တချိန်က သမိုင်းထဲက နာမည်ကြီး ချင်းချောင်းနန်းတော်နှင့် အဖြေရှာမရတဲ့ အံ့အားသင့်ဖွယ် ကွယ်လွန်သွားခဲ့တဲ့ ချင်းချောင်း သူဌေးကြီး
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ကမ္ဘအေးဘုရားလမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းကြားမှာ ပုံသဏ္ဍာန် ထူးခြားတဲ့ အဆောက်အအုံကြီး တစ်ခု ရှိပါတယ်။
အကြောင်း မသိသူတွေကတော့ တရုတ်ဘုံကျောင်းလို့ ထင်မှတ်မှားကောင်း မှားနိုင်ပါတယ်။
ဒီအဆောက်အဦးကို ချင်းချောင်းနန်းတော်လို့ ခေါ်ကြသလို နှစ်သန်းကျော်ကုန်းလို့လည်း ခေါ်ကြပါတယ်။
ချင်းချောင်းနန်းတော်ရဲ့ ကနဦး ပိုင်ရှင်ကတော့ လင်းချင်းချောင်း (Lim Chin Tsong) ဖြစ်ပါတယ်။
သူရဲ့ မွေးသက္ကရာဇ်ကတော့ ၁၈၆၇ ခု၊ အောက်တိုဘာလ (၂၈)ရက် ဖြစ်ပြီး ဖခင်ကတော့ ကုန်သည်ကြီး လင်းဆူးဟန် (Lim Soo Hean) ပါ။ ခေတ်ကာလ အနေအထားအရ လင်းဆူးဟန်ဟာ ကုန်သွယ်ရေးမှာ အင်္ဂလိပ် ဘာသာစကားရဲ့ အရေးပါပုံကို သိရှိသည့်အတွက် လင်းချင်းချောင်းအား စိန်ပေါလ်ကျောင်းနှင့် ရန်ကုန် တက္ကသိုလ်တို့မှာ ပညာ သင်ယူစေခဲ့ပါတယ်။
၁၈၈၈ ခုမှာ လင်းဆူးဟန် ကွယ်လွန်သွားသဖြင့် လင်းချင်းချောင်းဟာ ဖခင်ရဲ့ ကုမ္ပဏီကို အမွေ ဆက်ခံခဲ့တယ်။ လင်းချင်းချောင်း လက်ထက်မှာ ဆန်နှင့်ပဲ ကုန်သွယ်မှုအပြင် ရေနံလုပ်ငန်း ဈေးကွက်ကိုပါ ချဲ့ထွင်ခဲ့ပါတယ်။
သူဟာ Burma Oil Company (BOC) ၏ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းသော ရေနံ ကိုယ်စားလှယ်အဖြစ် ၁၈၉၁ ခုမှာ လုပ်ကွက် ရယူနိုင်ခဲ့တယ်။မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ ရေနံတွေကို ပီနန်ကျွန်း၊ စင်္ကပူ၊ ဟောင်ကောင်၊ Shantou နှင့် Xiamen မြို့များထိ တင်ပို့ ရောင်းချပါတယ်။
