ကိုရီးယားမလေးများရဲ့ အမြဲနုပျိုလှပနေရခြင်း လျှို့ဝှက်ချက်များ

Beauty

ကိုရီးယားမလေးများရဲ့ အမြဲနုပျိုလှပနေရခြင်း လျှို့ဝှက်ချက်များ

ကိုရီးယားမင်းသမီးလေးတွေကို ကြည့်လိုက်တဲ့အခါ အသက် ၃၀ ကျော် ၄၀နားနီးနေပေမယ့်လည်း အမြဲတမ်းငယ်ရွယ်နုပျိုနေတဲ့ ပုံပေါ်ပါတယ်။

လျှို့ဝှက်ချက်ကဘာများပါလိမ့်????သူတို့က အသားအရေနဲ့ ပတ်သက်ရင် အင်မတန်ဂရုစိုက်တတ်ကြတာပါပဲ။

အသားအရေ အမြဲတမ်းအရွယ်တင်နုပျိုချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်း ၁၀ မျိုးကို နေ့စဉ်မှန်မှန်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

မိတ်ကပ်စင်အောင်ဖျက်ပြီး မျက်နှာသစ်ရမယ်

ကိုရီးယားအလှအပနဲ့ အရေပြားဆရာဝန်တွေက မျက်နှာနှစ်ထပ်သစ်ဖို့ အကြံပေးထားပါတယ်။

ပထမတစ်ခါသစ်ရင် အဆီအခြေခံထားတဲ့ မျက်နှာသစ်ဆေးနဲ့ မိတ်ကပ်တွေကို ဖျက်ဖို့ပါ။ ပြီးရင် ရေကို အခြေခံထားတဲ့ မျက်နှာသစ်ဆေးနဲ့ မျက်နှာထပ်သစ်ပေးရပါမယ်။

မျက်နှာကို ကြေးချွတ်ပေးရမယ်

မျက်နှာကြေးချွတ်ခြင်းက အရေပြားပေါ်မှာစုပုံနေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ချောမွေ့စေပါတယ်။

ကိုယ့်အသားအရေအမျိုးအစားပေါ်မူတည်ပြီး ကြေးချွတ်ပေါင်းတင်နည်းများကို ရွေးချယ်ပေးလိုက်ပါ။

Ph ပမာဏကို ထိန်းညှိထားမယ်

အသားအရေရဲ့ Ph ပမာဏကို ထိန်းညှိပေးဖို့ဆိုရင် တိုနာကတော့ မဖြစ်မနေအသုံးပြုသင့်ပါတယ်။

ရေဓာတ်ဖြည့်ပေးရမယ်

အသားအရေစိုပြေနေဖို့က ရေဓာတ်ဖြည့်ပေးရပါမယ်။ နေ့စဉ်နေ့တိုင်းမှာ ရေဓာတ်ပြည့်ဝနေဖို့အတွက် ရေများများသောက်သုံးသင့်ပါတယ်။

ကိုယ့်အသားအရေအမျိုးအစားနဲ့ ကိုက်ညီတဲ့အလှကုန်ပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုပါ

လူတစ်ယောက်ရဲ့ လက်ဗွေရာနဲ့ အခြားတစ်ယောက်ရဲ့ လက်ဗွေရာက မတူညီသလိုပဲ အသားအရေအမျိုးအစားကလည်း တစ်ယောက်နဲ့ တစ်ယောက်မတူညီပါဘူး။

ဒါ့ကြောင့် ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့အလှကုန်ပစ္စည်းအမျိုးအစားများကိုပဲ အသုံးပြုပေးပါ။

အသားအရေကို ဗီတာမင်ဓာတ်ဖြည့်ပေးပါ

မျက်နှာပေါင်းတင်ခြင်းဖြင့် အသားအရေလေး စိုပြေတင်းရင်းအောင် ပြုလုပ်ပေးပါ။

မျက်ကွင်းညိုခြင်းကို ကုသပေးမယ်

မျက်ကွင်းညိုခြင်း၊ မျက်အိတ်ဖောင်းခြင်းက အမျိုးသမီးတွေအတွက် စိတ်ဒုက္ခရောက်ရခြင်းတစ်မျိုးပါပဲ။

ဒါ့ကြောင့် ပင်ပန်းနွမ်းနယ်တဲ့နေ့တွေမှာ အိပ်ရေးဝဝအိပ်ခြင်းဖြင့် မျက်ကွင်းညိုခြင်းကို ကုသလိုက်ပါ။

Moisturizing ခရင်လိမ်းပေးမယ်

အိပ်ပျော်နေတဲ့အချိန်မှာ အသားအရေက ဆဲလ်အသစ်တွေဖြစ်ပေါ်ပြီး အသားအရေကို အားအင်ပြန်လည်ပြည့်ဝအောင် ကူညီပေးပါတယ်။

ဒါ့ကြောင့် အိပ်ရာမဝင်ခင်မှာ Moisturizing ခရင်မ်ကို အရေပြားထဲထိစိမ့်ဝင်အောင် လိမ်းပေးလိုက်ပါ။

နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ

နေပူထဲထွက်တဲ့အခါ ထီး၊ ဦးထုပ်မပါဘဲ နေရောင်ခြည်ဒဏ်ကို တိုက်ရိုက်ထိတွေ့ခြင်းက အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။

ဒါ့ကြောင့် နေပူထဲထွက်တဲ့အခါ Sunscreen လိမ်းပေးဖို့ မမေ့နဲ့နော်။

ကျန်းမာရေးနဲ့ ညီညွှတ်မျှတစွာ စားသုံးပါ

ခန္ဓာကိုယ်အတွက် မှန်ကန်တဲ့ အာဟာရဓာတ် မပေးဘူးဆိုရင် ကျန်းမာရေးအတွက်လည်း မကောင်းသလို၊ အလှအပကိုလည်း ထိခိုက်ပျက်စီးစေတာကြောင့် အာဟာရမျှတစွာ စားသုံးပေးပါ။

Zawgyi

ကိုရီးယားမေလးမ်ားရဲ႕ အၿမဲႏုပ်ိဳလွပေနရျခင္း လွ်ိဳ႕ဝွက္ခ်က္မ်ား

ကိုရီးယားမင္းသမီးေလးေတြကို ၾကည့္လိုက္တဲ့အခါ အသက္ ၃၀ ေက်ာ္ ၄၀နားနီးေနေပမယ့္လည္း အၿမဲတမ္းငယ္႐ြယ္ႏုပ်ိဳေနတဲ့ ပုံေပၚပါတယ္။

လွ်ိဳ႕ဝွက္ခ်က္ကဘာမ်ားပါလိမ့္????သူတို႔က အသားအေရနဲ႔ ပတ္သက္ရင္ အင္မတန္ဂ႐ုစိုက္တတ္ၾကတာပါပဲ။

အသားအေရ အၿမဲတမ္းအ႐ြယ္တင္ႏုပ်ိဳခ်င္တယ္ဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ နည္းလမ္း ၁၀ မ်ိဳးကို ေန႔စဥ္မွန္မွန္ျပဳလုပ္ေပးဖို႔လိုအပ္ပါတယ္။

မိတ္ကပ္စင္ေအာင္ဖ်က္ၿပီး မ်က္ႏွာသစ္ရမယ္

ကိုရီးယားအလွအပနဲ႔ အေရျပားဆရာဝန္ေတြက မ်က္ႏွာႏွစ္ထပ္သစ္ဖို႔ အႀကံေပးထားပါတယ္။

ပထမတစ္ခါသစ္ရင္ အဆီအေျခခံထားတဲ့ မ်က္ႏွာသစ္ေဆးနဲ႔ မိတ္ကပ္ေတြကို ဖ်က္ဖို႔ပါ။ ၿပီးရင္ ေရကို အေျခခံထားတဲ့ မ်က္ႏွာသစ္ေဆးနဲ႔ မ်က္ႏွာထပ္သစ္ေပးရပါမယ္။

မ်က္ႏွာကို ေၾကးခြၽတ္ေပးရမယ္

မ်က္ႏွာေၾကးခြၽတ္ျခင္းက အေရျပားေပၚမွာစုပုံေနတဲ့ ဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး အသားအေရကို ေခ်ာေမြ႕ေစပါတယ္။

ကိုယ့္အသားအေရအမ်ိဳးအစားေပၚမူတည္ၿပီး ေၾကးခြၽတ္ေပါင္းတင္နည္းမ်ားကို ေ႐ြးခ်ယ္ေပးလိုက္ပါ။

Ph ပမာဏကို ထိန္းညႇိထားမယ္

အသားအေရရဲ႕ Ph ပမာဏကို ထိန္းညႇိေပးဖို႔ဆိုရင္ တိုနာကေတာ့ မျဖစ္မေနအသုံးျပဳသင့္ပါတယ္။

ေရဓာတ္ျဖည့္ေပးရမယ္

အသားအေရစိုေျပေနဖို႔က ေရဓာတ္ျဖည့္ေပးရပါမယ္။ ေန႔စဥ္ေန႔တိုင္းမွာ ေရဓာတ္ျပည့္ဝေနဖို႔အတြက္ ေရမ်ားမ်ားေသာက္သုံးသင့္ပါတယ္။

ကိုယ့္အသားအေရအမ်ိဳးအစားနဲ႔ ကိုက္ညီတဲ့အလွကုန္ပစၥည္းမ်ားကိုသာ ေ႐ြးခ်ယ္အသုံးျပဳပါ

လူတစ္ေယာက္ရဲ႕ လက္ေဗြရာနဲ႔ အျခားတစ္ေယာက္ရဲ႕ လက္ေဗြရာက မတူညီသလိုပဲ အသားအေရအမ်ိဳးအစားကလည္း တစ္ေယာက္နဲ႔ တစ္ေယာက္မတူညီပါဘူး။

ဒါ့ေၾကာင့္ ကိုယ့္အသားအေရနဲ႔ လိုက္ဖက္တဲ့အလွကုန္ပစၥည္းအမ်ိဳးအစားမ်ားကိုပဲ အသုံးျပဳေပးပါ။

အသားအေရကို ဗီတာမင္ဓာတ္ျဖည့္ေပးပါ

မ်က္ႏွာေပါင္းတင္ျခင္းျဖင့္ အသားအေရေလး စိုေျပတင္းရင္းေအာင္ ျပဳလုပ္ေပးပါ။

မ်က္ကြင္းညိဳျခင္းကို ကုသေပးမယ္

မ်က္ကြင္းညိဳျခင္း၊ မ်က္အိတ္ေဖာင္းျခင္းက အမ်ိဳးသမီးေတြအတြက္ စိတ္ဒုကၡေရာက္ရျခင္းတစ္မ်ိဳးပါပဲ။

ဒါ့ေၾကာင့္ ပင္ပန္းႏြမ္းနယ္တဲ့ေန႔ေတြမွာ အိပ္ေရးဝဝအိပ္ျခင္းျဖင့္ မ်က္ကြင္းညိဳျခင္းကို ကုသလိုက္ပါ။

Moisturizing ခရင္လိမ္းေပးမယ္

အိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာ အသားအေရက ဆဲလ္အသစ္ေတြျဖစ္ေပၚၿပီး အသားအေရကို အားအင္ျပန္လည္ျပည့္ဝေအာင္ ကူညီေပးပါတယ္။

ဒါ့ေၾကာင့္ အိပ္ရာမဝင္ခင္မွာ Moisturizing ခရင္မ္ကို အေရျပားထဲထိစိမ့္ဝင္ေအာင္ လိမ္းေပးလိုက္ပါ။

ေနေရာင္ျခည္ဒဏ္မွ ကာကြယ္ပါ

ေနပူထဲထြက္တဲ့အခါ ထီး၊ ဦးထုပ္မပါဘဲ ေနေရာင္ျခည္ဒဏ္ကို တိုက္႐ိုက္ထိေတြ႕ျခင္းက အိုမင္းရင့္ေရာ္မႈကို ျမန္ဆန္ေစပါတယ္။

ဒါ့ေၾကာင့္ ေနပူထဲထြက္တဲ့အခါ Sunscreen လိမ္းေပးဖို႔ မေမ့နဲ႔ေနာ္။

က်န္းမာေရးနဲ႔ ညီၫႊတ္မွ်တစြာ စားသုံးပါ

ခႏၶာကိုယ္အတြက္ မွန္ကန္တဲ့ အာဟာရဓာတ္ မေပးဘူးဆိုရင္ က်န္းမာေရးအတြက္လည္း မေကာင္းသလို၊ အလွအပကိုလည္း ထိခိုက္ပ်က္စီးေစတာေၾကာင့္ အာဟာရမွ်တစြာ စားသုံးေပးပါ။

Leave a Reply

Your email address will not be published. Required fields are marked *