စံပယ်ပင်လေးတွေစိုက်တော့မယ်ဆိုရင် အိုးနဲ့စိုက်မှာလား၊ မြေမှာ ချပြီးစိုက်မှာလား ရွေးပါ

အေထြအေထြဗဟုသုတ

စံပယ်ပင်လေးတွေစိုက်တော့မယ်ဆိုရင် အိုးနဲ့စိုက်မှာလား၊ မြေမှာ ချပြီးစိုက်မှာလား ရွေးပါ

အိုးနဲ့စိုက်မယ်ဆိုရင်လည်း အိုးက ရေမဝပ်အောင် အောက်ခြေမှာ အပေါက်လေးတွေပါတဲ့အိုးနဲ့ စိုက်ပါ။ မြေမှာ စိုက်မယ်ဆိုရင်လည်း ရေမဝပ်နိုင်တဲ့နေရာမှာ စိုက်ပါ

စံပယ်ပင်လေးတွေဟာ နေရောင်ကြိုက်ပါတယ် အ လင်းရောင်ကောင်းကောင်းရတဲ့ နေရာမှာစိုက်ပါ စံ ပယ်ပင်လေးတွေကို

 

တစ်နေ့တစ်ကြိမ်ရေလောင်းပါ ရေလောင်းတဲ့အခါမှာအောက်ခြေ မြေကြီးကိုပဲ လောင်းပါသစ်ရွက်လေးတွေကို ရေမစိုပါစေနဲ့

စံပယ်ရွက်လေးတွေကို ရေစိုသွားရင် နေရောင်နဲ့ထိတဲ့အခါမှာ အရွက်လေးတွေ ပုပ်သွားတတ်ပါတယ်

စံပယ်မျိုးစိတ်အများစုက နွယ်တက်တတ်ပါတယ် စံပယ်ပင်နားမှာတိုင်လေးဖြစ်ဖြစ်စင်လေးဖြစ်ဖြစ်ထားပေးပါစံပယ်ပွင့်လေးတွေ အမြဲတမ်း ဝေနေစေချင်ရင် တစ်လတစ်ခါလောက်တော့

မြေသြဇာသုံးပေးပါပျိုးပင်ဆိုင်လေးတွေမှာ စံပယ်ပင်အတွက် မြေသြဇာဝယ်နိုင်ပါတယ်

စံပယ်ပင်လေးတွေကို ကိုင်းညှပ်ပေးပါမခူးဖြစ်တဲ့ အ ပွင့်ခြောက်တွေအရွက်ခြောက်တွေ ကိုင်းခြောက်တွေကိုကတ်ကြေးနဲ့ ညှပ်ပါ သတိထားရမွာက ပန်းပွင့်နေချိန်မှာကိုင်းမညှပ်ပါနဲ့ပန်းပွင့်နှုန်းလျော့သွားတတ်လို့ပါ

အပြင်မှာ ရာသီဥတုအရမ်းအေးလွန်းရင် စံပယ်ပင်လေးကို အိမ်ထဲရွှေ့ထားပါမြေမှာစိုက်ထားတယ်ဆိုရင်အပင်ခြေနားတဝိုက်ကို ကောက်ရိုးလေးတွေ ပုံ ထားပေးပါ ရာသီဥတု ပူလွန်းရင်လည်း

စံပယ်ပင်လေးတွေ ပူပြီးခြောက်မသွားအောင် ရေမကြာခဏလောင်းပေးပါသင့်စံပယ်ပင်လေးတွေအပွင့်မပွင့်တာကြာပြီအရွက်ကြမ်း တွေပဲထွက်နေတယ်ဆိုရင် မြေ ကြီးကို nitrogen

လေးထည့်ပေးပါပြီးရင် အပေါ်ကပြောခဲ့တဲ့ အချက်တွေနဲ့ကိုက်ညီရဲ့လားပြန်စစ်ပါ

စံပယ်ပန်းလေးတွေကို ခူးရင် ကတ်ကြေးထက်ထက်နဲ့ညှပ်ပြီးခူးပါ လက်နဲ့မချိုးပါနဲ့ မဆိတ်ပါနဲ့ခူးပြီးသား စံပယ်ပွင့်လေးတွေကို

ကြာရှည်လတ်ဆတ်နေချင်ရင် ရိုးတံလေးကို ရေထဲစိမ်ထားပါ

စံပယ်ဖူး လေးတွေကိုသုံးပြီး ကျန်းမာရေးအတွက်အထောက် အကူဖြစ်စေတဲ့ Jasmine Tea လေး လုပ်သောက်လို့ရပါတယ်

Zawgyi















Leave a Reply

Your email address will not be published. Required fields are marked *