လင်းချင်းချောင်းမှာ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော ရေနံကိုယ်စားလှယ် လုပ်ကွက်သာ မကဘဲ ဆန်၊ ပဲ၊ ရာဘာ၊ ဝါဂွမ်း၊ ဆီစက်၊ မီးခြစ်စက်ရုံ၊ သတ္တုတွင်း လုပ်ငန်းများပါ ရှိသေးတယ်။ သူ့ရဲ့ ချမ်းသာမှုဟာ ဘယ်လောက်တောင် များပြားနေလိုက်မလဲနော်။
လင်းချင်းချောင်းဟာ အလှူအတန်း ရက်ရောသူအဖြစ် နာမည် ကျော်ကြားသူ တစ်ယောက်ပါ။ ရန်ကုန်တက္ကသိုလ်နဲ့ ဂျင်မခန်ဒါ သားဖွားဆေးရုံ တည်ထောင်ရာမှာ သူဟာ မတည်ငွေ အမြောက်အများ ထည့်ဝင် လှူဒါန်းခဲ့တယ်။
သူ့ရဲ့ ပုဂ္ဂလိကပိုင် သင်္ဘောတွေကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။ ဒါ့ကြောင့် ဗြိတိသျှ အစိုးရက လင်းချာင်းချောင်းအား OBE ဆိုတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ၁၉၁၉ခု မှာ ချီးမြှင့်ခဲ့ပါတယ်။လင်းချင်းချောင်းရဲ့ ကံဇာတာ မှေးမှိန်မှုဟာ ပထမ ကမ္ဘာစ.စ်နှင့်အတူ လိုက်ပါလာတယ်။၁၉၁၁ ခုမှာ အကြွေး တင်လာပြီး ၁၉၁၄ ခုမှာ ပိုင်ဆိုင်မှုနှင့် လုပ်ငန်းအချို့ကို ပေါင်နှံထားရသည်အထိ ဖြစ်လာတယ်။
အခြေအနေက အကြွေးတင်နေပြီ ဖြစ်သော်လည်း လင်းချင်းချောင်းဟာ ခမ်းနား ထည်ဝါလွန်းသည့် အိမ်တော်ကြီး တစ်ဆောင်ကို ၁၉၁၅ ခုမှာ စတင် တည်ဆောက်ပြီး ၁၉၁၉ ခုမှာ ပြီးပါတယ်။အိမ်တော်မှာ အထပ်ပေါင်း (၅)ထပ် ပါဝင်ပြီး အရှေ့တိုင်းနှင့် အနောက်တိုင်း ဗိသုကာ လက်ရာများ ပေါင်းစပ်ထားတယ်။
ခြံဝန်းက (၇)ဧက ကျယ်ဝန်းကာ ရေကန်ကြီးနှင့် ပန်းခြံများ ထည့်သွင်း တည်ဆောက်ထားသေးတယ်။ အိမ် တည်ဆောက်ရာမှာ ရူပီငွေ (၂) သန်းကျော် ကုန်ကျခဲ့သည့်အတွက် နှစ်သန်းကျော်ကုန်းဟု ခေါ်ကြပါတယ်။
လင်းချင်းချောင်း ပိုင်ဆိုင်တဲ့ အိမ်တော်ဟာ နန်းတော်ကြီးသမျှ ခမ်းနားလိုက်တာလို့ ပြောကြရာကနေ ချင်းချောင်းနန်းတော်ဆိုပြီး လူသိများလာခဲ့တယ်။အိမ်တော် တည်ဆောက်ပြီးနောက်မှာ လင်းချင်းချောင်းဟာ မကြာခဏ ဆိုသလို မိတ်ဆွေများကို ဖိတ်ပြီး ပါတီပွဲ ကျင်းပလေ့ ရှိတယ်။
သူ့ရဲ့ အိမ်တော်ကို လာရောက် လည်ပတ်သူတွေထဲမှာ အိုင်ယာလန်ဖွား အင်္ဂလိပ်လူမျိုး စာရေးဆရာ Maurice Collis လည်း ပါဝင်တယ်။ စာရေးဆရာ Maurice Collis ဆိုတာ “Lords of the Sunset” ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူ ဖြစ်ပါတယ်။
လင်းချင်းချောင်းဟာ ၁၉၁၉ ခုမှာ မိသားစု၊ ဆွေမျိုးများနှင့်အတူ အင်္ဂလန်နိုင်ငံသို့ (၅)လကြာ ခရီးထွက်ခဲ့သေးတယ်။ အင်္ဂလန်ကို ရောက်တုန်းရောက်ခိုက် ဈေးကွက် ရှာကြည့်ပေမယ့် အဆင်မပြေခဲ့ပါဘူး။
လင်းချင်းချောင်းရဲ့ ကံဇာတာ အဆိုးဝါးဆုံး ကာလကတော့ ၁၉၂၁ ခုပါ။ ထိုနှစ်မှာ ဗြိတိသျှ အစိုးရက အိန္ဒိယနိုင်ငံသို့ ဆန်တင်ပို့မှု အားလုံးကို တားမြစ်လိုက်ပါတယ်။
မြန်မာ့ဆန်ဈေးက တဟုန်ထိုး ထိုးကျသွားပြီး လင်းချောင်းချောင်းရဲ့ စီးပွားရေးဟာ ပျက်သထက် ပျက်စီးလာပါတော့တယ်။စီးပွား ကျလာနေပြီဖြစ်တဲ့ လင်းချင်းချောင်းကို BOC ကုမ္ပဏီကလည်း ရေနံလုပ်ပိုင်ခွင့် ကိုယ်စားလှယ်အဖြစ်မှ နုတ်ပယ်လိုက်ပါသေးတယ်။
အကြွေးပတ်လည် ဝိုင်းလာသော လင်းချင်းချောင်းကို အကြွေးများ ပြန်ဆပ်ရန်အတွက် ၁၉၂၃ ခုမှာ တရားရုံးမှ ဆင့်ခေါ်လာပါတယ်။လင်းချင်းချောင်းဟာ ပြင်ပနှင့် လုံးဝအဆက်အသွယ် ဖြတ်ချလိုက်ပြီး တရားရုံးသို့လည်း မသွားခဲ့ပါဘူး။
ဒါ့ကြောင့် သူဟာ ဝရမ်းထုတ်ခံရပါတယ်။ သည်လို ပူပန်စရာပေါင်း များစွာနှင့် ကြုံကြိုက်လာတဲ့ လင်းချင်းချောင်းဟာ ၁၉၂၃ခု၊ နိုဝင်ဘာလ (၂) ရက်နေ့မှာ ရုတ်တရတ် ကွယ်လွန်သွားပါတော့တယ်။
လင်းချင်းချောင်း ကွယ်လွန်ချိန်မှာ ဇနီးသည် မပိုးဥနှင့် သားသမီး (၈)ယောက် ကျန်ရစ်ခဲ့ပါတယ်။ လင်းချင်းချောင်းရဲ့ သားသမီးများဟာ ဖခင် ကွယ်လွန်ပြီးနောက်မှာ နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့ သွားပါတော့တယ်။
