ခြေထောက်လေးဖြူပြီးသန့်နေတာမျိုးလိုချင်တဲ့သူတွေအတွက်ပုံမှန်လုပ်ပေးဖို့လိုတဲ့အရာ ၄ ခု

Beauty

အသားအရမ်းဖြူနေတာမျိုးမဟုတ်ရင်တောင် ခြေထောက်လေးတွေဖြူပြီး သန့်နေရင်ကို ကြည့်ကောင်းနေတာပါ။

လူတိုင်းက ခြေထောက်လေးတွေဖြူနေတာမျိုး လိုချင်ကြပါတယ်။

ဒါကြောင့် ခြေထောက်လေးဖြူပြီး သန့်နေတာမျိုးလိုချင်တဲ့သူတွေအတွက် ပုံမှန်လုပ်ပေးဖို့လိုတဲ့အရာ ၄ ခုကို ပြောပြပေးလိုက်ပါတယ်။

ဒီ ၄ ခုကိုသာ အမြဲလုပ်ပါ။ တစ်ဖြေးဖြေးနဲ့ ခြေထောက်က ဖြူလာတာကို တွေ့ရပါလိမ့်မယ်။

ရေချိုးတိုင်းခြေထောက်တိုက်ပါ

ရေချိုးတိုင်းမှာ ခြေထောက်ကို လက်နဲ့အရင် ဂျေးတွန်းပါ။

ပြီးရင် ခြေထောက်တိုက်တဲ့ brush လေးနဲ့ သေချာတိုက်ပေးပါ။ ဒီအချက်က အရမ်းသိသာပါတယ်။

ချက်ချင်းတော့ဖြူလာတာမျိုးမဟုတ်ပေမယ့် နေ့တိုင်းသာလုပ်ပေးရင် ၂ လ၊ ၃ လလောက်နဲ့ကို ခြေထောက်က ဖြူပြီးသန့်လာပါတယ်။

တစ်ပတ်တစ်ခါ Scrub လုပ်ပါ

တစ်ပတ်တစ်ခါ Body Scrub လုပ်ပေးသလို ခြေထောက်လေးတွေကိုလည်း သေချာ Scrub လုပ်ပေးပါ။

ဂျေးတွေပြောင်ပြီး အသားအရေကကြည်လင်လာမယ်။ ဖြူပြီးသန့်လာပါမယ်။ ဖိနပ်သဲကြိုးရာတွေပါ ပျောက်သွားပါလိမ့်မယ်။

Lotion အမြဲလိမ်းပါ

တော်တော်များများက ပြီးစလွယ် လက်ကိုပဲ Lotion လိမ်းကြတာများပါတယ်။

ခြေထောက်လိမ်းရင်တောင် ခြေသလုံးလောက်ပဲ လိမ်းကြတာများပါတယ်။ လိမ်းမယ်ဆိုရင် တစ်ကိုယ်လုံးသေချာလိမ်းပေးသင့်ပါတယ်။

ခြေထောက်လေးတွေ၊ ခြေဖမိုးလေးတွေကို သေချာ Lotion လိမ်းပါ။ နေ့တိုင်းလိမ်းပါ။

ခြေထောက်အသားအရေက မွဲခြောက်ခြောက်ကြီးမဖြစ်ပဲ စိုစိုလေးနဲ့ကြည်ပြီး ဖြူလာပါလိမ့်မယ်။

ဆိုင်မှာ Foot Cleansing လုပ်ပါ

တတ်နိုင်ရင် ခြေထောက်ကို ၂ ပတ် တစ်ခါ (သို့) တစ်လ တစ်ခါလောက် ဆိုင်မှာ Foot Cleansing လုပ်ပေးပါ။

ပုံမှန်သာလုပ်ပေးရင် ခြေထောက်လေးတွေဖြူဖွေးပြီး အမြဲတမ်းသန့်နေမှာပါ။

ဖိနပ်သဲကြိုးရာတွေလည်း ပျောက်သွားပါလိမ့်မယ်။

Credit

Zawgyi

အသားအရမ္းျဖဴေနတာမ်ိဳးမဟုတ္ရင္ေတာင္ ေျခေထာက္ေလးေတြျဖဴၿပီး သန႔္ေနရင္ကို ၾကည့္ေကာင္းေနတာပါ။

လူတိုင္းက ေျခေထာက္ေလးေတြျဖဴေနတာမ်ိဳး လိုခ်င္ၾကပါတယ္။

ဒါေၾကာင့္ ေျခေထာက္ေလးျဖဴၿပီး သန႔္ေနတာမ်ိဳးလိုခ်င္တဲ့သူေတြအတြက္ ပုံမွန္လုပ္ေပးဖို႔လိုတဲ့အရာ ၄ ခုကို ေျပာျပေပးလိုက္ပါတယ္။

ဒီ ၄ ခုကိုသာ အၿမဲလုပ္ပါ။ တစ္ေျဖးေျဖးနဲ႔ ေျခေထာက္က ျဖဴလာတာကို ေတြ႕ရပါလိမ့္မယ္။

ေရခ်ိဳးတိုင္းေျခေထာက္တိုက္ပါ

ေရခ်ိဳးတိုင္းမွာ ေျခေထာက္ကို လက္နဲ႔အရင္ ေဂ်းတြန္းပါ။

ၿပီးရင္ ေျခေထာက္တိုက္တဲ့ brush ေလးနဲ႔ ေသခ်ာတိုက္ေပးပါ။ ဒီအခ်က္က အရမ္းသိသာပါတယ္။

ခ်က္ခ်င္းေတာ့ျဖဴလာတာမ်ိဳးမဟုတ္ေပမယ့္ ေန႔တိုင္းသာလုပ္ေပးရင္ ၂ လ၊ ၃ လေလာက္နဲ႔ကို ေျခေထာက္က ျဖဴၿပီးသန႔္လာပါတယ္။

တစ္ပတ္တစ္ခါ Scrub လုပ္ပါ

တစ္ပတ္တစ္ခါ Body Scrub လုပ္ေပးသလို ေျခေထာက္ေလးေတြကိုလည္း ေသခ်ာ Scrub လုပ္ေပးပါ။

ေဂ်းေတြေျပာင္ၿပီး အသားအေရကၾကည္လင္လာမယ္။ ျဖဴၿပီးသန႔္လာပါမယ္။ ဖိနပ္သဲႀကိဳးရာေတြပါ ေပ်ာက္သြားပါလိမ့္မယ္။

Lotion အၿမဲလိမ္းပါ

ေတာ္ေတာ္မ်ားမ်ားက ၿပီးစလြယ္ လက္ကိုပဲ Lotion လိမ္းၾကတာမ်ားပါတယ္။

ေျခေထာက္လိမ္းရင္ေတာင္ ေျခသလုံးေလာက္ပဲ လိမ္းၾကတာမ်ားပါတယ္။ လိမ္းမယ္ဆိုရင္ တစ္ကိုယ္လုံးေသခ်ာလိမ္းေပးသင့္ပါတယ္။

ေျခေထာက္ေလးေတြ၊ ေျခဖမိုးေလးေတြကို ေသခ်ာ Lotion လိမ္းပါ။ ေန႔တိုင္းလိမ္းပါ။

ေျခေထာက္အသားအေရက မြဲေျခာက္ေျခာက္ႀကီးမျဖစ္ပဲ စိုစိုေလးနဲ႔ၾကည္ၿပီး ျဖဴလာပါလိမ့္မယ္။

ဆိုင္မွာ Foot Cleansing လုပ္ပါ

တတ္ႏိုင္ရင္ ေျခေထာက္ကို ၂ ပတ္ တစ္ခါ (သို႔) တစ္လ တစ္ခါေလာက္ ဆိုင္မွာ Foot Cleansing လုပ္ေပးပါ။

ပုံမွန္သာလုပ္ေပးရင္ ေျခေထာက္ေလးေတြျဖဴေဖြးၿပီး အၿမဲတမ္းသန႔္ေနမွာပါ။

ဖိနပ္သဲႀကိဳးရာေတြလည္း ေပ်ာက္သြားပါလိမ့္မယ္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *