“အသက် (၁၈) နှစ်မှ (၂၆) နှစ်အတွင်း ကျွန်တော့်ရဲ့ ငွေရှာနည်း ၊ ငွေစုနည်း “
ငွေစုရတာဟာ ငွေရှာရတာထက် ပိုခက်ပါတယ်… ငွေစုရတာဟာ ပညာပါပဲ ။ မိမိငွေကို သူများလက်ထဲ…ဘယ်တော့မှ မထားပါနဲ့ ။ ချမ်းသာချင်ရင် စုဗူးနဲ့စုပါ ။
သောကရောက်ချင်ရင် “ စုမဲ “ စုပါ ။ စားသမျှ ချီးဖြစ်တယ်ဆိုတာ မမေ့ပါနဲ့ ။ လူတန်းစေ့မနေနိုင်ခင်… လူတန်းစေ့ မစားချင်ပါနဲ့ ။ အဟာရဖြစ်အောင် ကျန်းမာအောင်ပဲစားပါ ။
ထမင်းနှပ်မှန်အောင် စားရဖို့ ကြိုးစားနေတဲ့အချိန် အကောင်းဆုံး အလှကုန်တွေ သုံးဖို့ မစဉ်းစားပါနဲ့။
လူတစ်ယောက် အသက်ရှင်ဖို့ အရေးကြီးဆုံး လိုအပ်ချက်ထဲမှာ ( စား ၊ ဝတ် ၊ နေ ) ရေးပဲ ပါပါတယ်။
မအောင်မြင်ခင် မလှချင်ပါနဲ့အုံး။ အောင်မြင်လာရင် လှလာပါလိမ့်မယ် ။ ( မယုံရင် ယနေ့အောင်မြင်လာသူတွေရဲ့ အရင်ရုပ်ကို ပြန်လေ့လာကြည့်ပါ) အိပ်တယ် ဆိုတာ သေခြင်းတစ်မျိုးပါပဲ ။
အသက် (၆၀) မှာ သေသွားရင် သင်တကယ် အသက်ရှင်တာ အသက် (၄၀) ပဲရှိပါတယ် ။ သင့်အသက်ရှင်တဲ့အချိန်ရဲ့ (၃) ပုံ (၁) ပုံဟာ အိပ်ယာထဲမှာ ကုန်ဆုံးသွားတယ် ဆိုတာ သတိထားမိပြီလား ။
သူများ မနေနိုင်သလို နေနိုင်ချင်ရင် သူများ မစားရသလို စားရချင်ရင် သူများအိပ်နေတဲ့အချိန် သင်အိပ်နေသမျှတော့ သူများနဲ့ တန်းတူပဲ ဖြစ်နေအုံးမှာပါပဲ။ သူများ ဖောက်ခဲ့တဲ့လမ်းကို မလျှောက်ပါနဲ့ ။
ကိုယ်လမ်းကိုဖောက်ပြီး ကိုယ်လမ်းကို လျှောက်ပါ။ ဒါဆို ဘယ်တော့မှ ဘေးမရောက်ဘူးဆိုတာ မှတ်ထားပါ။
ကိုယ်ဖောက်ထားတဲ့လမ်းကို သူများလျှောက်တဲ့ခါ ရန်မလုပ်ပါနဲ့ ၊ အရှက်မခွဲပါနဲ့ ၊ ဒါဟာ ဂုဏ်ယူစရာဆိုတာ သိထားပါ ။
စိတ်ဓာတ်ကို မြင့်မြင့်မားမား ထားပါ။ စိတ်ထားဆိုတာ “ မြင့်မှမြတ် “ တာပါ ။ ဘာပဲ လုပ်လုပ် အဆင်ပြေချင်ရင် “ စေတနာ” လေးထားပြီးလုပ် ။
