ရွက်လှပင်ရဲ့ အဆိပ်ကြောက်စရာ

အေထြအေထြဗဟုသုတ

ရွက်လှပင် စိုက်သူများသတိပြုပါ (ရွက်လှပင်ရဲ့ အဆိပ်ကြောက်စရာ)

ကလေးရှိတဲ့ မိသားစုတွေ အတွက် ဆင်ခြင်နိုင်ဘို့ အောက်ပါ ရွက်လှပင် အကြောင်း ဖတ်ပြီး ဆင်ခြင် နိုင်ကြပါစေ

အိမ်တွင်း ခြံတွင်း ရုံးတွင်း နေရာတွေမှာ ရွက်လှပင် အမျိုးမျိုးကို အလှပန်း အိုးတွေ အဖြစ် စိုက်ထားလေ့ ရှိကြတယ်။

မျက်စိ ပသာဒ ဖြစ်စေ သလို၊ အခန်းတွင်း လေ သန့်ရှင်း စေလို့၊ကြည့်ရတာလည်း လှလို့ စာရေးသူ လည်း သဘောကျ မိတယ်။ အောက်ဖော်ပြပါ စာဆက် ဖတ်ကြည့်ရင်တော့ အဲလို အပင်မျိုးအလှ အဖြစ်တောင် ဘယ်နေရာမှ မစိုက် သင့်တော့ပါဘူး။

အစိမ်း၊ အဝါနုနဲ့ အဖြူရောင်စပ်ကြား အရွက်ဖားဖား (ဓါတ်ပုံပါ) ရွက်လှပင်ရဲ့အရွက်ဟာ စားမိမယ်ဆိုရင်၊ ကလေးဆိုရင် မိနစ်ပိုင်း အတွင်း လူကြီးဆို ရင်လည်း ၁၅မိနစ် အတွင်း အသက် သေစေနိုင်ပါသတဲ့။

Keep (+) Healthy မှာ မိခင် တစ်ယောက်က ပြောတာ ကို အခုလို တွေ့ရပါတယ်။

( ကျွန်မ သမီးလေး အသက်ဆုံးရှုံးရတော့ မလို ဖြစ်သွား ရတယ်။ အသိဦးပေလို့သာ။အဲဒီ အရွက် တစ်ပိုင်းတစ်စ ကို ကလေးက ပါးစပ်ထဲ ထည့်လိုက်တာ ချက်ချင်း လက်ငင်း သမီးရဲ့လျှာတွေ ထူထဲ ရောင်ရမ်းလာတယ်။

အသက်ရှူရ ခက်ခဲလာတယ်။အဲဒီအရွက် နည်းနည်းလေး ဝါးမိတဲ့ ကျွန်မ သမီးလေးသေတော့မလို ဖြစ်သွားရတယ်။လူအတော်များများကဒီအရွက်က အဆိပ် ပွငျးမှနျး၊မသိကွဘူး။သတျိလညျး မထားမိ ကြဘူး။)

အဲဒီအရွက်ကသိပ်ပြီးအသက်အန္တရာယ်ပေးနိုင်ပါတယ်။ သူ့လို နဲ့ သူ့လောက် အသက်အန္တရာယ် ခြိမ်းချောက် တဲ့ အပင် များများ စားစား မရှိလှဘူး။

အဲလို ရွက်လှပင်တွေ အိမ်တွင်းအိမ်ပြင် လုံးဝ မစိုက် သင့် ပါဘူး။ တကယ်လို့ ရှိနေခဲ့ရင်၊ ကလေးနဲ့လက်လှမ်း မမှီတဲ့နေရာ၊ အဝေး နဲ့ အမြင့် တစ်နေရာ တင်ထားတာ ကောင်းပါတယ်။ ကလေးကို အဲဒီအနား မသွားစေဘို့ မျက်ခြေမပြတ် ထိန်းသိမ်း စောင့်ရှောက်နေသင့်ပါတယ်။

ကလေးရောက်နိုင်တဲ့ (သို့) ကစားနိုင်တဲ့နေရာ နဲ့ အိပ်ယာတွေကို၊ အဲဒီအပင်နဲ့ ခပ်လှမ်းလှမ်း ဟိုးအဝေး မှာ ထားရှိ သင့်ပါတယ်။

အဲဒီအရွက်ပင်ကို၊ စာရေးသူတို့ဆီမှာတော့ (ရွက်လှဂမုန်း) လို့ ခေါ်ကြတယ်။ စာရေးသူတောင် ကြည့်ရတာ လှလို့ ဘုန်းကြီးကျောင်းက တောင်းပြီး နှုတ်လာကာ၊ ပန်းအိုးနဲ့ စိုက်ထား မိသေးတယ်။

ကိုယ်ပိုင်ကလေး မရှိပေမဲ့ လူနာ ကလေးလေးတွေ မတော်တဆ အိမ်ခေါင်းရင်း ရောက်သွား ဆော့ကစား စားမိရင်၊ ကလေးတွေ ဒုက္ခများမှာ စာရေး သူလည်း ပြေးပေါက်မှားမှာ စိုးရိမ်လို့၊ ဒီစာရေးပြီးရင် သွားရောက် ဖယ်ရှား ပစ်တော့မယ်။

အဲဒီ ရွက်လှပင်ကို၊ အင်္ဂလိပ်လိုတော့၊ Dieffenbachia လို့ ခေါ်ပါတယ်။ သူ့အရွက်တွေ တိုင်းမှာကယ်လ်စီယမ် အောက်ဇဲလိတ် ( Calcium Oxalate ) ဆိုတဲ့၊ အဆိပ်ဓါတ်တွေ အမြောက်အများ( အသက်သေစေလောက်တဲ့ အထိ) ပါဝင်တယ်။

အသက်ငယ်လွန်းတဲ့ ကလေးတွေ စားမိရင်၊ချက်ချင်း သေဆုံးစေနိုင်သလို၊ အရွယ်ရောက်ပြီး သူတွေမှာတော့ ၁၅ မိနစ် မိနစ် ၂၀ အတွင်း၊ သေဆုံးစေနိုင်တဲ့ အထိ အဆိပ်ပြင်းထန်ပါတယ်။

အရွက်ရဲ့အဆိပ်က ဘယ်လောက်ပြင်းထန် သလဲဆိုရင် ၊ မျက်စိထဲဝင်မိရင် မျက်စိတောင် ကွယ်စေ မျက်စိကန်း စေနိုင်တယ်။ချစ်စွာသော စာရှုသူ။ သင်တို့ အိမ်မှာ ရုံးမှာ အဲဒီရွက်လှပင် ရှိနေပါသလား။

အခုပဲ သွားရောက် နှုတ်ပစ် ဖယ်ရှား လိုက်တာက သင့်အတွက်ရော မိသားစုအတွက်ရော၊ မိတ်ဆွေတွေ သားသမီးတွေ အတွက်ပါ ၊ အဆိပ်ဘေးမှ စိတ်ချရ ပါလိမ့်မယ်။

ဒေါက်တာမြမြချယ်~ခရက်ဒစ်

Zawgyi

႐ြက္လွပင္ စိုက္သူမ်ားသတိျပဳပါ (႐ြက္လွပင္ရဲ႕ အဆိပ္ေၾကာက္စရာ)

ကေလးရွိတဲ့ မိသားစုေတြ အတြက္ ဆင္ျခင္ႏိုင္ဘို႔ ေအာက္ပါ ႐ြက္လွပင္ အေၾကာင္း ဖတ္ၿပီး ဆင္ျခင္ ႏိုင္ၾကပါေစ

အိမ္တြင္း ၿခံတြင္း ႐ုံးတြင္း ေနရာေတြမွာ ႐ြက္လွပင္ အမ်ိဳးမ်ိဳးကို အလွပန္း အိုးေတြ အျဖစ္ စိုက္ထားေလ့ ရွိၾကတယ္။

မ်က္စိ ပသာဒ ျဖစ္ေစ သလို၊ အခန္းတြင္း ေလ သန႔္ရွင္း ေစလို႔၊ၾကည့္ရတာလည္း လွလို႔ စာေရးသူ လည္း သေဘာက် မိတယ္။ ေအာက္ေဖာ္ျပပါ စာဆက္ ဖတ္ၾကည့္ရင္ေတာ့ အဲလို အပင္မ်ိဳးအလွ အျဖစ္ေတာင္ ဘယ္ေနရာမွ မစိုက္ သင့္ေတာ့ပါဘူး။

အစိမ္း၊ အဝါႏုနဲ႔ အျဖဴေရာင္စပ္ၾကား အ႐ြက္ဖားဖား (ဓါတ္ပုံပါ) ႐ြက္လွပင္ရဲ႕အ႐ြက္ဟာ စားမိမယ္ဆိုရင္၊ ကေလးဆိုရင္ မိနစ္ပိုင္း အတြင္း လူႀကီးဆို ရင္လည္း ၁၅မိနစ္ အတြင္း အသက္ ေသေစႏိုင္ပါသတဲ့။

Keep (+) Healthy မွာ မိခင္ တစ္ေယာက္က ေျပာတာ ကို အခုလို ေတြ႕ရပါတယ္။

( ကြၽန္မ သမီးေလး အသက္ဆုံးရႈံးရေတာ့ မလို ျဖစ္သြား ရတယ္။ အသိဦးေပလို႔သာ။အဲဒီ အ႐ြက္ တစ္ပိုင္းတစ္စ ကို ကေလးက ပါးစပ္ထဲ ထည့္လိုက္တာ ခ်က္ခ်င္း လက္ငင္း သမီးရဲ႕လွ်ာေတြ ထူထဲ ေရာင္ရမ္းလာတယ္။

