လေကောင်းလေသန့်တွေထုတ်ပေးလို့ အိမ်ထဲမှာစိုက်ထားသင့်တဲ့ အပင်လေးများ

အေထြအေထြဗဟုသုတ

လေကောင်းလေသန့်တွေထုတ်ပေးလို့ အိမ်ထဲမှာစိုက်ထားသင့်တဲ့ အပင်လေးများ

ကိုယ့်ရဲ့အိမ်လေးထဲမှာ အပင်သေးသေးလေးတွေကို ပန်းအိုးလေးနဲ့ စိုက်ပျိုးထားတာက တကယ့်ကို ချစ်စရာကောင်းပြီး အိမ်ထဲမှာ လေကောင်းလေသန့်ပိုရနိုင်ပါတယ်။ ဒီလိုမျိုး အပင်လေးတွေကို အိမ်ထဲမှာပဲဖြစ်ဖြစ်၊ အလုပ်စားပွဲမှာပဲဖြစ်ဖြစ် ပန်းအိုးသေးသေးလေးနဲ့ စိုက်ထားခြင်းအားဖြင့် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်နော်။ ကိုယ့်ရဲ့အိမ်ထဲမှာ စိုက်ပျိုးထားသင့်တဲ့ ပန်းပင်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

 

Jasmine

စံပယ်ပန်းအနံ့လေးရလိုက်တာနဲ့ စိတ်ကိုကြည်လင်လန်းဆန်းသွားတတ်ကြတယ်ဟုတ်။ ဒီစံပယ်ပန်းပင်လေးတွေကို ကိုယ့်ရဲ့ အိမ်ထဲမှာ စိုက်ပျိုးထားခြင်းက စိတ်ဖိစီးမှုကို လျော့ချပေးပြီး စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်။ နောက်ပြီး ရောဂါခုခံနိုင်စွမ်းကို တိုးမြင့်ပေးပြီးတော့ ကိုယ်ခံအားကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်ထဲမှာ စံပင်ပန်းအိုးလေးတစ်အိုးလောက်တော့ ထားသင့်ပါတယ်နော်။

 

Spider plant

ဒီ spider plant ပင်လေးကို အိမ်တော်တော်များများမှာ အလှစိုက်ထားတာကို တွေ့ဖူးပါတယ်။ ဒီအပင်ကို ကိုယ့်အိမ်တွင်းမှာ စိုက်ပျိုးခြင်းအားဖြင့် carbon monoxide လိုမျိုး အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေကို သန့််စင်ပေးပါတယ်။ ဒီအပင်သေးသေးလေးတွေဟာ စိုက်ပျိုးရလည်းလွယ်ကူသလို အိမ်ရဲ့လေကောင်းလေသန့်ရရှိမှုကို ကူညီတဲ့အတွက် အိမ်ထဲမှာ စိုက်ပျိုးထားသင့်တဲ့ အပင်ပဲဖြစ်ပါတယ်။

 

Peace Lily

Peace Lily ပန်းပွင့်တွေကို အလှပန်းအိုးထိုးတဲ့အခါမှာ အများဆုံးအသုံးပြုတတ်ကြပြီး အရမ်းကိုလှပလွန်းတဲ့ နွေရာသီနဲ့လိုက်ဖက်မှုရှိလှတဲ့ အဖြူရောင်ပန်းပွင့်တွေ ဖြစ်ပါတယ်။ ဒီပန်းပင်လေးတွေကို အိမ်တွင်းမှာ စိုက်ပျိုးေပေးသင့်ပြီး အဆိပ်အတောက်ဖြစ်စေတဲ့ လေတွေ၊ ammonia အစရှိတဲ့ လူအတွက် အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေကို ဖယ်ရှားပေးပါတယ်။ သတိထားရမှာ တစ်ခုက အဲဒီ့ပန်းပင်လေးတွေဟာ ဝတ်မှုန်တွေကို ထုတ်လွှတ်တတ်ကြတဲ့အတွက် ပန်းဝတ်မှုန်တွေနဲ့ ဓာတ်မတည့်သူတွေအတွက် သတိထားသင့်ပါတယ်။