အကျိုးအမြတ်ကို ရှေ့တန်းတင်နေသမျှ သင်ဘယ်တော့မှ မကြီးပွါးဘူး ဆိုတာ စိတ်ချ ။
“ထောင်” မြင်ရင် “ရာ”စွန့်ရမယ် ။ သေးငယ်တဲ့ လိုအင်ဆန္ဒတွေကြောင့် ကြီးမားတဲ့ ရည်မှန်းချက်တွေကို အပျက်စီးမခံပါနဲ့ ။
အသေးဖွဲ့ကိစ္စလေးတွေ အဆင်မပြေတာကြောင့် စိတ်သောက အရောက်မခံနဲ့ အချိန်ကုန်မခံနဲ့ စွန့်လွှတ်သင့်တာ ရဲရဲကြီး စွန့်လွှတ်တတ်ပါစေ ။
အိမ်မပိုင်သေးဘဲ ကားဝယ်မစီးပါနဲ့ ။ ကားက ဘာနဲ့သွားသွား လိုရာခရီးရောက်ရင်ပြီးတာပါပဲ ။ ( လူဇိမ်မခံနိုင်သေးခင် ဖင်စိမ်မခံချင်ပါနဲ့ ) နေစရာရှိရင် စားဖို့ပူစရာမလိုဘူး “လူမသေငွေမရှားပါ “ ။
ကိုယ်ပိုင်ကား မစီးနိုင်သေးခင် IPhone ဝယ်မကိုင်ချင်ပါနဲ့ ။ ( IPhone ၄ လုံးဆို ကားတစ်စီး ဝယ်လို့ရပြီနော် ) I phone မကိုင်နိုင်တာ ရှက်စရာ မဟုတ်သလို IPhone က ဘဝတွက် မဖြစ်မနေ လိုအပ်တဲ့အရာ မဟုတ်ဘူးလေ ။
“ ရတနာ” မစုဆောင်းနိုင်ခင်မှာ Branded တွေကိူ မကိုင်ချင်ပါနဲ့ ။ “ ရတနာ “ ဆိုတာ “ ရှိ တန်ဆာ “ “ မရှိ ဝမ်းဆာ “ အချိန်မရွေး ငွေ ဖော်ရလွယ်တယ်ဆိုတာ မမေ့ပါနဲ့ ။
မိဘကို လက်ဝတ်ရတနာ မဆင်မြန်းနိုင်သေးခင် ကိုယ်တိုင် မဝတ်ဆင်ပါနဲ့ ( သိပ်ကို ရှက်စရာကောင်းပါတယ် ) ။
လူအထင်ကြီး ခံရဖို့ အပင်ပန်းခံ မကြိုးစားပါနဲ့ ( ကိုယ့်မရှိရင် ဘယ်သူမှ ဆန်တစ်လုံးလာမပေးပါဘူး ) ။ လူတွေလေးစားအားကျပြီး အတုယူလာတဲ့အထိ ကြိုးစားပြလိုက်စမ်းပါ ။
လက်ညှိုးထိုးတာ သူ့အလုပ် ၊ လက်မ ထောင်နိုင်အောင် ကြိုးစားရမှာ ကိုယ့်အလုပ် သင့်မှာ အချိန်များကြီး ရှိပါသေးတယ်( နောက်ဆုံးအချိန်ထိ ကြိုးစားပိုင်ခွင့်ရှိတယ် )
မိတ်ဆွေ အကောင်းဆုံးအချိန် ဆိုတာ “ ဒီအချိန်” ပါပဲ။ ခု ချက်ချင်း ပြောင်းလဲလိုက်ပါ ။
Credit
Unicode
“အသက္ (၁၈) ႏွစ္မွ (၂၆) ႏွစ္အတြင္း ကြၽန္ေတာ့္ရဲ႕ ေငြရွာနည္း ၊ ေငြစုနည္း “
ေငြစုရတာဟာ ေငြရွာရတာထက္ ပိုခက္ပါတယ္… ေငြစုရတာဟာ ပညာပါပဲ ။ မိမိေငြကို သူမ်ားလက္ထဲ…ဘယ္ေတာ့မွ မထားပါနဲ႔ ။ ခ်မ္းသာခ်င္ရင္ စုဗူးနဲ႔စုပါ ။
ေသာကေရာက္ခ်င္ရင္ “ စုမဲ “ စုပါ ။ စားသမွ် ခ်ီးျဖစ္တယ္ဆိုတာ မေမ့ပါနဲ႔ ။ လူတန္းေစ့မေနႏိုင္ခင္… လူတန္းေစ့ မစားခ်င္ပါနဲ႔ ။ အဟာရျဖစ္ေအာင္ က်န္းမာေအာင္ပဲစားပါ ။
ထမင္းႏွပ္မွန္ေအာင္ စားရဖို႔ ႀကိဳးစားေနတဲ့အခ်ိန္ အေကာင္းဆုံး အလွကုန္ေတြ သုံးဖို႔ မစဥ္းစားပါနဲ႔။
လူတစ္ေယာက္ အသက္ရွင္ဖို႔ အေရးႀကီးဆုံး လိုအပ္ခ်က္ထဲမွာ ( စား ၊ ဝတ္ ၊ ေန ) ေရးပဲ ပါပါတယ္။
မေအာင္ျမင္ခင္ မလွခ်င္ပါနဲ႔အုံး။ ေအာင္ျမင္လာရင္ လွလာပါလိမ့္မယ္ ။ ( မယုံရင္ ယေန႔ေအာင္ျမင္လာသူေတြရဲ႕ အရင္႐ုပ္ကို ျပန္ေလ့လာၾကည့္ပါ) အိပ္တယ္ ဆိုတာ ေသျခင္းတစ္မ်ိဳးပါပဲ ။
အသက္ (၆၀) မွာ ေသသြားရင္ သင္တကယ္ အသက္ရွင္တာ အသက္ (၄၀) ပဲရွိပါတယ္ ။ သင့္အသက္ရွင္တဲ့အခ်ိန္ရဲ႕ (၃) ပုံ (၁) ပုံဟာ အိပ္ယာထဲမွာ ကုန္ဆုံးသြားတယ္ ဆိုတာ သတိထားမိၿပီလား ။
သူမ်ား မေနႏိုင္သလို ေနႏိုင္ခ်င္ရင္ သူမ်ား မစားရသလို စားရခ်င္ရင္ သူမ်ားအိပ္ေနတဲ့အခ်ိန္ သင္အိပ္ေနသမွ်ေတာ့ သူမ်ားနဲ႔ တန္းတူပဲ ျဖစ္ေနအုံးမွာပါပဲ။ သူမ်ား ေဖာက္ခဲ့တဲ့လမ္းကို မေလွ်ာက္ပါနဲ႔ ။
ကိုယ္လမ္းကိုေဖာက္ၿပီး ကိုယ္လမ္းကို ေလွ်ာက္ပါ။ ဒါဆို ဘယ္ေတာ့မွ ေဘးမေရာက္ဘူးဆိုတာ မွတ္ထားပါ။
ကိုယ္ေဖာက္ထားတဲ့လမ္းကို သူမ်ားေလွ်ာက္တဲ့ခါ ရန္မလုပ္ပါနဲ႔ ၊ အရွက္မခြဲပါနဲ႔ ၊ ဒါဟာ ဂုဏ္ယူစရာဆိုတာ သိထားပါ ။
စိတ္ဓာတ္ကို ျမင့္ျမင့္မားမား ထားပါ။ စိတ္ထားဆိုတာ “ ျမင့္မွျမတ္ “ တာပါ ။ ဘာပဲ လုပ္လုပ္ အဆင္ေျပခ်င္ရင္ “ ေစတနာ” ေလးထားၿပီးလုပ္ ။
