“ဘဝမှာမလိုအပ်ဘူးလို့ထင်တဲ့အရာတွေဆို ဖယ်ထုတ်ပစ်လိုက်ပါ”
တစ်ခါတုန်းက ရွာတစ်ရွာမှာ ပန်းပုဆရာ တစ်ယောက်ရှိတယ်။ သူဟာ ဘယ်လို သစ်သားမျိုးနဲ့ မဆို ပန်းပုရုပ် ကို ပီပြင်အောင် ထုပေးနိုင်တယ်။သူထွင်းလိုက်တဲ့ လက်ရာတွေက အသက်ဝင် လွန်းတော့ အနီးနားက ရွာတွေအထိပါ သူ့သတင်းက ကျော်ကြားတယ်။ဒီတော့ တပည့်လက် သား အဖြစ်နဲ့ ပညာ သင်ချင်တဲ့ သူတွေ ကလည်း များတယ်။
ဒါပေမယ့် လာလိုက် သမျှ တပည့် တွေကလည်း ဆရာ့လက် ရာ ကို မမှီနိုင်ဘူး။ဒါနဲ့ တနေ့ကျတော့ ဆရာ့ကို လူတစ်ယောက်က မေး တယ်။ ဆရာထုတဲ့အရုပ်နဲ့ တခြားလူတွေရဲ့ အရုပ် က ဘာကြောင့် ကွာခြားရတာလဲ။ ဆရာ့ လက်ရာတွေက ဘာကြောင့် ပိုပြီးတော့ ပီပြင်ရတာလဲလို့ မေး တယ်။ ဒီတော့ ပန်းပုဆရာက. “ကျုပ်တို့မှာ အခြေခံအနေနဲ့ ကတော့ သုံးရတာချင်း အတူတူပဲ။
ဒါပေမယ့် မြင်အောင် ကြည့် တတ် တဲ့ အမြင် နေရာမှတော့ ကွာသွားပြီ။ဥပမာဗျာ . . ဆင်ရုပ်ထွင်းမယ်ဆိုပါတော့။ ဒီသစ်ပိုင်းထဲကနေ ဘယ်နေရာက ဆင်ရဲ့ အစိတ် အပိုင်းဖြစ်သင့်တယ်၊ ဘယ်နေရာကိုတော့ မဖြစ်ထိုက် လို့ ဖယ်ထုတ် သင့်တယ် ဆိုတာကို သေသေချာချာ သိနေဖို့ပဲ။
“မလိုတဲ့ အပိုင်းကို ဖယ်ထုတ် လိုက်နိုင်တော့ ထွင်းတဲ့ လက်ရာ ပီပြင်တာပေါ့ဗျာ၊ ဆင်ဆိုရင်လည်း ဆင်ရုပ်၊ မြင်းဆိုလည်း မြင်းရုပ်၊ အကုန်ပီပြင်တယ်ဗျာ အ ရေးကြီးတာက ဘယ်အပိုင်းကို ဖယ်ထုတ်ရမလဲ ဆိုတာပဲ” တဲ့။ပုံပြင်ကတော့ အဲဒါပါပဲ….။
ကျွန်တော်တို့မှာ ပထမဆုံး ကိုယ်ဖြစ်ချင်တာကို သိအောင်လုပ်ရမယ်။ဖြစ်ချင်တာတွေ ပီပြင်ဖို့ အတွက် မလိုအပ်တဲ့အရာတွေကို ပြက်ပြက်သားသား ဖယ်ထုတ်ပစ်ရမယ်။အားနာစိတ်တွေ၊ ပျင်းရိခြင်းတွေ၊ တွေဝေခြင်းတွေ ၊ ဒါ့အပြင် သံယောဇဉ်တွေ ပါကောင်း ပါနေပါလိမ့်မယ်။
ဒါ ကြောင့်ပဲ…ဖယ်ထုတ်သင့်တာသိနေလျှက်နဲ့ ကျွန်တော်တို့တွေ မဖယ်ထုတ်ပစ်နိုင်ကြတာကိုက ကျွန်တော်တို့ပန်းပုရုပ်တွေဟာ မပီမပြင်ဖြစ်နေကြတာများလား ဗျာ။
မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်။
[unicode]
“ဘဝမွာမလိုအပ္ဘူးလို႔ထင္တဲ့အရာေတြဆို ဖယ္ထုတ္ပစ္လိုက္ပါ”
တစ္ခါတုန္းက ႐ြာတစ္႐ြာမွာ ပန္းပုဆရာ တစ္ေယာက္ရွိတယ္။ သူဟာ ဘယ္လို သစ္သားမ်ိဳးနဲ႔ မဆို ပန္းပု႐ုပ္ ကို ပီျပင္ေအာင္ ထုေပးႏိုင္တယ္။သူထြင္းလိုက္တဲ့ လက္ရာေတြက အသက္ဝင္ လြန္းေတာ့ အနီးနားက ႐ြာေတြအထိပါ သူ႔သတင္းက ေက်ာ္ၾကားတယ္။ဒီေတာ့ တပည့္လက္ သား အျဖစ္နဲ႔ ပညာ သင္ခ်င္တဲ့ သူေတြ ကလည္း မ်ားတယ္။
ဒါေပမယ့္ လာလိုက္ သမွ် တပည့္ ေတြကလည္း ဆရာ့လက္ ရာ ကို မမွီႏိုင္ဘူး။ဒါနဲ႔ တေန႔က်ေတာ့ ဆရာ့ကို လူတစ္ေယာက္က ေမး တယ္။ ဆရာထုတဲ့အ႐ုပ္နဲ႔ တျခားလူေတြရဲ႕ အ႐ုပ္ က ဘာေၾကာင့္ ကြာျခားရတာလဲ။ ဆရာ့ လက္ရာေတြက ဘာေၾကာင့္ ပိုၿပီးေတာ့ ပီျပင္ရတာလဲလို႔ ေမး တယ္။ ဒီေတာ့ ပန္းပုဆရာက. “က်ဳပ္တို႔မွာ အေျခခံအေနနဲ႔ ကေတာ့ သုံးရတာခ်င္း အတူတူပဲ။
ဒါေပမယ့္ ျမင္ေအာင္ ၾကည့္ တတ္ တဲ့ အျမင္ ေနရာမွေတာ့ ကြာသြားၿပီ။ဥပမာဗ်ာ . . ဆင္႐ုပ္ထြင္းမယ္ဆိုပါေတာ့။ ဒီသစ္ပိုင္းထဲကေန ဘယ္ေနရာက ဆင္ရဲ႕ အစိတ္ အပိုင္းျဖစ္သင့္တယ္၊ ဘယ္ေနရာကိုေတာ့ မျဖစ္ထိုက္ လို႔ ဖယ္ထုတ္ သင့္တယ္ ဆိုတာကို ေသေသခ်ာခ်ာ သိေနဖို႔ပဲ။
“မလိုတဲ့ အပိုင္းကို ဖယ္ထုတ္ လိုက္ႏိုင္ေတာ့ ထြင္းတဲ့ လက္ရာ ပီျပင္တာေပါ့ဗ်ာ၊ ဆင္ဆိုရင္လည္း ဆင္႐ုပ္၊ ျမင္းဆိုလည္း ျမင္း႐ုပ္၊ အကုန္ပီျပင္တယ္ဗ်ာ အ ေရးႀကီးတာက ဘယ္အပိုင္းကို ဖယ္ထုတ္ရမလဲ ဆိုတာပဲ” တဲ့။ပုံျပင္ကေတာ့ အဲဒါပါပဲ….။
ကြၽန္ေတာ္တို႔မွာ ပထမဆုံး ကိုယ္ျဖစ္ခ်င္တာကို သိေအာင္လုပ္ရမယ္။ျဖစ္ခ်င္တာေတြ ပီျပင္ဖို႔ အတြက္ မလိုအပ္တဲ့အရာေတြကို ျပက္ျပက္သားသား ဖယ္ထုတ္ပစ္ရမယ္။အားနာစိတ္ေတြ၊ ပ်င္းရိျခင္းေတြ၊ ေတြေဝျခင္းေတြ ၊ ဒါ့အျပင္ သံေယာဇဥ္ေတြ ပါေကာင္း ပါေနပါလိမ့္မယ္။
ဒါ ေၾကာင့္ပဲ…ဖယ္ထုတ္သင့္တာသိေနလွ်က္နဲ႔ ကြၽန္ေတာ္တို႔ေတြ မဖယ္ထုတ္ပစ္ႏိုင္ၾကတာကိုက ကြၽန္ေတာ္တို႔ပန္းပု႐ုပ္ေတြဟာ မပီမျပင္ျဖစ္ေနၾကတာမ်ားလား ဗ်ာ။
မူရင္းေရးသားသူကို ေလးစားစြာျဖင့္ Credit ေပးပါတယ္။