ဗျိုင်းဌက်ပမာ အတုယူပါ

အေထြအေထြဗဟုသုတ

ဗျိုင်းဌက်ပမာ အတုယူပါ

တခါတုန်းက ရွာတစ်ရွာရဲ့ အနီးအနား တောအုပ်လေးတစ်ခုမှာ ကျီးကန်းတစ်ကောင်နဲ့ ဗျိုင်းဌက် တစ်ကောင်ဟာ အဆွေခင်ပွန်းဖွဲ့ပြီးနေထိုင်ကြပါတယ်။

သူတို့နှစ်ဦးဟာ မနက်ဆို အစာရှာထွက်ပြီး ညနေဆိုပြန်လာကြပါတယ်။ဗျိုင်းက မြစ်ချောင်းတွေမှာ အစာရှာထွက်ပါတယ်။ ကျီးကန်းကတော့ အနီးအနားရွာမှာပဲ အစာရှာထွက်ပါတယ်။

ဗျိုင်းက အစာကို မြစ်ချောင်းဝမှာ အကြာကြီး ထိုင်စောင့်ပြီးမှရတယ်။တချို့နေ့တွေမှာဆို ငါးမရလို့ အစား မစားရတဲ့နေ့တွေလည်း ရှိခဲ့တယ်။

ကျီးကန်းကျတော့ ဗျိုင်းနဲ့မတူပါဘူး အစာရေစာပေါပါတယ်။ရွာထဲက အိမ်တွေ အပြင်ထုတ်လှန်းတဲ့ ပဲတွေ၊ စပါးတွေ၊ ငါးတွေ အခြားစားစရာတွေကို လစ်ရင်လစ်သလို သုတ်ချီသွားတယ်။ ဗျိုင်းလိုအဝေးကြီးမှာ ရှာစရာ မလိုဘူးပေါ့။

ဒီလိုနဲ့ တစ်နေ့မှာ အစာရှာမထွက်ခင် ကျီးကန်းက “အဆွေ ဗျိုင်း သင့်ကို ကြည့်ရတာ အရမ်းပင်ပန်းလိုက်တာ ဆည်ဝမှာ ငါးတွေစောင့်ရလွန်းလို့ထင်တယ် လည်းပင်းတောင် ခါတိုင်းထက် ပိုရှည်လာသလိုပဲ။

ငါဆိုရင် ဘယ်လောက်သက်သာသလဲ အစာတွေကလည်းပေါ လုံးဝဇိမ်ပဲကွာ အသင့်ကို သနားလိုက်ပါဘိ ” လို့ပြောသတဲ့

ဒီအခါမှာ ဗျိုင်းက “အဆွေ ကျီးကန်းက ငါ့ကို ကရုဏာဖြစ်တာသိရလို့ ဝမ်းသာပါတယ်..ဒါပေမယ့် ကျုပ်ဟာ ငတ်တလှည့် ပြတ်တလှည့်ဖြစ်ပေမယ့် သမာအာဇိဝကျကျ ရှာစားရလို့ စိတ်ချမ်းသာသလို အန္တရာယ်လည်းကင်းတယ်။

အသင် ကျီးကန်းက ခိုးဝှက် စားသောက်ရလို့ အသက်အန္တရာယ်ရှိသလို ဘယ်သောအခါမှလည်း စိတ်မငြိမ်းချမ်းဘူး အမြဲတမ်းစိုးရွံ့ထိန့်လန့်နေရတယ် ဖြစ်နိုင်ရင် ငါ့လိုပဲ ရိုးရိုးသားသား ရှာစားပါလား” လို့ပြန်ပြောလိုက်တယ်။

ဒါနဲ့ ကျီးကန်းက မိတ်ဆွေဗျိုင်းရဲ့ စကားကို နားမထောင်ပဲ ငါအစာရေစာပေါများတာကို မနာလို လို့ပြောတာပဲဆိုပြီး စိတ်ကြီးဝင်ကာ နေ့စဥ်ပြုမြဲတိုင်း အစာရှာထွက်တာပေါ့။

ဒီလိုနဲ့ ညနေရောက်လို့ အိပ်တန်းပြန်ရောက်တဲ့ အခါ မိတ်ဆွေကျီးကန်း ကိုမတွေ့ရလို့ စိတ်ပူပြီး အနီးအနားရွာကို စနည်းနာထွက်တာပေါ့ ရွာနားက အပင်ကြီးပေါ် ခဏနားနေတုန်း

အပင်အောက်က နွားကျောင်းသားလေး သူ့သူငယ်ချင်းကို ပြောတဲ့စကားသံကြားလို့ နားစွင့်လိုက်မိတယ် “နေ့လည် ငါထမင်းစားပြန်တုန်း အိမ်ရှေ့မှာ ငါးခြောက်လှန်းထားတာကို ကျီးကန်းတစ်ကောင်လာဆွဲတာ မြင်လို့

လောက်လေးဂွနဲ့ ဆော်ထည့်လိုက်တာ ကျီးကန်းလည်း ဂန့်သွားတာပဲ”..လို့ပြောသံကြားရတဲ့ အခါမှာတော့ ဗျိုင်းလည်း သူ့သူငယ်ချင်း ကျီးကန်းအတွက် စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ပဲ ပြန်လာခဲ့ရတယ်။

သင်ခန်းစာ – သမာအာဇိဝကျကျ ရှာဖွေစားသောက်ခြင်းက စိတ်အေးချမ်းသာသလို အန္တရာယ်လည်းကင်းကြောင်းကို ဒီပုံပြင်လေးကနေ သင်ခန်းစာရယူလိုက်ပါ။

K.M(ဘဝမြင်ကွင်း)

Zawgyi

ဗ်ိဳင္းဌက္ပမာ အတုယူပါ

တခါတုန္းက ႐ြာတစ္႐ြာရဲ႕ အနီးအနား ေတာအုပ္ေလးတစ္ခုမွာ က်ီးကန္းတစ္ေကာင္နဲ႔ ဗ်ိဳင္းဌက္ တစ္ေကာင္ဟာ အေဆြခင္ပြန္းဖြဲ႕ၿပီးေနထိုင္ၾကပါတယ္။

သူတို႔ႏွစ္ဦးဟာ မနက္ဆို အစာရွာထြက္ၿပီး ညေနဆိုျပန္လာၾကပါတယ္။ဗ်ိဳင္းက ျမစ္ေခ်ာင္းေတြမွာ အစာရွာထြက္ပါတယ္။ က်ီးကန္းကေတာ့ အနီးအနား႐ြာမွာပဲ အစာရွာထြက္ပါတယ္။

ဗ်ိဳင္းက အစာကို ျမစ္ေခ်ာင္းဝမွာ အၾကာႀကီး ထိုင္ေစာင့္ၿပီးမွရတယ္။တခ်ိဳ႕ေန႔ေတြမွာဆို ငါးမရလို႔ အစား မစားရတဲ့ေန႔ေတြလည္း ရွိခဲ့တယ္။

က်ီးကန္းက်ေတာ့ ဗ်ိဳင္းနဲ႔မတူပါဘူး အစာေရစာေပါပါတယ္။႐ြာထဲက အိမ္ေတြ အျပင္ထုတ္လွန္းတဲ့ ပဲေတြ၊ စပါးေတြ၊ ငါးေတြ အျခားစားစရာေတြကို လစ္ရင္လစ္သလို သုတ္ခ်ီသြားတယ္။ ဗ်ိဳင္းလိုအေဝးႀကီးမွာ ရွာစရာ မလိုဘူးေပါ့။

ဒီလိုနဲ႔ တစ္ေန႔မွာ အစာရွာမထြက္ခင္ က်ီးကန္းက “အေဆြ ဗ်ိဳင္း သင့္ကို ၾကည့္ရတာ အရမ္းပင္ပန္းလိုက္တာ ဆည္ဝမွာ ငါးေတြေစာင့္ရလြန္းလို႔ထင္တယ္ လည္းပင္းေတာင္ ခါတိုင္းထက္ ပိုရွည္လာသလိုပဲ။

ငါဆိုရင္ ဘယ္ေလာက္သက္သာသလဲ အစာေတြကလည္းေပါ လုံးဝဇိမ္ပဲကြာ အသင့္ကို သနားလိုက္ပါဘိ ” လို႔ေျပာသတဲ့

ဒီအခါမွာ ဗ်ိဳင္းက “အေဆြ က်ီးကန္းက ငါ့ကို က႐ုဏာျဖစ္တာသိရလို႔ ဝမ္းသာပါတယ္..ဒါေပမယ့္ က်ဳပ္ဟာ ငတ္တလွည့္ ျပတ္တလွည့္ျဖစ္ေပမယ့္ သမာအာဇိဝက်က် ရွာစားရလို႔ စိတ္ခ်မ္းသာသလို အႏၲရာယ္လည္းကင္းတယ္။

အသင္ က်ီးကန္းက ခိုးဝွက္ စားေသာက္ရလို႔ အသက္အႏၲရာယ္ရွိသလို ဘယ္ေသာအခါမွလည္း စိတ္မၿငိမ္းခ်မ္းဘူး အၿမဲတမ္းစိုး႐ြံ႕ထိန္႔လန္႔ေနရတယ္ ျဖစ္ႏိုင္ရင္ ငါ့လိုပဲ ႐ိုး႐ိုးသားသား ရွာစားပါလား” လို႔ျပန္ေျပာလိုက္တယ္။

ဒါနဲ႔ က်ီးကန္းက မိတ္ေဆြဗ်ိဳင္းရဲ႕ စကားကို နားမေထာင္ပဲ ငါအစာေရစာေပါမ်ားတာကို မနာလို လို႔ေျပာတာပဲဆိုၿပီး စိတ္ႀကီးဝင္ကာ ေန႔စဥ္ျပဳၿမဲတိုင္း အစာရွာထြက္တာေပါ့။

ဒီလိုနဲ႔ ညေနေရာက္လို႔ အိပ္တန္းျပန္ေရာက္တဲ့ အခါ မိတ္ေဆြက်ီးကန္း ကိုမေတြ႕ရလို႔ စိတ္ပူၿပီး အနီးအနား႐ြာကို စနည္းနာထြက္တာေပါ့ ႐ြာနားက အပင္ႀကီးေပၚ ခဏနားေနတုန္း

အပင္ေအာက္က ႏြားေက်ာင္းသားေလး သူ႔သူငယ္ခ်င္းကို ေျပာတဲ့စကားသံၾကားလို႔ နားစြင့္လိုက္မိတယ္ “ေန႔လည္ ငါထမင္းစားျပန္တုန္း အိမ္ေရွ႕မွာ ငါးေျခာက္လွန္းထားတာကို က်ီးကန္းတစ္ေကာင္လာဆြဲတာ ျမင္လို႔

ေလာက္ေလးဂြနဲ႔ ေဆာ္ထည့္လိုက္တာ က်ီးကန္းလည္း ဂန္႔သြားတာပဲ”..လို႔ေျပာသံၾကားရတဲ့ အခါမွာေတာ့ ဗ်ိဳင္းလည္း သူ႔သူငယ္ခ်င္း က်ီးကန္းအတြက္ စိတ္မေကာင္း႐ုံကလြဲၿပီး ဘာမွမတတ္ႏိုင္ပဲ ျပန္လာခဲ့ရတယ္။

သင္ခန္းစာ – သမာအာဇိဝက်က် ရွာေဖြစားေသာက္ျခင္းက စိတ္ေအးခ်မ္းသာသလို အႏၲရာယ္လည္းကင္းေၾကာင္းကို ဒီပုံျပင္ေလးကေန သင္ခန္းစာရယူလိုက္ပါ။

K.M(ဘဝျမင္ကြင္း)

Leave a Reply

Your email address will not be published. Required fields are marked *