အက်ိဳးအျမတ္ကို ေရွ႕တန္းတင္ေနသမွ် သင္ဘယ္ေတာ့မွ မႀကီးပြါးဘူး ဆိုတာ စိတ္ခ် ။
“ေထာင္” ျမင္ရင္ “ရာ”စြန႔္ရမယ္ ။ ေသးငယ္တဲ့ လိုအင္ဆႏၵေတြေၾကာင့္ ႀကီးမားတဲ့ ရည္မွန္းခ်က္ေတြကို အပ်က္စီးမခံပါနဲ႔ ။
အေသးဖြဲ႕ကိစၥေလးေတြ အဆင္မေျပတာေၾကာင့္ စိတ္ေသာက အေရာက္မခံနဲ႔ အခ်ိန္ကုန္မခံနဲ႔ စြန႔္လႊတ္သင့္တာ ရဲရဲႀကီး စြန႔္လႊတ္တတ္ပါေစ ။
အိမ္မပိုင္ေသးဘဲ ကားဝယ္မစီးပါနဲ႔ ။ ကားက ဘာနဲ႔သြားသြား လိုရာခရီးေရာက္ရင္ၿပီးတာပါပဲ ။ ( လူဇိမ္မခံႏိုင္ေသးခင္ ဖင္စိမ္မခံခ်င္ပါနဲ႔ ) ေနစရာရွိရင္ စားဖို႔ပူစရာမလိုဘူး “လူမေသေငြမရွားပါ “ ။
ကိုယ္ပိုင္ကား မစီးႏိုင္ေသးခင္ IPhone ဝယ္မကိုင္ခ်င္ပါနဲ႔ ။ ( IPhone ၄ လုံးဆို ကားတစ္စီး ဝယ္လို႔ရၿပီေနာ္ ) I phone မကိုင္ႏိုင္တာ ရွက္စရာ မဟုတ္သလို IPhone က ဘဝတြက္ မျဖစ္မေန လိုအပ္တဲ့အရာ မဟုတ္ဘူးေလ ။
“ ရတနာ” မစုေဆာင္းႏိုင္ခင္မွာ Branded ေတြကိူ မကိုင္ခ်င္ပါနဲ႔ ။ “ ရတနာ “ ဆိုတာ “ ရွိ တန္ဆာ “ “ မရွိ ဝမ္းဆာ “ အခ်ိန္မေ႐ြး ေငြ ေဖာ္ရလြယ္တယ္ဆိုတာ မေမ့ပါနဲ႔ ။
မိဘကို လက္ဝတ္ရတနာ မဆင္ျမန္းႏိုင္ေသးခင္ ကိုယ္တိုင္ မဝတ္ဆင္ပါနဲ႔ ( သိပ္ကို ရွက္စရာေကာင္းပါတယ္ ) ။
လူအထင္ႀကီး ခံရဖို႔ အပင္ပန္းခံ မႀကိဳးစားပါနဲ႔ ( ကိုယ့္မရွိရင္ ဘယ္သူမွ ဆန္တစ္လုံးလာမေပးပါဘူး ) ။ လူေတြေလးစားအားက်ၿပီး အတုယူလာတဲ့အထိ ႀကိဳးစားျပလိုက္စမ္းပါ ။
လက္ညႇိဳးထိုးတာ သူ႔အလုပ္ ၊ လက္မ ေထာင္ႏိုင္ေအာင္ ႀကိဳးစားရမွာ ကိုယ့္အလုပ္ သင့္မွာ အခ်ိန္မ်ားႀကီး ရွိပါေသးတယ္( ေနာက္ဆုံးအခ်ိန္ထိ ႀကိဳးစားပိုင္ခြင့္ရွိတယ္ )
မိတ္ေဆြ အေကာင္းဆုံးအခ်ိန္ ဆိုတာ “ ဒီအခ်ိန္” ပါပဲ။ ခု ခ်က္ခ်င္း ေျပာင္းလဲလိုက္ပါ ။
Credit