သိပ်အားကျရတဲ့ စီးပွားရေးသမား တစ်ယောက်ရဲ့ လမ်းညွှန်ချက် (ကောင်းလွန်းလို့ မျှဝေပေးလိုက်ပါတယ်..)
စီးပွားရေးမှာ သိပ်အားကျရတဲ့သူတယောက်ရှိတယ်။ သူပြောဖူးတဲ့ စကားတစ်ခု… လူတယောက်က တစ်လ ဝင်ငွေ ၁သိန်းရတယ် ဆိုပါတော့… တစ်လ ကို ၅သောင်းသုံးတယ်။ သူ တစ်လ ဝင်ငွေ ၅သောင်းပဲရတော့တဲ့အခါ ဘာလုပ်မလဲတဲ့…?
ကိုယ် ထင်ခဲ့တာ အသုံးစရိတ်ကို တဝက်လျှော့သုံးမယ်ပေါ့။ သူ ရယ်တယ်…. အဲ့လိုတွေးရင် သူဌေးမဖြစ်တော့ဘူး…။
တစ်လကို ၅ သောင်း အသုံးစားရိတ်ရှိနေရင် ငါအမြဲ ဒီလိုသုံးနိုင်အောင် ဘယ်လိုရှာရမလဲ တွေးရတယ်။ လျှော့သုံးဖို့ထက် တိုးရှာနိုင်အောင် လုပ်လေတဲ့…။
စောစောကပြောတော့ ဝင်ငွေက တဝက်ကျသွားတာဆိုလို့ ပြန်မေးတော့…. သူ ထပ်ရယ်တယ်။ ဒီစီးပွားက ငွေဝင်နည်းရင် အခြားတစ်ခုကိုရအောင်ကြံပေါ့…။ အချိန်တိုင်း ကြံစည်နေရမှာပဲလေ။
လူဆိုတာ မွေးစကနေ သေသည်အထိပြေးလမ်းပေါ်မှာ ပြေးနေသလိုပဲ… ပူလောင်လိုက်တာ မညည်းနဲ့… အေးချမ်းချင် တရားရိပ် ခိုလိုက်တဲ့။
အဲ့ဒီလူဟာ အသက် ၂၃ နှစ်မှာ စက်လှေအစီး ၈၀ ပိုင်တဲ့ Company ရဲ့ Director ဖြစ်နေပြီ။ သူငယ်ငယ်က သူ့မိသားစုက စက်လှေ ၁ စီးထဲနဲ့ ငါးဖမ်းလုပ်ငန်းလုပ်ခဲ့သူတွေ…။
သူ့ဘဝမှာ ရုပ်ရှင်ရုံလဲ မသိဘူး…. ပန်းခြံလဲ မသိဘူး… အချစ်ကိုလဲ ဦးစားမပေးခဲ့ဘူး။ အလုပ်ချိန် ချစ်သူကို သတိရမိရင်တောင် မင်းကြောင့် ငါ အာရုံစိုက်မရဖြစ်တယ်ကွ ဆိုပြီး လှမ်းဆဲတတ်တဲ့သူမျိုးးး။
သူ့မှာ… လူငယ်ဘဝလဲ ဆုံးရှုံးတယ်… ပျော်စရာဆိုတာ မရှိသလောက်ပဲ။ ဒီလို နေရတာ ပျော်ရဲ့လား? ဘဝက ဘာအဓိပ္ပါယ်ရှိမလဲ ကိုယ်မေးတော့…
အနည်းဆုံးတော့ ကိုယ့်ညီတွေကို နိုင်ငံခြားမှာ ကျောင်းထားနိုင်တယ်… ဆင်းရဲသူတွေကို ပေးနိုင်လှူနိုင်တယ်… မကျန်းမာတဲ့အခါ ကုနိုင်တယ်… ဆွေမျိုးတွေကို ထောက်ပံ့နိုင်တယ်။
တစ်နေ့ သားသမီးရှိလာရင် ပြည့်စုံမှုပေးနိုင်တယ်လေ ငွေမရှိပဲ ငယ်ဘဝကိုပေါ့ပေါ့ပါးပါး ပျော်နေခဲ့မယ်ဆို အတ္တကြီးရာ ကျတာပေါ့တဲ့။
ဘဝမှာ တခုပဲရမယ် အောင်မြင်မှုလားး၊ အေးချမ်းမှုလားး … နှစ်ခုလုံးလိုချင်လို့တော့ မရဘူး။ ကြာလာလေ သဘောပေါက်လာလေပဲ။
ထမင်းကြမ်းကို ယပ်ခပ်စားရတာ ပြဿနာမဟုတ်ပေမယ့် ကိုယ်ချစ်တဲ့သူတွေ မပြည့်မစုံဖြစ်တာ ထိုင်ကြည့်ရတဲ့အခါတော့ အတော့်ကို နာကျင်ရတယ်…
သူများစားရင် ကျွေးချင်တယ်။ သူများဝတ်ရင် ဆင်ချင်တယ်။ သူများပေးရင် ကိုယ်လဲပေးချင်တယ်… ဒါဟာ လောဘ ဆိုရင်… ဟုတ်တယ် ကျနော် သိပ်လောဘကြီးတာပဲ
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။
Unicode
သိပ္အားက်ရတဲ့ စီးပြားေရးသမား တစ္ေယာက္ရဲ႕ လမ္းၫႊန္ခ်က္(ေကာင္းလြန္းလို႔ မွ်ေဝေပးလိုက္ပါတယ္..)
စီးပြားေရးမွာ သိပ္အားက်ရတဲ့သူတေယာက္ရွိတယ္။ သူေျပာဖူးတဲ့ စကားတစ္ခု… လူတေယာက္က တစ္လ ဝင္ေငြ ၁သိန္းရတယ္ ဆိုပါေတာ့… တစ္လ ကို ၅ေသာင္းသုံးတယ္။ သူ တစ္လ ဝင္ေငြ ၅ေသာင္းပဲရေတာ့တဲ့အခါ ဘာလုပ္မလဲတဲ့…?
ကိုယ္ ထင္ခဲ့တာ အသုံးစရိတ္ကို တဝက္ေလွ်ာ့သုံးမယ္ေပါ့။ သူ ရယ္တယ္…. အဲ့လိုေတြးရင္ သူေဌးမျဖစ္ေတာ့ဘူး…။
တစ္လကို ၅ ေသာင္း အသုံးစားရိတ္ရွိေနရင္ ငါအၿမဲ ဒီလိုသုံးႏိုင္ေအာင္ ဘယ္လိုရွာရမလဲ ေတြးရတယ္။ ေလွ်ာ့သုံးဖို႔ထက္ တိုးရွာႏိုင္ေအာင္ လုပ္ေလတဲ့…။
ေစာေစာကေျပာေတာ့ ဝင္ေငြက တဝက္က်သြားတာဆိုလို႔ ျပန္ေမးေတာ့…. သူ ထပ္ရယ္တယ္။ ဒီစီးပြားက ေငြဝင္နည္းရင္ အျခားတစ္ခုကိုရေအာင္ႀကံေပါ့…။ အခ်ိန္တိုင္း ႀကံစည္ေနရမွာပဲေလ။
လူဆိုတာ ေမြးစကေန ေသသည္အထိေျပးလမ္းေပၚမွာ ေျပးေနသလိုပဲ… ပူေလာင္လိုက္တာ မညည္းနဲ႔… ေအးခ်မ္းခ်င္ တရားရိပ္ ခိုလိုက္တဲ့။
အဲ့ဒီလူဟာ အသက္ ၂၃ ႏွစ္မွာ စက္ေလွအစီး ၈၀ ပိုင္တဲ့ Company ရဲ႕ Director ျဖစ္ေနၿပီ။ သူငယ္ငယ္က သူ႔မိသားစုက စက္ေလွ ၁ စီးထဲနဲ႔ ငါးဖမ္းလုပ္ငန္းလုပ္ခဲ့သူေတြ…။
သူ႔ဘဝမွာ ႐ုပ္ရွင္႐ုံလဲ မသိဘူး…. ပန္းၿခံလဲ မသိဘူး… အခ်စ္ကိုလဲ ဦးစားမေပးခဲ့ဘူး။ အလုပ္ခ်ိန္ ခ်စ္သူကို သတိရမိရင္ေတာင္ မင္းေၾကာင့္ ငါ အာ႐ုံစိုက္မရျဖစ္တယ္ကြ ဆိုၿပီး လွမ္းဆဲတတ္တဲ့သူမ်ိဳးးး။
သူ႔မွာ… လူငယ္ဘဝလဲ ဆုံးရႈံးတယ္… ေပ်ာ္စရာဆိုတာ မရွိသေလာက္ပဲ။ ဒီလို ေနရတာ ေပ်ာ္ရဲ႕လား? ဘဝက ဘာအဓိပၸါယ္ရွိမလဲ ကိုယ္ေမးေတာ့…
အနည္းဆုံးေတာ့ ကိုယ့္ညီေတြကို ႏိုင္ငံျခားမွာ ေက်ာင္းထားႏိုင္တယ္… ဆင္းရဲသူေတြကို ေပးႏိုင္လႉႏိုင္တယ္… မက်န္းမာတဲ့အခါ ကုႏိုင္တယ္… ေဆြမ်ိဳးေတြကို ေထာက္ပံ့ႏိုင္တယ္။
တစ္ေန႔ သားသမီးရွိလာရင္ ျပည့္စုံမႈေပးႏိုင္တယ္ေလ ေငြမရွိပဲ ငယ္ဘဝကိုေပါ့ေပါ့ပါးပါး ေပ်ာ္ေနခဲ့မယ္ဆို အတၱႀကီးရာ က်တာေပါ့တဲ့။
ဘဝမွာ တခုပဲရမယ္ ေအာင္ျမင္မႈလားး၊ ေအးခ်မ္းမႈလားး … ႏွစ္ခုလုံးလိုခ်င္လို႔ေတာ့ မရဘူး။ ၾကာလာေလ သေဘာေပါက္လာေလပဲ။
ထမင္းၾကမ္းကို ယပ္ခပ္စားရတာ ျပႆနာမဟုတ္ေပမယ့္ ကိုယ္ခ်စ္တဲ့သူေတြ မျပည့္မစုံျဖစ္တာ ထိုင္ၾကည့္ရတဲ့အခါေတာ့ အေတာ့္ကို နာက်င္ရတယ္…
သူမ်ားစားရင္ ေကြၽးခ်င္တယ္။ သူမ်ားဝတ္ရင္ ဆင္ခ်င္တယ္။ သူမ်ားေပးရင္ ကိုယ္လဲေပးခ်င္တယ္… ဒါဟာ ေလာဘ ဆိုရင္… ဟုတ္တယ္ က်ေနာ္ သိပ္ေလာဘႀကီးတာပဲ
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။