ကားထဲမှာရှိနေတဲ့ ရေသန့်ဗူး တစ်ဗူးက သင့်အသက်ကို နှုတ်ယူနိုင်တယ်ဆိုတာ သတိထားမိရဲ့လား

အေထြအေထြဗဟုသုတ

ကားထဲမှာရှိနေတဲ့ ရေသန့်ဗူး တစ်ဗူးက သင့်အသက်ကို နှုတ်ယူနိုင်တယ်ဆိုတာ သတိထားမိရဲ့လား

မည်သည့်ကားပိုင်ရှင်မဆို အနည်းဆုံး ရေသန့်ဗူးတစ်ဗူးလောက်တော့ ကားထဲမှာ ဆောင်ထားတတ်ကြပါလိမ့်မယ်။

သီးသန့်ဆောင်ထားတာမျိုးမဟုတ်ရင်တောင် တစ်ကြိမ်တစ်ခါက အသုံးပြုခဲ့ပြီးနောက် လွှင့်ပစ်ဖို့မေ့နေတတ်တဲ့ ရေသန့်ဗူး၊ အချိုရည်ဗူးတွေလည်း ကားထဲမှာ တစ်နည်းနည်းနဲ့ ရှိနေတတ်ပါတယ်။

ဒီဗူးတွေဟာ အပူလွန်ပြီး မပေါက်ကွဲတတ်သော်ငြားလည်း သင့်ရဲ့အသက်ကို ဆုံးရှုံးနိုင်ပါသေးတယ်။

ပြဿနာက ဒီလိုဗူးတွေကို ကားထဲမှာ စနစ်တကျ မထားပဲ အဆင်ပြေသလို ဟိုတင် သည်တင်ထားလိုက်တာက အကြောင်းရင်းခံဖြစ်ပါတယ်။

အထူးသဖြင့် ကားမောင်သူဘက်အခြမ်းမှာ ရေဗူးတွေ၊ အချိုရည်ဗူးတွေ ရှိမနေတာ အကောင်းဆုံးဖြစ်ပါတယ်။

ဒီဗူးတွေဟာ ကားမောင်းနေစဉ် ကိုယ်သတိမထားမိလိုက်တဲ့ အချိန်မှာ တစ်နည်းနဲ့နဲ့ အောက်ကို ပြုတ်ကျပြီး ဘရိတ်ခြေနင်းအောက်ကို ရောက်သွားတတ်ပါတယ်။

အရေးပေါ်အခြေအနေတစ်ခုကြုံပြီး ဘရိတ်နင်းတဲ့အခါ ဗူးက အောက်ကနေခံနေတာကြောင့် ဘရိတ်နင်းလို့မရပဲ မတော်တဆမှုဖြစ်ပြီး အသက်ဆုံးရှုံးရတတ်ပါတယ်။

ဒါ့အပြင် ကားမောင်းနေရင်းတစ်ဖက်နဲ့ ရေသောက်တာ၊ အချိုရည်သောက်တာတွေကိုလည်း ဖြစ်နိုင်ရင် မပြုလုပ်သင့်ပါဘူး။

အခြေအနေတစ်ခုခုကြောင့် လေည်ချောင်းထဲမှာ ရေသီးပြီး ကားကိုထိန်းချုပ်မှုကနေ လွတ်ကာ အန္တရာယ်ဖြစ်တတ်ပါတယ်။

ဒါကြောင့် မိမိရဲ့အသက်အန္တရာယ်ကို စောင့်ရှောက်ကာကွယ်တဲ့အနေဖြင့် ယာဉ်မောင်းများ ကားမောင်းမထွက်မီ ဒရိုင်ဘာနေရာ၏ လီဗာ၊ ဘရိတ်၊ ကလပ် အစရှိသည့် ခြေနင်းပြားများအောက်မှာ အခုအခံများ ရှိမရှိ စစ်ဆေးပါ။

ကာမောင်းနေစဉ် ရေသောက်လိုပါက ကားကို အရှိန်လျော့၍သော်လည်းကောင်း ဖြစ်နိုင်ပါက လမ်းဘေးတွင် ခတ္တရပ်ပြီးမှ သောက်သင့်ကြောင်း သတိပေးလိုက်ပါတယ်။

credit-popolay

Zawgyi

ကားထဲမွာရွိေနတဲ့ ေရသန႔္ဗူး တစ္ဗူးက သင့္အသက္ကို ႏႈတ္ယူႏိုင္တယ္ဆိုတာ သတိထားမိရဲ႕လား

မည္သည့္ကားပိုင္ရွင္မဆို အနည္းဆုံး ေရသန႔္ဗူးတစ္ဗူးေလာက္ေတာ့ ကားထဲမွာ ေဆာင္ထားတတ္ၾကပါလိမ့္မယ္။

သီးသန႔္ေဆာင္ထားတာမ်ိဳးမဟုတ္ရင္ေတာင္ တစ္ႀကိမ္တစ္ခါက အသုံးျပဳခဲ့ၿပီးေနာက္ လႊင့္ပစ္ဖို႔ေမ့ေနတတ္တဲ့ ေရသန႔္ဗူး၊ အခ်ိဳရည္ဗူးေတြလည္း ကားထဲမွာ တစ္နည္းနည္းနဲ႔ ရွိေနတတ္ပါတယ္။

ဒီဗူးေတြဟာ အပူလြန္ၿပီး မေပါက္ကြဲတတ္ေသာ္ျငားလည္း သင့္ရဲ႕အသက္ကို ဆုံးရႈံးႏိုင္ပါေသးတယ္။

ျပႆနာက ဒီလိုဗူးေတြကို ကားထဲမွာ စနစ္တက် မထားပဲ အဆင္ေျပသလို ဟိုတင္ သည္တင္ထားလိုက္တာက အေၾကာင္းရင္းခံျဖစ္ပါတယ္။

အထူးသျဖင့္ ကားေမာင္သူဘက္အျခမ္းမွာ ေရဗူးေတြ၊ အခ်ိဳရည္ဗူးေတြ ရွိမေနတာ အေကာင္းဆုံးျဖစ္ပါတယ္။

ဒီဗူးေတြဟာ ကားေမာင္းေနစဥ္ ကိုယ္သတိမထားမိလိုက္တဲ့ အခ်ိန္မွာ တစ္နည္းနဲ႔နဲ႔ ေအာက္ကို ျပဳတ္က်ၿပီး ဘရိတ္ေျခနင္းေအာက္ကို ေရာက္သြားတတ္ပါတယ္။

အေရးေပၚအေျခအေနတစ္ခုႀကဳံၿပီး ဘရိတ္နင္းတဲ့အခါ ဗူးက ေအာက္ကေနခံေနတာေၾကာင့္ ဘရိတ္နင္းလို႔မရပဲ မေတာ္တဆမႈျဖစ္ၿပီး အသက္ဆုံးရႈံးရတတ္ပါတယ္။

ဒါ့အျပင္ ကားေမာင္းေနရင္းတစ္ဖက္နဲ႔ ေရေသာက္တာ၊ အခ်ိဳရည္ေသာက္တာေတြကိုလည္း ျဖစ္ႏိုင္ရင္ မျပဳလုပ္သင့္ပါဘူး။

အေျခအေနတစ္ခုခုေၾကာင့္ ေလည္ေခ်ာင္းထဲမွာ ေရသီးၿပီး ကားကိုထိန္းခ်ဳပ္မႈကေန လြတ္ကာ အႏၲရာယ္ျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ မိမိရဲ႕အသက္အႏၲရာယ္ကို ေစာင့္ေရွာက္ကာကြယ္တဲ့အေနျဖင့္ ယာဥ္ေမာင္းမ်ား ကားေမာင္းမထြက္မီ ဒ႐ိုင္ဘာေနရာ၏ လီဗာ၊ ဘရိတ္၊ ကလပ္ အစရွိသည့္ ေျခနင္းျပားမ်ားေအာက္မွာ အခုအခံမ်ား ရွိမရွိ စစ္ေဆးပါ။

ကာေမာင္းေနစဥ္ ေရေသာက္လိုပါက ကားကို အရွိန္ေလ်ာ့၍ေသာ္လည္းေကာင္း ျဖစ္ႏိုင္ပါက လမ္းေဘးတြင္ ခတၱရပ္ၿပီးမွ ေသာက္သင့္ေၾကာင္း သတိေပးလိုက္ပါတယ္။

credit-popolay

Leave a Reply

Your email address will not be published. Required fields are marked *