ဆံပင်အရှည်မြန်ပြီး ဆံသားတောက်ပြောင်စေဖို့ အာလူးကို အသုံးပြုနည်း

Beauty

မိန်းကလေးတိုင်းလိုလို ဆံပင်အရှည်မြန်ချင်ကြတယ်၊ ဆံပင်သန်ချင်ကြတာက အိပ်မက်တစ်ခုပါပဲ့နော်။

ဒါပေမယ့် တော်တော်များများက မျက်နှာကိုပဲ အဓိကထားပြီးဂရုစိုက်နေကြတော့ ဆံပင်ကိုလည်း သိပ်ပြီး ဂရုမစိုက်ဖြစ်ကြပါဘူး။

ဒါကြောင့် ဆံပင်သန်ပြီးလှပချင်တယ်ဆိုရင်တော့ လွယ်ကူတဲ့နည်းလမ်းလေးဖြစ်ပြီး မိဖိုချောင်းထဲမှာလည်း အလွယ်တကူရနိုင်တဲ့အာလူးကို သုံးပေးဖို့ပဲ့ လိုပါတယ်နော်။

သဘာဝနည်းလမ်းလေးတွေကတော့….

ပထမနည်းလေး

အာလူးအရည် – စားပွဲတင်ဇွန်းတစ်ဇွန်း

သံပုရာရည် – ၅ စက်

နနွင်းမှုန့် – အနည်းငယ်

အုန်းဆီ – လက်ဖက်ရည်ဇွန်းတစ်ဝက်

အာလူးကိုခြစ်ချပြီး အရည်ရအောင်ညှစ်ချပါ။ ရလာတဲ့အာလူးအရည် – စားပွဲတင်ဇွန်းတစ်ဇွန်းကို သံပုရာရည် – ၅ စက်၊ နနွင်းမှုန့် – အနည်းငယ်၊ အုန်းဆီ – လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ရောမွှေပေးပါ။

ပြီးရင်တော့ ညအိပ်ခါနီးမှာ Cotton Pad လေးနဲ့ယူပြီး ဆံပင်မှာပွတ်လိမ်းပေးပါ။

မနက်ရောက်ရင်တော့ ခေါင်းလျှော်ရည်နဲ့ ပုံမှန်အတိုင်း ခေါင်းလျှော်ချလိုက်ရုံပါပဲ။

ဒီလိုလုပ်ပေးတာဟာ ဆံပင်သန်စေပြီး ဆံပင်လည်းမြန်မြန်ရှည်စေပါတယ်။

ဒုတိယနည်းလေး

အာလူးအရည် – စားပွဲတင်ဇွန်းတစ်ဇွန်း

ရှားစောင်းလတ်ပတ်ဖျော်ရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပျားရည် – လက်ဖက်ရည်ဇွန်းတစ်ဝက်

သံပုရာရည် – လက်ဖက်ရည်ဇွန်းတစ်ဝက်

နောက်တစ်နည်းကတော့ အာလူးအရည် – စားပွဲတင်ဇွန်းတစ်ဇွန်းကို ရှားစောင်းလတ်ပတ်ဖျော်ရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ပျားရည် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သံပုရာရည် – လက်ဖက်ရည်ဇွန်းတစ်ဝက် တို့ကို ရောမွှေပါ။

ခေါင်းလျှော်ပြီးတဲ့အခါမှာ ရောမွှေထားတဲ့အာလူးအရည်တွေကို ခေါင်းမှာ Conditioner သုံးသလို သုံးပေးပါ။

နာရီဝက်ကြာရင်တော့ ရေဆေးချလိုက်ရုံပါပဲ။

ဒီလိုလုပ်ပေးတာကတော့ ဆံပင်သန်စေတဲ့အပြင် ဆံသားကိုလည်း တောက်ပြောင်လာစေပါတယ်။

Zawgyi

မိန္းကေလးတိုင္းလိုလို ဆံပင္အရွည္ျမန္ခ်င္ၾကတယ္၊ ဆံပင္သန္ခ်င္ၾကတာက အိပ္မက္တစ္ခုပါပဲ့ေနာ္။

ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားက မ်က္ႏွာကိုပဲ အဓိကထားၿပီးဂ႐ုစိုက္ေနၾကေတာ့ ဆံပင္ကိုလည္း သိပ္ၿပီး ဂ႐ုမစိုက္ျဖစ္ၾကပါဘူး။

ဒါေၾကာင့္ ဆံပင္သန္ၿပီးလွပခ်င္တယ္ဆိုရင္ေတာ့ လြယ္ကူတဲ့နည္းလမ္းေလးျဖစ္ၿပီး မိဖိုေခ်ာင္းထဲမွာလည္း အလြယ္တကူရႏိုင္တဲ့အာလူးကို သုံးေပးဖို႔ပဲ့ လိုပါတယ္ေနာ္။

သဘာဝနည္းလမ္းေလးေတြကေတာ့….

ပထမနည္းေလး

အာလူးအရည္ – စားပြဲတင္ဇြန္းတစ္ဇြန္း

သံပုရာရည္ – ၅ စက္

နႏြင္းမႈန႔္ – အနည္းငယ္

အုန္းဆီ – လက္ဖက္ရည္ဇြန္းတစ္ဝက္

အာလူးကိုျခစ္ခ်ၿပီး အရည္ရေအာင္ညႇစ္ခ်ပါ။ ရလာတဲ့အာလူးအရည္ – စားပြဲတင္ဇြန္းတစ္ဇြန္းကို သံပုရာရည္ – ၅ စက္၊ နႏြင္းမႈန႔္ – အနည္းငယ္၊ အုန္းဆီ – လက္ဖက္ရည္ဇြန္းတစ္ဝက္နဲ႔ ေရာေမႊေပးပါ။

ၿပီးရင္ေတာ့ ညအိပ္ခါနီးမွာ Cotton Pad ေလးနဲ႔ယူၿပီး ဆံပင္မွာပြတ္လိမ္းေပးပါ။

မနက္ေရာက္ရင္ေတာ့ ေခါင္းေလွ်ာ္ရည္နဲ႔ ပုံမွန္အတိုင္း ေခါင္းေလွ်ာ္ခ်လိုက္႐ုံပါပဲ။

ဒီလိုလုပ္ေပးတာဟာ ဆံပင္သန္ေစၿပီး ဆံပင္လည္းျမန္ျမန္ရွည္ေစပါတယ္။

ဒုတိယနည္းေလး

အာလူးအရည္ – စားပြဲတင္ဇြန္းတစ္ဇြန္း

ရွားေစာင္းလတ္ပတ္ေဖ်ာ္ရည္ – လက္ဖက္ရည္ဇြန္း ၂ ဇြန္း

ပ်ားရည္ – လက္ဖက္ရည္ဇြန္းတစ္ဝက္

သံပုရာရည္ – လက္ဖက္ရည္ဇြန္းတစ္ဝက္

ေနာက္တစ္နည္းကေတာ့ အာလူးအရည္ – စားပြဲတင္ဇြန္းတစ္ဇြန္းကို ရွားေစာင္းလတ္ပတ္ေဖ်ာ္ရည္ – လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ ပ်ားရည္ – လက္ဖက္ရည္ဇြန္းတစ္ဝက္၊ သံပုရာရည္ – လက္ဖက္ရည္ဇြန္းတစ္ဝက္ တို႔ကို ေရာေမႊပါ။

ေခါင္းေလွ်ာ္ၿပီးတဲ့အခါမွာ ေရာေမႊထားတဲ့အာလူးအရည္ေတြကို ေခါင္းမွာ Conditioner သုံးသလို သုံးေပးပါ။

နာရီဝက္ၾကာရင္ေတာ့ ေရေဆးခ်လိုက္႐ုံပါပဲ။

ဒီလိုလုပ္ေပးတာကေတာ့ ဆံပင္သန္ေစတဲ့အျပင္ ဆံသားကိုလည္း ေတာက္ေျပာင္လာေစပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *