ကိုယ့်မယား သူများမပေးနှင့် ဆိုတာ
ဒီစကားလေးက ထူးဆန်းသလိုရှိပြီး ရိုင်းသလို လည်းဖြစ်နေမှာပါ။ အမှန်ကတော့ ကုသိုလ်ရေး တွေမှာ မင်းလုပ် လိုက်ပါကွာဆိုတဲ့ အမျိုးသား တွေကို သတိပေးတဲ့ စကားလေးပါ။
အချို့သော အမျိုးသားတွေက အိမ်ကို ဆွမ်းခံကြွ လာရင် မိန်းမရေ ဒီမှာဆွမ်း ခံကြွလာပြီဆိုပြီး စာဖတ် မပျက်၊ တီဗွီ ကြည့်မပျက်ကြပါဘူး။
ဥပုသ်ရက်တွေမှာ ဇနီးသည်က ဆရာတော် ကျောင်း သွားပေမယ့် သူတို့က အလုပ်တွေကို အကြောင်းပြပြီး မသွားတာမိတ်ဆွေ တွေစုပြီး ဝိုင်းဖွဲ့နေတတ် တာက များပါတယ်၊ တရားပွဲတို့၊ တရားစခန်းတို့ ကိုကြည့်ရင် လူတစ်ထောင်မှာ အမျိုးသားက တစ်ရာပြည့်ဖို့ မလွယ်ပါဘူး။
တူညီသောသဒ္ဓါတရား၊ တူညီသော သီလ၊ တူညီသောစာဂ၊ တူညီသော ပညာ စတာတွေနဲ့ ပြည့်စုံမှသာ သံသရာမှာ မခွဲမခွာနေကြရမှာလို့ ဘုရားရှင်က သုသုမာရဂီရမြို့မှာနေတဲ့ နကုလမာတာနဲ့ နကုလပီတာ အဖိုးအဖွား ဇနီး မောင်နှံကို အကြောင်းပြုပြီး ဟောကြား ခဲ့ပါတယ်။
ကုသိုလ်ဖြစ်ဖြစ်၊ အကုသိုလ်ဖြစ်ဖြစ် ပြုလုပ်သူကသာ ခံရစံရတာပါ။ ကုသိုလ်ရေးတွေ မှာ အတူမလုပ်ပဲ၊ အတူကျေနပ် ဝမ်းမြောက်မှု မရှိပဲ မင်းလုပ်လိုက်ပါကွာ ဆိုရင်တော့ မိမိခံစား ရမှာ မဟုတ်တော့ဘူးလေ။
အဲဒီလိုနဲ့ မိန်းမဖြစ်သူက နတ်ပြည်ရောက်ပြီး နတ်သားကတော် သွားဖြစ်တော့ ကိုယ့်မယားက သူများမယား ဖြစ်သွားပြီပေါ့။
ဒါကြောင့် အိမ်ဦးနတ်တို့ရေ ဘာလုပ်လုပ် အတူတူ လုပ်ကြပါလို့ သတိပေး လိုက်ပါရစေ။ ကိုယ်ကျန်နေခဲ့ရင် တော့ ကိုယ့်မယား သူများပေးလိုက်ရလိမ့်မယ်နော်…။
လေးစားစွာဖြင့် Credit – Thet Khaing Win
Zawgyi
ကိုယ့္မယား သူမ်ားမေပးႏွင့္ ဆိုတာ
ဒီစကားေလးက ထူးဆန္းသလိုရွိၿပီး ႐ိုင္းသလို လည္းျဖစ္ေနမွာပါ။ အမွန္ကေတာ့ ကုသိုလ္ေရး ေတြမွာ မင္းလုပ္ လိုက္ပါကြာဆိုတဲ့ အမ်ိဳးသား ေတြကို သတိေပးတဲ့ စကားေလးပါ။
အခ်ိဳ႕ေသာ အမ်ိဳးသားေတြက အိမ္ကို ဆြမ္းခံႂကြ လာရင္ မိန္းမေရ ဒီမွာဆြမ္း ခံႂကြလာၿပီဆိုၿပီး စာဖတ္ မပ်က္၊ တီဗြီ ၾကည့္မပ်က္ၾကပါဘူး။
ဥပုသ္ရက္ေတြမွာ ဇနီးသည္က ဆရာေတာ္ ေက်ာင္း သြားေပမယ့္ သူတို႔က အလုပ္ေတြကို အေၾကာင္းျပၿပီး မသြားတာမိတ္ေဆြ ေတြစုၿပီး ဝိုင္းဖြဲ႕ေနတတ္ တာက မ်ားပါတယ္၊ တရားပြဲတို႔၊ တရားစခန္းတို႔ ကိုၾကည့္ရင္ လူတစ္ေထာင္မွာ အမ်ိဳးသားက တစ္ရာျပည့္ဖို႔ မလြယ္ပါဘူး။
တူညီေသာသဒၶါတရား၊ တူညီေသာ သီလ၊ တူညီေသာစာဂ၊ တူညီေသာ ပညာ စတာေတြနဲ႔ ျပည့္စုံမွသာ သံသရာမွာ မခြဲမခြာေနၾကရမွာလို႔ ဘုရားရွင္က သုသုမာရဂီရၿမိဳ႕မွာေနတဲ့ နကုလမာတာနဲ႔ နကုလပီတာ အဖိုးအဖြား ဇနီး ေမာင္ႏွံကို အေၾကာင္းျပဳၿပီး ေဟာၾကား ခဲ့ပါတယ္။
ကုသိုလ္ျဖစ္ျဖစ္၊ အကုသိုလ္ျဖစ္ျဖစ္ ျပဳလုပ္သူကသာ ခံရစံရတာပါ။ ကုသိုလ္ေရးေတြ မွာ အတူမလုပ္ပဲ၊ အတူေက်နပ္ ဝမ္းေျမာက္မႈ မရွိပဲ မင္းလုပ္လိုက္ပါကြာ ဆိုရင္ေတာ့ မိမိခံစား ရမွာ မဟုတ္ေတာ့ဘူးေလ။
အဲဒီလိုနဲ႔ မိန္းမျဖစ္သူက နတ္ျပည္ေရာက္ၿပီး နတ္သားကေတာ္ သြားျဖစ္ေတာ့ ကိုယ့္မယားက သူမ်ားမယား ျဖစ္သြားၿပီေပါ့။
ဒါေၾကာင့္ အိမ္ဦးနတ္တို႔ေရ ဘာလုပ္လုပ္ အတူတူ လုပ္ၾကပါလို႔ သတိေပး လိုက္ပါရေစ။ ကိုယ္က်န္ေနခဲ့ရင္ ေတာ့ ကိုယ့္မယား သူမ်ားေပးလိုက္ရလိမ့္မယ္ေနာ္…။
ေလးစားစြာျဖင့္ Credit – Thet Khaing Win