေ၊ အသည်းတွေကျတော့ ကြော်ထားပြီး တစ်ဝက်ကို အရက်နဲ့မြည်းဖို့ယူသွားတယ်။ ကျန်တဲ့တစ်ဝက်ကို ထမင်းနဲ့ စားဖို့ ချန်ခဲ့တတ်တယ်။

အဖေအရက် သွားသောက်တဲ့အချိန် ဖိုးလုံးကတော့ အသားတွေကိုခိုးပြီး မဲလုံးကိုကျွေးပစ်တာပဲ။ ဟုတ်တယ်လေ။ ကြွက်တွေ၊ ယုန်တွေကို မဲလုံး ရှာလာတာကိုး။ မဲလုံးက အပင် ပန်းဆုံး။ ခွဲဝေစားရမယ်ဆိုရင် မဲလုံးကတောင် အများကြီး စားရမယ်လို့ ဖိုးလုံး ထင်တာပဲလေ။

ဖိုးလုံးနဲ့ မဲလုံးကသိပ်ချစ်ကြတာ။ ဘယ်သွားသွားအတူတူပဲ။ရေချိုးလည်း အတူတူ။ အမဲလိုက်လည်း အတူတူ။ အဖေမရှိတဲ့အချိန်ဆို ကွပ်ပျစ်ပေါ်အိပ်လည်း အတူတူ။ ညဆိုရင် အဖေကဆူလို့သာ မဲလုံးနဲ့ အတူတူမအိပ်ရတာ။ နောက်ဆုံး ဖိုးလုံး တောထိုင်(မစင်စွန့် )တဲ့အခါ မဲလုံးက အမြီးလေးတနန့်နန့်နဲ့ ချုံ ပုတ်နားက စောင့်နေတတ်သေးတာ။

ဖိုးလုံးနဲ့ ဘဘလှိုင်ကလွဲပြီး မဲလုံးကို ဘယ်သူမှ ကိုင်လို့ မရဘူး။ အဆိုးဆုံးကတော့ အဖေတို့ အလုပ်ရှင် သာကောဆိုတဲ့လူကြီးပဲ။ အဲဒီသာကောကြီးကိုမြင်တိုင်း မဲလုံးက ထိုးပြီးဟောင်တာ။ ရပ်ကို မရပ်တော့ဘူး။ မဲလုံးဟောင်တိုင်း သာကောကြီးက “ဖိုးလုံးခွေးက ခွေးကောင်းလေးဟေ့၊ အဲလိုဟောင်မှ ငါကကြိုက်တာ။ ငါတရုတ်ပြည်ပြန်ရင် ခေါ်သွားချင်တယ်ဟေ့” လို့ပြောတတ်တယ်။ မဲလုံးလေးကို ခေါ် သွားချင်တယ်လို့ပြောတဲ့ သာကောကြီးကို ဖိုးလုံး မုန်းလိုက်တာလေ။

ဒီညနေ အဖေ့မျက်နှာမကောင်းဘူး။ ဘာဖြစ်လို့လဲလို့မေးကြည့်တော့ အဖေက “အဖေတို့ ရွာထဲ ပြန်ရတော့မယ်ကွာ။ ဖရဲသီးတွေအားလုံးခူးပြီးပြီ။ မနက်ဖြန် ကုန်ကားကြီးတွေလာရင် ဖရဲသီးတွေ အားလုံး တင်ပြီး သာကောကြီးက တရုတ်ပြည်ကို ပြန်တော့မှာ။နောက်နှစ် ဒီလိုအချိန်မှ ပြန်လာမှာ”လို့ ပြောတယ်။ တရုတ်ပြည်ကဘယ်နားမှာလဲလို့ မေးတော့

“တရုတ်ပြည်ဆိုတာ မင်းခဏခဏပြောနေတဲ့ မျောက်မင်း ဝူခုန်းနေတဲ့ နေရာ”တဲ့။ သာကောကြီးကို မုန်းပေမယ့် ဖိုးလုံးလေ မဲလုံးနဲ့အတူတူ တရုတ်ပြည်ကို လိုက်ပြီး မျောက်မင်းနဲ့တွေ့ချင်တယ်။ မျောက်မင်းစားတဲ့ သစ်သီးတွေ၊ မုန့်တွေ၊ ကြက်ကောင်လုံးကြော်တွေကို မဲလုံးနဲ့အတူတူ စားချင်လိုက်တာ။

“ငါ့သား၊ အဖေပြောမယ်။ သာကောကြီးက မဲလုံးလေးကို တရုတ်ပြည်ခေါ်သွားချင်လို့တဲ့”

“ဗျာ..၊ မပေးနိုင်ပါဘူး၊ မဲလုံးနဲ့မခွဲနိုင်ဘူး။ မဲလုံးမရှိရင် သားက ဘယ်သူနဲ့ ကစားရမှာလဲ”

“သားသေချာစဉ်းစားပေါ့။ အဖေက ရွာကိုပြန်ရင် အရက်သမားဆိုတော့ အလုပ်မငှားကြတော့ဘူး။ အဲကျရင် မင်းနဲ့အဖေ ထမင်းနပ်မှန်အောင် စားရမှာမဟုတ်ဘူး။

မဲလုံးကိုသာ သာကောနဲ့ ထည့်လိုက်ရင် မျောက်မင်းဇာတ်ကားထဲက အစာတွေ နေ့တိုင်းစားရမှာ။ ရွာမှာ ကတုံးတို့ရှိတာပဲကွာ၊ သူတို့နဲ့ကစားပေါ့”

သားပါတရုတ်ပြည်ကို လိုက်သွားမယ်လို့ပြောတော့ အဖေက တဟားဟားရယ်ပြီး “သာကောကြီး က မဲလုံးကိုပဲ ခေါ်ချင်တာ”လို့ ပြောတယ်။ ဖိုးလုံး စဉ်းစားကြည့်တယ်။ ဟုတ်တယ်။ ရွာပြန်ရောက်ရင် ထမင်းနပ်မှန်ဖို့မပြောနဲ့ ဆန်ပြုတ်ရည်ကျဲကျဲတောင် ဗိုက်ဝအောင် မသောက်ရဘူး။ ဖိုးလုံးက အငတ်ခံ နိုင်ပါတယ်။ မဲလုံးကိုတော့ ထမင်းဝဝ စားစေချင်တယ်။ နောက်ပြီး တရုတ်ပြည်ဆိုတာ မျောက်မင်းနေတဲ့ နေရာဆိုတော့ ဖိုးလုံးအသွားချင်ဆုံးနေရာ။ ဖိုးလုံးရင်တွေ မွန်းကျပ်လိုက်တာ မဲလုံးရယ်။

“မဲလုံးရေ၊ ဂူး..ဂူ.. ဂူး..ဂူ..”

ဖိုးလုံးရဲ့ခေါ်သံ ကြားတယ်ဆိုရင်ပဲ မဲလုံးက အမြီးတနန့်နန့်နဲ့ပြေးလာတယ်။ ဖိုးလုံးလက်ထဲမှာ တော့ အဖေ သာကောကြီးဆီက ယူလာတဲ့ ခွေးလည်ပတ်နဲ့ ကြိုးတစ်ချောင်း။ မဲလုံးလည်ပင်းကို လည် ပတ်ပတ်ပေးရင်း “မဲလုံး၊ ငါ မင်းနဲ့ ခွဲရတော့မယ်သိလား” လို့ပြောတော့ ဖိုးလုံးမျက်ရည်တွေ အလိုလို စီးကျလာတယ်။ မဲလုံးကိုလည်း ခပ်တင်းတင်းပွေ့ဖက် ထားမိတယ်။ မဲလုံးကတော့ အမြီးလေး တနန့်နန့် လုပ်ရင်း ဖိုးလုံးပါးကို သျှာနဲ့သပ်လို့။

“သားရာ ငိုမနေနဲ့တော့။ မဲလုံးလေး ကောင်စားဖို့ပဲကွာ။သားညစားဖို့ ထမင်းနဲ့ဟင်းချက်ခဲ့ပြီ။ ဒီည သာကောကြီးက အဖေတို့အလုပ်သမားတွေကို နှုတ်ဆက်ပွဲ လုပ်ပေးမလို့။ အဖေ့ကို မစောင့်နဲ့။ ထမင်းစား ပြီး အိပ်နှင့်တော့”

အဖေက မဲလုံးလေးကို ကြိုးနဲ့ဆွဲခေါ်သွားတယ်။ ဖိုးလုံးမှာ ထမင်းစားချင်စိတ်လည်း မရှိပါဘူး။ ဖိုးလုံးဆီ မဲလုံးလေး ရောက်လာတဲ့နေ့ကစပြီး မဲလုံးနဲ့အတူစား အတူသွား အတူကစားခဲ့တာတွေကိုပဲ မျက်လုံးထဲမြင်ယောင်ပြီး မျက်ရည်တွေ အလိုလိုစီးကျလာပြန်တယ်။

“ဝုတ်..ဝုတ်..ဂိန်..ဂိန်..”

မဲလုံးရဲ့ ဟောင်သံနဲ့အတူ နာကျင်စွာ အော်ညည်းသံကိုကြားရတယ်။ ဒါ ဖိုးလုံးမုန်းတဲ့ သာကော ဆိုတဲ့လူကြီးက သူ့ကိုဟောင်လို့ မဲလုံးကိုရိုက်လိုက်တာနေမှာ။ မဖြစ်ဘူး။ သာကောကြီးက နေ့တိုင်း ရိုက် လိမ့်မယ်။ မဲလုံးကို တရုတ်ပြည် မထည့်တော့ဘူး။ မဲလုံးဖို့ ရွာထဲက အိမ်တွေမှာ ထမင်းကျန်ဟင်းကျန် တွေ နေ့တိုင်း လိုက်တောင်းမယ်။ ဟုတ်တယ်။ မဲလုံးနဲ့ မခွဲတော့ဘူး။

သာကောကြီးနေတဲ့ တဲဆီအမြန်ဆုံး ရောက်ဖို့ ဖြတ်လမ်းအတိုင်း ဖိုးလုံး ပြေးသွားမိတယ်။ နေဝင်မိုးချုပ်ဆိုတော့ မမြင်မစမ်းနဲ့ ကန်သင်းပေါင် တွေပေါ်မှာ ဖိုးလုံး ခလုတ်တိုက်ပြီး ခဏခဏ လဲတယ်။ ခြေတွေလက်တွေပေါက်ပြဲပြီး နာတဲ့ဒဏ်ရာထက် ဖိုးလုံးရင်ထဲက တစ်ဆို့ဆို့အပူလုံးကြီး ရောက်နေတာ ပိုခံရခက်တယ်။

“ဂိန်..ဂိန်..”

မဲလုံးရဲ့ နာကျင်စွာ အော်ညည်းသံကို ကြားရပြန်တယ်။ သာကောကြီးက ရိုက်နေတာနေမှာ။ “မဲလုံးရေ လာခေါ်နေပြီနော်” ဖိုးလုံး အဆက်မပြတ် အော်ပြောနေမိတယ်။ ရင်ထဲက အပူလုံးကြီးက တဖြည်းဖြည်း လိပ်တက်လာပြန်တယ်။ ဖိုးလုံး ရင်တွေ ပူလိုက်တာ။ ဖိုးလုံးတော့ သာကောကြီးတဲကို ရောက်ဖို့သာ အားကုန်ပြေးမိတော့တယ်။

သာကောကြီးရဲ့ တဲအရှေ့မှာ ဖရဲခင်းက အလုပ်သမားတွေက အရက်ပုလင်းကိုယ်စီနဲ့။ အဖေနဲ့ သာကောကြီးက မီးဖိုအရှေ့မှာ။

“သာကောကြီး၊ ကျုပ်သားက မဲလုံးကို သိပ်ချစ်တာဗျ။ သူက ပေးချင်တာ မဟုတ်ဘူး။ မဲလုံးလေး အစား အသောက်ကောင်းတွေ နေ့တိုင်းစားရမယ်ပြောပြီး မနည်းတောင်းလာရတာ။ ခုချိန်ဆို ကျုပ်သား ငိုနေ လောက်ပြီ”

အဖေ့ရဲ့ အာလေးသျှာလေးအသံကြားလို့ ဖိုးလုံးခြေလှမ်းရပ်ပြီး ဆက်နားထောင်နေမိတယ်။

“အေးပါ မောင်စိုးရာ။ ငါမင်းကို အရက်ဖိုးပေးပါ့မယ်။ ဖိုးလုံးလေးဖို့လည်း မုန့်ဖိုးပေးလိုက်မယ်။ ငါက ဒီလို အဟောင်သန်တဲ့ခွေးမှ ပိုကြိုက်တာကွ။ ဟဲ ဟဲ”

အမှောင်ရိပ်ထဲက ဖိုးလုံးကို မမြင်ဘဲ ဖိုးလုံးအကြောင်းကို ပြောနေကြတယ်။ ဖိုးလုံးနှာခေါင်းထဲ ညှော်နံရသလိုပဲ။ ဖိုးလုံး ကြွက်တွေကို အရေခွံခွာဖို့ မီးမြှိုက်တဲ့အခါ ရတဲ့အနံမျိုးပဲ။ သာကောကြီး လက်ထဲ သေချာကြည့်မိတော့ မဲလုံးကို ခြေနှစ်ချောင်းကကိုင်ပြီး မီးဖိုထဲ ထည့်နေတာ။ တလိပ်လိပ်တက်လာတဲ့ အပူလုံးကြီးက ရင်ဘက်ထဲမှာ ကွဲထွက်သွားပြီး ဖိုးလုံးတစ်ကိုယ်လုံး ပြန့်သွားသလိုပဲ။

“ဟာ”

“မဲလုံးကို မလုပ်ကြပါနဲ့ဗျာ”

ဖိုးလုံး အာခေါင်ခြစ်ပြီး အော်လိုက်မိတယ်။ မဲလုံးကို မီးမြှိုက်ပြီး အရေခွံခွာဖို့ ကြိုးစားနေတဲ့ အဖေနဲ့ သာကောကြီးကို တွန်းထုတ်ပြီး မဲလုံးကို ပြေးဖက်ထားမိတယ်။

“ခင်ဗျားတို့က လူယုတ်မာတွေ။ မဲလုံးကို ဖိုးလုံးပြန် ခေါ်သွားတော့မယ်”

“ဟီး..ဟီး..”

အဖေ မူးပြီး ရိုက်မှာကိုလည်း ဖိုးလုံး မကြောက်တော့ပါဘူး။ အဖေက ဖိုးလုံးထင်ထားသလို ရိုက် လည်း မရိုက်ဘူး၊ ဆူလည်း မဆူဘူး။ မဲလုံးလေးကို ခပ်တင်းတင်း ဖက်ထားရင်း အေးစက်နေတဲ့ ဖိုးလုံးရဲ့ လက်တွေနဲ့ ပွတ်သပ်နေမိတယ်။ လူတွေအားလုံးက ဖိုးလုံးကို ဂရုမစိုက်ကြပါဘူး။ သူတို့ဖာသာ အရက် သောက်နေကြတယ်။

“အမယ်လေး မောင်စိုးရေ မင်းတော့ကိုယ်ကျိုးနည်းပြီ”

ဘဘလှိုင်က အော်ငိုပြီး ပြေးလာတယ်။

“ငါနဲ့ မောင်မျိုး ညစာစားရင်း ရေတွင်းဘက်ကအသံကြားလို့ ပြေးကြည့်တာ။ ရေတွင်းထဲကို ဓာတ်မီးနဲ့ ထိုးကြည့်တော့ ဖိုးလုံးလေးကွာ ရေတွင်းထဲမှာ ယက်ကန်ယက်ကန်နဲ့ နစ်သွားတာ။ မောင်မျိုး ရေတွင်းထဲ ကို ကြိုးနဲ့ဆင်းပြီး ဆယ်ခဲ့ပေမယ့် အပေါ်ပြန်ရောက်တော့ ဖိုးလုံး အသက်မရှိတော့ဘူးကွာ”

ငိုသံပါကြီးနဲ့ ပြောရင်း မီးဖိုအရှေ့ကမဲလုံးကို တွေ့တော့ တောက်တစ်ချက် ခေါက်လိုက်တယ်။

ဦးမျိုးက သူ့ပုခုံးပေါ်မှာ ထမ်းလာတဲ့ ကောင်လေးကို အဖေ့ရှေ့ ချပေးလိုက်တယ်။ အဖေက အဲဒီ ကောင်လေးပါးစပ်ကို ကုန်းမှုတ်လိုက် ကောင်လေးရင်ဘက်ပေါ်ကို နားထောင်လိုက်လုပ်နေတယ်။

“အဖေ ရင်တွေကျိုးပါပြီ ငါ့သားရာ။ အဖေ့အမှားတွေပါကွာ။ အဖေ့ကိုခွင့်မလွှတ်ပါနဲ့ကွာ”

အဖေပြောနေတာများ အရူးတစ်ယောက်လိုပဲ။

“အဖေ ဖိုးလုံးက သည်မှာလေ”

“အဖေ ဖိုးလုံးက သည်မှာလေ”

ဖိုးလုံး ထပ်ခါထပ်ခါ အော်ပြောနေပေမယ့် လူတွေအားလုံးက ဖိုးလုံးကို တစ်ယောက်မှ လှည့်မ ကြည့်ကြဘူး။ အဲဒီကောင်လေး အနားပဲ ဝိုင်းနေကြတာ။ ဖိုးလုံးလည်း သူတို့ကို အကြာကြီး အော်ပြော မနေနိုင်ပါဘူး။ လောလောဆယ် အရေးကြီးတာက မဲလုံး အပူလောင်တာ သက်သာဖို့ပဲ။ ဖိုးလုံးရဲ့ ရေစက် လက်ကျနေတဲ့ အင်္ကျီကိုချွတ်ပြီး မဲလုံးကိုပတ်ပေးလိုက်တယ်။

ရေခဲတုံးလို အေးစက်နေတဲ့ ဖိုးလုံးရဲ့လက် တွေနဲ့ မဲလုံးကို ပွတ်သပ်ပေးရင်း စကားတွေ ပြောနေမိတယ်။

“မဲလုံး၊ အပူသက်သာရဲ့လား။ မဲလုံးကို မျောက်မင်းနေတဲ့ တရုတ်ပြည်ကို မထည့်တော့ဘူး သိလား။ ဖရဲခင်းက လူတွေရဲ့ အဝေးကြီးကို သွားပြီး ဖိုးလုံးနဲ့ မဲလုံး အတူတူ နေကြမယ်နော်။ ဖိုးလုံးပြောတာကို နားလည်ရင် အရင်လို အမြီးလေး လှုပ်ပြဦးလေကွာ”

#ဟမ်စိုင်း (ဆေး-မန်း)

၂၀၁၅၊ရင်စူးမြား မဂ္ဂဇင်း ။အမှတ်၅

photo credit…

Zawgyi

“အေဖာ္မဲ့ ကေလးငယ္ေလး ႏွင့္ ေလလြင့္ေခြးေလး မဲလုံး တို႔ရဲ႕ ေၾကကြဲဖြယ္ အျဖစ္အပ်က္”…..

“ေတာက္၊ ကိုယ္မွ ဆင္းရဲလြန္းလို႔ သူမ်ားၿခံမွာအလုပ္လာလုပ္ေနရတာကို ဘယ္ကေခြးေလေခြးလြင့္က ငါ့တဲေအာက္ ေရာက္လာသလဲမသိဘူး ”

“ဂီး…ဂီး…”

“ေအာင္မာ၊ေခြးေပါက္စကမ်ား။ ငါ့ကြပ္ပ်စ္ေအာက္လည္း လာေနေသးတယ္။ ငါ့ကိုျပန္ၿပီးလည္း ဟိန္းေန ေသးတယ္”

ဖိုးလုံးတို႔သားဖႏွစ္ေယာက္အိပ္တဲ့ ကြပ္ပ်စ္ေအာက္က ဘယ္ကေရာက္လာမွန္းမသိတဲ့ ေခြးေပါက္ စကို အေဖက ေဒါသတႀကီး ေအာ္ဟစ္ေနတယ္။ အေဖက ေဒါသထြက္ေနေပမယ့္ ဖိုးလုံးကေတာ့ ေပ်ာ္ေန တယ္။ တစ္ကိုယ္လုံး မဲနက္ေနတဲ့ ေခြးေလးကို ဖိုးလုံးနဲ႔နာမည္ခ်င္း ဆင္ေအာင္လို႔ မဲလုံးလို႔ စိတ္ထဲက ေနေတာင္ နာမည္ေပးၿပီးၿပီ။ ဖိုးလုံးဘဝ မွာက အေဖပဲရွိတာ။ အေဖ ဖရဲခင္းထဲ အလုပ္ဆင္းတဲ့အခ်ိန္ဆို ဖိုးလုံးတစ္ေယာက္တည္း သည္တဲမွာ ေနခဲ့ရတာ။

“ကိုယ္မွ သားဖႏွစ္ေယာက္ ငတ္တစ္လွည့္ ျပတ္တစ္လွည့္။ အရက္ဖိုးေတာင္ အႏိုင္ႏိုင္ရယ္။ ဘူးေလးရာ ဖ႐ုံဆင့္။ ႐ိုက္ထုတ္ ပစ္ဦးမယ္”

အေဖေျပာတဲ့ ဘူးေလးရာ ဖ႐ုံဆင့္ ဆိုတဲ့စကားကို ဖိုးလုံး နားမလည္ပါဘူး။ ငတ္တစ္လွည့္ ျပတ္ တစ္လွည့္ ဆိုတာကိုေတာ့ ဖိုးလုံးသိတယ္။ အေမ့ကို မေတြ႕ရေတာ့တဲ့ေန႔ကစၿပီး ဖိုးလုံး ထမင္းကို နပ္မွန္ ေအာင္ မစားရေတာ့ ဘူး။ စားရရင္လည္း ငါးပိခ်က္တို႔၊ ရႉးရွဲလက္ဖက္ႏွပ္တို႔နဲ႔ပဲ စားရတာ။ တစ္ခါတေလ ဆန္ျပဳတ္ရည္က်ဲက်ဲကို မဝတဝ ေသာက္ရတယ္။ အေမ ဘယ္ေတာ့ ျပန္လာမွာလဲလို႔ အေဖ့ကိုေမးရင္

“ေမွ်ာ္မေနနဲ႔။ မင္းအေမ ေနာက္လင္ရသြားၿပီ” လို႔အေဖကေဒါသတႀကီးေျပာတယ္။ ေနာက္လင္ဆိုတာ ဘာလဲလို႔ ဖိုးလုံး မသိေပမယ့္ ေဒါသထြက္ေနတဲ့ အေဖ့ကို ဆက္ၿပီးမေမးရဲေတာ့တာ ဒီေန႔ထိပဲ။ အေမက ေနာက္လင္ဆိုတဲ့ လူႀကီးနဲ႔ လိုက္သြားၿပီး ဖိုးလုံးအတြက္ မုန႔္ေတြ သြား ဝယ္တာေနမွာလို႔ ဖိုးလုံး ဖာသာ ေတြးပစ္တယ္။

အဲဒီအခ်ိန္ကတည္းက အေဖက ဖိုးလုံးထက္ အရက္ကို ပိုခ်စ္သြား တယ္လို႔ ထင္တာပဲ။ အရက္မမူးရင္ ဖိုးလုံးကိုခ်စ္ေပမဲ့ မူးလာတဲ့ညတိုင္း မင္းအေမေနာက္ကို လိုက္သြားဆိုၿပီး ႐ိုက္ တတ္တယ္။ အေဖ ေျခသံျပင္းျပင္း နင္းလာၿပီး အရက္နံ႔တေထာင္းေထာင္းနံ ေနတဲ့ညေတြဆိုရင္ ဖိုးလုံးက အ႐ိုက္ခံ ရမွာေၾကာက္လို႔ အိပ္ခ်င္ေယာင္ေဆာင္ေနပစ္လိုက္တာပဲ။

အေဖက ဝါးရင္းတုတ္ ေကာက္ကိုင္လိုက္ေတာ့ ကြပ္ပ်စ္ေအာက္ကေန မဲလုံး ထြက္ေျပးသြားတယ္။ အေဖက ကြပ္ပ်စ္ေဘး ဝါးရင္းတုတ္ ပစ္ခ်ၿပီး တဲေျခရင္းက မီးဖိုဆီသြားတယ္။

“ေမာင္စိုးေရ မနက္စာ စားၿပီးၿပီလားေဟ့ ဖရဲခင္းထဲ သြားရေအာင္ ဒီေန႔ ဖရဲသီးအကင္းေတြကို ေဆးျဖန္းရ မယ္လို႔ သာေကာႀကီးက ေျပာတယ္”

ဦးေမာင္ရဲ႕ေခၚသံၾကားေတာ့ အေဖက ထမင္းနဲ႔ငါးပိရည္ကို ဇလုံထဲမွာနယ္ေနတုန္း။

“ခဏ ကိုဘေမာင္ေရ။ ထမင္းစားရင္း ကိုယ္ေစာင့္နတ္ကို ပူေဇာ္ပသလိုက္ဦးမယ္”

အေဖေျပာတဲ့ ကိုယ္ေစာင့္နတ္ကို ပူေဇာ္တယ္ဆိုတာ နံနက္လင္းလာတိုင္း အရက္တစ္ပိုင္း ေသာက္ တာ။ ႐ြာမွာေနတုန္းက အေဖက ကိုယ္ေစာင့္နတ္ပူေဇာ္ေတာ့ သားေရာ ပူေဇာ္ရမွာလားလို႔ ေမးေတာ့ အေဖ က တဟားဟားရယ္ၿပီး “သားလည္း အေဖ့အ႐ြယ္ ေရာက္ရင္ ပူေဇာ္ရမွာေပါ့” တဲ့။အေဖက ထမင္းစားၿပီး အရက္ကို ျမန္ျမန္ေမာ့တယ္။

“ဖိုးလုံး မင္းအတြက္ဇလုံထဲမွာ နံနက္စာနယ္ခဲ့ၿပီ။ ေန႔လယ္စာလည္း ခ်က္ခဲ့ၿပီးသား။ ကိုယ့္ဖာသာ စားႏွင့္ လိုက္ေတာ့။ ညစာကိုေတာ့ အေဖျပန္လာမွခ်က္မယ္”

အေဖ ဖရဲခင္းဘက္ ထြက္သြားတဲ့အခ်ိန္ ဖိုးလုံး ဆားနဲ႔ပလုတ္က်င္းလို႔ မ်က္ႏွာသစ္ၿပီးၿပီ။ တဲေဘး မွာ တင္ထားတဲ့ အေဖ့ပုဆိုးနဲ႔ မ်က္ႏွာသုတ္ၿပီး အေဖနယ္ေပးခဲ့တဲ့ ထမင္းဇလုံကို ကိုင္လို႔ ဝမ္းသာအားရနဲ႔ တဲအျပင္ဘက္ေျပးထြက္လာမိတယ္။ ေစာနကေတြ႕တဲ့ မဲလုံးကို လိုက္ရွာရမယ္ေလ။

” ဂူ..ဂူး.. ေတာက္ေတာက္ ဂူး..ဂူ..”

ဖိုးလုံးေခၚသံမွမဆုံးေသးဘူး။ မဲလုံးက အၿမီးေလးတနန႔္နန႔္နဲ႔ ဖိုးလုံးဆီကို ေျပးလာတယ္။ ထမင္း ေတြကို ဖိုးလုံးတစ္ဝက္ မဲလုံးတစ္ဝက္ ခြဲၿပီး စားပစ္တယ္။ အေဖသိရင္ေတာ့ ဖိုးလုံးကို ဆူဦးမွာပဲ။

“သည္တဲမွာ ဖိုးလုံးတစ္ေယာက္တည္း ေနရတာ သိပ္ပ်င္းတာပဲ။ အေဖနဲ႔ ဒီၿခံႀကီးထဲက လူေတြက မနက္ လင္းလာရင္ ဖရဲၿခံထဲအလုပ္ဆင္းၾက။ ညေနပိုင္းဆိုရင္ အရက္ဝိုင္းေသာက္ၾကနဲ႔။ ဖိုးရွမ္းနဲ႔ကတုံးတို႔လို ဖိုးလုံးနဲ႔လည္း အတူတူမကစားေပးၾကဘူး အေဖ့ကို ဒီၿခံထဲမွာအလုပ္ေပးတဲ့ သာေကာဆိုတဲ့ အသားျဖဴျဖဴ ဝတုတ္တုတ္ လူႀကီးကို ဖိုးလုံးျဖင့္သိပ္မုန္းတာပဲ သိလား။ သူ႔ၿခံထဲမွာ အေဖ အလုပ္ရလို႔ ဖိုးလုံး တစ္တန္း နဲ႔ေက်ာင္းထြက္ခဲ့ရတာ။ ကတုံးတို႔အိမ္မွာ ၾကည့္ေနက် ဖိုးလုံးအရမ္းႀကိဳက္တဲ့ စြမ္းအားရွင္ ေမ်ာက္မင္းဇာတ္ ကားလည္း ဒီၿခံထဲေရာက္ကတည္းက မၾကည့္ရေတာ့ဘူး”

မဲလုံးေလး နားလည္လား နားမလည္ဘူးလားေတာ့ ဖိုးလုံးမသိဘူး။ မဲလုံးကို ဖိုးလုံး ေျပာခ်င္တာေတြ ေျပာလိုက္ရေတာ့ ရင္ထဲမွာရွင္းသြားတာပဲ။ မဲလုံးေလးကေတာ့ ဖိုးလုံးေပါင္ေပၚမွာ အၿမီးေလးတနန႔္ နန႔္ လႈပ္ လို႔။

ေနပူလာေတာ့ ဖိုးလုံး ေရခ်ိဳးခ်င္လာတယ္။ အလုပ္သမားေတြ ေနတဲ့ တဲေတြကိုေဝ့ပတ္ၿပီး သာေကာ ႀကီးေနတဲ့ တဲနားက ေျမာင္းငယ္ေလး ဘက္ဆီကို မဲလုံးနဲ႔အတူ ထြက္လာမိတယ္။

“ေဟ့ ဖိုးလုံး ေရတြင္းနားမွာ မကစားနဲ႔ ။ ေရတြင္းထဲ ျပဳတ္က်တတ္တယ္။ တျခားမွာသြားကစား”

ေရတြင္းနားကတဲမွာေနတဲ့ ဘဘလႈိင္က ဖိုးလုံးကိုျမင္ေတာ့ လွမ္းေအာ္တယ္။

“ဟုတ္၊ ဘဘလႈိင္၊ ေရတြင္းနားမွာ မကစားပါဘူး ဖိုးလုံးေျမာင္းေလးထဲ ေရသြားခ်ိဳးမလို႔ပါ။ ဖိုးလုံးမွာ သူငယ္ ခ်င္း ရၿပီသိလား။ မဲလုံးတဲ့”

” ဝုတ္.. ဝုတ္..”

“ဟ မင္းေခြးက တယ္စြာပါလား။ ခ်စ္စရာေလးေဟ့။ သူ႔ကို ေကြၽးဖို႔ဘလႈိင္တဲက ထမင္းက်န္ဟင္းက်န္ကို ေန႔တိုင္းလာယူေဟ့”

ၾကည့္ေလ။ အေဖသာ မဲလုံးကို ေမာင္းထုတ္ခ်င္ေနတာ။ ဘဘလႈိင္ဆို ဖိုးလုံးအတိုင္းပဲ။ မဲလုံးကို ျမင္ျမင္ခ်င္း ခ်စ္တယ္။ ဒီၿခံထဲမွာ အေဖၿပီးရင္ ဘဘလႈိင္ကို ဖိုးလုံးအခ်စ္ဆုံးပဲ။ ဘဘလႈိင္က အရက္မ ေသာက္တတ္ဘူး။ဖိုးလုံးကိုလည္း မုန႔္ေတြခဏ ခဏ ေကြၽးတယ္။

မဲလုံးနဲ႔အတူ ေျမာင္းေလးထဲမွာ ေရခ်ိဳးၿပီး တဲကိုျပန္လာခဲ့တယ္။ ေန႔လယ္စာကိုလည္း တစ္ေယာက္ တစ္ဝက္ ခြဲစားၾကတယ္။ ဖိုးလုံးေျပာသမွ်ကို မဲလုံးေလးက အၿမီးေလးလႈပ္ၿပီး နားေထာင္ေပး တယ္။ မဲလုံးနဲ႔ ေျပးတမ္းလိုက္တမ္းကစားလိုက္၊ ေမာလာတဲ့အခါ ကြပ္ပ်စ္ေပၚ အတူတူအိပ္လိုက္နဲ႔ ေနဝင္သြားတာေတာင္ ဖိုးလုံးမသိလိုက္ဘူး။

“ဝုတ္..ဝုတ္..”

“ေအာင္မယ္ ေခြးေပါက္စက ငါ့တဲထဲလည္းေနေသး ငါ့ကိုလည္းေဟာင္ေသး၊ ႐ိုက္သတ္ပစ္မယ္”

အေဖက ေျပာေျပာဆိုဆို ဝါးရင္းတုတ္ေကာက္ကိုင္လိုက္တယ္။

“မဲလုံးကိုေမာင္းမထုတ္ပါနဲ႔ အေဖရယ္။ ဖိုးလုံး အေဖာ္မရွိလို႔ပါ။ ဖိုးလုံးစားတဲ့အထဲက မဲလုံးကိုေကြၽးပါ့မယ္”

“မဲလုံးတဲ့၊ မင္းကနာမည္ေတာင္ ေပးထားၿပီေပါ့။ လာလာခ်ည္ေသး။ မင္းနဲ႔ငါေတာင္ အရင္က ထမင္းနပ္ မွန္ ခဲ့လို႔လား။ အခု မင္းပေထြးတ႐ုတ္က တစ္ရာသီစီမံကိန္းနဲ႔ ဖရဲသီးလာစိုက္လို႔ ေန႔တိုင္း အလုပ္ရေနတာ။ အဲဒီတ႐ုတ္က ေနာက္သုံးလေလာက္ေနလို႔ ဖရဲသီးေတြရင့္တဲ့အခါ ျပန္ၾကေတာ့မွာကြ။ ငါတို႔ ႐ြာထဲ ျပန္ ေရာက္လို႔ အလုပ္မရွိတဲ့အခါ အရင္လိုငတ္ငတ္ျပတ္ျပတ္ ဘဝကို ျပန္ေရာက္ဦးမွာ”

မဲလုံးကို ေမာင္းမထုတ္ဖို႔ အေဖ့ကိုဆက္ၿပီးေတာင္းပန္ခ်င္ေပမဲ့ ဖိုးလုံးပါးစပ္က အသံထြက္ မလာ ေတာ့ဘူး။ ဖိုးလုံးပါးမွာေတာ့ မ်က္ရည္ေတြ အလိုလိုစီးက်လာတယ္။ မဲလုံးသာ စကားေျပာတတ္ရင္ သူ႔ကို ေမာင္းမထုတ္ပါနဲ႔၊ ဖိုးလုံးနဲ႔ အအတူေနခြင့္ေပးပါလို႔ ကူေျပာေနမလားပဲ။

“ကဲကဲ ငိုမေနနဲ႔။ ေမြးခ်င္ရင္လည္းေမြးထား။ ငါေတာ့ မင္းေခြးကိုေကြၽးဖို႔ ထမင္းပိုၿပီးမခ်က္ႏိုင္ဘူး။ တျခား တဲေတြဆီက ထမင္းက်န္ဟင္းက်န္ေတြကို မင္းေန႔တိုင္းလိုက္သယ္”

မဲလုံးကိုေမြးဖို႔ အေဖ့ဆီက ခြင့္ျပဳခ်က္ရေတာ့ ဖိုးလုံးေပ်ာ္လိုက္တာေလ။ မဲလုံးနဲ႔သာ အတူေနရမယ္ ဆိုရင္ ဖိုးလုံး႐ြာကိုလည္း မျပန္ခ်င္ပါဘူး။ ဖိုးလုံး တက္ခ်င္တဲ့ ေက်ာင္း ဆက္မတတ္ရလည္း ဖိုးလုံး ဝမ္းမ နည္းေတာ့ပါဘူး။

ဖရဲၿခံထဲက ဖရဲသီးေတြ တျဖည္းျဖည္း ရင့္မွည့္လာသလို မဲလုံးေလးလည္း ထြားက်ိဳင္းလာၿပီ။ ဖိုးလုံး သင္ေပးတဲ့ ကႀကီးခေကြးေတြကို မဲလုံးက မဆိုတတ္ေပမဲ့ လယ္ေတာက ႂကြက္ေတြ ေတာထဲက ယုန္ေတြ ကိုေတာ့ ဖမ္းတတ္ေနၿပီ။ ဖိုးလုံးလည္း ဖိုးရွမ္းတို႔ ကတုံးတို႔ကို ေမ့စျပဳလာပါၿပီ။ ေန႔တိုင္းေန႔တိုင္း မဲလုံးနဲ႔အ တူ ႂကြက္ေတြ၊ ယုန္ေတြ လိုက္ဖမ္းရတာ ဖိုးလုံးျဖင့္ မေမာႏိုင္ဘူး။

အတူတူသာဆိုတာ မဲလုံးက ဖိုးလုံးထက္ပို ၿပီး ပင္ပန္းတယ္။ မဲလုံးယက္တဲ့ ႂကြက္တြင္းကေျမေတြကို ဖိုးလုံးကေဘးကို ဖယ္ေပး႐ုံပဲ။ ယုန္လိုက္ရင္ လည္း မဲလုံးကပဲ ေျပးလိုက္ႏိုင္တာ။ ဖိုးလုံးက ယုန္ေတြ ထြက္ေျပးဖို႔ ေျခာက္လွန႔္႐ုံေလာက္ပဲ တတ္ႏိုင္တာ။

အေဖက မဲလုံးကိုသာ ၾကည့္မရတာ။

ဖိုးလုံးနဲ႔မဲလုံးျပန္လာလို႔ အတူပါလာတဲ့ ႂကြက္ေတြ ယုန္ေတြ ကိုျမင္ရင္ “မင္းေခြးကမိုက္သဟ” ဆိုၿပီး ၿပဳံးၿဖီးေနတာပဲ။ အေဖက ဖိုးလုံးကို ႂကြက္ေတြမီးဖုတ္ၿပီး အေရခြံ ခြာနည္း သင္ေပးတယ္။ အေဖက ႂကြက္အူေတြ၊ ယုန္အူေတြက်ေတာ့ မဲလုံးကို ေကြၽးတယ္။ အသားေတြ၊ အသည္းေတြက်ေတာ့ ေၾကာ္ထားၿပီး တစ္ဝက္ကို အရက္နဲ႔ျမည္းဖို႔ယူသြားတယ္။ က်န္တဲ့တစ္ဝက္ကို ထမင္းနဲ႔ စားဖို႔ ခ်န္ခဲ့တတ္တယ္။

အေဖအရက္ သြားေသာက္တဲ့အခ်ိန္ ဖိုးလုံးကေတာ့ အသားေတြကိုခိုးၿပီး မဲလုံးကိုေကြၽးပစ္တာပဲ။ ဟုတ္တယ္ေလ။ ႂကြက္ေတြ၊ ယုန္ေတြကို မဲလုံး ရွာလာတာကိုး။ မဲလုံးက အပင္ ပန္းဆုံး။ ခြဲေဝစားရမယ္ဆိုရင္ မဲလုံးကေတာင္ အမ်ားႀကီး စားရမယ္လို႔ ဖိုးလုံး ထင္တာပဲေလ။

ဖိုးလုံးနဲ႔ မဲလုံးကသိပ္ခ်စ္ၾကတာ။ ဘယ္သြားသြားအတူတူပဲ။ေရခ်ိဳးလည္း အတူတူ။ အမဲလိုက္လည္း အတူတူ။ အေဖမရွိတဲ့အခ်ိန္ဆို ကြပ္ပ်စ္ေပၚအိပ္လည္း အတူတူ။ ညဆိုရင္ အေဖကဆူလို႔သာ မဲလုံးနဲ႔ အတူတူမအိပ္ရတာ။ ေနာက္ဆုံး ဖိုးလုံး ေတာထိုင္(မစင္စြန႔္ )တဲ့အခါ မဲလုံးက အၿမီးေလးတနန႔္နန႔္နဲ႔ ခ်ဳံ ပုတ္နားက ေစာင့္ေနတတ္ေသးတာ။

ဖိုးလုံးနဲ႔ ဘဘလႈိင္ကလြဲၿပီး မဲလုံးကို ဘယ္သူမွ ကိုင္လို႔ မရဘူး။ အဆိုးဆုံးကေတာ့ အေဖတို႔ အလုပ္ရွင္ သာေကာဆိုတဲ့လူႀကီးပဲ။ အဲဒီသာေကာႀကီးကိုျမင္တိုင္း မဲလုံးက ထိုးၿပီးေဟာင္တာ။ ရပ္ကို မရပ္ေတာ့ဘူး။ မဲလုံးေဟာင္တိုင္း သာေကာႀကီးက “ဖိုးလုံးေခြးက ေခြးေကာင္းေလးေဟ့၊ အဲလိုေဟာင္မွ ငါကႀကိဳက္တာ။ ငါတ႐ုတ္ျပည္ျပန္ရင္ ေခၚသြားခ်င္တယ္ေဟ့” လို႔ေျပာတတ္တယ္။ မဲလုံးေလးကို ေခၚ သြားခ်င္တယ္လို႔ေျပာတဲ့ သာေကာႀကီးကို ဖိုးလုံး မုန္းလိုက္တာေလ။

ဒီညေန အေဖ့မ်က္ႏွာမေကာင္းဘူး။ ဘာျဖစ္လို႔လဲလို႔ေမးၾကည့္ေတာ့ အေဖက “အေဖတို႔ ႐ြာထဲ ျပန္ရေတာ့မယ္ကြာ။ ဖရဲသီးေတြအားလုံးခူးၿပီးၿပီ။ မနက္ျဖန္ ကုန္ကားႀကီးေတြလာရင္ ဖရဲသီးေတြ အားလုံး တင္ၿပီး သာေကာႀကီးက တ႐ုတ္ျပည္ကို ျပန္ေတာ့မွာ။ေနာက္ႏွစ္ ဒီလိုအခ်ိန္မွ ျပန္လာမွာ”လို႔ ေျပာတယ္။ တ႐ုတ္ျပည္ကဘယ္နားမွာလဲလို႔ ေမးေတာ့

“တ႐ုတ္ျပည္ဆိုတာ မင္းခဏခဏေျပာေနတဲ့ ေမ်ာက္မင္း ဝူခုန္းေနတဲ့ ေနရာ”တဲ့။ သာေကာႀကီးကို မုန္းေပမယ့္ ဖိုးလုံးေလ မဲလုံးနဲ႔အတူတူ တ႐ုတ္ျပည္ကို လိုက္ၿပီး ေမ်ာက္မင္းနဲ႔ေတြ႕ခ်င္တယ္။ ေမ်ာက္မင္းစားတဲ့ သစ္သီးေတြ၊ မုန႔္ေတြ၊ ၾကက္ေကာင္လုံးေၾကာ္ေတြကို မဲလုံးနဲ႔အတူတူ စားခ်င္လိုက္တာ။

“ငါ့သား၊ အေဖေျပာမယ္။ သာေကာႀကီးက မဲလုံးေလးကို တ႐ုတ္ျပည္ေခၚသြားခ်င္လို႔တဲ့”

“ဗ်ာ..၊ မေပးႏိုင္ပါဘူး၊ မဲလုံးနဲ႔မခြဲႏိုင္ဘူး။ မဲလုံးမရွိရင္ သားက ဘယ္သူနဲ႔ ကစားရမွာလဲ”

“သားေသခ်ာစဥ္းစားေပါ့။ အေဖက ႐ြာကိုျပန္ရင္ အရက္သမားဆိုေတာ့ အလုပ္မငွားၾကေတာ့ဘူး။ အဲက်ရင္ မင္းနဲ႔အေဖ ထမင္းနပ္မွန္ေအာင္ စားရမွာမဟုတ္ဘူး။

မဲလုံးကိုသာ သာေကာနဲ႔ ထည့္လိုက္ရင္ ေမ်ာက္မင္းဇာတ္ကားထဲက အစာေတြ ေန႔တိုင္းစားရမွာ။ ႐ြာမွာ ကတုံးတို႔ရွိတာပဲကြာ၊ သူတို႔နဲ႔ကစားေပါ့”

သားပါတ႐ုတ္ျပည္ကို လိုက္သြားမယ္လို႔ေျပာေတာ့ အေဖက တဟားဟားရယ္ၿပီး “သာေကာႀကီး က မဲလုံးကိုပဲ ေခၚခ်င္တာ”လို႔ ေျပာတယ္။ ဖိုးလုံး စဥ္းစားၾကည့္တယ္။ ဟုတ္တယ္။ ႐ြာျပန္ေရာက္ရင္ ထမင္းနပ္မွန္ဖို႔မေျပာနဲ႔ ဆန္ျပဳတ္ရည္က်ဲက်ဲေတာင္ ဗိုက္ဝေအာင္ မေသာက္ရဘူး။ ဖိုးလုံးက အငတ္ခံ ႏိုင္ပါတယ္။ မဲလုံးကိုေတာ့ ထမင္းဝဝ စားေစခ်င္တယ္။ ေနာက္ၿပီး တ႐ုတ္ျပည္ဆိုတာ ေမ်ာက္မင္းေနတဲ့ ေနရာဆိုေတာ့ ဖိုးလုံးအသြားခ်င္ဆုံးေနရာ။ ဖိုးလုံးရင္ေတြ မြန္းက်ပ္လိုက္တာ မဲလုံးရယ္။

“မဲလုံးေရ၊ ဂူး..ဂူ.. ဂူး..ဂူ..”

ဖိုးလုံးရဲ႕ေခၚသံ ၾကားတယ္ဆိုရင္ပဲ မဲလုံးက အၿမီးတနန႔္နန႔္နဲ႔ေျပးလာတယ္။ ဖိုးလုံးလက္ထဲမွာ ေတာ့ အေဖ သာေကာႀကီးဆီက ယူလာတဲ့ ေခြးလည္ပတ္နဲ႔ ႀကိဳးတစ္ေခ်ာင္း။ မဲလုံးလည္ပင္းကို လည္ ပတ္ပတ္ေပးရင္း “မဲလုံး၊ ငါ မင္းနဲ႔ ခြဲရေတာ့မယ္သိလား” လို႔ေျပာေတာ့ ဖိုးလုံးမ်က္ရည္ေတြ အလိုလို စီးက်လာတယ္။ မဲလုံးကိုလည္း ခပ္တင္းတင္းေပြ႕ဖက္ ထားမိတယ္။ မဲလုံးကေတာ့ အၿမီးေလး တနန႔္နန႔္ လုပ္ရင္း ဖိုးလုံးပါးကို သွ်ာနဲ႔သပ္လို႔။

“သားရာ ငိုမေနနဲ႔ေတာ့။ မဲလုံးေလး ေကာင္စားဖို႔ပဲကြာ။သားညစားဖို႔ ထမင္းနဲ႔ဟင္းခ်က္ခဲ့ၿပီ။ ဒီည သာေကာႀကီးက အေဖတို႔အလုပ္သမားေတြကို ႏႈတ္ဆက္ပြဲ လုပ္ေပးမလို႔။ အေဖ့ကို မေစာင့္နဲ႔။ ထမင္းစား ၿပီး အိပ္ႏွင့္ေတာ့”

အေဖက မဲလုံးေလးကို ႀကိဳးနဲ႔ဆြဲေခၚသြားတယ္။ ဖိုးလုံးမွာ ထမင္းစားခ်င္စိတ္လည္း မရွိပါဘူး။ ဖိုးလုံးဆီ မဲလုံးေလး ေရာက္လာတဲ့ေန႔ကစၿပီး မဲလုံးနဲ႔အတူစား အတူသြား အတူကစားခဲ့တာေတြကိုပဲ မ်က္လုံးထဲျမင္ေယာင္ၿပီး မ်က္ရည္ေတြ အလိုလိုစီးက်လာျပန္တယ္။

“ဝုတ္..ဝုတ္..ဂိန္..ဂိန္..”

မဲလုံးရဲ႕ ေဟာင္သံနဲ႔အတူ နာက်င္စြာ ေအာ္ညည္းသံကိုၾကားရတယ္။ ဒါ ဖိုးလုံးမုန္းတဲ့ သာေကာ ဆိုတဲ့လူႀကီးက သူ႔ကိုေဟာင္လို႔ မဲလုံးကို႐ိုက္လိုက္တာေနမွာ။ မျဖစ္ဘူး။ သာေကာႀကီးက ေန႔တိုင္း ႐ိုက္ လိမ့္မယ္။ မဲလုံးကို တ႐ုတ္ျပည္ မထည့္ေတာ့ဘူး။ မဲလုံးဖို႔ ႐ြာထဲက အိမ္ေတြမွာ ထမင္းက်န္ဟင္းက်န္ ေတြ ေန႔တိုင္း လိုက္ေတာင္းမယ္။ ဟုတ္တယ္။ မဲလုံးနဲ႔ မခြဲေတာ့ဘူး။

သာေကာႀကီးေနတဲ့ တဲဆီအျမန္ဆုံး ေရာက္ဖို႔ ျဖတ္လမ္းအတိုင္း ဖိုးလုံး ေျပးသြားမိတယ္။ ေနဝင္မိုးခ်ဳပ္ဆိုေတာ့ မျမင္မစမ္းနဲ႔ ကန္သင္းေပါင္ ေတြေပၚမွာ ဖိုးလုံး ခလုတ္တိုက္ၿပီး ခဏခဏ လဲတယ္။ ေျခေတြလက္ေတြေပါက္ၿပဲၿပီး နာတဲ့ဒဏ္ရာထက္ ဖိုးလုံးရင္ထဲက တစ္ဆို႔ဆို႔အပူလုံးႀကီး ေရာက္ေနတာ ပိုခံရခက္တယ္။

“ဂိန္..ဂိန္..”

မဲလုံးရဲ႕ နာက်င္စြာ ေအာ္ညည္းသံကို ၾကားရျပန္တယ္။ သာေကာႀကီးက ႐ိုက္ေနတာေနမွာ။ “မဲလုံးေရ လာေခၚေနၿပီေနာ္” ဖိုးလုံး အဆက္မျပတ္ ေအာ္ေျပာေနမိတယ္။ ရင္ထဲက အပူလုံးႀကီးက တျဖည္းျဖည္း လိပ္တက္လာျပန္တယ္။ ဖိုးလုံး ရင္ေတြ ပူလိုက္တာ။ ဖိုးလုံးေတာ့ သာေကာႀကီးတဲကို ေရာက္ဖို႔သာ အားကုန္ေျပးမိေတာ့တယ္။

သာေကာႀကီးရဲ႕ တဲအေရွ႕မွာ ဖရဲခင္းက အလုပ္သမားေတြက အရက္ပုလင္းကိုယ္စီနဲ႔။ အေဖနဲ႔ သာေကာႀကီးက မီးဖိုအေရွ႕မွာ။

“သာေကာႀကီး၊ က်ဳပ္သားက မဲလုံးကို သိပ္ခ်စ္တာဗ်။ သူက ေပးခ်င္တာ မဟုတ္ဘူး။ မဲလုံးေလး အစား အေသာက္ေကာင္းေတြ ေန႔တိုင္းစားရမယ္ေျပာၿပီး မနည္းေတာင္းလာရတာ။ ခုခ်ိန္ဆို က်ဳပ္သား ငိုေန ေလာက္ၿပီ”

အေဖ့ရဲ႕ အာေလးသွ်ာေလးအသံၾကားလို႔ ဖိုးလုံးေျခလွမ္းရပ္ၿပီး ဆက္နားေထာင္ေနမိတယ္။

“ေအးပါ ေမာင္စိုးရာ။ ငါမင္းကို အရက္ဖိုးေပးပါ့မယ္။ ဖိုးလုံးေလးဖို႔လည္း မုန႔္ဖိုးေပးလိုက္မယ္။ ငါက ဒီလို အေဟာင္သန္တဲ့ေခြးမွ ပိုႀကိဳက္တာကြ။ ဟဲ ဟဲ”

အေမွာင္ရိပ္ထဲက ဖိုးလုံးကို မျမင္ဘဲ ဖိုးလုံးအေၾကာင္းကို ေျပာေနၾကတယ္။ ဖိုးလုံးႏွာေခါင္းထဲ ေညႇာ္နံရသလိုပဲ။ ဖိုးလုံး ႂကြက္ေတြကို အေရခြံခြာဖို႔ မီးျမႇိဳက္တဲ့အခါ ရတဲ့အနံမ်ိဳးပဲ။ သာေကာႀကီး လက္ထဲ ေသခ်ာၾကည့္မိေတာ့ မဲလုံးကို ေျခႏွစ္ေခ်ာင္းကကိုင္ၿပီး မီးဖိုထဲ ထည့္ေနတာ။ တလိပ္လိပ္တက္လာတဲ့ အပူလုံးႀကီးက ရင္ဘက္ထဲမွာ ကြဲထြက္သြားၿပီး ဖိုးလုံးတစ္ကိုယ္လုံး ျပန႔္သြားသလိုပဲ။

“ဟာ”

“မဲလုံးကို မလုပ္ၾကပါနဲ႔ဗ်ာ”

ဖိုးလုံး အာေခါင္ျခစ္ၿပီး ေအာ္လိုက္မိတယ္။ မဲလုံးကို မီးျမႇိဳက္ၿပီး အေရခြံခြာဖို႔ ႀကိဳးစားေနတဲ့ အေဖနဲ႔ သာေကာႀကီးကို တြန္းထုတ္ၿပီး မဲလုံးကို ေျပးဖက္ထားမိတယ္။

“ခင္ဗ်ားတို႔က လူယုတ္မာေတြ။ မဲလုံးကို ဖိုးလုံးျပန္ ေခၚသြားေတာ့မယ္”

“ဟီး..ဟီး..”

အေဖ မူးၿပီး ႐ိုက္မွာကိုလည္း ဖိုးလုံး မေၾကာက္ေတာ့ပါဘူး။ အေဖက ဖိုးလုံးထင္ထားသလို ႐ိုက္ လည္း မ႐ိုက္ဘူး၊ ဆူလည္း မဆူဘူး။ မဲလုံးေလးကို ခပ္တင္းတင္း ဖက္ထားရင္း ေအးစက္ေနတဲ့ ဖိုးလုံးရဲ႕ လက္ေတြနဲ႔ ပြတ္သပ္ေနမိတယ္။ လူေတြအားလုံးက ဖိုးလုံးကို ဂ႐ုမစိုက္ၾကပါဘူး။ သူတို႔ဖာသာ အရက္ ေသာက္ေနၾကတယ္။

“အမယ္ေလး ေမာင္စိုးေရ မင္းေတာ့ကိုယ္က်ိဳးနည္းၿပီ”

ဘဘလႈိင္က ေအာ္ငိုၿပီး ေျပးလာတယ္။

“ငါနဲ႔ ေမာင္မ်ိဳး ညစာစားရင္း ေရတြင္းဘက္ကအသံၾကားလို႔ ေျပးၾကည့္တာ။ ေရတြင္းထဲကို ဓာတ္မီးနဲ႔ ထိုးၾကည့္ေတာ့ ဖိုးလုံးေလးကြာ ေရတြင္းထဲမွာ ယက္ကန္ယက္ကန္နဲ႔ နစ္သြားတာ။ ေမာင္မ်ိဳး ေရတြင္းထဲ ကို ႀကိဳးနဲ႔ဆင္းၿပီး ဆယ္ခဲ့ေပမယ့္ အေပၚျပန္ေရာက္ေတာ့ ဖိုးလုံး အသက္မရွိေတာ့ဘူးကြာ”

ငိုသံပါႀကီးနဲ႔ ေျပာရင္း မီးဖိုအေရွ႕ကမဲလုံးကို ေတြ႕ေတာ့ ေတာက္တစ္ခ်က္ ေခါက္လိုက္တယ္။

ဦးမ်ိဳးက သူ႔ပုခုံးေပၚမွာ ထမ္းလာတဲ့ ေကာင္ေလးကို အေဖ့ေရွ႕ ခ်ေပးလိုက္တယ္။ အေဖက အဲဒီ ေကာင္ေလးပါးစပ္ကို ကုန္းမႈတ္လိုက္ ေကာင္ေလးရင္ဘက္ေပၚကို နားေထာင္လိုက္လုပ္ေနတယ္။

“အေဖ ရင္ေတြက်ိဳးပါၿပီ ငါ့သားရာ။ အေဖ့အမွားေတြပါကြာ။ အေဖ့ကိုခြင့္မလႊတ္ပါနဲ႔ကြာ”

အေဖေျပာေနတာမ်ား အ႐ူးတစ္ေယာက္လိုပဲ။

“အေဖ ဖိုးလုံးက သည္မွာေလ”

“အေဖ ဖိုးလုံးက သည္မွာေလ”

ဖိုးလုံး ထပ္ခါထပ္ခါ ေအာ္ေျပာေနေပမယ့္ လူေတြအားလုံးက ဖိုးလုံးကို တစ္ေယာက္မွ လွည့္မ ၾကည့္ၾကဘူး။ အဲဒီေကာင္ေလး အနားပဲ ဝိုင္းေနၾကတာ။ ဖိုးလုံးလည္း သူတို႔ကို အၾကာႀကီး ေအာ္ေျပာ မေနႏိုင္ပါဘူး။ ေလာေလာဆယ္ အေရးႀကီးတာက မဲလုံး အပူေလာင္တာ သက္သာဖို႔ပဲ။ ဖိုးလုံးရဲ႕ ေရစက္ လက္က်ေနတဲ့ အက်ႌကိုခြၽတ္ၿပီး မဲလုံးကိုပတ္ေပးလိုက္တယ္။

ေရခဲတုံးလို ေအးစက္ေနတဲ့ ဖိုးလုံးရဲ႕လက္ ေတြနဲ႔ မဲလုံးကို ပြတ္သပ္ေပးရင္း စကားေတြ ေျပာေနမိတယ္။

“မဲလုံး၊ အပူသက္သာရဲ႕လား။ မဲလုံးကို ေမ်ာက္မင္းေနတဲ့ တ႐ုတ္ျပည္ကို မထည့္ေတာ့ဘူး သိလား။ ဖရဲခင္းက လူေတြရဲ႕ အေဝးႀကီးကို သြားၿပီး ဖိုးလုံးနဲ႔ မဲလုံး အတူတူ ေနၾကမယ္ေနာ္။ ဖိုးလုံးေျပာတာကို နားလည္ရင္ အရင္လို အၿမီးေလး လႈပ္ျပဦးေလကြာ”

#ဟမ္စိုင္း (ေဆး-မန္း)

၂၀၁၅၊ရင္စူးျမား မဂၢဇင္း ။အမွတ္၅

photo credit…….

Leave a Reply

Your email address will not be published. Required fields are marked *