အီဂျစ်သမိုင်းတွေဖြစ်လာဖို့ နိုင်းမြစ်ဟာ အရေးကြီးတဲ့နေရာက ပါဝင်ခဲ့ပါတယ်

အေထြအေထြဗဟုသုတ

ကမ္ဘာကျော် နိုင်းမြစ်အကြောင်း သိကောင်းစရာ

အီဂျစ်သမိုင်းတွေဖြစ်လာဖို့ နိုင်းမြစ်ဟာ အရေးကြီးတဲ့နေရာက ပါဝင်ခဲ့ပါတယ်

ရှေးခေတ် အီဂျစ်သမိုင်းတွေမှာ နိုင်းမြစ်ဟာ မပါမဖြစ်ဆိုတာ အားလုံးသိပြီး ဖြစ်ကြမှာပါ။ အီဂျစ်သမိုင်းတွေ ဖြစ်လာဖို့ နိုင်းမြစ်က အရေးကြီးတဲ့ နေရာက ပါဝင်ခဲ့ပါတယ်။

ကမ္ဘာ့ယဉ်ကျေးမှုဟာ နိုင်းမြစ်ဝှမ်း ယဉ်ကျေးမှုက စတယ် ဆိုရင်လည်း မမှားပါဘူး။ အခု နိုင်းမြစ်နဲ့ ပတ်သတ်တဲ့ အချက်ကလေး တချို့ကို ဗဟုသုတ အနေနဲ့ မျှဝေလိုက်ပါတယ်။

 

နိုင်းမြစ်ဟာ မိုင်ပေါင်း ၄၂၅၈ မိုင် ရှည်လျားပြီး ဆယ်စုနှစ်ပေါင်းများစွာ ကမ္ဘာ့အရှည်ဆုံးမြစ် အဖြစ် ရပ်တည်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၇ ခုနှစ် ဘရာဇီး သိပ္ပံပညာရှင်တွေရဲ့ ကွင်းဆင်းတိုင်းတာချက်အရ အမေဇုန်မြစ်ဟာ နိုင်းမြစ်ထက် ၆၅ မိုင် ပိုရှည်ကြောင်းသိခဲ့ရပြီးတဲ့နောက် နိုင်းမြစ်ဟာ ကမ္ဘာ့ ဒုတိယအရှည်ဆုံးမြစ် ဖြစ်သွားခဲ့ပါတယ်။

နိုင်းမြစ်ဟာ အာဖရိကတိုက်မှာ တည်ရှိပြီး ကင်ညာ၊ ကွန်ဂို၊ အရီတြီးယား၊ ဘာရမ်ဒီ၊ ယူဂန်ဒါ၊ တန်ဇန်းနီးယား၊ ယုဝမ်ဒါ၊ အီဂျစ်၊ ဆူဒန်၊ အီသီယိုးပီးယား စတဲ့ နိုင်ငံများကို ဖြတ်သန်း စီးဆင်းပါတယ်။

အီဂျစ်ယဉ်ကျေးမှု ဖြစ်ပေါ်စေဖို့ ကြီးစွာ အထောက်အပံ့ ပြုခဲ့ပြီး လူဇာနဲ့ ကိုင်ရိုလို မြို့ကြီးတွေ အပါအဝင် ရှေးဟောင်း အီဂျစ်မြို့ဟောင်း အများစုဟာ နိုင်းမြစ်ကမ်းပေါ်မှ တည်ရှိပါတယ်။

 

နိုင်းမြစ်မှာ နိုင်းမြစ်ပြာနဲ့ နိုင်းမြစ်ဖြူဟု မြစ်နှစ်သွယ် ရှိပါတယ်။ နိုင်းမြစ်ပြာဟာ အက်ဗီးဆီးနီးယန်း တောင်တန်းတွေကနေ မြစ်ဖျားခံပြီး နိုင်းမြစ်ဖြူကတော့ ဝိုတိုရိယ၊ အဲလ်ဘတ်၊ အက်ဒွပ် အိုင်တွေ၌ မြစ်ဖျားခံပါတယ်။

