“ထောပတ်ပင်ကို အိမ်မှာ ကိုယ်တိုင် စိုက်ပျိုးနည်း”

အေထြအေထြဗဟုသုတ

အိမ်မှာပဲ ထောပတ်သီးလေးတွေ သီးလာအောင် ဘယ်လို စိုက်ကြမလဲ ဆိုတဲ့ အကြောင်းလေး မျှဝေချင်ပါတယ်။

ထောပတ်ပင်ဟာ အပင်ကြီးမျိုး ဖြစ်ပြီး နေရာကျယ်ဝန်းတဲ့ နေရာတွေမှာပဲ စိုက်ကြတာ များပါတယ်။

အခုလို အိမ်မှာပဲ စိုက်လို့ရတဲ့ နည်းလေးကတော့ အင်တာနက်ကနေ တွေ့ထားတာပါ။ထောပတ်သီးဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသီးဖြစ်ပါတယ်။

ထောပတ်သီးမှာ B5, B6, ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်အီးနဲ့ ပိုတက်စီယမ်တွေ ပါဝင်ပါတယ်။

အမျှင်ဓာတ်နဲ့ အိုမီဂါဖက်တီးအက်ဆစ်တွေ ကြွယ်ဝပြီး နှလုံးကျန်းမာရေး အတွက် သံလွင်ဆီလိုပဲ ကောင်းမွန်စေပါတယ်။

အပင်စိုက်ဖို့ ဝါသနာ ပါပြီး မြေနေရာ ကျယ်ကျယ် မရှိတဲ့ လူတွေ အတွက် ထောပတ်သီးကို ဘယ်လို စိုက်ပျိုးရမလဲဆိုတာ မျှဝေပါမယ်။ကုန်ကျစရိတ် နည်းပါးပြီး လွယ်ကူပါတယ်။ပြုလုပ်ပုံ အဆင့်ဆင့်ကတော့

၁။ ထောပတ်သီးရဲ့ အစေ့ကို ယူပြီး သွားကြားထိုးတံ ၄ချောင်းကို စိုက်ပါ။ အစေ့ရဲ့ အလယ်နေရာကို မှန်းပြီး စိုက်ပါ။ ၄ချောင်း အကွာအဝေးကို တူညီအောင် စိုက်ပါ။

၂။ သွားကြားထိုးတံ စိုက်ထားတဲ့ ထောပတ်သီးအစေ့ကို ရေခွက်ထဲ ထည့်ပါ။ ရေထဲ မြုပ်အောင် ပုံမှာ ပြထားတဲ့ အတိုင်း ထည့်ထားပါ။

၃။ ရေခွက်ကို နေရောင် တိုက်ရိုက်မရတဲ့ နေရာမှာ ၂ပတ်ကနေ ၆ပတ်အထိ ထားပါ။

၄။ အဲ့ဒီအချိန်အတွင်းမှာနပဲ အမြစ်နဲ့ အကိုင်းအခက်လေးတွေ စထွက်လာပါလိမ့်မယ်။အကိုင်းအခက်တွေ ၆လက်မလောက် ရှည်တဲ့အခါ ၃လက်မလောက် ဖြတ်ပစ်လိုက်ပါ။ဒါမှ ပိုပြီး သန်မာတဲ့ အကိုင်းအခက်နဲ့ အမြစ်တွေ ထပ်ထွက်လာမှာပါ။

၅။ အိုးတစ်လုံးထဲကို မြေဆွေးစပ်ထားတဲ့ မြေတွေ ထည့်ပါ။အလယ်တည့်တည့်မှာ အပင်ပေါက်နေတဲ့ ထောပတ်သီးအစေ့ကို ထည့်ပါ။ ပြီးရင် အမြစ်လေးတွေကို မြေပြန်အုပ်ထားပေးပါ။

၆။ ရေအနည်းငယ်ကို နေ့စဉ်လောင်းပေးပါ။ အရွက်လေးတွေ အဝါရောင်ဖြစ်လာပြီဆိုရင် ရေပမာဏ နည်းလို့ပါ။

အညိုရောင် ပြောင်းလာပြီဆိုရင်တော့ ရေကောင်းကောင်းမရလို့ဆိုတာ သတိထားပေးပါ။

၇။ ရေပုံမှန်လောင်းပေးပြီး အပင်ကြီး ထွားလာတာကို စောင့်ပါ။

Crd

Zawgyi

အိမ္မွာပဲ ေထာပတ္သီးေလးေတြ သီးလာေအာင္ ဘယ္လို စိုက္ၾကမလဲ ဆိုတဲ့ အေၾကာင္းေလး မွ်ေဝခ်င္ပါတယ္။

ေထာပတ္ပင္ဟာ အပင္ႀကီးမ်ိဳး ျဖစ္ၿပီး ေနရာက်ယ္ဝန္းတဲ့ ေနရာေတြမွာပဲ စိုက္ၾကတာ မ်ားပါတယ္။

အခုလို အိမ္မွာပဲ စိုက္လို႔ရတဲ့ နည္းေလးကေတာ့ အင္တာနက္ကေန ေတြ႕ထားတာပါ။ေထာပတ္သီးဟာ က်န္းမာေရးနဲ႔ ညီၫႊတ္တဲ့ အသီးျဖစ္ပါတယ္။

ေထာပတ္သီးမွာ B5, B6, ဗီတာမင္စီ၊ ဗီတာမင္ေက၊ ဗီတာမင္အီးနဲ႔ ပိုတက္စီယမ္ေတြ ပါဝင္ပါတယ္။

အမွ်င္ဓာတ္နဲ႔ အိုမီဂါဖက္တီးအက္ဆစ္ေတြ ႂကြယ္ဝၿပီး ႏွလုံးက်န္းမာေရး အတြက္ သံလြင္ဆီလိုပဲ ေကာင္းမြန္ေစပါတယ္။

အပင္စိုက္ဖို႔ ဝါသနာ ပါၿပီး ေျမေနရာ က်ယ္က်ယ္ မရွိတဲ့ လူေတြ အတြက္ ေထာပတ္သီးကို ဘယ္လို စိုက္ပ်ိဳးရမလဲဆိုတာ မွ်ေဝပါမယ္။ကုန္က်စရိတ္ နည္းပါးၿပီး လြယ္ကူပါတယ္။ျပဳလုပ္ပုံ အဆင့္ဆင့္ကေတာ့

၁။ ေထာပတ္သီးရဲ႕ အေစ့ကို ယူၿပီး သြားၾကားထိုးတံ ၄ေခ်ာင္းကို စိုက္ပါ။ အေစ့ရဲ႕ အလယ္ေနရာကို မွန္းၿပီး စိုက္ပါ။ ၄ေခ်ာင္း အကြာအေဝးကို တူညီေအာင္ စိုက္ပါ။

၂။ သြားၾကားထိုးတံ စိုက္ထားတဲ့ ေထာပတ္သီးအေစ့ကို ေရခြက္ထဲ ထည့္ပါ။ ေရထဲ ျမဳပ္ေအာင္ ပုံမွာ ျပထားတဲ့ အတိုင္း ထည့္ထားပါ။

၃။ ေရခြက္ကို ေနေရာင္ တိုက္႐ိုက္မရတဲ့ ေနရာမွာ ၂ပတ္ကေန ၆ပတ္အထိ ထားပါ။

၄။ အဲ့ဒီအခ်ိန္အတြင္းမွာနပဲ အျမစ္နဲ႔ အကိုင္းအခက္ေလးေတြ စထြက္လာပါလိမ့္မယ္။အကိုင္းအခက္ေတြ ၆လက္မေလာက္ ရွည္တဲ့အခါ ၃လက္မေလာက္ ျဖတ္ပစ္လိုက္ပါ။ဒါမွ ပိုၿပီး သန္မာတဲ့ အကိုင္းအခက္နဲ႔ အျမစ္ေတြ ထပ္ထြက္လာမွာပါ။

၅။ အိုးတစ္လုံးထဲကို ေျမေဆြးစပ္ထားတဲ့ ေျမေတြ ထည့္ပါ။အလယ္တည့္တည့္မွာ အပင္ေပါက္ေနတဲ့ ေထာပတ္သီးအေစ့ကို ထည့္ပါ။ ၿပီးရင္ အျမစ္ေလးေတြကို ေျမျပန္အုပ္ထားေပးပါ။

၆။ ေရအနည္းငယ္ကို ေန႔စဥ္ေလာင္းေပးပါ။ အ႐ြက္ေလးေတြ အဝါေရာင္ျဖစ္လာၿပီဆိုရင္ ေရပမာဏ နည္းလို႔ပါ။

အညိဳေရာင္ ေျပာင္းလာၿပီဆိုရင္ေတာ့ ေရေကာင္းေကာင္းမရလို႔ဆိုတာ သတိထားေပးပါ။

၇။ ေရပုံမွန္ေလာင္းေပးၿပီး အပင္ႀကီး ထြားလာတာကို ေစာင့္ပါ။

Crd

Leave a Reply

Your email address will not be published. Required fields are marked *