နဂိုရှိရင်းစွဲ အသားအရောင် ထက်ပိုပြီး ဖြူစေလာနိုင်တဲ့ နည်းလမ်း

Beauty

နဂိုရှိရင်းစွဲ အသားအရောင် ထက်ပိုပြီး ဖြူစေလာနိုင်တဲ့ နည်းလမ်း

သူများထက် အသားညိုလို့ စိတ်ညစ်နေရတဲ့သူတွေအတွက် တကယ်ကို အထောက်အကူ ဖြစ်စေမယ့် နည်းလေးပါ။

တိုးတက်လာတဲ့ခေတ်ကြီး အသားဖြူ ဆေး ၊ လိုးရှင်းတွေ မျိုးစုံပါ်နေပေမယ့်လည်း မသိနိုင်တဲ့ side effect တွေကြောင့် သုံးစွဲဖို့ ကြောက်ရွံရပါတယ်။

အခုနည်းလမ်းကတော့ အသုံးပြုပြီးတာနဲ့ တော်တော်လေးကို သိသိသာသာ ဖြူ ဝင်းသွားစေတယ်လို့ အများက ဆိုကြပါတယ်။

ပြုလုပ်နည်း ပထမဦးဆုံးအနေဖြင့် Body Scrub အရင်လုပ်ရပါမယ် ။ ပန်းကန်လုံး တစ်ခုထဲကို သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်းထည့်ပါ ။

ပြီလျှင် အရည်သီးသန့်ညှစ်ထားသော လိမ္မော်ရည် ၃ဇွန်း ၊ သံလွင်ဆီ ၁ဇွန်း ၊ ပျားရည် ၁ဇွန်း ထပ်ထည့်ပါ ။ အကုန်လုံးထည့်ပြီးပြီဆိုရင်တော့ သမအောင်မွှေပြီး Scrub လုပ်နိုင်ပါပြီ ။

Scrub လုပ်ဖို့အတွက် ရောမွှေထားတဲ့အရည်ကို အသားအရေပေါ်မှာ နှိပ်နယ်လိမ်းပေးပါ ။ပြီးလျှင် ရေစိုဝတ်ဖြင့် ပွတ်တိုက်ပေးပါ ။

အချိန်အတေ်ာကြာ ပွတ်တိုက်ပြီးပြီဆိုရင်တော့ ရေ နွေးလေးဖြင့် ဆေးကြောလိုက်ပါတော့။

Scrub လုပ်ပြီးသွားရင် နောက်တစ်ဆင့်လုပ်ရမှာကို အသားအရေ ပြန်လည်ထိန်းသိမ်းဖို့ပါ ။

ပန်းကန်လုံးတစ်ခုထဲသို့ ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း ၊ Baking Soda ¼ ဇွန်း ၊ လိမ္မော်ရည် ၆ဇွန်း တို့ကို ရောမွှေပေးပါ ။

ရလာသော အနှစ်ကို အရေပြားပေါ် အနှံ့ လိမ်းပေးပါ ။ မိနစ် ၂၀ခန့်ထားပြီးလျှင် ၂မိနစ်ခန့် ပွတ်တိုက်ပေးပါ ။ ထို့နောက်တွင်တော့ ရေဆေးချလိုက်ပါ။

ဒီနည်းလမ်းလေးက အသားအရေဖြူ စင်လှပချင်တဲ့သူတွေအတွက် အထောက်အကူဖြစ်မည်ဖြစ်ပြီးအသားအရေ ပျက်စီးသွားတဲ့ သူတွေလည်း ဒီနည်းလမ်းလေးနဲ့ ကုသလို့ရပါတယ်နော်။

Zawgyi



တိုးတက်လာတဲ့ခေတ်ကြီး အသားဖြူ ဆေး ၊ လိုးရှင်းတွေ မျိုးစုံပ်ါနေပေမယ့်လည်း မသိနိုင်တဲ့ side effect တွေကြောင့် သုံးစွဲဖို့ ကြောက်ရွံရပါတယ်။





အချိန်အတော်ကြာ ပွတ်တိုက်ပြီးပြီဆိုရင်တော့ ရေ နွေးလေးဖြင့် ဆေးကြောလိုက်ပါတော့။





Leave a Reply

Your email address will not be published. Required fields are marked *