သရက်ပင်ကို ဓါးနဲ့ ထစ်ခိုင်းရခြင်း အကြောင်းအရင်းနဲ့ အချိန်အခါမဟုတ် အသီးအပွင့် ထွက်အောင် ပြုလုပ်နည်း
သရက်အပွင့်မြန်ဖို့.. သရက်အပွင့်ထွက်ဖို့ကို ရှေးလူကြီးတွေက ဓါးထစ်ခိုင်းကြပါတယ်။ ဓါးထစ်လို့အပင်က ကြောက်လန့်ပြီး အပွင့်ထွက်တာတော့ မဟုတ်ပါ။ အပင်တွေရဲ့ သဘောသဘာ၀က အရွက်ကနေ အစာချက်လုပ်ပြီး အမြစ်ကို ပြန်ပို့ပေးပါတယ်။ ပုံမှန်ဆိုရင် အပင်တွေက ရှင်သန်ရေး အပင်သန်မာရေးကို ဦးစားပေးလေ့ရှိတယ်။ အသီးအပွင့်အတွက် ဦးစားပေးလေ့မရှိဘူး။
အပင်အများစုက အေးတဲ့ဆောင်းရာသီမှာ အပွင့်ထွက်တာများပါတယ်။ အကြောင်းအရင်းတခုက အရွက်တွေနှင်းရည်စိုနေချိန် လေထုက ပါလာတဲ့ မြေသြဇာကိုအရွက်တွေမှာကပ်ပြီး အရွက်တွေကမြေသြဇာတိုက်ရိုက်ရသွားတယ်။ နေထွက်ချိန်မှ မနက် ၁၁ နာရီလောက်အထိမှာ အရွက်တွေက အစာချက်လုပ်ပါတယ်။
ဒါပေမယ့် ဆောင်းတွင်း အအေးဓါတ်ကြောင့် ပင်စည်နဲ့အခေါက်ဆဲလ်တွေက ကျုံ့သွားပြီး အရွက်တွေက ချက်လုပ်တဲ့ အစာအဟာရတွေ အမြစ်ကို ပြန်ပို့ရတာခက်ခဲသွားတယ်။ အရွက်တွေက ချက်လုပ်တဲ့ မြေသြဇာ အဟာရတွေကို အောက်ပိုင်းကို ပြန်ပို့ခက်ခဲသွားတဲ့အတွက် အရွက်အခက်တွေက အဟာရအပြည့်အ၀ရသွားပြီး အပွင့်ထွက်လေ့ရှိပါတယ်။
ဒါကြောင့် ဓါးနဲ့ထစ်လိုက်ရင် အရွက်တွေချက်လုပ်တဲ့ အစာအဟာရလမ်းကြောင်းပြတ်သွားပြီး အမြစ်ဆီကို ပြန်မပို့နိုင်တော့လို့ အပွင့်ထွက်တာ ဖြစ်ပါတယ်။ ဓါးနဲ့ထစ်တာက အထစ်များရင် မှိုပိုး၀င်တတ်ပါတယ်။ အထစ်မမှန်ရင် အစာအဟာရ လမ်းကြောင်းမပြတ်ဘူး ဖြစ်တတ်ပါတယ်။ ပင်စည်ကိုဖြစ်ဖြစ် အကိုင်းကိုဖြစ်ဖြစ် အခွံအခေါက် ပတ်ပတ်လည်ကို ဓါးနဲ့ရစ်ပြီးဖြတ်တာက အစာအဟာရ လမ်းကြောင်းကိုလုံး၀ ပြတ်သွားစေပါတယ်။
ဓါးဒဏ်ရာအနည်းငယ်သာဖြစ်လို့ မှိုပိုး၀င်ဖို့အခွင့်အလမ်းနည်းတယ်။ အနားကျက်မြန်ပြီး ပြန်ဆက်မြန်တယ်။ အပွင့်ထွက်ပြီးနောက် အသီးကို မြေသြဇာ အစာအဟာရတွေ အမြစ်ကနေ ပို့ဖို့လိုအပ်တာကြောင့် ဖြတ်ရာ အမြန်ပြန်ဆက်ဖို့လည်း လိုအပ်ပါတယ်။
အပင် လောင်းရိပ် ကျရင် အသီးအပွင့် မထွက် ဘူးဆိုတာက အလင်းရောင် မရလို့ဖြစ်တယ်။ အလင်းရောင်မရင် အရွက်က အစာချက်လုပ်တဲ့ အပေါက်တွေ မပွင့်ပဲ အစာ ချက်လုပ်ချင်းအားနည်းသွားတာကြောင့်ဖြစ်တယ်။
ဘယ်အချိန်မှာ ဓါးနဲ့ရစ်ဖြတ်ရမလဲ..
အပင် အမြစ်ကို မြေသြဇာ NPK အပြည့်အစုံနဲ့ ရေကို ပုံမှန်ပေးထားရပါမယ်။ အရွက်အတွက်က ကြက်ဥဟော်မုန်းဆေးရည် ဟင်းခတ်ဇွန်း ၅ ဇွန်း (၅၀ စီစီ)ကို ရေလီတာ ၂၀ နဲ့ ရောပြီး ၃ ရက်တစ်ခါ ပေးထားရမယ်။ အရွက်အောက်ဘက်က အစာအဟာရစုပ်ယူတဲ့ အဖေါက်တွေရှိလို့ အရွက်အောက်ဘက်ကို ထိအောင်ဖြန်းရပါမယ်။
အရွက် အပေါက်တွေပွင့်တဲ့ အချိန် နေထွက်ချိန်မှ မနက် ၁၁ နာရီအတွင်းမှာ ဖြန်းရပါမယ်။ ၁၁ နာရီနောက်ပိုင်းမှာ အစာစုပ်ယူပြီး အစာချက်လုပ်တဲ့ အပေါက်တွေ ပြန်ပိတ်သွားပါတယ်။
ကြက်ဥဟော်မုန်းဆေးရည်ကို အနည်းဆုံး ၁၅ ရက်မှ ရက် ၃၀ လောက်ကြိုပေးထားရပါမယ်။ အအေးဓါတ်များရင် ကြက်ဥ ဟော်မုန်း ဆေးရည်ဖြန်းတာနဲ့ပဲ အပွင့် ထွက်ပါမယ်။ တကယ်လို့ အပွင့်မထွက်ဘူးဆိုရင်တော့ အစာအဟာရလမ်းကြောင်းကို ဖြတ်ပေးရပါမယ်။
အရွက်နုရင်တော့ အပွင့်ထွက်မှာ မဟုတ်ပါ။ အရွက်တွေရင့်နေပြီး ဆိုရင် အစာအဟာရ လမ်းကြောင်းကို ဓါးနဲ့ရစ်ဖြတ်ပေးရပါမယ်။ တချိန်ထဲမှာပဲ ကြက်ဥဟော်မုန်းဆေးရည်ကို ၃ ရက်တစ်ခါဆက်တိုက်ဖြန်းပေးရပါမယ်။ ၁၅ ရက်မှ ရက် ၃၀ အတွင်းအပွင့်ထွက်ပါမယ်။
တစ်ပင်တည်းမှာ အရွက်နု အကိုင်းက အပွင့်မထွက်ဘူး။ အရွက်အရင့်အကိုင်းတွေကပဲ ပွင့်ပါတယ်။ ညအခါမှာ မီးထွန်းပေးရင်လည်း အပွင့်အမြန်ထွက်ပါတယ်။ ညမိုးချုပ်တာနဲ့ မီးထွန်းပေးရပါမယ်။ နေ့လည် 11 နောက်ပိုင်း အစာစုပ်ယူပြီး အစာချက်လုပ်တဲ့ အပေါက်တွေ ပိတ်သွားပြီးနောက် မိုးချုပ်ချိန် မီးထွန်းပေးတော့ အလင်းရောင်ရပြီး အစာချက်လုပ်တဲ့ အပေါက်တွေ ပြန်ပွင့်လာတယ်။
ညပိုင်းလေထုမှာ ပါလာတဲ့ မြေသြဇာတွေက အစိုဓါတ်ရှိတယ်။ အရွက်တွေ နှင်းရည်နဲ့စိုနေချိန်ဖြစ်လို့ အရွက်တွေမှာ လေထုက မြေသြဇာတွေ အရွက်ကို လာကပ်ပြီး အရွက်တွေ မြေသြဇာရတယ်။ နေ့ရော ညမီးအလင်းကြောင့် အစာချက်လုပ်မှုက ၂ ဆ ၃ ဆ ဖြစ်ပြီး အရွက်အခက်တွေ အဟာရပိုရများပြီး အပွင့်အမြန်ပွင့်တာဖြစ်တယ်။ မီးထွန်းရင် အရွက်တွေ အလင်းအားလုံးရ အောင်ထွန်းပေးရပါမယ်။
သရက်အပြင် တခြား သီးနှံပင်တွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ ဒီနည်းက ရာသီချိန်မဟုတ်ရင်လည်း အပွင့်ထွက်အောင်လုပ်နိုင်ပါတယ်။
Win Myint (IQwin Farm)
Zawgyi
သရက္ပင္ကို ဓါးနဲ႔ ထစ္ခိုင္းရျခင္း အေၾကာင္းအရင္းနဲ႔ အခ်ိန္အခါမဟုတ္ အသီးအပြင့္ ထြက္ေအာင္ ျပဳလုပ္နည္း
သရက္အပြင့္ျမန္ဖို႔.. သရက္အပြင့္ထြက္ဖို႔ကို ေရွးလူႀကီးေတြက ဓါးထစ္ခိုင္းၾကပါတယ္။ ဓါးထစ္လို႔အပင္က ေၾကာက္လန္႔ၿပီး အပြင့္ထြက္တာေတာ့ မဟုတ္ပါ။ အပင္ေတြရဲ႕ သေဘာသဘာ၀က အ႐ြက္ကေန အစာခ်က္လုပ္ၿပီး အျမစ္ကို ျပန္ပို႔ေပးပါတယ္။ ပုံမွန္ဆိုရင္ အပင္ေတြက ရွင္သန္ေရး အပင္သန္မာေရးကို ဦးစားေပးေလ့ရွိတယ္။ အသီးအပြင့္အတြက္ ဦးစားေပးေလ့မရွိဘူး။
အပင္အမ်ားစုက ေအးတဲ့ေဆာင္းရာသီမွာ အပြင့္ထြက္တာမ်ားပါတယ္။ အေၾကာင္းအရင္းတခုက အ႐ြက္ေတြႏွင္းရည္စိုေနခ်ိန္ ေလထုက ပါလာတဲ့ ေျမၾသဇာကိုအ႐ြက္ေတြမွာကပ္ၿပီး အ႐ြက္ေတြကေျမၾသဇာတိုက္႐ိုက္ရသြားတယ္။ ေနထြက္ခ်ိန္မွ မနက္ ၁၁ နာရီေလာက္အထိမွာ အ႐ြက္ေတြက အစာခ်က္လုပ္ပါတယ္။
ဒါေပမယ့္ ေဆာင္းတြင္း အေအးဓါတ္ေၾကာင့္ ပင္စည္နဲ႔အေခါက္ဆဲလ္ေတြက က်ဳံ႕သြားၿပီး အ႐ြက္ေတြက ခ်က္လုပ္တဲ့ အစာအဟာရေတြ အျမစ္ကို ျပန္ပို႔ရတာခက္ခဲသြားတယ္။ အ႐ြက္ေတြက ခ်က္လုပ္တဲ့ ေျမၾသဇာ အဟာရေတြကို ေအာက္ပိုင္းကို ျပန္ပို႔ခက္ခဲသြားတဲ့အတြက္ အ႐ြက္အခက္ေတြက အဟာရအျပည့္အ၀ရသြားၿပီး အပြင့္ထြက္ေလ့ရွိပါတယ္။
ဒါေၾကာင့္ ဓါးနဲ႔ထစ္လိုက္ရင္ အ႐ြက္ေတြခ်က္လုပ္တဲ့ အစာအဟာရလမ္းေၾကာင္းျပတ္သြားၿပီး အျမစ္ဆီကို ျပန္မပို႔ႏိုင္ေတာ့လို႔ အပြင့္ထြက္တာ ျဖစ္ပါတယ္။ ဓါးနဲ႔ထစ္တာက အထစ္မ်ားရင္ မႈိပိုး၀င္တတ္ပါတယ္။ အထစ္မမွန္ရင္ အစာအဟာရ လမ္းေၾကာင္းမျပတ္ဘူး ျဖစ္တတ္ပါတယ္။ ပင္စည္ကိုျဖစ္ျဖစ္ အကိုင္းကိုျဖစ္ျဖစ္ အခြံအေခါက္ ပတ္ပတ္လည္ကို ဓါးနဲ႔ရစ္ၿပီးျဖတ္တာက အစာအဟာရ လမ္းေၾကာင္းကိုလုံး၀ ျပတ္သြားေစပါတယ္။
ဓါးဒဏ္ရာအနည္းငယ္သာျဖစ္လို႔ မႈိပိုး၀င္ဖို႔အခြင့္အလမ္းနည္းတယ္။ အနားက်က္ျမန္ၿပီး ျပန္ဆက္ျမန္တယ္။ အပြင့္ထြက္ၿပီးေနာက္ အသီးကို ေျမၾသဇာ အစာအဟာရေတြ အျမစ္ကေန ပို႔ဖို႔လိုအပ္တာေၾကာင့္ ျဖတ္ရာ အျမန္ျပန္ဆက္ဖို႔လည္း လိုအပ္ပါတယ္။
အပင္ ေလာင္းရိပ္ က်ရင္ အသီးအပြင့္ မထြက္ ဘူးဆိုတာက အလင္းေရာင္ မရလို႔ျဖစ္တယ္။ အလင္းေရာင္မရင္ အ႐ြက္က အစာခ်က္လုပ္တဲ့ အေပါက္ေတြ မပြင့္ပဲ အစာ ခ်က္လုပ္ခ်င္းအားနည္းသြားတာေၾကာင့္ျဖစ္တယ္။
ဘယ္အခ်ိန္မွာ ဓါးနဲ႔ရစ္ျဖတ္ရမလဲ..
အပင္ အျမစ္ကို ေျမၾသဇာ NPK အျပည့္အစုံနဲ႔ ေရကို ပုံမွန္ေပးထားရပါမယ္။ အ႐ြက္အတြက္က ၾကက္ဥေဟာ္မုန္းေဆးရည္ ဟင္းခတ္ဇြန္း ၅ ဇြန္း (၅၀ စီစီ)ကို ေရလီတာ ၂၀ နဲ႔ ေရာၿပီး ၃ ရက္တစ္ခါ ေပးထားရမယ္။ အ႐ြက္ေအာက္ဘက္က အစာအဟာရစုပ္ယူတဲ့ အေဖါက္ေတြရွိလို႔ အ႐ြက္ေအာက္ဘက္ကို ထိေအာင္ျဖန္းရပါမယ္။
အ႐ြက္ အေပါက္ေတြပြင့္တဲ့ အခ်ိန္ ေနထြက္ခ်ိန္မွ မနက္ ၁၁ နာရီအတြင္းမွာ ျဖန္းရပါမယ္။ ၁၁ နာရီေနာက္ပိုင္းမွာ အစာစုပ္ယူၿပီး အစာခ်က္လုပ္တဲ့ အေပါက္ေတြ ျပန္ပိတ္သြားပါတယ္။
ၾကက္ဥေဟာ္မုန္းေဆးရည္ကို အနည္းဆုံး ၁၅ ရက္မွ ရက္ ၃၀ ေလာက္ႀကိဳေပးထားရပါမယ္။ အေအးဓါတ္မ်ားရင္ ၾကက္ဥ ေဟာ္မုန္း ေဆးရည္ျဖန္းတာနဲ႔ပဲ အပြင့္ ထြက္ပါမယ္။ တကယ္လို႔ အပြင့္မထြက္ဘူးဆိုရင္ေတာ့ အစာအဟာရလမ္းေၾကာင္းကို ျဖတ္ေပးရပါမယ္။
အ႐ြက္ႏုရင္ေတာ့ အပြင့္ထြက္မွာ မဟုတ္ပါ။ အ႐ြက္ေတြရင့္ေနၿပီး ဆိုရင္ အစာအဟာရ လမ္းေၾကာင္းကို ဓါးနဲ႔ရစ္ျဖတ္ေပးရပါမယ္။ တခ်ိန္ထဲမွာပဲ ၾကက္ဥေဟာ္မုန္းေဆးရည္ကို ၃ ရက္တစ္ခါဆက္တိုက္ျဖန္းေပးရပါမယ္။ ၁၅ ရက္မွ ရက္ ၃၀ အတြင္းအပြင့္ထြက္ပါမယ္။
တစ္ပင္တည္းမွာ အ႐ြက္ႏု အကိုင္းက အပြင့္မထြက္ဘူး။ အ႐ြက္အရင့္အကိုင္းေတြကပဲ ပြင့္ပါတယ္။ ညအခါမွာ မီးထြန္းေပးရင္လည္း အပြင့္အျမန္ထြက္ပါတယ္။ ညမိုးခ်ဳပ္တာနဲ႔ မီးထြန္းေပးရပါမယ္။ ေန႔လည္ 11 ေနာက္ပိုင္း အစာစုပ္ယူၿပီး အစာခ်က္လုပ္တဲ့ အေပါက္ေတြ ပိတ္သြားၿပီးေနာက္ မိုးခ်ဳပ္ခ်ိန္ မီးထြန္းေပးေတာ့ အလင္းေရာင္ရၿပီး အစာခ်က္လုပ္တဲ့ အေပါက္ေတြ ျပန္ပြင့္လာတယ္။
ညပိုင္းေလထုမွာ ပါလာတဲ့ ေျမၾသဇာေတြက အစိုဓါတ္ရွိတယ္။ အ႐ြက္ေတြ ႏွင္းရည္နဲ႔စိုေနခ်ိန္ျဖစ္လို႔ အ႐ြက္ေတြမွာ ေလထုက ေျမၾသဇာေတြ အ႐ြက္ကို လာကပ္ၿပီး အ႐ြက္ေတြ ေျမၾသဇာရတယ္။ ေန႔ေရာ ညမီးအလင္းေၾကာင့္ အစာခ်က္လုပ္မႈက ၂ ဆ ၃ ဆ ျဖစ္ၿပီး အ႐ြက္အခက္ေတြ အဟာရပိုရမ်ားၿပီး အပြင့္အျမန္ပြင့္တာျဖစ္တယ္။ မီးထြန္းရင္ အ႐ြက္ေတြ အလင္းအားလုံးရ ေအာင္ထြန္းေပးရပါမယ္။
သရက္အျပင္ တျခား သီးႏွံပင္ေတြကိုလည္း ျပဳလုပ္ႏိုင္ပါတယ္။ ဒီနည္းက ရာသီခ်ိန္မဟုတ္ရင္လည္း အပြင့္ထြက္ေအာင္လုပ္ႏိုင္ပါတယ္။
Win Myint (IQwin Farm)