အသက္ရႉရ ခက္ခဲလာတယ္။အဲဒီအ႐ြက္ နည္းနည္းေလး ဝါးမိတဲ့ ကြၽန္မ သမီးေလးေသေတာ့မလို ျဖစ္သြားရတယ္။လူအေတာ္မ်ားမ်ားကဒီအ႐ြက္က အဆိပ္ ပြင်းမွန်း၊မသိကြဘူး။သတ်ိလည်း မထားမိ ၾကဘူး။)

အဲဒီအ႐ြက္ကသိပ္ၿပီးအသက္အႏၲရာယ္ေပးႏိုင္ပါတယ္။ သူ႔လို နဲ႔ သူ႔ေလာက္ အသက္အႏၲရာယ္ ၿခိမ္းေခ်ာက္ တဲ့ အပင္ မ်ားမ်ား စားစား မရွိလွဘူး။

အဲလို ႐ြက္လွပင္ေတြ အိမ္တြင္းအိမ္ျပင္ လုံးဝ မစိုက္ သင့္ ပါဘူး။ တကယ္လို႔ ရွိေနခဲ့ရင္၊ ကေလးနဲ႔လက္လွမ္း မမွီတဲ့ေနရာ၊ အေဝး နဲ႔ အျမင့္ တစ္ေနရာ တင္ထားတာ ေကာင္းပါတယ္။ ကေလးကို အဲဒီအနား မသြားေစဘို႔ မ်က္ေျခမျပတ္ ထိန္းသိမ္း ေစာင့္ေရွာက္ေနသင့္ပါတယ္။

ကေလးေရာက္ႏိုင္တဲ့ (သို႔) ကစားႏိုင္တဲ့ေနရာ နဲ႔ အိပ္ယာေတြကို၊ အဲဒီအပင္နဲ႔ ခပ္လွမ္းလွမ္း ဟိုးအေဝး မွာ ထားရွိ သင့္ပါတယ္။

အဲဒီအ႐ြက္ပင္ကို၊ စာေရးသူတို႔ဆီမွာေတာ့ (႐ြက္လွဂမုန္း) လို႔ ေခၚၾကတယ္။ စာေရးသူေတာင္ ၾကည့္ရတာ လွလို႔ ဘုန္းႀကီးေက်ာင္းက ေတာင္းၿပီး ႏႈတ္လာကာ၊ ပန္းအိုးနဲ႔ စိုက္ထား မိေသးတယ္။

ကိုယ္ပိုင္ကေလး မရွိေပမဲ့ လူနာ ကေလးေလးေတြ မေတာ္တဆ အိမ္ေခါင္းရင္း ေရာက္သြား ေဆာ့ကစား စားမိရင္၊ ကေလးေတြ ဒုကၡမ်ားမွာ စာေရး သူလည္း ေျပးေပါက္မွားမွာ စိုးရိမ္လို႔၊ ဒီစာေရးၿပီးရင္ သြားေရာက္ ဖယ္ရွား ပစ္ေတာ့မယ္။

အဲဒီ ႐ြက္လွပင္ကို၊ အဂၤလိပ္လိုေတာ့၊ Dieffenbachia လို႔ ေခၚပါတယ္။ သူ႔အ႐ြက္ေတြ တိုင္းမွာကယ္လ္စီယမ္ ေအာက္ဇဲလိတ္ ( Calcium Oxalate ) ဆိုတဲ့၊ အဆိပ္ဓါတ္ေတြ အေျမာက္အမ်ား( အသက္ေသေစေလာက္တဲ့ အထိ) ပါဝင္တယ္။

အသက္ငယ္လြန္းတဲ့ ကေလးေတြ စားမိရင္၊ခ်က္ခ်င္း ေသဆုံးေစႏိုင္သလို၊ အ႐ြယ္ေရာက္ၿပီး သူေတြမွာေတာ့ ၁၅ မိနစ္ မိနစ္ ၂၀ အတြင္း၊ ေသဆုံးေစႏိုင္တဲ့ အထိ အဆိပ္ျပင္းထန္ပါတယ္။

အ႐ြက္ရဲ႕အဆိပ္က ဘယ္ေလာက္ျပင္းထန္ သလဲဆိုရင္ ၊ မ်က္စိထဲဝင္မိရင္ မ်က္စိေတာင္ ကြယ္ေစ မ်က္စိကန္း ေစႏိုင္တယ္။ခ်စ္စြာေသာ စာရႈသူ။ သင္တို႔ အိမ္မွာ ႐ုံးမွာ အဲဒီ႐ြက္လွပင္ ရွိေနပါသလား။

အခုပဲ သြားေရာက္ ႏႈတ္ပစ္ ဖယ္ရွား လိုက္တာက သင့္အတြက္ေရာ မိသားစုအတြက္ေရာ၊ မိတ္ေဆြေတြ သားသမီးေတြ အတြက္ပါ ၊ အဆိပ္ေဘးမွ စိတ္ခ်ရ ပါလိမ့္မယ္။

ေဒါက္တာျမျမခ်ယ္~ခရက္ဒစ္

Leave a Reply

Your email address will not be published. Required fields are marked *