ကြမ်းပြင်ပေါ် လဲသွားတာကို ကြိုး ဝိုင်းဒိုင်က အရှုံးလို့ မသတ်မှတ်ပါ ဘူး…
လူတစ်ယောက်ဟာလမ်းလျှောက်လာရင်း ဆင်တွေကို မြင်ပြီး ရုတ်တရက် ရပ်တန့်လိုက်ပါ တယ်။ ဆင်တွေရဲ့ရှေ့လက်မှာ ကြိုးတစ်ချောင်းနဲ့ ချည်ထားပြီး မြေပြင်ပေါ်မှာ တုတ်ရိုက်ထား တာကို တွေ့လိုက်ရလို့ ဖြစ်ပါတယ်။သူ အံ့သြသွားပါတယ်။
“ ဒီ ဧရာမသတ္တဝါကြီးတွေကို ဘာ ဖြစ် လို့ ကြိုးသေးသေးနဲ့ ချည်ထားတာတောင် ဆင်တွေမပြေးတာလဲ၊ သံမဏိကြိုးလည်း မ ဟုတ်၊ လှောင်အိမ်လည်း မဟုတ်ဘဲနဲ့ ဒီကောင်ကြီးတွေ အလွယ်တကူရုန်းပြီး ထွက်ပြေးနိုင် တာကို ဘာလို့ မပြေးကြတာလဲ” လို့ တစ်ယောက်တည်း တွေးမိလိုက်ပါတယ်။
အဲလိုနဲ့ အနီး နားမှာရှိတဲ့ ဆင်ထိန်းကို မေးလိုက်ပါတယ်။ “ အကိုဆင်ထိန်း ဆင်ဆိုတဲ့သတ္တဝါက တော်တော် အားသန်တာဗျ၊ ကြိုးသေးသေးလေးနဲ့ ထိန်းထားတာကို ဘာလို့မပြေးကြတာလဲ၊ ရန်မူမှာ မ ကြောက်ဖူးလား၊ သံကြိုးလည်း မဟုတ်ဘဲနဲ့ဗျာ၊ အံပါရဲ့” လို့ မေးလိုက်ပါတယ်။
ဆင်ထိန်းက“ ကောင်းပြီ ကျွန်တော်ရှင်းပြမယ်၊ ဒီဆင်တွေ ငယ်ငယ်တုန်းက ဆင်ပေါက်စ ဘဝ တုန်း က ပေါ့ဗျာ၊ အဲဒီကြိုးလေးနဲ့ ချီထားတာ၊ သူတို့ မရုန်းနိုင်ခဲ့ပါဘူး၊ အားက မသန်သေးတာကို၊ အခု ကြီးလာတော့လည်း အဲဒီကြိုးလေးနဲ့ပဲ ချီထားလိုက်တာပဲ၊ ဆင်တွေရဲ့စိတ်ထဲမှာ ဒီကြိုးကို သူတို့ဘယ်တော့မှာ မရုန်းနိုင်ဘူးလို့ စိတ်စွဲနေတာဗျ” လို့ ပြန်ဖြေလိုက်ပါ တယ်။
လူ့ဘဝဆိုတာ လည်း အဲဒီအတိုင်းပဲ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ကိုယ်မစွမ်းဆောင်ခဲ့နိုင်တာကို တစ်သက်လုံး ငါဘယ်တော့မှ မလုပ်နိုင်ဘူးလို့ အရှုံးပေးလက်လျော့တက်ကြပါတယ်။တကယ်တော့ ဘဝဆို တာ လက်ဝှေ့ကြိုးဝိုင်းလိုပါပဲ။ ကြမ်းပြင်ပေါ် လဲသွားတာကို ကြိုးဝိုင်းဒိုင်က အရှုံးလို့ မသတ်မှတ် ပါဘူး။ သင်ပြန်မထလာမှ အရှုံးလို့ သတ်မှတ်လိုက်တာပါ။ အရှုံးဆိုတာကို ရင်ဝယ်ပိုက်ထားရင် တစ်သက်လုံးရှုံးမှာ သေချာပါတယ်။
credit ; ဓမ္မအလင်းရောင်
[unicode]
ၾကမ္းျပင္ေပၚ လဲသြားတာကို ႀကိဳး ဝိုင္းဒိုင္က အရႈံးလို႔ မသတ္မွတ္ပါ ဘူး…
လူတစ္ေယာက္ဟာလမ္းေလွ်ာက္လာရင္း ဆင္ေတြကို ျမင္ၿပီး ႐ုတ္တရက္ ရပ္တန႔္လိုက္ပါ တယ္။ ဆင္ေတြရဲ႕ေရွ႕လက္မွာ ႀကိဳးတစ္ေခ်ာင္းနဲ႔ ခ်ည္ထားၿပီး ေျမျပင္ေပၚမွာ တုတ္႐ိုက္ထား တာကို ေတြ႕လိုက္ရလို႔ ျဖစ္ပါတယ္။သူ အံ့ၾသသြားပါတယ္။
“ ဒီ ဧရာမသတၱဝါႀကီးေတြကို ဘာ ျဖစ္ လို႔ ႀကိဳးေသးေသးနဲ႔ ခ်ည္ထားတာေတာင္ ဆင္ေတြမေျပးတာလဲ၊ သံမဏိႀကိဳးလည္း မ ဟုတ္၊ ေလွာင္အိမ္လည္း မဟုတ္ဘဲနဲ႔ ဒီေကာင္ႀကီးေတြ အလြယ္တကူ႐ုန္းၿပီး ထြက္ေျပးႏိုင္ တာကို ဘာလို႔ မေျပးၾကတာလဲ” လို႔ တစ္ေယာက္တည္း ေတြးမိလိုက္ပါတယ္။
အဲလိုနဲ႔ အနီး နားမွာရွိတဲ့ ဆင္ထိန္းကို ေမးလိုက္ပါတယ္။ “ အကိုဆင္ထိန္း ဆင္ဆိုတဲ့သတၱဝါက ေတာ္ေတာ္ အားသန္တာဗ်၊ ႀကိဳးေသးေသးေလးနဲ႔ ထိန္းထားတာကို ဘာလို႔မေျပးၾကတာလဲ၊ ရန္မူမွာ မ ေၾကာက္ဖူးလား၊ သံႀကိဳးလည္း မဟုတ္ဘဲနဲ႔ဗ်ာ၊ အံပါရဲ႕” လို႔ ေမးလိုက္ပါတယ္။
ဆင္ထိန္းက“ ေကာင္းၿပီ ကြၽန္ေတာ္ရွင္းျပမယ္၊ ဒီဆင္ေတြ ငယ္ငယ္တုန္းက ဆင္ေပါက္စ ဘဝ တုန္း က ေပါ့ဗ်ာ၊ အဲဒီႀကိဳးေလးနဲ႔ ခ်ီထားတာ၊ သူတို႔ မ႐ုန္းႏိုင္ခဲ့ပါဘူး၊ အားက မသန္ေသးတာကို၊ အခု ႀကီးလာေတာ့လည္း အဲဒီႀကိဳးေလးနဲ႔ပဲ ခ်ီထားလိုက္တာပဲ၊ ဆင္ေတြရဲ႕စိတ္ထဲမွာ ဒီႀကိဳးကို သူတို႔ဘယ္ေတာ့မွာ မ႐ုန္းႏိုင္ဘူးလို႔ စိတ္စြဲေနတာဗ်” လို႔ ျပန္ေျဖလိုက္ပါ တယ္။
လူ႔ဘဝဆိုတာ လည္း အဲဒီအတိုင္းပဲ ျဖစ္ပါတယ္။ တစ္ခ်ိန္တုန္းက ကိုယ္မစြမ္းေဆာင္ခဲ့ႏိုင္တာကို တစ္သက္လုံး ငါဘယ္ေတာ့မွ မလုပ္ႏိုင္ဘူးလို႔ အရႈံးေပးလက္ေလ်ာ့တက္ၾကပါတယ္။တကယ္ေတာ့ ဘဝဆို တာ လက္ေဝွ႔ႀကိဳးဝိုင္းလိုပါပဲ။ ၾကမ္းျပင္ေပၚ လဲသြားတာကို ႀကိဳးဝိုင္းဒိုင္က အရႈံးလို႔ မသတ္မွတ္ ပါဘူး။ သင္ျပန္မထလာမွ အရႈံးလို႔ သတ္မွတ္လိုက္တာပါ။ အရႈံးဆိုတာကို ရင္ဝယ္ပိုက္ထားရင္ တစ္သက္လုံးရႈံးမွာ ေသခ်ာပါတယ္။
credit ; ဓမၼအလင္းေရာင္
[unicode]