ဆန်အတိုင်းနဲ့ရွှေအတိုင်းဟာ အတူတူဘဲဆိုတာ မသိသေးရင် ဖတ်ကြည့်ပါ လွယ်ပါတယ်

အေထြအေထြဗဟုသုတ

ဆန်အတိုင်းနဲ့ရွှေအတိုင်းဟာ အတူတူဘဲဆိုတာ မသိသေးရင် ဖတ်ကြည့်ပါ လွယ်ပါတယ်

ဆန်အတိုင်းအတာ ပြည်ကို တွက်တတ်ရင် ရှေှအတိုင်းအတာ ပဲ၊ရွေး ကိုလဲ သင် တွက်တတ်မှာပါ

ဆန် ၁ တင်း မှာ ၁၆ ပြည် ရှိသလို ရွှေ ၁ ကျပ်သားမှာ ၁၆ ပဲ ရှိတယ်။

ဆန် ၈ ပြည် ကို တခွဲ လို့ ခေါ်သလို ရွှေ ၈ ပဲ ကို ငါးမူး လို့ ခေါ်တယ် ။

ဆန် ၄ ပြည် ကို တစိပ် လို့ ခေါ်ကြသလို ရွှေ ၄ ပဲ ကို တမတ်သား လို့ ခေါ်ကြတယ် ။

ဆန် ၁ ပြည်မှာနို့ဆီဗူး ရှစ်လုံး ရှိသလို ရွှေ ၁ ပဲ မှာလည်း ရွေးလေး ရှစ်ရွေး ရှိတယ် ။

ဆန် ၁ တင်းမှာ နို့ဆီဗူး ၁၂၈ လုံး ရှိသလို ရွှေ ၁ ကျပ် သား မှာလည်း ၁၂၈ ရွေး ရှိတယ် ။

ဒီဆက်နွယ်မှုဟာ နိုင်ငံအတွင်းနေထိုင်ကြသူတွေအဖို့ဆန် နဲ့ ရွှေ နှစ်မျိုးလုံး အရေးကြီးတာချည်းပဲဆိုတာသိထားဖို့ပါ ။

Credit. Tun Aung Khaing

Zawgyi


ဆန်အတိုင်းအတာ ပြည်ကို တွက်တတ်ရင် ရှေအတိုင်းအတာ ပဲ၊ရွေး ကိုလဲ သင် တွက်တတ်မှာပါ







Leave a Reply

Your email address will not be published. Required fields are marked *