တနင်္လာ သားသမီးများ၏ ထူးခြားသော အားသာချက်များ….
တနင်္လာသားသမီးများဟာ အများအားဖြင့် အသားမဖြူလွန်း မညိုလွန်း အသားခပ်လတ်လတ်နှင့် အရေပြားပါးလွှာကာ အသားအရေနု၍ လှနေတက်ခြင်း၊အရပ်မနိမ့်မမြင့်ရှိသူတို့မှာ လှပသော ကိုယ်ခန္ဓာအချိုးအဆစ်တို့ကို ပိုင်ဆိုင်ထားခြင်းနှင့် သေးသွယ်သော မျက်ခုံးလှပသောနှုတ်ခမ်းနှင့် ကြည့်ရင်းကြည့်ရင်ပို၍ လှနေတက်သော အလှပိုင်ရှင်များဖြစ်ပါတယ်
ထူးခြားတဲ့ အားသာချက်ကတော့ အပြစ်ကင်းစင်လွန်းတဲ့ အပြုံးကြောင့် လူအများရဲ့ ချစ်ခင်မှုကို ရရှိနေတက်ပါတယ် အများအားဖြင့် သွက်သွက်လက်လက်နှင့် စကားပြောကောင်းသူများဖြစ်ပြီး အရာရာကို အနာဂါတ်အတွတ် ကြိုတင်မျော်တွေးကာ တစိုက်မတ်မတ် လုပ်ကိုင်နေတက်ပြီး ဇွဲကောင်းတယ်။
ထိုးထွင်းကြံဆနိုင်မှု ကောင်း၍ ထက်မြတ်သော သူများဖြစ်ပါတယ် လူအများအပေါ်တွင်ယုံကြည်မှုအပြည့်အဝ ပေးတက်သူဖြစ်ပြီး မိမိယုံကြည်မှု မရှိတော့ပါကလည်း ဘယ်တော့အခါမှ ပြန်လှည့်မကြည့်တတ်တော့တဲ့ လူများဖြစ်တယ်။
အပေါင်းအသင်း အရမ်းမက်ပြီး ကိုယ်ကသာ အရာရာအနစ်နာခံ၍ ပေးဆပ်တက်သော စေတနာပိုင်ရှင်များဖြစ်ပါတယ်။ပျော်ပျော်နေတက်ပြီး အပျော်အပါးကိုစိတ်ဝင်စားသူများလည်း ဖြစ်ကြပါတယ်။
မဟုတ်မခံ အမှန်တရားအတွက် ဘာမဆိုလုပ်ရဲတဲ့သူ မိမိမှားတဲ့အခါ ရဲ့ရဲ့ဝံ့ဝံ့ဝန်ခံတက်သူ အားနွဲ့သူအားငယ်သူများအား ကူညီလိုသူ တခါတရံ စိတ်အလိုမကျက ဘုကလန့်ပြောဆိုလုပ်ကိုင်တက်သူတို့ ဖြစ်ပါတယ်
စိတ်ဆိုးစိတ်တို ဒေါသထွက်လွယ်ပြီ; တခဏအတွင်း စိတ်ပြေခွင့်လွတ် နားလည်ပေးတက်သူမျိူးလည်း ဖြစ်ပါတယ်။ဒါပေမယ့် ခွင့်လွတ်တက်သော်လည်းအမှတ်ကြီးသူမျိုး ဖြစ်ပါတယ်။
သို့သော် အားနာတက်တဲ့ အားနည်းချက်က မိမိကိုမကြာခဏ စိတ်ညစ်နေရတက်ပါတယ် အချစ်ရေးမှာတော့ အရမ်းကို အစွဲအလမ်းကြီးတယ်လို့ ဆိုရပါမယ်အချစ်ရေးကံ ကောင်းနေရင်တောင် အမြဲခံစားချက်တွေတော့ ရှိနေတက်သူပါ
အရာရာမှာ သတ္တိရှိသလောက် အချစ်ရေးမှာတော့ မသိစိတ်က သိမ်ငယ်နေရတက်ပါတယ် တကယ်ချစ်မိပြီဆိုရင် ချစ်သူအတွက်ကို ဘယ်အရာနဲ့မဆို လဲနိုင်သူ၊ဖွင့်ဟပြောပြဖို့ထက် မျိုသိပ်ပြီးချစ်နေတက်သူ သဝန်တိုပါတယ်လို့ ပြောရမှာရှက်ပြီး လူမသိသူမသိအရမ်းသဝန်တိုနေတက်သူ
သူများတွေနဲ့ တခါမှစိတ်မကောင်ရင်တောင် ချစ်တဲ့သူအပေါ်မှာတော့ မကြာခဏ စိတ်ကောက်နေတက်မျိူးဖြစ်ပါတယ် တနင်္လာသားသမီးတွေရဲ့ အချစ်ခံစားချက်နှင့်မျက်ရည်တွေကို ဗေဒင်ဆရာတွေထက် သူတို့အုံးနေကျ ခေါင်းအုံးတွေက ပိုပြီးသိနေပါလိမ့်မယ်
တနင်္လာသားသမီးများအားလုံး ဘဝတစ်လျှောက်လုံး အေးချမ်းပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ကြပါစေcreditဆရာဦးဘိုနိုင် (ဗေဒင်)
Zawgyi
တနလၤာ သားသမီးမ်ား၏ ထူးျခားေသာ အားသာခ်က္မ်ား….
တနလၤာသားသမီးမ်ားဟာ အမ်ားအားျဖင့္ အသားမျဖဴလြန္း မညိဳလြန္း အသားခပ္လတ္လတ္ႏွင့္ အေရျပားပါးလႊာကာ အသားအေရႏု၍ လွေနတက္ျခင္း၊အရပ္မနိမ့္မျမင့္ရွိသူတို႔မွာ လွပေသာ ကိုယ္ခႏၶာအခ်ိဳးအဆစ္တို႔ကို ပိုင္ဆိုင္ထားျခင္းႏွင့္ ေသးသြယ္ေသာ မ်က္ခုံးလွပေသာႏႈတ္ခမ္းႏွင့္ ၾကည့္ရင္းၾကည့္ရင္ပို၍ လွေနတက္ေသာ အလွပိုင္ရွင္မ်ားျဖစ္ပါတယ္
ထူးျခားတဲ့ အားသာခ်က္ကေတာ့ အျပစ္ကင္းစင္လြန္းတဲ့ အၿပဳံးေၾကာင့္ လူအမ်ားရဲ႕ ခ်စ္ခင္မႈကို ရရွိေနတက္ပါတယ္ အမ်ားအားျဖင့္ သြက္သြက္လက္လက္ႏွင့္ စကားေျပာေကာင္းသူမ်ားျဖစ္ၿပီး အရာရာကို အနာဂါတ္အတြတ္ ႀကိဳတင္ေမ်ာ္ေတြးကာ တစိုက္မတ္မတ္ လုပ္ကိုင္ေနတက္ၿပီး ဇြဲေကာင္းတယ္။
ထိုးထြင္းႀကံဆႏိုင္မႈ ေကာင္း၍ ထက္ျမတ္ေသာ သူမ်ားျဖစ္ပါတယ္ လူအမ်ားအေပၚတြင္ယုံၾကည္မႈအျပည့္အဝ ေပးတက္သူျဖစ္ၿပီး မိမိယုံၾကည္မႈ မရွိေတာ့ပါကလည္း ဘယ္ေတာ့အခါမွ ျပန္လွည့္မၾကည့္တတ္ေတာ့တဲ့ လူမ်ားျဖစ္တယ္။
အေပါင္းအသင္း အရမ္းမက္ၿပီး ကိုယ္ကသာ အရာရာအနစ္နာခံ၍ ေပးဆပ္တက္ေသာ ေစတနာပိုင္ရွင္မ်ားျဖစ္ပါတယ္။ေပ်ာ္ေပ်ာ္ေနတက္ၿပီး အေပ်ာ္အပါးကိုစိတ္ဝင္စားသူမ်ားလည္း ျဖစ္ၾကပါတယ္။
မဟုတ္မခံ အမွန္တရားအတြက္ ဘာမဆိုလုပ္ရဲတဲ့သူ မိမိမွားတဲ့အခါ ရဲ႕ရဲ႕ဝံ့ဝံ့ဝန္ခံတက္သူ အားႏြဲ႕သူအားငယ္သူမ်ားအား ကူညီလိုသူ တခါတရံ စိတ္အလိုမက်က ဘုကလန္႔ေျပာဆိုလုပ္ကိုင္တက္သူတို႔ ျဖစ္ပါတယ္
စိတ္ဆိုးစိတ္တို ေဒါသထြက္လြယ္ၿပီ; တခဏအတြင္း စိတ္ေျပခြင့္လြတ္ နားလည္ေပးတက္သူမ်ိဴးလည္း ျဖစ္ပါတယ္။ဒါေပမယ့္ ခြင့္လြတ္တက္ေသာ္လည္းအမွတ္ႀကီးသူမ်ိဳး ျဖစ္ပါတယ္။
သို႔ေသာ္ အားနာတက္တဲ့ အားနည္းခ်က္က မိမိကိုမၾကာခဏ စိတ္ညစ္ေနရတက္ပါတယ္ အခ်စ္ေရးမွာေတာ့ အရမ္းကို အစြဲအလမ္းႀကီးတယ္လို႔ ဆိုရပါမယ္အခ်စ္ေရးကံ ေကာင္းေနရင္ေတာင္ အၿမဲခံစားခ်က္ေတြေတာ့ ရွိေနတက္သူပါ
အရာရာမွာ သတၱိရွိသေလာက္ အခ်စ္ေရးမွာေတာ့ မသိစိတ္က သိမ္ငယ္ေနရတက္ပါတယ္ တကယ္ခ်စ္မိၿပီဆိုရင္ ခ်စ္သူအတြက္ကို ဘယ္အရာနဲ႔မဆို လဲႏိုင္သူ၊ဖြင့္ဟေျပာျပဖို႔ထက္ မ်ိဳသိပ္ၿပီးခ်စ္ေနတက္သူ သဝန္တိုပါတယ္လို႔ ေျပာရမွာရွက္ၿပီး လူမသိသူမသိအရမ္းသဝန္တိုေနတက္သူ
သူမ်ားေတြနဲ႔ တခါမွစိတ္မေကာင္ရင္ေတာင္ ခ်စ္တဲ့သူအေပၚမွာေတာ့ မၾကာခဏ စိတ္ေကာက္ေနတက္မ်ိဴးျဖစ္ပါတယ္ တနလၤာသားသမီးေတြရဲ႕ အခ်စ္ခံစားခ်က္ႏွင့္မ်က္ရည္ေတြကို ေဗဒင္ဆရာေတြထက္ သူတို႔အုံးေနက် ေခါင္းအုံးေတြက ပိုၿပီးသိေနပါလိမ့္မယ္
တနလၤာသားသမီးမ်ားအားလုံး ဘဝတစ္ေလွ်ာက္လုံး ေအးခ်မ္းေပ်ာ္႐ႊင္စြာ အသက္ရွင္ေနထိုင္ႏိုင္ၾကပါေစcreditဆရာဦးဘိုႏိုင္ (ေဗဒင္)