မပိုးဥကတော့ ချင်းချောင်း နန်းတော်မှာပဲ နေရစ်ခဲ့တယ်လို့ ဆိုကြတယ်။ နောက်ပိုင်းမှာ ချင်းချောင်းနန်းတော်ကို အိန္ဒိယကုန်သည်ကြီး တစ်ဦးမှ ဝယ်ယူသွားပါတယ်။ဂျပန်တွေ ဝင်လာတဲ့အချိန် ချင်းချောင်းနန်းတော်ကို သိမ်းလိုက်ကြပြီး ရေဒီယို အသံလွှင့်ရုံအဖြစ် ၁၉၄၁ ခုမှ ၁၉၄၅ ခုထိ အသုံးပြုခဲ့ကြတယ်။
လွတ်လပ်ရေး ရပြီးနောက် ၁၉၅၀ ခုမှာ ချင်းချောင်းနန်းတော်ကို ပြည်သူပိုင်အဖြစ် သိမ်းပိုက်ကာ ကမ္ဘောဇရိပ်သာ နာမည်ဖြင့် နိုင်ငံတော် ဧည့်ရိပ်သာအဖြစ် အသုံးပြုခဲ့သေးတယ်။
ချင်ချောင်းနန်းတော်သည် နှစ် ၁၀၀ တိုင်ခဲ့သော်လည်း တော်တော်များများ လုံး၀ ပျက်စီးမှု မရှိသေးပေ။ ကြမ်းခင်း လှေကား ကြွေပြားများ ကျောက်ပြားများ မှန်ကူကွက်များလည်း ယနေ့တိုင် အကောင်းအတိုင်းရှိသေးသည်။
အနောက်တိုင်း နှင့် တရုတ် ပန်းချီဆရာများဆွဲခဲ့သော နံရံကပ် ပန်းချီများလည်း အရောင် အနည်းငယ် လွင့်သည်မှ အပ ပျက်စီးမှု မရှိသေးပေ။ အချိန်ပေးကာ လေ့လာသင့်သော နေရာတစ်ခုလည်း ဖြစ်သည်။
အခုတော့ ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်မှာ ရှိတယ်လို့ သိရပါတယ်။
Credit … ချမ်း (travellerchan)
Zawgyi
တခ်ိန္က သမိုင္းထဲက နာမည္ႀကီး ခ်င္းေခ်ာင္းနန္းေတာ္ႏွင့္ အေျဖရွာမရတဲ့ အံ့အားသင့္ဖြယ္ ကြယ္လြန္သြားခဲ့တဲ့ ခ်င္းေခ်ာင္း သူေဌးႀကီး
ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္ရွိ ကမၻေအးဘုရားလမ္းႏွင့္ တကၠသိုလ္ရိပ္သာ လမ္းၾကားမွာ ပုံသ႑ာန္ ထူးျခားတဲ့ အေဆာက္အအုံႀကီး တစ္ခု ရွိပါတယ္။
အေၾကာင္း မသိသူေတြကေတာ့ တ႐ုတ္ဘုံေက်ာင္းလို႔ ထင္မွတ္မွားေကာင္း မွားႏိုင္ပါတယ္။
ဒီအေဆာက္အဦးကို ခ်င္းေခ်ာင္းနန္းေတာ္လို႔ ေခၚၾကသလို ႏွစ္သန္းေက်ာ္ကုန္းလို႔လည္း ေခၚၾကပါတယ္။
ခ်င္းေခ်ာင္းနန္းေတာ္ရဲ႕ ကနဦး ပိုင္ရွင္ကေတာ့ လင္းခ်င္းေခ်ာင္း (Lim Chin Tsong) ျဖစ္ပါတယ္။
သူရဲ႕ ေမြးသကၠရာဇ္ကေတာ့ ၁၈၆၇ ခု၊ ေအာက္တိုဘာလ (၂၈)ရက္ ျဖစ္ၿပီး ဖခင္ကေတာ့ ကုန္သည္ႀကီး လင္းဆူးဟန္ (Lim Soo Hean) ပါ။ ေခတ္ကာလ အေနအထားအရ လင္းဆူးဟန္ဟာ ကုန္သြယ္ေရးမွာ အဂၤလိပ္ ဘာသာစကားရဲ႕ အေရးပါပုံကို သိရွိသည့္အတြက္ လင္းခ်င္းေခ်ာင္းအား စိန္ေပါလ္ေက်ာင္းႏွင့္ ရန္ကုန္ တကၠသိုလ္တို႔မွာ ပညာ သင္ယူေစခဲ့ပါတယ္။
၁၈၈၈ ခုမွာ လင္းဆူးဟန္ ကြယ္လြန္သြားသျဖင့္ လင္းခ်င္းေခ်ာင္းဟာ ဖခင္ရဲ႕ ကုမၸဏီကို အေမြ ဆက္ခံခဲ့တယ္။ လင္းခ်င္းေခ်ာင္း လက္ထက္မွာ ဆန္ႏွင့္ပဲ ကုန္သြယ္မႈအျပင္ ေရနံလုပ္ငန္း ေဈးကြက္ကိုပါ ခ်ဲ႕ထြင္ခဲ့ပါတယ္။
သူဟာ Burma Oil Company (BOC) ၏ ျမန္မာႏိုင္ငံအတြက္ တစ္ဦးတည္းေသာ ေရနံ ကိုယ္စားလွယ္အျဖစ္ ၁၈၉၁ ခုမွာ လုပ္ကြက္ ရယူႏိုင္ခဲ့တယ္။ျမန္မာႏိုင္ငံမွ ထြက္ရွိတဲ့ ေရနံေတြကို ပီနန္ကြၽန္း၊ စကၤပူ၊ ေဟာင္ေကာင္၊ Shantou ႏွင့္ Xiamen ၿမိဳ႕မ်ားထိ တင္ပို႔ ေရာင္းခ်ပါတယ္။
လင္းခ်င္းေခ်ာင္းမွာ ျမန္မာႏိုင္ငံရဲ႕ တစ္ဦးတည္းေသာ ေရနံကိုယ္စားလွယ္ လုပ္ကြက္သာ မကဘဲ ဆန္၊ ပဲ၊ ရာဘာ၊ ဝါဂြမ္း၊ ဆီစက္၊ မီးျခစ္စက္႐ုံ၊ သတၱဳတြင္း လုပ္ငန္းမ်ားပါ ရွိေသးတယ္။ သူ႔ရဲ႕ ခ်မ္းသာမႈဟာ ဘယ္ေလာက္ေတာင္ မ်ားျပားေနလိုက္မလဲေနာ္။
လင္းခ်င္းေခ်ာင္းဟာ အလႉအတန္း ရက္ေရာသူအျဖစ္ နာမည္ ေက်ာ္ၾကားသူ တစ္ေယာက္ပါ။ ရန္ကုန္တကၠသိုလ္နဲ႔ ဂ်င္မခန္ဒါ သားဖြားေဆး႐ုံ တည္ေထာင္ရာမွာ သူဟာ မတည္ေငြ အေျမာက္အမ်ား ထည့္ဝင္ လႉဒါန္းခဲ့တယ္။
သူ႔ရဲ႕ ပုဂၢလိကပိုင္ သေဘၤာေတြကိုလည္း လႉဒါန္းခဲ့ပါေသးတယ္။ ဒါ့ေၾကာင့္ ၿဗိတိသွ် အစိုးရက လင္းခ်ာင္းေခ်ာင္းအား OBE ဆိုတဲ့ ဂုဏ္ထူးေဆာင္ဘြဲ႕ကို ၁၉၁၉ခု မွာ ခ်ီးျမႇင့္ခဲ့ပါတယ္။လင္းခ်င္းေခ်ာင္းရဲ႕ ကံဇာတာ ေမွးမွိန္မႈဟာ ပထမ ကမာၻစ.စ္ႏွင့္အတူ လိုက္ပါလာတယ္။၁၉၁၁ ခုမွာ အေႂကြး တင္လာၿပီး ၁၉၁၄ ခုမွာ ပိုင္ဆိုင္မႈႏွင့္ လုပ္ငန္းအခ်ိဳ႕ကို ေပါင္ႏွံထားရသည္အထိ ျဖစ္လာတယ္။
အေျခအေနက အေႂကြးတင္ေနၿပီ ျဖစ္ေသာ္လည္း လင္းခ်င္းေခ်ာင္းဟာ ခမ္းနား ထည္ဝါလြန္းသည့္ အိမ္ေတာ္ႀကီး တစ္ေဆာင္ကို ၁၉၁၅ ခုမွာ စတင္ တည္ေဆာက္ၿပီး ၁၉၁၉ ခုမွာ ၿပီးပါတယ္။အိမ္ေတာ္မွာ အထပ္ေပါင္း (၅)ထပ္ ပါဝင္ၿပီး အေရွ႕တိုင္းႏွင့္ အေနာက္တိုင္း ဗိသုကာ လက္ရာမ်ား ေပါင္းစပ္ထားတယ္။
ၿခံဝန္းက (၇)ဧက က်ယ္ဝန္းကာ ေရကန္ႀကီးႏွင့္ ပန္းၿခံမ်ား ထည့္သြင္း တည္ေဆာက္ထားေသးတယ္။ အိမ္ တည္ေဆာက္ရာမွာ ႐ူပီေငြ (၂) သန္းေက်ာ္ ကုန္က်ခဲ့သည့္အတြက္ ႏွစ္သန္းေက်ာ္ကုန္းဟု ေခၚၾကပါတယ္။
လင္းခ်င္းေခ်ာင္း ပိုင္ဆိုင္တဲ့ အိမ္ေတာ္ဟာ နန္းေတာ္ႀကီးသမွ် ခမ္းနားလိုက္တာလို႔ ေျပာၾကရာကေန ခ်င္းေခ်ာင္းနန္းေတာ္ဆိုၿပီး လူသိမ်ားလာခဲ့တယ္။အိမ္ေတာ္ တည္ေဆာက္ၿပီးေနာက္မွာ လင္းခ်င္းေခ်ာင္းဟာ မၾကာခဏ ဆိုသလို မိတ္ေဆြမ်ားကို ဖိတ္ၿပီး ပါတီပြဲ က်င္းပေလ့ ရွိတယ္။
သူ႔ရဲ႕ အိမ္ေတာ္ကို လာေရာက္ လည္ပတ္သူေတြထဲမွာ အိုင္ယာလန္ဖြား အဂၤလိပ္လူမ်ိဳး စာေရးဆရာ Maurice Collis လည္း ပါဝင္တယ္။ စာေရးဆရာ Maurice Collis ဆိုတာ “Lords of the Sunset” ဆိုတဲ့ စာအုပ္ကို ေရးသားခဲ့သူ ျဖစ္ပါတယ္။
လင္းခ်င္းေခ်ာင္းဟာ ၁၉၁၉ ခုမွာ မိသားစု၊ ေဆြမ်ိဳးမ်ားႏွင့္အတူ အဂၤလန္ႏိုင္ငံသို႔ (၅)လၾကာ ခရီးထြက္ခဲ့ေသးတယ္။ အဂၤလန္ကို ေရာက္တုန္းေရာက္ခိုက္ ေဈးကြက္ ရွာၾကည့္ေပမယ့္ အဆင္မေျပခဲ့ပါဘူး။
လင္းခ်င္းေခ်ာင္းရဲ႕ ကံဇာတာ အဆိုးဝါးဆုံး ကာလကေတာ့ ၁၉၂၁ ခုပါ။ ထိုႏွစ္မွာ ၿဗိတိသွ် အစိုးရက အိႏၵိယႏိုင္ငံသို႔ ဆန္တင္ပို႔မႈ အားလုံးကို တားျမစ္လိုက္ပါတယ္။
ျမန္မာ့ဆန္ေဈးက တဟုန္ထိုး ထိုးက်သြားၿပီး လင္းေခ်ာင္းေခ်ာင္းရဲ႕ စီးပြားေရးဟာ ပ်က္သထက္ ပ်က္စီးလာပါေတာ့တယ္။စီးပြား က်လာေနၿပီျဖစ္တဲ့ လင္းခ်င္းေခ်ာင္းကို BOC ကုမၸဏီကလည္း ေရနံလုပ္ပိုင္ခြင့္ ကိုယ္စားလွယ္အျဖစ္မွ ႏုတ္ပယ္လိုက္ပါေသးတယ္။
အေႂကြးပတ္လည္ ဝိုင္းလာေသာ လင္းခ်င္းေခ်ာင္းကို အေႂကြးမ်ား ျပန္ဆပ္ရန္အတြက္ ၁၉၂၃ ခုမွာ တရား႐ုံးမွ ဆင့္ေခၚလာပါတယ္။လင္းခ်င္းေခ်ာင္းဟာ ျပင္ပႏွင့္ လုံးဝအဆက္အသြယ္ ျဖတ္ခ်လိုက္ၿပီး တရား႐ုံးသို႔လည္း မသြားခဲ့ပါဘူး။
ဒါ့ေၾကာင့္ သူဟာ ဝရမ္းထုတ္ခံရပါတယ္။ သည္လို ပူပန္စရာေပါင္း မ်ားစြာႏွင့္ ႀကဳံႀကိဳက္လာတဲ့ လင္းခ်င္းေခ်ာင္းဟာ ၁၉၂၃ခု၊ ႏိုဝင္ဘာလ (၂) ရက္ေန႔မွာ ႐ုတ္တရတ္ ကြယ္လြန္သြားပါေတာ့တယ္။
လင္းခ်င္းေခ်ာင္း ကြယ္လြန္ခ်ိန္မွာ ဇနီးသည္ မပိုးဥႏွင့္ သားသမီး (၈)ေယာက္ က်န္ရစ္ခဲ့ပါတယ္။ လင္းခ်င္းေခ်ာင္းရဲ႕ သားသမီးမ်ားဟာ ဖခင္ ကြယ္လြန္ၿပီးေနာက္မွာ ႏိုင္ငံရပ္ျခားသို႔ ေျပာင္းေ႐ႊ႕ သြားပါေတာ့တယ္။
မပိုးဥကေတာ့ ခ်င္းေခ်ာင္း နန္းေတာ္မွာပဲ ေနရစ္ခဲ့တယ္လို႔ ဆိုၾကတယ္။ ေနာက္ပိုင္းမွာ ခ်င္းေခ်ာင္းနန္းေတာ္ကို အိႏၵိယကုန္သည္ႀကီး တစ္ဦးမွ ဝယ္ယူသြားပါတယ္။ဂ်ပန္ေတြ ဝင္လာတဲ့အခ်ိန္ ခ်င္းေခ်ာင္းနန္းေတာ္ကို သိမ္းလိုက္ၾကၿပီး ေရဒီယို အသံလႊင့္႐ုံအျဖစ္ ၁၉၄၁ ခုမွ ၁၉၄၅ ခုထိ အသုံးျပဳခဲ့ၾကတယ္။
လြတ္လပ္ေရး ရၿပီးေနာက္ ၁၉၅၀ ခုမွာ ခ်င္းေခ်ာင္းနန္းေတာ္ကို ျပည္သူပိုင္အျဖစ္ သိမ္းပိုက္ကာ ကေမာၻဇရိပ္သာ နာမည္ျဖင့္ ႏိုင္ငံေတာ္ ဧည့္ရိပ္သာအျဖစ္ အသုံးျပဳခဲ့ေသးတယ္။
ခ်င္ေခ်ာင္းနန္းေတာ္သည္ ႏွစ္ ၁၀၀ တိုင္ခဲ့ေသာ္လည္း ေတာ္ေတာ္မ်ားမ်ား လုံး၀ ပ်က္စီးမႈ မရွိေသးေပ။ ၾကမ္းခင္း ေလွကား ေႂကြျပားမ်ား ေက်ာက္ျပားမ်ား မွန္ကူကြက္မ်ားလည္း ယေန႔တိုင္ အေကာင္းအတိုင္းရွိေသးသည္။
အေနာက္တိုင္း ႏွင့္ တ႐ုတ္ ပန္းခ်ီဆရာမ်ားဆြဲခဲ့ေသာ နံရံကပ္ ပန္းခ်ီမ်ားလည္း အေရာင္ အနည္းငယ္ လြင့္သည္မွ အပ ပ်က္စီးမႈ မရွိေသးေပ။ အခ်ိန္ေပးကာ ေလ့လာသင့္ေသာ ေနရာတစ္ခုလည္း ျဖစ္သည္။
အခုေတာ့ ယဥ္ေက်းမႈ ဝန္ႀကီးဌာန လက္ေအာက္မွာ ရွိတယ္လို႔ သိရပါတယ္။
Credit … ခ်မ္း (travellerchan)