သဲကန္တာရကို ဖြတ်သန်း စီးဆင်းရတာကြောင့် မြစ်ကြောင်း တဖြည်းဖြည်း ကျဉ်းလာပြီး ကိုင်ရိုမြို့အနီး ရောက်တဲ့အခါ ပေ ၃၀၀ ခန့်တောင် မကျယ်တော့ပါဘူး။ အီဂျစ်ကို ဖြတ်သန်းပြီးနောက် ရေကြောင်းနှစ်သွယ် ဖြစ်လျှက် မြေထဲပင်လယ်ထဲကို စီးဝင်သွားပါတယ်။

နိုင်းမြစ်ဝှမ်းဟာ စိုက်ပျိုးရေးအတွက် ကမ္ဘာ့အကောင်းဆုံး မြေသြဇာရှိရာ ဒေသများတွင် တစ်ခု အပါအဝင် ဖြစ်ပြီး ဘီစီ ၅၀၀၀ ခန့်ကပင် ရှေးခေတ်အီဂျစ်လယ်သမားတို့ စိုက်ပျိုး လုပ်ကိုင်ခဲ့ကြပါတယ်။

ရှေးခေတ် အီဂျစ်တွေဟာ နိုင်းမြစ်ကို နေရာသုံးမျိုးမှာ သုံးခဲ့ပါတယ်။

– မြစ်ကြောင်းတလျှောက် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး

– ရေသွင်းစိုက်ပျိုးရေး

– မြစ်ကမ်းမှ ရွှံ့များဖြင့် အဆောက်အအုံများ ဆောက်လုပ်ခြင်း တို့ ဖြစ်ပါတယ်။

မကြာခဏ ရေလွှမ်းခံရလေ့ ရှိပြီး အထူးခံစားရသော ဒေသမှာ အက်ဆူးဝန်မြို့ မြောက်ဘက်ဝန်းကျင် ဒေသ ဖြစ်ပါတယ်။နောက်ပိုင်း အက်ဆူးဝန်ဆည်ကို ဆောက်လုပ်လိုက်တဲ့အတွက် ရေလွှမ်းမိုးမှု လျှော့နည်းသွားပါတယ်။ နိုင်းမြစ်ကြောင်း တလျှောက်မှာ တိရစ္ဆာန်မျိုးစုံကို တွေ့ရတတ်ပါတယ်။

အများစုကတော့ ငါးတွေ ၊ လိပ်တွေ ၊ ပုတ်သင်ညို၊ ရေမြင်း၊ မိကျောင်းနဲ့ မြွေမျိုးစိတ်တွေပဲ ဖြစ်ပါတယ်။နိုင်းမိကျောင်းဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အန္တရာယ်အရှိဆုံး မိကျောင်းမျိုး ဖြစ်ပါတယ်။ ဒီမိကျောင်းမျိုးတွေဟာ ပေ ၂၀ ခန့် အထိ ရှည်လျားပြီး ပေါင် ၁၅၀၀ ဝန်းကျင်ခန့် ရှိတတ်ပါတယ်။

နောက်နှစ်ပေါင်းများစွာ အကြာမှာ တဖြည်းဖြည်း ပူပြင်းလာမှုကြောင့် ဒီဒေသတစ်ခုလုံးဟာ သဲကန္တာရအတိ ရာသီဥတု ဖြစ်သွားလိမ့်မယ် လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

Zawgyi

ကမာၻေက်ာ္ ႏိုင္းျမစ္အေၾကာင္း သိေကာင္းစရာ

အီဂ်စ္သမိုင္းေတြျဖစ္လာဖို႔ ႏိုင္းျမစ္ဟာ အေရးႀကီးတဲ့ေနရာက ပါဝင္ခဲ့ပါတယ္

ေရွးေခတ္ အီဂ်စ္သမိုင္းေတြမွာ ႏိုင္းျမစ္ဟာ မပါမျဖစ္ဆိုတာ အားလုံးသိၿပီး ျဖစ္ၾကမွာပါ။ အီဂ်စ္သမိုင္းေတြ ျဖစ္လာဖို႔ ႏိုင္းျမစ္က အေရးႀကီးတဲ့ ေနရာက ပါဝင္ခဲ့ပါတယ္။

ကမာၻ႔ယဥ္ေက်းမႈဟာ ႏိုင္းျမစ္ဝွမ္း ယဥ္ေက်းမႈက စတယ္ ဆိုရင္လည္း မမွားပါဘူး။ အခု ႏိုင္းျမစ္နဲ႔ ပတ္သတ္တဲ့ အခ်က္ကေလး တခ်ိဳ႕ကို ဗဟုသုတ အေနနဲ႔ မွ်ေဝလိုက္ပါတယ္။

ႏိုင္းျမစ္ဟာ မိုင္ေပါင္း ၄၂၅၈ မိုင္ ရွည္လ်ားၿပီး ဆယ္စုႏွစ္ေပါင္းမ်ားစြာ ကမာၻ႔အရွည္ဆုံးျမစ္ အျဖစ္ ရပ္တည္ခဲ့ပါတယ္။

ဒါေပမယ့္ ၂၀၀၇ ခုႏွစ္ ဘရာဇီး သိပၸံပညာရွင္ေတြရဲ႕ ကြင္းဆင္းတိုင္းတာခ်က္အရ အေမဇုန္ျမစ္ဟာ ႏိုင္းျမစ္ထက္ ၆၅ မိုင္ ပိုရွည္ေၾကာင္းသိခဲ့ရၿပီးတဲ့ေနာက္ ႏိုင္းျမစ္ဟာ ကမာၻ႔ ဒုတိယအရွည္ဆုံးျမစ္ ျဖစ္သြားခဲ့ပါတယ္။

ႏိုင္းျမစ္ဟာ အာဖရိကတိုက္မွာ တည္ရွိၿပီး ကင္ညာ၊ ကြန္ဂို၊ အရီႀတီးယား၊ ဘာရမ္ဒီ၊ ယူဂန္ဒါ၊ တန္ဇန္းနီးယား၊ ယုဝမ္ဒါ၊ အီဂ်စ္၊ ဆူဒန္၊ အီသီယိုးပီးယား စတဲ့ ႏိုင္ငံမ်ားကို ျဖတ္သန္း စီးဆင္းပါတယ္။

အီဂ်စ္ယဥ္ေက်းမႈ ျဖစ္ေပၚေစဖို႔ ႀကီးစြာ အေထာက္အပံ့ ျပဳခဲ့ၿပီး လူဇာနဲ႔ ကိုင္႐ိုလို ၿမိဳ႕ႀကီးေတြ အပါအဝင္ ေရွးေဟာင္း အီဂ်စ္ၿမိဳ႕ေဟာင္း အမ်ားစုဟာ ႏိုင္းျမစ္ကမ္းေပၚမွ တည္ရွိပါတယ္။

ႏိုင္းျမစ္မွာ ႏိုင္းျမစ္ျပာနဲ႔ ႏိုင္းျမစ္ျဖဴဟု ျမစ္ႏွစ္သြယ္ ရွိပါတယ္။ ႏိုင္းျမစ္ျပာဟာ အက္ဗီးဆီးနီးယန္း ေတာင္တန္းေတြကေန ျမစ္ဖ်ားခံၿပီး ႏိုင္းျမစ္ျဖဴကေတာ့ ဝိုတိုရိယ၊ အဲလ္ဘတ္၊ အက္ဒြပ္ အိုင္ေတြ၌ ျမစ္ဖ်ားခံပါတယ္။

သဲကႏၲာရကို ျဖတ္သန္း စီးဆင္းရတာေၾကာင့္ ျမစ္ေၾကာင္း တျဖည္းျဖည္း က်ဥ္းလာၿပီး ကိုင္႐ိုၿမိဳ႕အနီး ေရာက္တဲ့အခါ ေပ ၃၀၀ ခန႔္ေတာင္ မက်ယ္ေတာ့ပါဘူး။ အီဂ်စ္ကို ျဖတ္သန္းၿပီးေနာက္ ေရေၾကာင္းႏွစ္သြယ္ ျဖစ္လွ်က္ ေျမထဲပင္လယ္ထဲကို စီးဝင္သြားပါတယ္။

ႏိုင္းျမစ္ဝွမ္းဟာ စိုက္ပ်ိဳးေရးအတြက္ ကမာၻ႔အေကာင္းဆုံး ေျမၾသဇာရွိရာ ေဒသမ်ားတြင္ တစ္ခု အပါအဝင္ ျဖစ္ၿပီး ဘီစီ ၅၀၀၀ ခန႔္ကပင္ ေရွးေခတ္အီဂ်စ္လယ္သမားတို႔ စိုက္ပ်ိဳး လုပ္ကိုင္ခဲ့ၾကပါတယ္။

ေရွးေခတ္ အီဂ်စ္ေတြဟာ ႏိုင္းျမစ္ကို ေနရာသုံးမ်ိဳးမွာ သုံးခဲ့ပါတယ္။

– ျမစ္ေၾကာင္းတေလွ်ာက္ ကုန္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ေရး

– ေရသြင္းစိုက္ပ်ိဳးေရး

– ျမစ္ကမ္းမွ ႐ႊံ႕မ်ားျဖင့္ အေဆာက္အအုံမ်ား ေဆာက္လုပ္ျခင္း တို႔ ျဖစ္ပါတယ္။

မၾကာခဏ ေရလႊမ္းခံရေလ့ ရွိၿပီး အထူးခံစားရေသာ ေဒသမွာ အက္ဆူးဝန္ၿမိဳ႕ ေျမာက္ဘက္ဝန္းက်င္ ေဒသ ျဖစ္ပါတယ္။ေနာက္ပိုင္း အက္ဆူးဝန္ဆည္ကို ေဆာက္လုပ္လိုက္တဲ့အတြက္ ေရလႊမ္းမိုးမႈ ေလွ်ာ့နည္းသြားပါတယ္။ ႏိုင္းျမစ္ေၾကာင္း တေလွ်ာက္မွာ တိရစာၦန္မ်ိဳးစုံကို ေတြ႕ရတတ္ပါတယ္။

အမ်ားစုကေတာ့ ငါးေတြ ၊ လိပ္ေတြ ၊ ပုတ္သင္ညိဳ၊ ေရျမင္း၊ မိေက်ာင္းနဲ႔ ေႁမြမ်ိဳးစိတ္ေတြပဲ ျဖစ္ပါတယ္။ႏိုင္းမိေက်ာင္းဟာ ကမာၻ႔အႀကီးဆုံးနဲ႔ အႏၲရာယ္အရွိဆုံး မိေက်ာင္းမ်ိဳး ျဖစ္ပါတယ္။ ဒီမိေက်ာင္းမ်ိဳးေတြဟာ ေပ ၂၀ ခန႔္ အထိ ရွည္လ်ားၿပီး ေပါင္ ၁၅၀၀ ဝန္းက်င္ခန႔္ ရွိတတ္ပါတယ္။

ေနာက္ႏွစ္ေပါင္းမ်ားစြာ အၾကာမွာ တျဖည္းျဖည္း ပူျပင္းလာမႈေၾကာင့္ ဒီေဒသတစ္ခုလုံးဟာ သဲကႏၲာရအတိ ရာသီဥတု ျဖစ္သြားလိမ့္မယ္ လို႔ သိပၸံပညာရွင္ေတြက ခန႔္မွန္းထားၾကပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *