“ခေတ်ဆိုး ခေတ်ပျက် ရောက်နေပြီနော် “

အေထြအေထြဗဟုသုတ

ရောက်နေပြီနော်

“ခေတ်ဆိုး ခေတ်ပျက်

ဘုရားရှေ့မှောက်၊ အရက်သောက်

ကြောက်စရာကောင်းတဲ့ခေတ်။

ဘုန်းကြီးကိုလည်း၊ ဆဲလို့ဆဲ

ငရဲကျမယ့်ခေတ်။

မိဘကိုလည်း၊ ဆဲလို့ဆဲ

ငရဲကျမယ့်ခေတ်။

ဆရာ မိဘ၊ မရိုသကွေ

အပါယ်ကျမယ့်ခေတ်။

ဆံပင်ဆေးဆိုး၊ အမျိုးမျိုး

ကိုးရို့ကားယားခေတ်။

ရှေ့ကွဲ နောက်ကွဲ၊ အလယ်ကွဲ

တကယ်ရဲတဲ့ခေတ်။

မိဘ မောင်ဘွား၊ လေးမထား

မလေးစားတဲ့ခေတ်။

နွားသတ် ဝက်သတ်၊ ကြက်တွေသတ်

ရက်စက်ရဲတဲ့ခေတ်။

လာဘ်စား ဖြတ်စား၊ တွေ့ရာစား

တရားကင်းတဲ့ခေတ်။

လင်ကြီးရှိလျက်၊ လင်ငယ်မက်

အရှက်မဲ့တဲ့ခေတ်။

မယားကြီးရှိလျက်၊ မယားငယ်မက်

အရှက်မဲ့တဲ့ခေတ်။

သူတော်တရား၊ မလေးစား

တရားကင်းတဲ့ခေတ်။

တရားထိုင်ရင်း၊ အချင်းချင်း

အတင်းပြောတဲ့ခေတ်။

ပါးစပ်ဘုရား၊ လက်ကားယား

အမှားကျင့်တဲ့ခေတ်။

ဘုရားတွေခိုး၊ ငရဲအိုး

ဇောက်ထိုးကျမယ့်ခတ်။

သေလျှင်တောက်လျောက်၊ ငရဲရောက်

ဌာပနာဖောက်တဲ့ခေတ်။

#ကထိက မေတ္တာစံ (နတ်မောက်)

တစ်ဦးမေတ္တာ၊ ပြည့်စုံရာ

မနာလိုတဲ့ခေတ်။

လူကြီး ပျိုစဉ်၊ တွဲလျက်ယှဉ်

ပွဲသဘင်သွားတဲ့ခေတ်။

ပေါင်းဖက်သားချင်း၊ မေတ္တာကင်း

အတင်းပြောတဲ့ခေတ်။

လူငယ် လူကြီး၊ ပြောဆိုနည်း

လူကြီးရှုံးတဲ့ခေတ်။

အရွယ် မရောက်၊ အပျိုပေါက်

လင်နောက်လိုက်တဲ့ခေတ်။

ရွှေ ငွေဝတ်ဆင်၊ လူချစ်ခင်

ဂုဏ်အင်ကြီးတဲ့ခေတ်။

ကျောင်းသား ဆရာမ၊ စာသင်ပြ

ခိုးရာလိုက်တဲ့ခေတ်။

ကိုယ်ကပ် လည်ဟိုက်၊ ဝတ်ဆင်ခိုက်

စိတ်မိုက်ဝင်တဲ့ခေတ်။

ဆုံးမအသံ၊ မနာခံ

ပြန်လှန်ပြောတဲ့ခေတ်။

မိန်းမ ယောင်္ကျား၊ သွင်မခြား

ခွဲခြား မရတဲ့ခေတ်။

မာနရှင်များ၊ မာနထား

တိုးပွားနေတဲ့ခေတ်။

ဥပုသ်သည်များ၊ ကျောင်းကိုသွား

ပါဝါကြွားတဲ့ခေတ်။

ဘုန်းကြီးများထံ၊ သီလခံ

ဆူညံနေတဲ့ခေတ်။

တရားသဘော၊ ဘယ်လိုဟော

အတင်းပြောတဲ့ခေတ်။

စာပေဖတ်လည်း၊ ခဏပဲ

ခေါင်းထဲမထားတဲ့ခေတ်။

#စာဆိုရှင် မသိပါ

ရုပ်ပိုင်းဆိုင်ရာ တိုးတက်ငြားသော်လည်း စိတ်ပိုင်းဆိုင်ရာ ပျက်ယွင်းလာသည့် ခေတ်အခါကာလမှာ စာပေဗဟုသုတရှာမှီးလျက် ပညာရှိတို့၏ အဆုံးအမကို လိုက်နာကာ မိမိကိုယ်ကိုယ် ကောင်းစွာ မွေးမြူနိုင်ကြပါစေသား။

#Credit မူရင်းရေးသားသူ

#Copy by Kyaw Aye:

Zawgyi

ေရာက္ေနၿပီေနာ္

“ေခတ္ဆိုး ေခတ္ပ်က္

ဘုရားေရွ႕ေမွာက္၊ အရက္ေသာက္

ေၾကာက္စရာေကာင္းတဲ့ေခတ္။

ဘုန္းႀကီးကိုလည္း၊ ဆဲလို႔ဆဲ

ငရဲက်မယ့္ေခတ္။

မိဘကိုလည္း၊ ဆဲလို႔ဆဲ

ငရဲက်မယ့္ေခတ္။

ဆရာ မိဘ၊ မ႐ိုသေကြ

အပါယ္က်မယ့္ေခတ္။

ဆံပင္ေဆးဆိုး၊ အမ်ိဳးမ်ိဳး

ကိုး႐ို႕ကားယားေခတ္။

ေရွ႕ကြဲ ေနာက္ကြဲ၊ အလယ္ကြဲ

တကယ္ရဲတဲ့ေခတ္။

မိဘ ေမာင္ဘြား၊ ေလးမထား

မေလးစားတဲ့ေခတ္။

ႏြားသတ္ ဝက္သတ္၊ ၾကက္ေတြသတ္

ရက္စက္ရဲတဲ့ေခတ္။

လာဘ္စား ျဖတ္စား၊ ေတြ႕ရာစား

တရားကင္းတဲ့ေခတ္။

လင္ႀကီးရွိလ်က္၊ လင္ငယ္မက္

အရွက္မဲ့တဲ့ေခတ္။

မယားႀကီးရွိလ်က္၊ မယားငယ္မက္

အရွက္မဲ့တဲ့ေခတ္။

သူေတာ္တရား၊ မေလးစား

တရားကင္းတဲ့ေခတ္။

တရားထိုင္ရင္း၊ အခ်င္းခ်င္း

အတင္းေျပာတဲ့ေခတ္။

ပါးစပ္ဘုရား၊ လက္ကားယား

အမွားက်င့္တဲ့ေခတ္။

ဘုရားေတြခိုး၊ ငရဲအိုး

ေဇာက္ထိုးက်မယ့္ခတ္။

ေသလွ်င္ေတာက္ေလ်ာက္၊ ငရဲေရာက္

ဌာပနာေဖာက္တဲ့ေခတ္။

#ကထိက ေမတၱာစံ (နတ္ေမာက္)

တစ္ဦးေမတၱာ၊ ျပည့္စုံရာ

မနာလိုတဲ့ေခတ္။

လူႀကီး ပ်ိဳစဥ္၊ တြဲလ်က္ယွဥ္

ပြဲသဘင္သြားတဲ့ေခတ္။

ေပါင္းဖက္သားခ်င္း၊ ေမတၱာကင္း

အတင္းေျပာတဲ့ေခတ္။

လူငယ္ လူႀကီး၊ ေျပာဆိုနည္း

လူႀကီးရႈံးတဲ့ေခတ္။

အ႐ြယ္ မေရာက္၊ အပ်ိဳေပါက္

လင္ေနာက္လိုက္တဲ့ေခတ္။

ေ႐ႊ ေငြဝတ္ဆင္၊ လူခ်စ္ခင္

ဂုဏ္အင္ႀကီးတဲ့ေခတ္။

ေက်ာင္းသား ဆရာမ၊ စာသင္ျပ

ခိုးရာလိုက္တဲ့ေခတ္။

ကိုယ္ကပ္ လည္ဟိုက္၊ ဝတ္ဆင္ခိုက္

စိတ္မိုက္ဝင္တဲ့ေခတ္။

ဆုံးမအသံ၊ မနာခံ

ျပန္လွန္ေျပာတဲ့ေခတ္။

မိန္းမ ေယာက်ၤား၊ သြင္မျခား

ခြဲျခား မရတဲ့ေခတ္။

မာနရွင္မ်ား၊ မာနထား

တိုးပြားေနတဲ့ေခတ္။

ဥပုသ္သည္မ်ား၊ ေက်ာင္းကိုသြား

ပါဝါႂကြားတဲ့ေခတ္။

ဘုန္းႀကီးမ်ားထံ၊ သီလခံ

ဆူညံေနတဲ့ေခတ္။

တရားသေဘာ၊ ဘယ္လိုေဟာ

အတင္းေျပာတဲ့ေခတ္။

စာေပဖတ္လည္း၊ ခဏပဲ

ေခါင္းထဲမထားတဲ့ေခတ္။

#စာဆိုရွင္ မသိပါ

႐ုပ္ပိုင္းဆိုင္ရာ တိုးတက္ျငားေသာ္လည္း စိတ္ပိုင္းဆိုင္ရာ ပ်က္ယြင္းလာသည့္ ေခတ္အခါကာလမွာ စာေပဗဟုသုတရွာမွီးလ်က္ ပညာရွိတို႔၏ အဆုံးအမကို လိုက္နာကာ မိမိကိုယ္ကိုယ္ ေကာင္းစြာ ေမြးျမဴႏိုင္ၾကပါေစသား။

#Credit မူရင္းေရးသားသူ

#Copy by Kyaw Aye:

Leave a Reply

Your email address will not be published. Required fields are marked *