ရန်ကုန်နဲ့ မန္တလေးမှာ လေနီကြမ်းတွေ တိုက်မယ့်အချိန်ကို အတိအကျ ခန့်မှန်းပေးလိုက်ပြီ
မတ်လ ၁၃ ယနေ့ မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ နောက်ပိုင်း မန္တလေးတိုင်းရှိ မြို့နယ် အချို့မှာ လေပြင်း တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝေဖြိုးဟန် (လေကြောင်းမိုးလေဝသ)က သတိပေး ပြော ကြားထားပါတယ်။
ယနေ့ မွန်းလွဲ ၂ နာရီကနေ ၄ နာရီ အကြား မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ရှမ်းတဲ၊ တောမ၊ ပျော်ဘွယ်၊ ရှမ်းရွာ၊ ညောင်ရမ်း၊ သဖန်း၊ ဝမ်းသာ၊ ဝမ်းတွင်း၊ သာစည်တို့မှာ မိုးကနေရာကွက်ကျား မိုးအနည်းငယ်လေးလောက်ပဲ ရွာနိုင်သော်လည်း လေပြင်းတိုက်ခတ်ခြင်း အန္တရာယ်ကတော့ ရှိနေနိုင်တယ်လို့ ဦးဝေဖြိုးဟန်က ပြောပါတယ်။
လေပြင်းတိုက်ခတ်ချိန် မီးကြွင်း၊ မီးကျန်များ ငြိမ်းသတ်ထားကြဖို့နဲ့ ခဏခဏပျက်နေတဲ့ လျှက်စစ်မီး လေပြင်းတိုက်နေတဲ့အချိန် လာနေပါက ဝါယာရှော့မဖြစ်အောင် ပိတ် ထားကြဖို့ အကြံပြုထားပါတယ်။
ရန်ကုန်မြို့နဲ့ အနီးပတ်ဝန်းကျင်ရဲ့ မိုးလေဝသ အခြေအနေနဲ့ ပတ်သက်ပြီး မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်ကလည်း အခုလို ခန့်မှန်း ထားပါတယ်။ မတ်လ ၁၃ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ရန်ကုန်မြို့နှင့်အနီးတဝိုက်ဒေသများတွင် မိုးသက်လေပြင်းကျပြီး မိုးကြီးနိုင်ပါမယ်။ ပြည်နယ်နဲ့တိုင်းဒေသတချို့မှာလဲ မိုးသက်လေပြင်းကျပြီး နေရာကွက် မိုးကြီးနိုင်ပါမယ်။
မိုးသက်လေပြင်းကျချိန် အများအားဖြင့်လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်မှ မိုင် ၄၀ ခန့်အထိ ရှိနိုင်ပါမယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းနီးရေလုပ်ငန်းလုပ်ကွက်များ မတ်လ ၁၃ ရက် နံနက် ၇ နာရီမှ ညနေ ၄ နာရီအချိန်အတွင်း – လေပြင်း တစ်နာရီ မိုင် ၂၀ မှ ၃၀ ခန့်အထိ တိုက်ခတ်နိုင်ပြီးလှိုင်းအမြင့် ၂ ပေခန့်သာရှိနိုင်ပါမယ်။ (မူရင်းရေးသားသူများအား လေးစားမှုဖြင့် – bkr)
From Blacker
Zawgyi
ရန္ကုန္နဲ႔ မႏၲေလးမွာ ေလနီၾကမ္းေတြ တိုက္မယ့္အခ်ိန္ကို အတိအက် ခန႔္မွန္းေပးလိုက္ၿပီ
မတ္လ ၁၃ ယေန႔ မတ္လ ၁၃ ရက္ေန႔ မြန္းလြဲ ၂ နာရီ ေနာက္ပိုင္း မႏၲေလးတိုင္းရွိ ၿမိဳ႕နယ္ အခ်ိဳ႕မွာ ေလျပင္း တိုက္ခတ္ႏိုင္တယ္လို႔ မိုးေလဝသ ပညာရွင္ ဦးေဝၿဖိဳးဟန္ (ေလေၾကာင္းမိုးေလဝသ)က သတိေပး ေျပာ ၾကားထားပါတယ္။
ယေန႔ မြန္းလြဲ ၂ နာရီကေန ၄ နာရီ အၾကား ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသမ်ားျဖစ္ေသာ မႏၲေလးတိုင္းေဒသႀကီး မိတၳီလာ၊ ရွမ္းတဲ၊ ေတာမ၊ ေပ်ာ္ဘြယ္၊ ရွမ္း႐ြာ၊ ေညာင္ရမ္း၊ သဖန္း၊ ဝမ္းသာ၊ ဝမ္းတြင္း၊ သာစည္တို႔မွာ မိုးကေနရာကြက္က်ား မိုးအနည္းငယ္ေလးေလာက္ပဲ ႐ြာႏိုင္ေသာ္လည္း ေလျပင္းတိုက္ခတ္ျခင္း အႏၲရာယ္ကေတာ့ ရွိေနႏိုင္တယ္လို႔ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။
ေလျပင္းတိုက္ခတ္ခ်ိန္ မီးႂကြင္း၊ မီးက်န္မ်ား ၿငိမ္းသတ္ထားၾကဖို႔နဲ႔ ခဏခဏပ်က္ေနတဲ့ လွ်က္စစ္မီး ေလျပင္းတိုက္ေနတဲ့အခ်ိန္ လာေနပါက ဝါယာေရွာ့မျဖစ္ေအာင္ ပိတ္ ထားၾကဖို႔ အႀကံျပဳထားပါတယ္။
ရန္ကုန္ၿမိဳ႕နဲ႔ အနီးပတ္ဝန္းက်င္ရဲ႕ မိုးေလဝသ အေျခအေနနဲ႔ ပတ္သက္ၿပီး မိုးေလဝသ ပညာရွင္ ဦးဝင္းႏိုင္ကလည္း အခုလို ခန႔္မွန္း ထားပါတယ္။ မတ္လ ၁၃ ရက္ နံနက္ ၉ နာရီမွ ညေန ၄ နာရီအတြင္း ရန္ကုန္ၿမိဳ႕ႏွင့္အနီးတဝိုက္ေဒသမ်ားတြင္ မိုးသက္ေလျပင္းက်ၿပီး မိုးႀကီးႏိုင္ပါမယ္။ ျပည္နယ္နဲ႔တိုင္းေဒသတခ်ိဳ႕မွာလဲ မိုးသက္ေလျပင္းက်ၿပီး ေနရာကြက္ မိုးႀကီးႏိုင္ပါမယ္။
မိုးသက္ေလျပင္းက်ခ်ိန္ အမ်ားအားျဖင့္ေလတိုက္ႏႈန္း တစ္နာရီ ၁၅ မိုင္မွ မိုင္ ၄၀ ခန႔္အထိ ရွိႏိုင္ပါမယ္။ ဧရာဝတီျမစ္ဝကြၽန္းေပၚ ကမ္းနီးေရလုပ္ငန္းလုပ္ကြက္မ်ား မတ္လ ၁၃ ရက္ နံနက္ ၇ နာရီမွ ညေန ၄ နာရီအခ်ိန္အတြင္း – ေလျပင္း တစ္နာရီ မိုင္ ၂၀ မွ ၃၀ ခန႔္အထိ တိုက္ခတ္ႏိုင္ၿပီးလႈိင္းအျမင့္ ၂ ေပခန႔္သာရွိႏိုင္ပါမယ္။ (မူရင္းေရးသားသူမ်ားအား ေလးစားမႈျဖင့္ – bkr)
From Blacker