အိုးနဲ့ တူတဲ့ လူ သုံးမျိုး…
လောကကြီးမှာအိုးနဲ့ တူတဲ့ လူ သုံးမျိုး ရှိပါတယ်။ (၁)မပြည့်တဲ့ အိုး – ဘောင်ဘင်ခတ် ဆိုသလိုနည်းနည်းသိပီးစကား ဟောင်ဖွာ ဟောင်ဖွာနဲ့အများကြီး ပြောချင်တဲ့ သူမျိုးပါ။အခြေအနေမှန်ကိုလည်းကောင်းစွာ မသုံးသပ်အရိပ်အကဲ ကို လည်း နားမလည်ကိုယ်ပြောချင်တာကိုပဲ ဇွတ် အတင်း ပြောတတ်ပါသေးတယ်။
ပတ်ဝန်းကျင်နဲ့ဖီလာ ကန့်လန့် အမြဲဖြစ်နေတတ်ပြီးအရူး ၊အပေါ ၊စိတ်မမှန်သူ လို့ကဲ့ ရဲ့ ရှုတ်ချ အပြစ်တင်ခြင်း ခံရတတ်ပါတယ်။(၂)ပြည့်နေပြီ လို့ ထင်နေတဲ့အိုး – အရာရာငါသိ ငါတတ် ငါသာလျှင် အမြတ်ဆုံး လို့သွေး နားထင်ရောက်ကာ မိမိ ကိုယ်ကို အထင်ကြီးဘဝင် လေဟပ်နေသူမျိုးပါ။
ဘာမဆိုသိပီးသားတတ်ပီးသား အချိုး မျိုးနဲ့အခြား တစ်ပါးသူကိုနှိမ့်ချ ဆက်ဆံတတ်ပါသေးတယ်၊စကားပြော မောက်မာ ခက်ထန်တတ်ပီးအမြဲလိုလိုဆရာကြီး ဂိုက်ဖမ်းနေတတ်ကာကိုယ့် ကိုယ်ကိုဖြည့် စရာ မလိုလောက်အောင်ပြည့်နေပီ ထင်နေတတ်တဲ့ အိုးမျိုးလိုပါ။
ဒီအိုးလို သူမျိုးဟာပတ်ဝန်းကျင် ရဲ့ ရှောင်ကွင်း မှုကို ခံရတတ်ပြီးတဖြေးဖြေး အရေးမပါအရာ မရောက်တော့တဲ့ဘဝအခြေအနေမျိုး ကြုံရတတ်ပါတယ်။(၃) ဘာဆို ဘာမွ မရိွေသးတဲ့ အိုး – အရာရာကို နားလည်ခွင့်လွှတ်နိုင်စွမ်းအပြည့် ရှိနေပီးငါ သိစရာငါတတ်စရာ တွေအများကြီး ရှိနေ ပါသေးလား ဆိုတာသိနေတဲ့ လူမျိုး ပါ။
သူများကိုအထင်မသေးတတ်သလိုကိုယ့်ကိုယ်လည်း အထင်ကြီး ဘဝင်မြင့် မနေတတ်ပါဘူး။ဒီ အိုးလို သူမျိုးကသာပညာပြည့်ဝ နှလုံးလှပြီးလောကအလယ် ဂုဏ် မငယ်ရဘဲလူချစ် လူခင်များ သထက် များနေကာပတ်ဝန်းကျင်ရဲ့အထင်ကြီး လေးစားမြတ်နိုးမှုကိုအထူး ခံစားရပါလိမ့်မယ်။
ကဲ…..ဘယ်လို အိုးမျိုး ဖြစ်နေလဲ…ကိုယ့်ကိုယ်ကို မလိမ်ညာဘဲရဲရဲဖြေကြည့်ပါ။သိပီ ဆိုရင်ပြင်သင့်တာ ပြင်ပြုသင့် တာ ပြုအပြောအဆို ချို သာ ယဉ်ကျေးပြီးမှန်ကန်ကောင်းမြတ်အကျိုးရှိတဲ့ စကားမျိုးသာအလေးထား ဂရုစိုက်ပြောဆို ဆက်ဆံတတ်ပါစေ….။
Credit – မျိူးနိုင်
[unicode]
အိုးနဲ႔ တူတဲ့ လူ သုံးမ်ိဳး…
ေလာကႀကီးမွာအိုးနဲ႔ တူတဲ့ လူ သုံးမ်ိဳး ရွိပါတယ္။ (၁)မျပည့္တဲ့ အိုး – ေဘာင္ဘင္ခတ္ ဆိုသလိုနည္းနည္းသိပီးစကား ေဟာင္ဖြာ ေဟာင္ဖြာနဲ႔အမ်ားႀကီး ေျပာခ်င္တဲ့ သူမ်ိဳးပါ။အေျခအေနမွန္ကိုလည္းေကာင္းစြာ မသုံးသပ္အရိပ္အကဲ ကို လည္း နားမလည္ကိုယ္ေျပာခ်င္တာကိုပဲ ဇြတ္ အတင္း ေျပာတတ္ပါေသးတယ္။
ပတ္ဝန္းက်င္နဲ႔ဖီလာ ကန႔္လန႔္ အၿမဲျဖစ္ေနတတ္ၿပီးအ႐ူး ၊အေပါ ၊စိတ္မမွန္သူ လို႔ကဲ့ ရဲ႕ ရႈတ္ခ် အျပစ္တင္ျခင္း ခံရတတ္ပါတယ္။(၂)ျပည့္ေနၿပီ လို႔ ထင္ေနတဲ့အိုး – အရာရာငါသိ ငါတတ္ ငါသာလွ်င္ အျမတ္ဆုံး လို႔ေသြး နားထင္ေရာက္ကာ မိမိ ကိုယ္ကို အထင္ႀကီးဘဝင္ ေလဟပ္ေနသူမ်ိဳးပါ။
ဘာမဆိုသိပီးသားတတ္ပီးသား အခ်ိဳး မ်ိဳးနဲ႔အျခား တစ္ပါးသူကိုႏွိမ့္ခ် ဆက္ဆံတတ္ပါေသးတယ္၊စကားေျပာ ေမာက္မာ ခက္ထန္တတ္ပီးအၿမဲလိုလိုဆရာႀကီး ဂိုက္ဖမ္းေနတတ္ကာကိုယ့္ ကိုယ္ကိုျဖည့္ စရာ မလိုေလာက္ေအာင္ျပည့္ေနပီ ထင္ေနတတ္တဲ့ အိုးမ်ိဳးလိုပါ။
ဒီအိုးလို သူမ်ိဳးဟာပတ္ဝန္းက်င္ ရဲ႕ ေရွာင္ကြင္း မႈကို ခံရတတ္ၿပီးတေျဖးေျဖး အေရးမပါအရာ မေရာက္ေတာ့တဲ့ဘဝအေျခအေနမ်ိဳး ႀကဳံရတတ္ပါတယ္။(၃) ဘာဆို ဘာမြ မ႐ိြေသးတဲ့ အိုး – အရာရာကို နားလည္ခြင့္လႊတ္ႏိုင္စြမ္းအျပည့္ ရွိေနပီးငါ သိစရာငါတတ္စရာ ေတြအမ်ားႀကီး ရွိေန ပါေသးလား ဆိုတာသိေနတဲ့ လူမ်ိဳး ပါ။
သူမ်ားကိုအထင္မေသးတတ္သလိုကိုယ့္ကိုယ္လည္း အထင္ႀကီး ဘဝင္ျမင့္ မေနတတ္ပါဘူး။ဒီ အိုးလို သူမ်ိဳးကသာပညာျပည့္ဝ ႏွလုံးလွၿပီးေလာကအလယ္ ဂုဏ္ မငယ္ရဘဲလူခ်စ္ လူခင္မ်ား သထက္ မ်ားေနကာပတ္ဝန္းက်င္ရဲ႕အထင္ႀကီး ေလးစားျမတ္ႏိုးမႈကိုအထူး ခံစားရပါလိမ့္မယ္။
ကဲ…..ဘယ္လို အိုးမ်ိဳး ျဖစ္ေနလဲ…ကိုယ့္ကိုယ္ကို မလိမ္ညာဘဲရဲရဲေျဖၾကည့္ပါ။သိပီ ဆိုရင္ျပင္သင့္တာ ျပင္ျပဳသင့္ တာ ျပဳအေျပာအဆို ခ်ိဳ သာ ယဥ္ေက်းၿပီးမွန္ကန္ေကာင္းျမတ္အက်ိဳးရွိတဲ့ စကားမ်ိဳးသာအေလးထား ဂ႐ုစိုက္ေျပာဆို ဆက္ဆံတတ္ပါေစ….။
Credit – မ်ိဴးႏိုင္