စီးပွားရေး သမားတိုင်း ဖတ်သင့်တယ်

အေထြအေထြဗဟုသုတ

စီးပွားရေး သမားတိုင်း ဖတ်သင့်တယ်

ကြက်နဲ့ နွား

တခါက ရွာလေးတရွာမှာ ကပ်စေးနဲတဲ့ အဖိုးကြီး အဖွားကြီး ၂ယောက် ရှိကြသတဲ့။သားသမီးလည်းမရှိပဲ၂ယောက်တည်း နေကြရတယ်။တနေ့တော့ အဖိုးကြီးကအသည်းအသန်ဖြစ်ပြီး သေခါနီး ကယောင်ကတမ်းနဲ့ အဖွားကြီးကို မှာသတဲ့။

” ငါ အရင်ကဘာကုသိုလ်ကောင်းမှုမှလည်း မလုပ်ခဲ့ဘူး မိန်းမရေ။ ငါသေရင် ဘဝကူးကောင်းအောင် အိမ်ကနွားလေးကို ရောင်းပြီး တဝက်ကို ငါ့အတွက် ရည်စူးပြီးလှူ။ တဝက်ကို နင်လုပ်ကိုင်စားသောက်ဖို့ယူ”တဲ့ ။ အဖွားကြီးကလည်းမျက်ရည်စက်လက်နဲ့ ကတိပေးလိုက်မိတယ်။

အဖိုးကြီးသေပြီး၂ရက်လောက်နေတော့ အဖွားကြီး ကပ်စေးနဲစိတ်ပြန်ဝင်လာတယ်။”ဒီနွားလေးပဲငှားစားနေရတာ၊ရောင်းပြီး တဝက်လှူလိုက်ရင် ငါ့နှယ်ဒုက္ခ။” ဆိုပြီး အကြံထုတ်နေရှာတယ်။ ကတိကိုလည်း မဖျက်ချင်ဘူး။ ဒါနဲ့ နောက်နေ့ အိမ်ရှေ့မှာ ကြက်နဲ့ နွား ပူးချည်ထားပြီး ဆိုင်းဘုတ်ရေးတယ်။

” နွားရောင်းမည်။ ၂၀၀၀ ကျပ်
ကြက်ရောင်းမည်။ ၂သိန်းကျပ်
မှတ်ချက်။ ။ ခွဲမရောင်းပါ” တဲ့
(စျေးပြောင်းပြန်ကြီးမို့)

လူတွေကလည်းအထူးအဆန်းဆိုပြီး လာကြည့်ကြတယ်။ အဲ့ဒီထဲကကြိုက်တဲ့သူတယောက် ဝယ်သွားတယ်လေ။ ရက်လည်ကျတော့ နွားရောင်းလို့ရငွေ ၂၀၀၀ ထဲက တဝက်ခွဲ ၁၀၀၀ ကိုဆန်ပြုတ်ချက်ပြီး ဘုန်းကြီးလှူလိုက်တယ်။ ကြက်ရောင်းတဲ့ ပိုက်ဆံ၂သိန်းနဲ့ နွားပေါက်တကောင်ပြန်ဝယ်လိုက်တယ်။ကတိမပျက်ဘူး။

ငယ်ငယ်ကတော့ ကာတွန်းထဲ ဖတ်မိလို့ ရယ်စရာအဖြစ်သာ ပေါ့ပေါ့ပါးပါး မှတ်ယူထားမိလိုက်ပါတယ်။ စီးပွားရေးလုပ်လာတော့ ဒါက တကယ့်ကို မဟာဗျူဟာကျတဲ့ အခင်းအကျင်းကြီးတစ်ခုလို့ ကွက်ကွက်ကွင်းကွင်း မြင်လာမိပါပြီ။

လူတွေကို စျေးရောင်းတဲ့အခါ လူ့စိတ် လူ့မနောကို အခြေခံကျကျ သိထားမှ အရောင်းသွက်တာ။

အဘွားကြီးလုပ်ပုံကိုကြည့်
၁။ ကတိမပျက်ဘူး
၂။ အများစိတ်ဝင်စားတယ်
၃။ ဝယ်သူလည်း မနစ်နာ ဒီ၃ချက် ကိုက်ညီတယ်။

နွားတကောင် ၂သိန်းဆိုလည်း ပေါက်စျေးနဲ့ တန်တယ်ထင်ရင် ဝယ်မှာပါပဲ။ ဒါပေမယ့် ၁သိန်းပြန်လှူရမယ့်ကတိ မဖျက်ချင်။ ဒီတော့ ကြက်ကို ဂျမ်းတုံးခုလိုက်တာ။

ဆိုပါတော့ လမ်းဘေးမှာ ခေါက်ဆွဲကြော်တပွဲ ၁၅ဝဝဆို အတော်လက်ရာကောင်းကောင်းရယ်။အဲကွန်းခန်းတွေ သပ်သပ်ရပ်ရပ် စားပွဲထိုးတွေ အခန်းအပြင်အဆင် ကြီးကြီးကျယ်ကျယ်တွေ ၃၅ဝဝဖိုး ထပ်ပေါင်းပြီး ၅ဝဝဝကျပ်နဲ့ ရောင်းတော့လည်း လမ်းဘေးဆိုင်ထက်တောင် ပိုစည်သေး။

ခေါက်ဆွဲကြော် ၄၀၀၀ Service Chg ၁၀၀၀ ခွဲမရောင်းပါ ဆိုတဲ့သဘော။ ဒါပေမယ့် တန်ဖိုးသတ်မှတ်ချက်ပြောင်းပြန်ဆိုတာ မသိရှာကြ။ ကောင်းကောင်းစားရတာ တန်ပါတယ်လေ။

ဆိုပါတော့ ဖုန်းတစ်လုံး ၁သိန်းခွဲ
ဂိုထောင်ထဲက ရောင်းမကုန်တဲ့ Power Bank, Stand, ကာဗာ, မှန်မကွဲ, နားကြပ်, ဆောင်းဘောက် ၁၅ဝဝဝဖိုးလောက် ထပ်ပေါင်းထည့်။ ၁၆၅ဝဝဝနဲ့ရောင်း။ ဒါလည်း အဘွားကြီးနည်းပဲ။ထပ်ကွန့်လိုက်သေး။ ယခင်စျေး ၂သိန်း။ ယခု ..% အထူးပရိုမိုးရှင်း ဒစ်စကောင့် ၁၆၅၀၀၀။ ပိုကြိုက်ပေါ့။

ဆိုပါတော့ ပစ္စည်းလေး ၁ဝမျိုး ၁၅မျိုးလောက်ပဲရောင်းတဲ့ အွန်လိုင်းစတိုးက ၁သောင်းတန်ကို ၁၅ဝဝဝရောင်းတယ်။ ဘယ်ကမှာမှာ ပို့ခ Free ငွေကြိုလွှဲစရာမလို ဆိုတော့ကာ ပုံသေတွက်မရတဲ့ ပို့ခကို ပျမ်းမျှ ၅ဝဝဝတွက်ပြီး ပိုပေါင်းထားတာ။ ပို့ခအများဆုံးကျမယ့် ကော့သောင်းက မှာမယ်။ စာတိုက်စနစ်နဲ့ပို့ရင် ပို့ခ ၃၅၀၀။ မရွေးလို့ ပြန်လာရင် Return Fee ၂ထောင်ကျော်။ ၅ဝဝရှုံးသေးတာ။ ဒါပေမယ့် နီးနီးနားနား ပို့ရရင် ကိုက်တယ်။ ကော့သောင်းလည်း ရွေးယူရင် ကိုက်သေးတယ်။

အတော်များများက ပစ္စည်း ၁၀၀၀၀+ ပို့ခ ၅၀၀၀ (ခွဲမရောင်းပါ/ ဆိုင်လာဝယ်လို့မရပါ) ဆိုတဲ့ သဘောတရားကိုမမြင်။ ကိုယ့်အရပ်ဒေသမှာ လိုက်ရှာဝယ်လို့ ဆီကုန် တာယာပါး ဖိနပ်ပေါက်မယ်။ ရှာတွေ့ချင်မှတွေ့မယ်။ ဆိုတဲ့အတွေးနဲ့ တန်တယ်ပေါ့။

ခက်တာက ပစ္စည်းဖိုးသပ်သပ် ပို့ခသပ်သပ် ခွဲရောင်းတဲ့ဆိုင်ကျတော့ ပို့ခ ၃၅ဝဝဆိုရင် အင်သွား နင်သွားတယ်။ အဘွားကြီးနည်းက အိုင်တီခေတ်ထိ သက်ဝင်နေတုန်းပါပဲ။ (ကျနော်တို့ဆိုင်ကတော့ အဘွားကြီးနည်းကို လုပ်ငန်းထဲ ထည့်မသုံးမိလို့ ကော့သောင်း၊ ကလေး၊ စစ်တွေ၊ တာချီလိတ်တို့က ကာစတန်မာတွေ မဝယ်ကြတော့တာများပါတယ်။ သို့သော် အခြားနမယ်တခုနဲ့ အဘွားကြီးနည်းကို သုံးထားတော့ အဲ့ဘက်ပြန်ရောက်လာကြပါတယ်။ စကားချပ် )

ဆိုပါတော့သင်္ဘောကြီးတစ်စင်း ပင်လယ်ထဲမှာ ပျက်နေတာ ၃ရက်ကျော်ပြီ။ ပါလာတဲ့ အင်ဂျင်နီယာကြီးတွေ ဘယ်လိုပြင်ပြင် စက်မနိုး။ ငါးဖမ်းစက်လှေလေးတွေ့လို့ လှမ်းခေါ် အကူအညီတောင်းကြည့်တယ်။ ပေတိပေစုတ် အဖိုးကြီးတယောက် တက်လာပြီး အင်ဂျင်ကိုကြည့်တယ်။ ပြီးတော့ ဂွလေးနဲ့ ၂ချက် ၃ချက် ကျပ်လိုက်တယ်။ စက်နိုးသွားတယ်။

ကပ္ပတိန်က ပြင်ခ ဉာဏ်ပူဇော်ခ ဘယ်လောက်ပေးရမလဲ ဆိုတော့ 205$ တောင်းတယ်။ ဂွလေးကျပ်တာ အဲ့လောက်တန်လို့လား ဆိုတဲ့အထာနဲ့ ပြောတော့ ဂွကျပ်ခက 5$ ဘယ်နားကျပ်ရမယ်ဆိုတာ သိနိုင်တဲ့ပညာအတွက် 200$ တဲ့။

သိပ်ဘဝင်မကျချင်။ တကယ်ဆို မဆီမဆိုင် နော်ဇယ်တွေဖြုတ်ဆေး၊ ပလန်ချာလဲ၊ အင်ဂျင်ဝိုင်လဲ အားလုံးကျသင့်ငွေတွက်ပြီးမှ 203$ပဲယူ။ + Service Chg 2$ ဆိုရင် သိပ်သဘောကျသွားမှာ။ ဘယ်လိုပေးရပေးရ စက်ကောင်းသွားဖို့ အဓိကပဲ ဆိုပေမယ့် ဂွကျပ်တဲ့ ခေါင်းစဉ်နဲ့ 205$ ပေးရတော့ အထက်လူကြီးကို တင်ပြရင် ဘက်ဂျက်ချပေးပါ့မလား။

ဘာတဲ့ ကြောင်ဖြူတာ မည်းတာ အရေးမကြီးဘူး။ကြွက်ခုတ်တတ်ဖို့ပဲလိုတယ် တဲ့။ဒါပေမယ့်ဗျာခုခေတ်က ကြွက်ခုတ်စေချင်လို့ မွေးကြတာမဟုတ်တော့ဘူး။ အလှမွေးကြတာဆိုတော့ အစာခွက်ထဲ ကြွက်လာလုစားရင်တောင် မုဒိတာပွားနိုင်တဲ့ ယိုးဒယားကြောင် ဖက်တီးကြီးတွေ ၃သိန်းကျော် တန်နေလေရဲ့

ရောက်တတ်ရာရာ ကျပန်းအတွေးမျှသာ

Credit to original

Zawgyi

စီးပြားေရး သမားတိုင္း ဖတ္သင့္တယ္

ၾကက္နဲ႔ ႏြား

တခါက ႐ြာေလးတ႐ြာမွာ ကပ္ေစးနဲတဲ့ အဖိုးႀကီး အဖြားႀကီး ၂ေယာက္ ရွိၾကသတဲ့။သားသမီးလည္းမရွိပဲ၂ေယာက္တည္း ေနၾကရတယ္။တေန႔ေတာ့ အဖိုးႀကီးကအသည္းအသန္ျဖစ္ၿပီး ေသခါနီး ကေယာင္ကတမ္းနဲ႔ အဖြားႀကီးကို မွာသတဲ့။

” ငါ အရင္ကဘာကုသိုလ္ေကာင္းမႈမွလည္း မလုပ္ခဲ့ဘူး မိန္းမေရ။ ငါေသရင္ ဘဝကူးေကာင္းေအာင္ အိမ္ကႏြားေလးကို ေရာင္းၿပီး တဝက္ကို ငါ့အတြက္ ရည္စူးၿပီးလႉ။ တဝက္ကို နင္လုပ္ကိုင္စားေသာက္ဖို႔ယူ”တဲ့ ။ အဖြားႀကီးကလည္းမ်က္ရည္စက္လက္နဲ႔ ကတိေပးလိုက္မိတယ္။

အဖိုးႀကီးေသၿပီး၂ရက္ေလာက္ေနေတာ့ အဖြားႀကီး ကပ္ေစးနဲစိတ္ျပန္ဝင္လာတယ္။”ဒီႏြားေလးပဲငွားစားေနရတာ၊ေရာင္းၿပီး တဝက္လႉလိုက္ရင္ ငါ့ႏွယ္ဒုကၡ။” ဆိုၿပီး အႀကံထုတ္ေနရွာတယ္။ ကတိကိုလည္း မဖ်က္ခ်င္ဘူး။ ဒါနဲ႔ ေနာက္ေန႔ အိမ္ေရွ႕မွာ ၾကက္နဲ႔ ႏြား ပူးခ်ည္ထားၿပီး ဆိုင္းဘုတ္ေရးတယ္။

” ႏြားေရာင္းမည္။ ၂၀၀၀ က်ပ္
ၾကက္ေရာင္းမည္။ ၂သိန္းက်ပ္
မွတ္ခ်က္။ ။ ခြဲမေရာင္းပါ” တဲ့
(ေစ်းေျပာင္းျပန္ႀကီးမို႔)

လူေတြကလည္းအထူးအဆန္းဆိုၿပီး လာၾကည့္ၾကတယ္။ အဲ့ဒီထဲကႀကိဳက္တဲ့သူတေယာက္ ဝယ္သြားတယ္ေလ။ ရက္လည္က်ေတာ့ ႏြားေရာင္းလို႔ရေငြ ၂၀၀၀ ထဲက တဝက္ခြဲ ၁၀၀၀ ကိုဆန္ျပဳတ္ခ်က္ၿပီး ဘုန္းႀကီးလႉလိုက္တယ္။ ၾကက္ေရာင္းတဲ့ ပိုက္ဆံ၂သိန္းနဲ႔ ႏြားေပါက္တေကာင္ျပန္ဝယ္လိုက္တယ္။ကတိမပ်က္ဘူး။

ငယ္ငယ္ကေတာ့ ကာတြန္းထဲ ဖတ္မိလို႔ ရယ္စရာအျဖစ္သာ ေပါ့ေပါ့ပါးပါး မွတ္ယူထားမိလိုက္ပါတယ္။ စီးပြားေရးလုပ္လာေတာ့ ဒါက တကယ့္ကို မဟာဗ်ဴဟာက်တဲ့ အခင္းအက်င္းႀကီးတစ္ခုလို႔ ကြက္ကြက္ကြင္းကြင္း ျမင္လာမိပါၿပီ။

လူေတြကို ေစ်းေရာင္းတဲ့အခါ လူ႔စိတ္ လူ႔မေနာကို အေျခခံက်က် သိထားမွ အေရာင္းသြက္တာ။

အဘြားႀကီးလုပ္ပုံကိုၾကည့္
၁။ ကတိမပ်က္ဘူး
၂။ အမ်ားစိတ္ဝင္စားတယ္
၃။ ဝယ္သူလည္း မနစ္နာ ဒီ၃ခ်က္ ကိုက္ညီတယ္။

ႏြားတေကာင္ ၂သိန္းဆိုလည္း ေပါက္ေစ်းနဲ႔ တန္တယ္ထင္ရင္ ဝယ္မွာပါပဲ။ ဒါေပမယ့္ ၁သိန္းျပန္လႉရမယ့္ကတိ မဖ်က္ခ်င္။ ဒီေတာ့ ၾကက္ကို ဂ်မ္းတုံးခုလိုက္တာ။

ဆိုပါေတာ့ လမ္းေဘးမွာ ေခါက္ဆြဲေၾကာ္တပြဲ ၁၅ဝဝဆို အေတာ္လက္ရာေကာင္းေကာင္းရယ္။အဲကြန္းခန္းေတြ သပ္သပ္ရပ္ရပ္ စားပြဲထိုးေတြ အခန္းအျပင္အဆင္ ႀကီးႀကီးက်ယ္က်ယ္ေတြ ၃၅ဝဝဖိုး ထပ္ေပါင္းၿပီး ၅ဝဝဝက်ပ္နဲ႔ ေရာင္းေတာ့လည္း လမ္းေဘးဆိုင္ထက္ေတာင္ ပိုစည္ေသး။

ေခါက္ဆြဲေၾကာ္ ၄၀၀၀ Service Chg ၁၀၀၀ ခြဲမေရာင္းပါ ဆိုတဲ့သေဘာ။ ဒါေပမယ့္ တန္ဖိုးသတ္မွတ္ခ်က္ေျပာင္းျပန္ဆိုတာ မသိရွာၾက။ ေကာင္းေကာင္းစားရတာ တန္ပါတယ္ေလ။

ဆိုပါေတာ့ ဖုန္းတစ္လုံး ၁သိန္းခြဲ
ဂိုေထာင္ထဲက ေရာင္းမကုန္တဲ့ Power Bank, Stand, ကာဗာ, မွန္မကြဲ, နားၾကပ္, ေဆာင္းေဘာက္ ၁၅ဝဝဝဖိုးေလာက္ ထပ္ေပါင္းထည့္။ ၁၆၅ဝဝဝနဲ႔ေရာင္း။ ဒါလည္း အဘြားႀကီးနည္းပဲ။ထပ္ကြန႔္လိုက္ေသး။ ယခင္ေစ်း ၂သိန္း။ ယခု ..% အထူးပ႐ိုမိုးရွင္း ဒစ္စေကာင့္ ၁၆၅၀၀၀။ ပိုႀကိဳက္ေပါ့။

ဆိုပါေတာ့ ပစၥည္းေလး ၁ဝမ်ိဳး ၁၅မ်ိဳးေလာက္ပဲေရာင္းတဲ့ အြန္လိုင္းစတိုးက ၁ေသာင္းတန္ကို ၁၅ဝဝဝေရာင္းတယ္။ ဘယ္ကမွာမွာ ပို႔ခ Free ေငြႀကိဳလႊဲစရာမလို ဆိုေတာ့ကာ ပုံေသတြက္မရတဲ့ ပို႔ခကို ပ်မ္းမွ် ၅ဝဝဝတြက္ၿပီး ပိုေပါင္းထားတာ။ ပို႔ခအမ်ားဆုံးက်မယ့္ ေကာ့ေသာင္းက မွာမယ္။ စာတိုက္စနစ္နဲ႔ပို႔ရင္ ပို႔ခ ၃၅၀၀။ မေ႐ြးလို႔ ျပန္လာရင္ Return Fee ၂ေထာင္ေက်ာ္။ ၅ဝဝရႈံးေသးတာ။ ဒါေပမယ့္ နီးနီးနားနား ပို႔ရရင္ ကိုက္တယ္။ ေကာ့ေသာင္းလည္း ေ႐ြးယူရင္ ကိုက္ေသးတယ္။

အေတာ္မ်ားမ်ားက ပစၥည္း ၁၀၀၀၀+ ပို႔ခ ၅၀၀၀ (ခြဲမေရာင္းပါ/ ဆိုင္လာဝယ္လို႔မရပါ) ဆိုတဲ့ သေဘာတရားကိုမျမင္။ ကိုယ့္အရပ္ေဒသမွာ လိုက္ရွာဝယ္လို႔ ဆီကုန္ တာယာပါး ဖိနပ္ေပါက္မယ္။ ရွာေတြ႕ခ်င္မွေတြ႕မယ္။ ဆိုတဲ့အေတြးနဲ႔ တန္တယ္ေပါ့။

ခက္တာက ပစၥည္းဖိုးသပ္သပ္ ပို႔ခသပ္သပ္ ခြဲေရာင္းတဲ့ဆိုင္က်ေတာ့ ပို႔ခ ၃၅ဝဝဆိုရင္ အင္သြား နင္သြားတယ္။ အဘြားႀကီးနည္းက အိုင္တီေခတ္ထိ သက္ဝင္ေနတုန္းပါပဲ။ (က်ေနာ္တို႔ဆိုင္ကေတာ့ အဘြားႀကီးနည္းကို လုပ္ငန္းထဲ ထည့္မသုံးမိလို႔ ေကာ့ေသာင္း၊ ကေလး၊ စစ္ေတြ၊ တာခ်ီလိတ္တို႔က ကာစတန္မာေတြ မဝယ္ၾကေတာ့တာမ်ားပါတယ္။ သို႔ေသာ္ အျခားနမယ္တခုနဲ႔ အဘြားႀကီးနည္းကို သုံးထားေတာ့ အဲ့ဘက္ျပန္ေရာက္လာၾကပါတယ္။ စကားခ်ပ္ )

ဆိုပါေတာ့သေဘၤာႀကီးတစ္စင္း ပင္လယ္ထဲမွာ ပ်က္ေနတာ ၃ရက္ေက်ာ္ၿပီ။ ပါလာတဲ့ အင္ဂ်င္နီယာႀကီးေတြ ဘယ္လိုျပင္ျပင္ စက္မႏိုး။ ငါးဖမ္းစက္ေလွေလးေတြ႕လို႔ လွမ္းေခၚ အကူအညီေတာင္းၾကည့္တယ္။ ေပတိေပစုတ္ အဖိုးႀကီးတေယာက္ တက္လာၿပီး အင္ဂ်င္ကိုၾကည့္တယ္။ ၿပီးေတာ့ ဂြေလးနဲ႔ ၂ခ်က္ ၃ခ်က္ က်ပ္လိုက္တယ္။ စက္ႏိုးသြားတယ္။

ကပၸတိန္က ျပင္ခ ဉာဏ္ပူေဇာ္ခ ဘယ္ေလာက္ေပးရမလဲ ဆိုေတာ့ 205$ ေတာင္းတယ္။ ဂြေလးက်ပ္တာ အဲ့ေလာက္တန္လို႔လား ဆိုတဲ့အထာနဲ႔ ေျပာေတာ့ ဂြက်ပ္ခက 5$ ဘယ္နားက်ပ္ရမယ္ဆိုတာ သိႏိုင္တဲ့ပညာအတြက္ 200$ တဲ့။

သိပ္ဘဝင္မက်ခ်င္။ တကယ္ဆို မဆီမဆိုင္ ေနာ္ဇယ္ေတြျဖဳတ္ေဆး၊ ပလန္ခ်ာလဲ၊ အင္ဂ်င္ဝိုင္လဲ အားလုံးက်သင့္ေငြတြက္ၿပီးမွ 203$ပဲယူ။ + Service Chg 2$ ဆိုရင္ သိပ္သေဘာက်သြားမွာ။ ဘယ္လိုေပးရေပးရ စက္ေကာင္းသြားဖို႔ အဓိကပဲ ဆိုေပမယ့္ ဂြက်ပ္တဲ့ ေခါင္းစဥ္နဲ႔ 205$ ေပးရေတာ့ အထက္လူႀကီးကို တင္ျပရင္ ဘက္ဂ်က္ခ်ေပးပါ့မလား။

ဘာတဲ့ ေၾကာင္ျဖဴတာ မည္းတာ အေရးမႀကီးဘူး။ႂကြက္ခုတ္တတ္ဖို႔ပဲလိုတယ္ တဲ့။ဒါေပမယ့္ဗ်ာခုေခတ္က ႂကြက္ခုတ္ေစခ်င္လို႔ ေမြးၾကတာမဟုတ္ေတာ့ဘူး။ အလွေမြးၾကတာဆိုေတာ့ အစာခြက္ထဲ ႂကြက္လာလုစားရင္ေတာင္ မုဒိတာပြားႏိုင္တဲ့ ယိုးဒယားေၾကာင္ ဖက္တီးႀကီးေတြ ၃သိန္းေက်ာ္ တန္ေနေလရဲ႕

ေရာက္တတ္ရာရာ က်ပန္းအေတြးမွ်သာ

Credit to original

Leave a Reply

Your email address will not be published. Required fields are marked *