ဒူးနာသူတွေအတွက် အလွန်ထိရောက်တဲ့ ဆေးနည်း

အေထြအေထြဗဟုသုတ

ဒူးနာသူတွေအတွက် အလွန်ထိရောက်တဲ့ ဆေးနည်း

ဒူးနာဖူးသူမှသိလို့ ကိုယ်ချင်းစာစိတ်နဲ့ ဆေးနည်းတင်ပေးလိုက်ပါတယ်နော်။ဒီနည်းလမ်းက စာရေးဆရာမ လှိုင်း(တောင်ကြီး)ရဲ့ လက်တွေ့ ဒူးနာပျောက်ဆေးနည်းတစ်ခုပါ။

ဒူးနာပျောက်တဲ့ဆေးနည်းပြောပြမယ် နော် လက်တွေ့သက်သာခဲ့တာမို့ ဒူးနာနေတဲ့မိတ်ဆွေတွေလုပ်ကြည့်စေချင်ပါတယ်။ကျမညာဖက်ဒူးကတစ်စစ်စစ်နဲ့ကိုက်ကိုက်ပြီးနာနေတာ တော်တော်ကြာပေါ့ နာလာရင်အော်နေရတယ်

ဆေးမျိုးစုံလိမ်းကြည့်တာ ပူပြီး ခဏသက်သာတယ်။ နောက် ပြန်ဖြစ်ရော …ဒါနဲ့ ခြေဖနောင့်နာတုန်းကလုပ်ဖူးတဲ့ ဆေးနည်းအတိုင်း လုပ်ကြည့်မယ်ဆိုပြီး ပြန်လုပ်ကြည့်တာ ခုတော့ပျောက်သွားလို့ ဆေးနည်းလေး မျှဝေပေးလိုက်ပါတယ်။

ရှားစောင်းလက်ပတ် လက်တစ်ဝါးစာကို ဆူးတွေ လှီးထုတ်ပြီးအပြားလိုက်နှစ်ခြမ်းခြမ်းလိုက်ပါ ….ပြီးရင်မီးနွေးနွေးလေးကင်ပါ အပူခံနိုင်သလောက်ကင်ပြီးရင် ဒူးခေါင်းပေါ်မှာဖြေးဖြေးခြင်းတင်ပါ

ပြီးရင်ရှားစောင်းလက်ပတ်ပြုတ်ကျမှာစိုးလို့ ကြွပ်ကြွပ်အိပ် ကိုအနေတော်ညှပ်ပြီ အပြင်မှာပြန်ကပ်ထားပါ။ပြီးရင် ကြွပ်ကြွပ်ကြိုးနဲ့မလျှော့မတင်းစီးပြီးထားပါ သွားစရာမရှိရင်တော့ နေလည်လဲလုပ်ထားလို့ရပါတယ်

ညအိပ်ရာဝင်လုပ်ထားရင် ပိုကောင်းတယ် တစ်ညလုံးစည်းပြီးအိပ်လိုက် မနက်ကျတော့ပြန်ဖြေ နောက်ရက်ညအိပ်ရာဝင်တစ်ခါထပ်လုပ် အနာပေါ်မူတည်ပြီးပျောက်ပါမယ်။ ကျမတော့ ၃ ရက်ဆက်လုပ်တာနဲ့ခုပျောက်သွားပြီ

ခုတော့ချော်လဲထားတဲ့ဘယ်ဖက်ဒူးကဒဏ်ကိုပြန်လုပ်ထားတာပါ။ ခြေဖနောင့်နာရင်လဲ ဒီအတိုင်းပဲလုပ် ခုထိပြန်မနာတော့ပါဘူး။ ဒူးနာတဲ့သူတွေကို ကိုယ်ချင်းစာလို့တင်ပေးလိုက်တာပါ ….လုပ်ကြည့်ကြပါနော်

Credit

Zawgyi









Credit

Leave a Reply

Your email address will not be published. Required fields are marked *