 

Snake plant

အောက်စီဂျင်ပင်လို့ အများကခေါ်တတ်ကြတဲ့ ဒီအပင်ကို အိမ်ရဲ့အိပ်ခန်းထဲမှာ စိုက်ပျိုးပေးသင့်တဲ့ အပင်ဖြစ်ပါတယ်။ ဒီအပင်ဟာ များစွာသောအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပြီး အောက်စီဂျင်များစွာ ထုတ်ပေးပါတယ်။ Sneak plant ကိုနေရောင်ခြည်တိုက်ရိုက်မထိတွေ့တဲ့ နေရာမျိုးမှာသာ စိုက်ပျိုးပေးသင့်ပါတယ်။

 

Aloe Vera

ကျန်းမာရေးအတွက်ရော အလှအပရေးရာအတွက်ပါ အရမ်းကို အသုံးဝင်တဲ့ ရှားစောင်းလက်ပတ်ပင်ကို အိမ်တွင်းမှာ စိုက်ပျိုးထားသင့်ပါတယ်။ ရှားစောင်းလက်ပတ်ဟာ အပူလောင်တာ၊ နေလောင်တာ၊ အရေပြားယားယံတာတွေနဲ့ အအေးမိလို့ လည်ချောင်းနာတာတွေအတွက် ကောင်းမွန်စေနိုင်လို့ ကိုယ့်ရဲ့အိမ်မှာ စိုက်ပျိုးထားသင့်တဲ့ အပင်ဖြစ်ပါတယ်။

Zawgyi

ေလေကာင္းေလသန႔္ေတြထုတ္ေပးလို႔ အိမ္ထဲမွာစိုက္ထားသင့္တဲ့ အပင္ေလးမ်ား

ကိုယ့္ရဲ႕အိမ္ေလးထဲမွာ အပင္ေသးေသးေလးေတြကို ပန္းအိုးေလးနဲ႔ စိုက္ပ်ိဳးထားတာက တကယ့္ကို ခ်စ္စရာေကာင္းၿပီး အိမ္ထဲမွာ ေလေကာင္းေလသန႔္ပိုရႏိုင္ပါတယ္။ ဒီလိုမ်ိဳး အပင္ေလးေတြကို အိမ္ထဲမွာပဲျဖစ္ျဖစ္၊ အလုပ္စားပြဲမွာပဲျဖစ္ျဖစ္ ပန္းအိုးေသးေသးေလးနဲ႔ စိုက္ထားျခင္းအားျဖင့္ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစၿပီး က်န္းမာေရးကို အေထာက္အကူျပဳေစပါတယ္ေနာ္။ ကိုယ့္ရဲ႕အိမ္ထဲမွာ စိုက္ပ်ိဳးထားသင့္တဲ့ ပန္းပင္ေလးေတြကို ေဝမွ်ေပးလိုက္ပါတယ္ေနာ္။

Jasmine

စံပယ္ပန္းအနံ႔ေလးရလိုက္တာနဲ႔ စိတ္ကိုၾကည္လင္လန္းဆန္းသြားတတ္ၾကတယ္ဟုတ္။ ဒီစံပယ္ပန္းပင္ေလးေတြကို ကိုယ့္ရဲ႕ အိမ္ထဲမွာ စိုက္ပ်ိဳးထားျခင္းက စိတ္ဖိစီးမႈကို ေလ်ာ့ခ်ေပးၿပီး စိတ္ကိုၾကည္လင္လန္းဆန္းေစပါတယ္။ ေနာက္ၿပီး ေရာဂါခုခံႏိုင္စြမ္းကို တိုးျမင့္ေပးၿပီးေတာ့ ကိုယ္ခံအားကို ေကာင္းမြန္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္အိမ္ထဲမွာ စံပင္ပန္းအိုးေလးတစ္အိုးေလာက္ေတာ့ ထားသင့္ပါတယ္ေနာ္။

Spider plant

ဒီ spider plant ပင္ေလးကို အိမ္ေတာ္ေတာ္မ်ားမ်ားမွာ အလွစိုက္ထားတာကို ေတြ႕ဖူးပါတယ္။ ဒီအပင္ကို ကိုယ့္အိမ္တြင္းမွာ စိုက္ပ်ိဳးျခင္းအားျဖင့္ carbon monoxide လိုမ်ိဳး အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓာတ္ေတြကို သန္႔္စင္ေပးပါတယ္။ ဒီအပင္ေသးေသးေလးေတြဟာ စိုက္ပ်ိဳးရလည္းလြယ္ကူသလို အိမ္ရဲ႕ေလေကာင္းေလသန႔္ရရွိမႈကို ကူညီတဲ့အတြက္ အိမ္ထဲမွာ စိုက္ပ်ိဳးထားသင့္တဲ့ အပင္ပဲျဖစ္ပါတယ္။

Peace Lily

Peace Lily ပန္းပြင့္ေတြကို အလွပန္းအိုးထိုးတဲ့အခါမွာ အမ်ားဆုံးအသုံးျပဳတတ္ၾကၿပီး အရမ္းကိုလွပလြန္းတဲ့ ေႏြရာသီနဲ႔လိုက္ဖက္မႈရွိလွတဲ့ အျဖဴေရာင္ပန္းပြင့္ေတြ ျဖစ္ပါတယ္။ ဒီပန္းပင္ေလးေတြကို အိမ္တြင္းမွာ စိုက္ပ်ိဳးေေပးသင့္ၿပီး အဆိပ္အေတာက္ျဖစ္ေစတဲ့ ေလေတြ၊ ammonia အစရွိတဲ့ လူအတြက္ အႏၲရာယ္ျဖစ္ေစတဲ့ ဓာတ္ေငြ႕ေတြကို ဖယ္ရွားေပးပါတယ္။ သတိထားရမွာ တစ္ခုက အဲဒီ့ပန္းပင္ေလးေတြဟာ ဝတ္မႈန္ေတြကို ထုတ္လႊတ္တတ္ၾကတဲ့အတြက္ ပန္းဝတ္မႈန္ေတြနဲ႔ ဓာတ္မတည့္သူေတြအတြက္ သတိထားသင့္ပါတယ္။

Snake plant

ေအာက္စီဂ်င္ပင္လို႔ အမ်ားကေခၚတတ္ၾကတဲ့ ဒီအပင္ကို အိမ္ရဲ႕အိပ္ခန္းထဲမွာ စိုက္ပ်ိဳးေပးသင့္တဲ့ အပင္ျဖစ္ပါတယ္။ ဒီအပင္ဟာ မ်ားစြာေသာအဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္စြမ္းရွိၿပီး ေအာက္စီဂ်င္မ်ားစြာ ထုတ္ေပးပါတယ္။ Sneak plant ကိုေနေရာင္ျခည္တိုက္႐ိုက္မထိေတြ႕တဲ့ ေနရာမ်ိဳးမွာသာ စိုက္ပ်ိဳးေပးသင့္ပါတယ္။

Aloe Vera

က်န္းမာေရးအတြက္ေရာ အလွအပေရးရာအတြက္ပါ အရမ္းကို အသုံးဝင္တဲ့ ရွားေစာင္းလက္ပတ္ပင္ကို အိမ္တြင္းမွာ စိုက္ပ်ိဳးထားသင့္ပါတယ္။ ရွားေစာင္းလက္ပတ္ဟာ အပူေလာင္တာ၊ ေနေလာင္တာ၊ အေရျပားယားယံတာေတြနဲ႔ အေအးမိလို႔ လည္ေခ်ာင္းနာတာေတြအတြက္ ေကာင္းမြန္ေစႏိုင္လို႔ ကိုယ့္ရဲ႕အိမ္မွာ စိုက္ပ်ိဳးထားသင့္တဲ့ အပင္ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *