အချိန်လွန်မှ ဆွမ်းတော် စွန့်ခြင်းသည် ငရဲကြီးနိုင်ပါသလား..?

အေထြအေထြဗဟုသုတ

အချိန်လွန်မှ ဆွမ်းတော် စွန့်ခြင်းသည် ငရဲကြီးနိုင်ပါသလား..? ဗုဒ္ဓဘာသာဝင်တို့ ဖတ်ကြည့်သင့်တဲ့ အကြောင်းအရာပါ

အရှင်ဘုရား တပည့်တော်မ မေးချင်တာလေး ရှိလို့ပါဘုရား အရှင်ဘုရား ဖြေပေးမယ်ဆိုရင် တကယ်ကို ဝမ်းသာ မိမှာပါ ဘုရား ။ တပည့်တော်မ တို့က အလုပ်ကို မနက် အစောကြီးသွား ညမိုးချုပ်မှ ပြန်ရောက်ပါတယ် ဘုရား ။ အလုပ် မသွားခင်မှာ ဆွမ်းတော် နဲ့ သောက်တော်ရေချမ်းကို အမြဲ ကပ်လှူပါတယ် ။ ညမိုးချုပ် ပြန်ရောက်မှပဲ စွန့်ရပါတယ် ဘုရား ။

အဲ့ဒီ့ အတွက် တပည့်တော်မ စိတ်ထဲ မတင်မကျ ဖြစ်မိပါတယ် ။ ပြန်ရောက်မှ စွန့်ရတဲ့အတွက် ကုသိုလ်မရ ငရဲရမှာ ကြောက်ပါတယ် ဘုရား ။ မိုးချုပ်မှ စွန့် ကောင်းလား ။ မစွန့် ကောင်းလား သိချင်ပါတယ် ဘုရား ။ ( ပန်းအိမ်စံ )လူတွေမှာ ရှစ်ပါး သီလ ဆောက်တည် ထားပါလျှင် ညစာ မစားရပါဘူး ။ ထို့ကြောင့် မြတ်စွာ ဘုရားရှင်ကို ဆွမ်းတော် တင်တာ ကောင်းပါတယ် ။

ဒါပေမယ့် ၁၂ နာရီမကျော်ခင် စွန့်ပါလို့ အကြံပြု ပါတယ်။ ကိုယ်တိုင် မစွန့်နိုင် ပါလျှင် အိမ်မှာ ရှိသူ တစ်ဦးဦး အား စွန့်ခိုင်း စေချင် ပါတယ် ။သို့မဟုတ် ရုံးမသွားခင် အရုဏ် ဖြစ်ဖြစ် သော်လည်းကောင်း ၊ ချက်ပြုတ် ပြီးစီး လျှင်သော် လည်းကောင်း ဆွမ်းတော် တင်ပြီး ရုံးသွားခါနီး စွန့်နိုင်ပါတယ် ။ ဒကာမ ။

ညနေ ထိတော့ မထား ကောင်းပါ ။ အရုဏ်ဆွမ်း ကပ်လျှင်လည်း အရုဏ် တက်မှသာ ကပ်ကောင်း ပါ၏ ။ အရုဏ် မတက်ဘဲ ကပ်ပါက ညဆွမ်းလို ဖြစ်ပြီး အပြစ်ဖြစ်နိုင်ပါသည် ။ အရုဏ် တက်ချိန်က လစဉ် ပြောင်းလဲလေ့ ရှိသဖြင့် အနည်းဆုံး လစဉ် နံနက် ၅း၃၀ လောက် ကပ်မှ သင့်တော်မည် ဖြစ်ပါသည် ။ ၄း၃၀ ၄း၄၀ ၅နာရီစသည်ဖြင့် အရုဏ်တက်ချိန် လစဉ် ပြောင်းလဲ လေ့ ရှိသည်ကို သတိပြု အပ်၏ ။

ထို့ကြောင့် မယုတ် မလွန် လစဉ် နံနက် ( ၅း၃၀ ) နာရီဆိုပါလျှင် ကပ်မည် ဆိုပါက လစဉ် လတိုင်း အဆင်ပြေမည် ဖြစ်ပါသည် ။ အဘယ့်ကြောင့် ဆိုသော် အကယ်၍ ( ၄း၃၀ ) ကို လစဉ် လတိုင်း ကပ်မည်ဆိုပါက ( ၅ ) နာရီ ၊ ( ၅း၁၀ )နာရီ စသည့် ဖြင့် အရုဏ် တက်သည့် လများတွင် ကိုယ်က ( ၄း၃၀ ) လစဉ် လတိုင်း ကပ်မိပါက ညဆွမ်းလို ဖြစ်ပြီး အပြစ်ဖြစ် နိုင်သောကြောင့် ဖြစ်ပါ သည် ။အချုပ်အားဖြင့် နေ့ဆွမ်း ဆိုလျှင် နေ့လည် ၁၂ နာရီ မထိုးခင် စွန့်သင့်ပြီး အရုဏ်ဆွမ်း ဆိုပါလျှင် ရှေ့လွတ် ၊ နောက်လွတ် ( ၅း၃၀ ) နာရီ လောက် ကပ်သင့်ကြောင်း ဖြေကြား လိုက်ပါသည် ။

သစ်သီးဆွမ်း များကိုလည်း ထိုနည်းအတူ မှတ်ပါ ။ ရှေးက မသိခဲ့လို့ မစွန့်မိ တာကို စိတ်ထဲ စွဲလန်း မထားဘဲ ယခု သိလိုက်သည့် အချိန်တွင် နောက်မလုပ်မိအောင်သာ ဂရုစိုက်ပါ ။ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ၍ လိုရာ ဆန္ဒများတစ်လုံး တစ်ဝတည်း ပြည့်ဝပါစေ ။

Credit – အရှင်ဝိမလဝံသ ( နာလန္ဒာတက္ကသိုလ် )

[unicode]

အခ်ိန္လြန္မွ ဆြမ္းေတာ္ စြန႔္ျခင္းသည္ ငရဲႀကီးႏိုင္ပါသလား..? ဗုဒၶဘာသာဝင္တို႔ ဖတ္ၾကည့္သင့္တဲ့ အေၾကာင္းအရာပါ

အရွင္ဘုရား တပည့္ေတာ္မ ေမးခ်င္တာေလး ရွိလို႔ပါဘုရား အရွင္ဘုရား ေျဖေပးမယ္ဆိုရင္ တကယ္ကို ဝမ္းသာ မိမွာပါ ဘုရား ။ တပည့္ေတာ္မ တို႔က အလုပ္ကို မနက္ အေစာႀကီးသြား ညမိုးခ်ဳပ္မွ ျပန္ေရာက္ပါတယ္ ဘုရား ။ အလုပ္ မသြားခင္မွာ ဆြမ္းေတာ္ နဲ႔ ေသာက္ေတာ္ေရခ်မ္းကို အၿမဲ ကပ္လႉပါတယ္ ။ ညမိုးခ်ဳပ္ ျပန္ေရာက္မွပဲ စြန႔္ရပါတယ္ ဘုရား ။

အဲ့ဒီ့ အတြက္ တပည့္ေတာ္မ စိတ္ထဲ မတင္မက် ျဖစ္မိပါတယ္ ။ ျပန္ေရာက္မွ စြန႔္ရတဲ့အတြက္ ကုသိုလ္မရ ငရဲရမွာ ေၾကာက္ပါတယ္ ဘုရား ။ မိုးခ်ဳပ္မွ စြန႔္ ေကာင္းလား ။ မစြန႔္ ေကာင္းလား သိခ်င္ပါတယ္ ဘုရား ။ ( ပန္းအိမ္စံ )လူေတြမွာ ရွစ္ပါး သီလ ေဆာက္တည္ ထားပါလွ်င္ ညစာ မစားရပါဘူး ။ ထို႔ေၾကာင့္ ျမတ္စြာ ဘုရားရွင္ကို ဆြမ္းေတာ္ တင္တာ ေကာင္းပါတယ္ ။

ဒါေပမယ့္ ၁၂ နာရီမေက်ာ္ခင္ စြန႔္ပါလို႔ အႀကံျပဳ ပါတယ္။ ကိုယ္တိုင္ မစြန႔္ႏိုင္ ပါလွ်င္ အိမ္မွာ ရွိသူ တစ္ဦးဦး အား စြန႔္ခိုင္း ေစခ်င္ ပါတယ္ ။သို႔မဟုတ္ ႐ုံးမသြားခင္ အ႐ုဏ္ ျဖစ္ျဖစ္ ေသာ္လည္းေကာင္း ၊ ခ်က္ျပဳတ္ ၿပီးစီး လွ်င္ေသာ္ လည္းေကာင္း ဆြမ္းေတာ္ တင္ၿပီး ႐ုံးသြားခါနီး စြန႔္ႏိုင္ပါတယ္ ။ ဒကာမ ။

ညေန ထိေတာ့ မထား ေကာင္းပါ ။ အ႐ုဏ္ဆြမ္း ကပ္လွ်င္လည္း အ႐ုဏ္ တက္မွသာ ကပ္ေကာင္း ပါ၏ ။ အ႐ုဏ္ မတက္ဘဲ ကပ္ပါက ညဆြမ္းလို ျဖစ္ၿပီး အျပစ္ျဖစ္ႏိုင္ပါသည္ ။ အ႐ုဏ္ တက္ခ်ိန္က လစဥ္ ေျပာင္းလဲေလ့ ရွိသျဖင့္ အနည္းဆုံး လစဥ္ နံနက္ ၅း၃၀ ေလာက္ ကပ္မွ သင့္ေတာ္မည္ ျဖစ္ပါသည္ ။ ၄း၃၀ ၄း၄၀ ၅နာရီစသည္ျဖင့္ အ႐ုဏ္တက္ခ်ိန္ လစဥ္ ေျပာင္းလဲ ေလ့ ရွိသည္ကို သတိျပဳ အပ္၏ ။

ထို႔ေၾကာင့္ မယုတ္ မလြန္ လစဥ္ နံနက္ ( ၅း၃၀ ) နာရီဆိုပါလွ်င္ ကပ္မည္ ဆိုပါက လစဥ္ လတိုင္း အဆင္ေျပမည္ ျဖစ္ပါသည္ ။ အဘယ့္ေၾကာင့္ ဆိုေသာ္ အကယ္၍ ( ၄း၃၀ ) ကို လစဥ္ လတိုင္း ကပ္မည္ဆိုပါက ( ၅ ) နာရီ ၊ ( ၅း၁၀ )နာရီ စသည့္ ျဖင့္ အ႐ုဏ္ တက္သည့္ လမ်ားတြင္ ကိုယ္က ( ၄း၃၀ ) လစဥ္ လတိုင္း ကပ္မိပါက ညဆြမ္းလို ျဖစ္ၿပီး အျပစ္ျဖစ္ ႏိုင္ေသာေၾကာင့္ ျဖစ္ပါ သည္ ။အခ်ဳပ္အားျဖင့္ ေန႔ဆြမ္း ဆိုလွ်င္ ေန႔လည္ ၁၂ နာရီ မထိုးခင္ စြန႔္သင့္ၿပီး အ႐ုဏ္ဆြမ္း ဆိုပါလွ်င္ ေရွ႕လြတ္ ၊ ေနာက္လြတ္ ( ၅း၃၀ ) နာရီ ေလာက္ ကပ္သင့္ေၾကာင္း ေျဖၾကား လိုက္ပါသည္ ။

သစ္သီးဆြမ္း မ်ားကိုလည္း ထိုနည္းအတူ မွတ္ပါ ။ ေရွးက မသိခဲ့လို႔ မစြန႔္မိ တာကို စိတ္ထဲ စြဲလန္း မထားဘဲ ယခု သိလိုက္သည့္ အခ်ိန္တြင္ ေနာက္မလုပ္မိေအာင္သာ ဂ႐ုစိုက္ပါ ။ သက္ရွည္ က်န္းမာ စိတ္ခ်မ္းသာ၍ လိုရာ ဆႏၵမ်ားတစ္လုံး တစ္ဝတည္း ျပည့္ဝပါေစ ။

Credit – အရွင္ဝိမလဝံသ ( နာလႏၵာတကၠသိုလ္ )

Leave a Reply

Your email address will not be published. Required fields are marked *