“ရေပုံးအပေါက်နဲ့ ရေသယ်ကြသူများ”

အေထြအေထြဗဟုသုတ

“ရေပုံးအပေါက်နဲ့ ရေသယ်ကြသူများ”

ဘဝမှာ အတန်းပညာသင်ယူနေသူ၊ လုပ်ငန်းခွင်မှာ အလုပ်အတူတူလုပ်နေသူ၊အတတ်ပညာတစ်ခုကို သင်ယူနေကြသူတွေ အားလုံးဟာ ကိုယ့်အတွက်အကျိုးရှိဖို့ကို ရည်ရွယ်ပြီး လုပ်ဆောင်နေကြတာပါ

ပညာသင်ယူနေသူတွေကလည်းကိုယ်သင်ယူရမယ့် သင်ခန်းစာတွေ ကိုယ်လေ့လာနေတဲ့ အတတ်ပညာတွေကိုအချိန်ရှိတုန်း အာရုံစိုက်မသင်ပဲ ပေါ့ပေါ့လေးနေပြီး အချိန်တန်ရင် သူ့ဟာသူပြီးသွားမှာပါခုလက်ရှိအချိန်ကို သူများဘာလုပ်လဲ ဘယ်လိုလှနေလဲ ဘာပစ္စည်းတွေ အသစ်ထွက်လဲFacebook မှာပဲ အပြိုင်အချိန်ပေးနေကြတာ သင်တန်းချိန်တွေပြီးဆုံးတဲ့ အချိန်မှာတော့အရည်အတွက်ထဲမှာသာပါနေပြီး အရည်အချင်းရှိသူ စာရင်းမှာ မိမိမပါဝင်ဖြစ်ရမှာကြိုတင်သတိရှိစေချင်တယ်

ရေပုံးအပေါက်နဲ့ ရေဆွဲလာမိသလိုပါပဲ ခရီးဆုံးမှာရေမပါတော့တဲ့အဖြစ်မျိုးပါ လုပ်ငန်းခွင်မှာလည်း အလုပ်ချင်းတူ အပြိုင်ဆိုင်တွေဖြစ်လာတဲ့အခါကိုယ့်လမ်းကိုယ် မှန်အောင်လျှောက်ကြရမှာ လိုအပ်တာတွေကို အချင်းချင်း တိုင်ပင်ဆွေးနွေးရမှာအဲ့လိုမဟုတ်ပဲ သူငါ့ထက်သာသွားမလား ကိုယ့်အရည်အချင်းမျိုး သူများရသွားမှာကိုယ်နဲ့ယှဉ်လာရင်

ကိုယ်ကသာ အတော်ဆုံးဖြစ်ချင်တဲ့ ဆန္ဒတွေကို သူ့ထက်ပိုကြိုးစားလေ့လာမှုနