“တန်ဖိုးရှိသော အသက်ကြီးခြင်း”

အေထြအေထြဗဟုသုတ

မိမိကိုယ်ကို တကယ်ကြည်ညိုအောင်နေလိုသူများသည် နံသာဖြူပင်လိုကျင့်ရမည်။

နံ့သာဖြူပင်သည် အသက်ကြီးလာလေလေ ပိုပြီး မွှေးလာလေ , ပိုပြီး အနှစ်ပြည့်လာလေ ဖြစ်၏။

တဖန် ထို့ထက်ပို၍ အသက်ကြီးလာလေထို့ထက်ပို၍ မွှေးလာလေ , အနှစ်ပြည့်လာလေပင် ဖြစ်၏။

နံ့သာဖြူပင်သည် နာပြီး သေရသောအချိန်တွင် အနှစ်အပြည့်ဆုံး , အမွှေးဆုံးပင် ဖြစ်၏။

ထို့အတူ . . .လူဖြစ်စေ , ရဟန်းဖြစ်စေအသက်ကြီးလာသည်နှင့်အမျှသီလ, သမာဓိ, ပညာ ဟူသော အနှစ်များ ပိုပြည့်လာသင့်၏။

အသက်ကြီးလာပြီးသီလ , သမာဓိ , ပညာ . . ဟူသောသိက္ခာသုံးပါး တိုးတက်မလာလျှင်ထိုသူ၏ အသက်ကြီးခြင်းသည် တန်ဖိုးမရှိ။ သေမလို့ ကြီးခြင်းသာ ဖြစ်၏။

နံ့သာဖြူလို ဖြစ်အောင် ကြိုးစားမည်ဆိုလျှင် တစ်ယောက်တည်း တည့်အောင်နေသင့်၏။

တစ်ယောက်တည်း နေသော်လည်းလောဘအာရုံ , ဒေါသအာရုံများနှင့် နေသူသည် တစ်ယောက်တည်းနဲ့ ရန်သူဖြစ်နေသူဟု ဆိုအပ်သည်။ တစ်ယောက်တည်း တည့်အောင် မနေသူဟု ဆိုအပ်သည်။

တစ်ယောက်တည်း တည့်အောင် နေလိုလျှင် စိတ်ကို ဘာဝနာ တစ်ခုခု အမြဲပွား၍ ရှင်းသန့်နေအောင် ထားရမည်။

တွေးတောလျှင်လည်း လိုချင်စရာများ ,သူတပါး ပျက်စီးရာ ပျက်စီးကြောင်းကို မတွေးရ။ ပေးကမ်းဖို့ , သူတပါးအကျိုးဆောင်ဖို့အကြောင်းအရာများကိုသာ တွေးရ၏။

?” မေတ္တာရှင် ရွှေပြည်သာ ” Credit – ဓမၼႏွစ္သက္သူ

Unicode

မိမိကိုယ္ကို တကယ္ၾကည္ညိဳေအာင္ေနလိုသူမ်ားသည္ နံသာျဖဴပင္လိုက်င့္ရမည္။

နံ႔သာျဖဴပင္သည္ အသက္ႀကီးလာေလေလ ပိုၿပီး ေမႊးလာေလ , ပိုၿပီး အႏွစ္ျပည့္လာေလ ျဖစ္၏။

တဖန္ ထို႔ထက္ပို၍ အသက္ႀကီးလာေလထို႔ထက္ပို၍ ေမႊးလာေလ , အႏွစ္ျပည့္လာေလပင္ ျဖစ္၏။

နံ႔သာျဖဴပင္သည္ နာၿပီး ေသရေသာအခ်ိန္တြင္ အႏွစ္အျပည့္ဆုံး , အေမႊးဆုံးပင္ ျဖစ္၏။

ထို႔အတူ . . .လူျဖစ္ေစ , ရဟန္းျဖစ္ေစအသက္ႀကီးလာသည္ႏွင့္အမွ်သီလ, သမာဓိ, ပညာ ဟူေသာ အႏွစ္မ်ား ပိုျပည့္လာသင့္၏။

အသက္ႀကီးလာၿပီးသီလ , သမာဓိ , ပညာ . . ဟူေသာသိကၡာသုံးပါး တိုးတက္မလာလွ်င္ထိုသူ၏ အသက္ႀကီးျခင္းသည္ တန္ဖိုးမရွိ။ ေသမလို႔ ႀကီးျခင္းသာ ျဖစ္၏။

နံ႔သာျဖဴလို ျဖစ္ေအာင္ ႀကိဳးစားမည္ဆိုလွ်င္ တစ္ေယာက္တည္း တည့္ေအာင္ေနသင့္၏။

တစ္ေယာက္တည္း ေနေသာ္လည္းေလာဘအာ႐ုံ , ေဒါသအာ႐ုံမ်ားႏွင့္ ေနသူသည္ တစ္ေယာက္တည္းနဲ႔ ရန္သူျဖစ္ေနသူဟု ဆိုအပ္သည္။ တစ္ေယာက္တည္း တည့္ေအာင္ မေနသူဟု ဆိုအပ္သည္။

တစ္ေယာက္တည္း တည့္ေအာင္ ေနလိုလွ်င္ စိတ္ကို ဘာဝနာ တစ္ခုခု အၿမဲပြား၍ ရွင္းသန႔္ေနေအာင္ ထားရမည္။

ေတြးေတာလွ်င္လည္း လိုခ်င္စရာမ်ား ,သူတပါး ပ်က္စီးရာ ပ်က္စီးေၾကာင္းကို မေတြးရ။ ေပးကမ္းဖို႔ , သူတပါးအက်ိဳးေဆာင္ဖို႔အေၾကာင္းအရာမ်ားကိုသာ ေတြးရ၏။

?” ေမတၱာရွင္ ေ႐ႊျပည္သာ ” Credit – ဓမၼႏြစ္သက္သဴ

Leave a Reply

Your email address will not be published. Required fields are marked *