ညစ်ထေးထေးဖြစ်နေတဲ့ အသားအရေကို ကြည်သန့်သွားစေမယ့် ကြေးချွတ်ပေါင်းတင်နည်း (၄) မျိုး

Beauty

ပျိုမေတို့မျက်နှာအသားအရောင် မညီမညာဖြစ်နေတာ၊ မိတ်ကပ်ပုံမှန်ဖျက်ပေမယ်၊ မျက်နှာသစ်ဆေးကောင်းကောင်းသုံးပေမယ့်၊ မျက်နှာပေါ်က အညစ် အကြေးတွေကောင်းကောင်းမသန့်စင်ဘူးလို့ခံစားရတယ်။

skin care ပုံမှန်လုပ်ပေမယ့် အသားအရေက ကြည်လင်မှုမရှိဘူး၊ အသားအရောင် မညီညာဘူးဆိုရင် အခုဖော်ပြမယ့်

ကြေးချွတ်ပေါင်းတင်နည်းလေးတွေကို အိမ်မှာတင် လုပ်ကြည့်လိုက်နော် ….

(၁) နနွင်းမှုန့်ပေါင်းတင်နည်း နနွင်းမှုန့်မှာ ပါဝင်တဲ့ ဗီတာမင် စီ ပမာဏအနည်းငယ်က အသားအရေညစ်ထေးနေတာကို ပြန်လည်ကြည်လင်စေပြီး အသားအရောင် မညီညာတာကို ညှိပေးနိုင်တဲ့အစွမ်းရှိပါတယ်။

နနွင်းမှုန့်တစ်ဇွန်းကို ရှားစောင်းလက်ပပ်အနှစ်နှစ်ဇွန်းနဲ့ရောပြီး ရလာတဲ့ အနှစ်ကို မျက်နှာအနှံ့ပွတ်လိမ်းပေးကာ နာရီဝက်လောက်ထားပေးပြီး ရေ နွေး နွေးလေး နဲ့ဆေးချပေးလိုက်ပါ။

ညအိပ်ရာဝင်ခါနီး မျက်နှာသစ်တိုင်း ဒါလေးကို လုပ်ပေးလိုက်မယ်ဆိုရင် တစ်လလောက်ကြာရင် ညီညာဖြူသန့်နေတဲ့ မျက်နှာအသားအရေလေးကို ရပါလိမ့်မယ် …။

(၂) သင်္ဘောသီး သဘောၤသီးမှည့်ကိုချေပြီးမျက်နှာပေါ်မှာ ထူထူလေး လိမ်းထားလိုက်ပါ။

မိနစ် ၂၀ လောက်ကြာရင် ရေနွေးလေးနဲ့မျက်နှာသစ် ပေးပြီး အစိုဓာတ်ဖြည့်ခရင်မ်ကိုလိမ်းပေးပါ။

ညတိုင်းလုပ်ပေးရုံနဲ့ မျက်နှာအသားအရေ သိသိသာသာကြည်လင်လာပြီး အသားအရောင်ကလည်း ညီညာလာတာကို တွေ့ရပါလိမ့်မယ် …။

(၃) ရှားစောင်းလက်ပပ်၊သံပရို ရှားစောင်းလက်ပပ် အနှစ် နှစ်ဇွန်း၊ ပျားရည်တစ်ဇွန်း၊ သံပရိုရည်အနည်းငယ်တို့ကိုရောမွှေပြီး မျက်နှာအနှံ့ လိမ်းပေးကာ နာရီဝက်လောက်ကြာရင် မျက်နှာသစ်ပေးပါ။

တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ပေးသွားရင် အသားအရေညစ်ထေးတာတွေကို သန့်စင်ပေးပြီး မျက်နှာလေးကို ဝင်းပသွားစေမှာပဲ ဖြစ်ပါတယ် …။

(၄) ပျားရည်၊ဒိန်ချဉ် ဒိန်ချဉ်နှစ်ဇွန်း၊ ပျားရည်တစ်ဇွန်းကိုရောပြီး မျက်နှာအနှံ့လိမ်းကာ မိနစ်နှစ်ဆယ်ကြာရင် ရေနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။

တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ပေးသွားရင် အသားအရေမညီညာ ညစ်ထေးထေးဖြစ်နေတာကို ညီအောင် ညှိပေးပြီး သိသိသာသာ ဖြူ ဝင်းလာတာကိုတွေ့ရပါလိမ့်မယ် နော် … ။ ။

Zawgyi

ပ်ိဳေမတို႔မ်က္ႏွာအသားအေရာင္ မညီမညာျဖစ္ေနတာ၊ မိတ္ကပ္ပုံမွန္ဖ်က္ေပမယ္၊ မ်က္ႏွာသစ္ေဆးေကာင္းေကာင္းသုံးေပမယ့္၊ မ်က္ႏွာေပၚက အညစ္ အေၾကးေတြေကာင္းေကာင္းမသန႔္စင္ဘူးလို႔ခံစားရတယ္။

skin care ပုံမွန္လုပ္ေပမယ့္ အသားအေရက ၾကည္လင္မႈမရွိဘူး၊ အသားအေရာင္ မညီညာဘူးဆိုရင္ အခုေဖာ္ျပမယ့္

ေၾကးခြၽတ္ေပါင္းတင္နည္းေလးေတြကို အိမ္မွာတင္ လုပ္ၾကည့္လိုက္ေနာ္ ….

(၁) နႏြင္းမႈန႔္ေပါင္းတင္နည္း နႏြင္းမႈန႔္မွာ ပါဝင္တဲ့ ဗီတာမင္ စီ ပမာဏအနည္းငယ္က အသားအေရညစ္ေထးေနတာကို ျပန္လည္ၾကည္လင္ေစၿပီး အသားအေရာင္ မညီညာတာကို ညႇိေပးႏိုင္တဲ့အစြမ္းရွိပါတယ္။

နႏြင္းမႈန႔္တစ္ဇြန္းကို ရွားေစာင္းလက္ပပ္အႏွစ္ႏွစ္ဇြန္းနဲ႔ေရာၿပီး ရလာတဲ့ အႏွစ္ကို မ်က္ႏွာအႏွံ႔ပြတ္လိမ္းေပးကာ နာရီဝက္ေလာက္ထားေပးၿပီး ေရ ေႏြး ေႏြးေလး နဲ႔ေဆးခ်ေပးလိုက္ပါ။

ညအိပ္ရာဝင္ခါနီး မ်က္ႏွာသစ္တိုင္း ဒါေလးကို လုပ္ေပးလိုက္မယ္ဆိုရင္ တစ္လေလာက္ၾကာရင္ ညီညာျဖဴသန႔္ေနတဲ့ မ်က္ႏွာအသားအေရေလးကို ရပါလိမ့္မယ္ …။

(၂) သေဘၤာသီး သေဘာသႌးမွည့္ကိုေခ်ၿပီးမ်က္ႏွာေပၚမွာ ထူထူေလး လိမ္းထားလိုက္ပါ။

မိနစ္ ၂၀ ေလာက္ၾကာရင္ ေရေႏြးေလးနဲ႔မ်က္ႏွာသစ္ ေပးၿပီး အစိုဓာတ္ျဖည့္ခရင္မ္ကိုလိမ္းေပးပါ။

ညတိုင္းလုပ္ေပး႐ုံနဲ႔ မ်က္ႏွာအသားအေရ သိသိသာသာၾကည္လင္လာၿပီး အသားအေရာင္ကလည္း ညီညာလာတာကို ေတြ႕ရပါလိမ့္မယ္ …။

(၃) ရွားေစာင္းလက္ပပ္၊သံပ႐ို ရွားေစာင္းလက္ပပ္ အႏွစ္ ႏွစ္ဇြန္း၊ ပ်ားရည္တစ္ဇြန္း၊ သံပ႐ိုရည္အနည္းငယ္တို႔ကိုေရာေမႊၿပီး မ်က္ႏွာအႏွံ႔ လိမ္းေပးကာ နာရီဝက္ေလာက္ၾကာရင္ မ်က္ႏွာသစ္ေပးပါ။

တစ္ေန႔တစ္ႀကိမ္ ပုံမွန္လုပ္ေပးသြားရင္ အသားအေရညစ္ေထးတာေတြကို သန႔္စင္ေပးၿပီး မ်က္ႏွာေလးကို ဝင္းပသြားေစမွာပဲ ျဖစ္ပါတယ္ …။

(၄) ပ်ားရည္၊ဒိန္ခ်ဥ္ ဒိန္ခ်ဥ္ႏွစ္ဇြန္း၊ ပ်ားရည္တစ္ဇြန္းကိုေရာၿပီး မ်က္ႏွာအႏွံ႔လိမ္းကာ မိနစ္ႏွစ္ဆယ္ၾကာရင္ ေရေႏြးေလးနဲ႔ မ်က္ႏွာသစ္ေပးပါ။

တစ္ေန႔တစ္ႀကိမ္ ပုံမွန္လုပ္ေပးသြားရင္ အသားအေရမညီညာ ညစ္ေထးေထးျဖစ္ေနတာကို ညီေအာင္ ညႇိေပးၿပီး သိသိသာသာ ျဖဴ ဝင္းလာတာကိုေတြ႕ရပါလိမ့္မယ္ ေနာ္ … ။ ။

Leave a Reply

Your email address will not be published. Required fields are marked *