ပျိုမေတို့မျက်နှာလေးက နုဖတ်နေတာပဲလို့ အပြောခံချင်သူများအတွက် ကိုယ်လိမ်းနေကျ ထောပတ်စေ့

Beauty

ပျိုမေတို့မျက်နှာလေးက နုဖတ်နေတာပဲလို့ အပြောခံချင်သူများအတွက် ကိုယ်လိမ်းနေကျ ထောပတ်စေ့

မျက်နှာလေးက နုဖတ်နေတာပဲလို့အပြောခံချင်ချင်သူများအတွက်ကိုယ်လိမ်းနေကျ ထော ပတ်စေ့အကြောင်းလေးပါအချိန်ရရင်ဖတ်ကြည့်ပေးစေချင်ပါတယ်။

မနေ့ကကိုယ့်အကိုတစ်ယောက်နဲ့video call ပြောရင်းဒီပို့စ်လေးရေးဖို့စိတ်ကူးရတယ်ဆိုပါတော့ကိုယ့်အကိုအမတွေကိုကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့နော်

ကိုယ့်သူငယ်ချင်းတွေနဲ့ကိုယ့်အကိုအမတွေထဲမှာမျက်နှာမှာအဆီဖုလေးတွေတင်းတိပ်မှဲ့ခြောက်ဝက်ခြံနဲ့မျက်နှာအရေးအကြောင်းထင်တာတွေတော်တော်များများတွေ့ရလို့ပါထောပတ်စေ့အကြောင်းလေးမပြောခင်ကိုယ့်အကြောင်းကိုအရင်ပြောပါစေ

ကိုယ်ကတောသူပီပီ နယ်မှာနေတဲ့တလျောက်လုံးသနပ်ခါးပဲလိမ်းပါတယ်ရန်ကုန်ရောက်ပြီး၃နှစ်ကျော်ကာလလေးအတွင်းမှာ

ကိုယ်ပိုင် Cosmetics ဝယ်လိမ်းဖူးတာဆိုလို့ဘဲလာပေါ်ပြီးတဲ့နောက်မှစုစုပေါင်း၂ကြိမ်ရယ်ပါဝယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးသယ်ရတာ အဆင်ပြေလို့ပါ ကျန်တဲ့ရုံးချိန်တွေမှာတော့

သနပ်ခါးပဲအများဆုံးလိမ်းဖြစ်ပြီးပွဲတွေရှိတဲ့အခါနဲ့စိတ်ရတဲ့အခါကျရင် ကိုယ့်အမရဲ့Cosmetics တွေယူလိမ်းပါတယ်

သနပ်ခါးပဲလိမ်းလိမ်းမိတ်ကပ်ပဲလိမ်းလိမ်းညဘက်အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတာနဲ့အမြဲလိမ်းဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ။

ဝယ်ရတာလဲလွယ်ကူသလိုအကုန်အကျလဲနဲတာမို့ နေ့တိုင်းလိုလိုလိမ်းဖြစ်ပါတယ်

ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ကိုယ်တို့ထောပတ်သီးစားကြတဲ့အခါအတွင်းသားလေးတွေယူလိုက်ရင်အထဲကအစေ့လေးကျန်ပါမယ်။

လူအများစုကဒီထောပတ်စေ့တွေကိုဘယ်ဈေးကြီးတဲ့ Cosmeticsမှဝယ်သုံးစရာမလိုပဲကိုယ်တို့မျက်နှာကိုအများကြီးလှသွားအောင်လုပ်ပေးနိုင်တယ်ဆိုတာ မသိတော့ အလွယ်တကူလွင့်ပစ်တတ်ကြတယ်

အဲဒီအစေ့ကိုမလွှင့်ပစ်ပဲအရင်ဆုံးအစေ့ပေါ်ကထောပတ်သီးအစလေးတွေကိုစင်အောင်ရေဆေးပေးရပါတယ်ပြီးရင် သူ့ကိုနေလှမ်းထားလိုက်ပါ။

၂ရက်လောက်လှမ်းထားပြီးရင် ထောပတ်စေ့ပေါ်ကအပေါ်ခွံလေးကြွလာတဲ့အခါဖယ်ပစ်လိုက်ပါဘယ်လောက်ထိလှမ်းရလဲဆိုရင် ထောပတ်စေ့လေးအလယ်၂ခြမ်းကွဲပီး သံချေးရောင်ထပြီးအရမ်းကျွတ်ဆတ်ဆတ်လောက်ဖြစ်နေပြီဆိုရင်လိမ်းလို့ရပါပြီ၃ပတ်နဲ့၄ပတ်ဝန်းကျင်လောက်လှမ်းရပါမယ်

တခါတလေအပေါ်ခွံသံချေးရောင်ဖြစ်နေပေမဲ့အတွင်းအစိုဓာတ်မကုန်သေးရင်လိမ်းလို့မရသေးပါဘူး။

လုံးဝခြောက်သွားပြီဆိုရင်တော့ညတိုင်းအိပ်ခါနီးတိုင်းခပ်ပါးပါးလေးသွေးလိမ်းလို့ရပြီသူ့မှာသနပ်ခါးနဲ့တူတာတခုကကိုယ်တို့သနပ်ခါးတုံးမှာ

အပေါ်ကအပွေးတွေသွေးလိမ်းကြတဲ့အခါအတွင်းခေါက်ထက်ပိုပြီးဝါဝါလေးနဲ့လှသလို ထောပတ်စေ့မှာလဲသူ့အပေါ်ယံဘေးသားတွေက အတွင်းသားထက်အသားကိုပိုချောပြီးဝင်းပြောင်စေတယ်

ကိုယ်တခါတလေအိပ်ရေးပျက်တဲ့အခါမျိုးမှာအဖုလေးတွေထွက်ရင်အပေါ်ယံလေးတွေချည်းသွေးလိမ်းရင် နောက်နေ့မနက်ထရင်လုံးဝပျောက်သွားပါတယ်။

ယုံမလားတော့မသိဘူးအရမ်းသိသာတာတခုကအဆီဖုလေးတွေပါ။ကိုယ်ကသနပ်ခါးလိမ်းတာများပေမဲ့တခါတလေအဆီဖုလေးတွေထွက်တတ်ပါတယ်ကိုယ်တော့ထောပတ်စေ့အားကိုးနဲ့မျက်နှာကိုတခြားဘာပစ္စည်းမှ ထွေထွေထူးထူးခုထိဝယ်မသုံးဖူးပါဘူး

ကိုယ်မျက်နှာမှာ ထွက်သမျှဘာပဲလာလာ ထော ပတ်စေ့ပဲသွေးလိမ်းပါတယ်ပုံမှန်ဆို အတွင်းသားကိုသွေးလိမ်းပြီးခရီးသွားလို့အသားအရည်အရမ်းပျက်စီးတဲ့အခါအပြင်သားတွေချည်းသွေးလိမ်းပါတယ်။

လိမ်းပြီး နောက်နေ့မနက်မျက်နှာသစ်တာနဲ့သိသိသာသာပြောင်းလဲတာပါအသိအမတယောက်ကိုသူ့မျက်နှာမှာတင်းတိပ်တွေတွေ့လို့ကိုယ်ညွှန်းလိုက်တော့အရေးအကြောင်းတွေပါ တော်တော်သက်သာတယ်လို့ပြောတယ်

အကိုတယောက်ကတော့ဝက်ခြံတွေသက်သာတယ်လို့ပြောတယ်ကိုယ့်ရဲ့ကိုယ်တွေ့ကတော့အဆီဖုလေးတွေလုံးဝပျောက်သွားတယ် နောက်တခုက နေ့တိုင်းလိမ်းပါများလာရင်အသားအ ရည်လေးတွေတင်းပြီးပါးလေးတွေဝင်းဝင်း ပြောင်ပြောင်လေးဖြစ်လာတယ်

အသားအရည်လေးကြည်ပြီးဘာမှလိမ်းမထားရင်တောင်အလိုလိုကြည့်ကောင်းနေတာရယ်တ ခြားသဘာဝပစ္စည်းတွေလဲလိုင်းပေါ်မှာမကြာ ခဏတွေ့ပေမဲ့

ဒီတခုကတော့ကိုယ့်ကိုယ်တွေ့မို့ကိုယ့်အကိုအမတွေကိုခုလိုပိုက်ဆံအကုန်အကျသက်သာပြီးဘာဆိုးကျိုးမှမရှိပဲသဘာဝအသီးတွေနဲ့လှရအောင် ထောပတ်စေ့လေးကိုစမ်းလိမ်းကြည့်ပါလို့အကြံ ပြုပါရစေနော်

Zawgyi

ပ်ိဳေမတို႔မ်က္ႏွာေလးက ႏုဖတ္ေနတာပဲလို႔ အေျပာခံခ်င္သူမ်ားအတြက္ ကိုယ္လိမ္းေနက် ေထာပတ္ေစ့

မ်က္ႏွာေလးက ႏုဖတ္ေနတာပဲလို႔အေျပာခံခ်င္ခ်င္သူမ်ားအတြက္ကိုယ္လိမ္းေနက် ေထာ ပတ္ေစ့အေၾကာင္းေလးပါအခ်ိန္ရရင္ဖတ္ၾကည့္ေပးေစခ်င္ပါတယ္။

မေန႔ကကိုယ့္အကိုတစ္ေယာက္နဲ႔video call ေျပာရင္းဒီပို႔စ္ေလးေရးဖို႔စိတ္ကူးရတယ္ဆိုပါေတာ့ကိုယ့္အကိုအမေတြကိုကိုယ့္လိုလွေစခ်င္တဲ့ေစတနာကေတာ့အဓိကေပါ့ေနာ္

ကိုယ့္သူငယ္ခ်င္းေတြနဲ႔ကိုယ့္အကိုအမေတြထဲမွာမ်က္ႏွာမွာအဆီဖုေလးေတြတင္းတိပ္မွဲ႔ေျခာက္ဝက္ၿခံနဲ႔မ်က္ႏွာအေရးအေၾကာင္းထင္တာေတြေတာ္ေတာ္မ်ားမ်ားေတြ႕ရလို႔ပါေထာပတ္ေစ့အေၾကာင္းေလးမေျပာခင္ကိုယ့္အေၾကာင္းကိုအရင္ေျပာပါေစ

ကိုယ္ကေတာသူပီပီ နယ္မွာေနတဲ့တေလ်ာက္လုံးသနပ္ခါးပဲလိမ္းပါတယ္ရန္ကုန္ေရာက္ၿပီး၃ႏွစ္ေက်ာ္ကာလေလးအတြင္းမွာ

ကိုယ္ပိုင္ Cosmetics ဝယ္လိမ္းဖူးတာဆိုလို႔ဘဲလာေပၚၿပီးတဲ့ေနာက္မွစုစုေပါင္း၂ႀကိမ္ရယ္ပါဝယ္ျဖစ္ခဲ့တဲ့အေၾကာင္းရင္းကလဲခရီးသြားတဲ့အခါ ေပါ့ေပါ့ပါးပါးသယ္ရတာ အဆင္ေျပလို႔ပါ က်န္တဲ့႐ုံးခ်ိန္ေတြမွာေတာ့

သနပ္ခါးပဲအမ်ားဆုံးလိမ္းျဖစ္ၿပီးပြဲေတြရွိတဲ့အခါနဲ႔စိတ္ရတဲ့အခါက်ရင္ ကိုယ့္အမရဲ႕Cosmetics ေတြယူလိမ္းပါတယ္

သနပ္ခါးပဲလိမ္းလိမ္းမိတ္ကပ္ပဲလိမ္းလိမ္းညဘက္အိမ္ျပန္ေရာက္တဲ့အခါ ေရခ်ိဳးၿပီးတာနဲ႔အၿမဲလိမ္းျဖစ္တဲ့အရာ ေထာပတ္ေစ့ရယ္ပါ။

ဝယ္ရတာလဲလြယ္ကူသလိုအကုန္အက်လဲနဲတာမို႔ ေန႔တိုင္းလိုလိုလိမ္းျဖစ္ပါတယ္

ဘယ္လိုလုပ္ၿပီးလိမ္းရလဲဆိုေတာ့ကိုယ္တို႔ေထာပတ္သီးစားၾကတဲ့အခါအတြင္းသားေလးေတြယူလိုက္ရင္အထဲကအေစ့ေလးက်န္ပါမယ္။

လူအမ်ားစုကဒီေထာပတ္ေစ့ေတြကိုဘယ္ေဈးႀကီးတဲ့ Cosmeticsမွဝယ္သုံးစရာမလိုပဲကိုယ္တို႔မ်က္ႏွာကိုအမ်ားႀကီးလွသြားေအာင္လုပ္ေပးႏိုင္တယ္ဆိုတာ မသိေတာ့ အလြယ္တကူလြင့္ပစ္တတ္ၾကတယ္

အဲဒီအေစ့ကိုမလႊင့္ပစ္ပဲအရင္ဆုံးအေစ့ေပၚကေထာပတ္သီးအစေလးေတြကိုစင္ေအာင္ေရေဆးေပးရပါတယ္ၿပီးရင္ သူ႔ကိုေနလွမ္းထားလိုက္ပါ။

၂ရက္ေလာက္လွမ္းထားၿပီးရင္ ေထာပတ္ေစ့ေပၚကအေပၚခြံေလးႂကြလာတဲ့အခါဖယ္ပစ္လိုက္ပါဘယ္ေလာက္ထိလွမ္းရလဲဆိုရင္ ေထာပတ္ေစ့ေလးအလယ္၂ျခမ္းကြဲပီး သံေခ်းေရာင္ထၿပီးအရမ္းကြၽတ္ဆတ္ဆတ္ေလာက္ျဖစ္ေနၿပီဆိုရင္လိမ္းလို႔ရပါၿပီ၃ပတ္နဲ႔၄ပတ္ဝန္းက်င္ေလာက္လွမ္းရပါမယ္

တခါတေလအေပၚခြံသံေခ်းေရာင္ျဖစ္ေနေပမဲ့အတြင္းအစိုဓာတ္မကုန္ေသးရင္လိမ္းလို႔မရေသးပါဘူး။

လုံးဝေျခာက္သြားၿပီဆိုရင္ေတာ့ညတိုင္းအိပ္ခါနီးတိုင္းခပ္ပါးပါးေလးေသြးလိမ္းလို႔ရၿပီသူ႔မွာသနပ္ခါးနဲ႔တူတာတခုကကိုယ္တို႔သနပ္ခါးတုံးမွာ

အေပၚကအေပြးေတြေသြးလိမ္းၾကတဲ့အခါအတြင္းေခါက္ထက္ပိုၿပီးဝါဝါေလးနဲ႔လွသလို ေထာပတ္ေစ့မွာလဲသူ႔အေပၚယံေဘးသားေတြက အတြင္းသားထက္အသားကိုပိုေခ်ာၿပီးဝင္းေျပာင္ေစတယ္

ကိုယ္တခါတေလအိပ္ေရးပ်က္တဲ့အခါမ်ိဳးမွာအဖုေလးေတြထြက္ရင္အေပၚယံေလးေတြခ်ည္းေသြးလိမ္းရင္ ေနာက္ေန႔မနက္ထရင္လုံးဝေပ်ာက္သြားပါတယ္။

ယုံမလားေတာ့မသိဘူးအရမ္းသိသာတာတခုကအဆီဖုေလးေတြပါ။ကိုယ္ကသနပ္ခါးလိမ္းတာမ်ားေပမဲ့တခါတေလအဆီဖုေလးေတြထြက္တတ္ပါတယ္ကိုယ္ေတာ့ေထာပတ္ေစ့အားကိုးနဲ႔မ်က္ႏွာကိုတျခားဘာပစၥည္းမွ ေထြေထြထူးထူးခုထိဝယ္မသုံးဖူးပါဘူး

ကိုယ္မ်က္ႏွာမွာ ထြက္သမွ်ဘာပဲလာလာ ေထာ ပတ္ေစ့ပဲေသြးလိမ္းပါတယ္ပုံမွန္ဆို အတြင္းသားကိုေသြးလိမ္းၿပီးခရီးသြားလို႔အသားအရည္အရမ္းပ်က္စီးတဲ့အခါအျပင္သားေတြခ်ည္းေသြးလိမ္းပါတယ္။

လိမ္းၿပီး ေနာက္ေန႔မနက္မ်က္ႏွာသစ္တာနဲ႔သိသိသာသာေျပာင္းလဲတာပါအသိအမတေယာက္ကိုသူ႔မ်က္ႏွာမွာတင္းတိပ္ေတြေတြ႕လို႔ကိုယ္ၫႊန္းလိုက္ေတာ့အေရးအေၾကာင္းေတြပါ ေတာ္ေတာ္သက္သာတယ္လို႔ေျပာတယ္

အကိုတေယာက္ကေတာ့ဝက္ၿခံေတြသက္သာတယ္လို႔ေျပာတယ္ကိုယ့္ရဲ႕ကိုယ္ေတြ႕ကေတာ့အဆီဖုေလးေတြလုံးဝေပ်ာက္သြားတယ္ ေနာက္တခုက ေန႔တိုင္းလိမ္းပါမ်ားလာရင္အသားအ ရည္ေလးေတြတင္းၿပီးပါးေလးေတြဝင္းဝင္း ေျပာင္ေျပာင္ေလးျဖစ္လာတယ္

အသားအရည္ေလးၾကည္ၿပီးဘာမွလိမ္းမထားရင္ေတာင္အလိုလိုၾကည့္ေကာင္းေနတာရယ္တ ျခားသဘာဝပစၥည္းေတြလဲလိုင္းေပၚမွာမၾကာ ခဏေတြ႕ေပမဲ့

ဒီတခုကေတာ့ကိုယ့္ကိုယ္ေတြ႕မို႔ကိုယ့္အကိုအမေတြကိုခုလိုပိုက္ဆံအကုန္အက်သက္သာၿပီးဘာဆိုးက်ိဳးမွမရွိပဲသဘာဝအသီးေတြနဲ႔လွရေအာင္ ေထာပတ္ေစ့ေလးကိုစမ္းလိမ္းၾကည့္ပါလို႔အႀကံ ျပဳပါရေစေနာ္

Leave a Reply

Your email address will not be published. Required fields are marked *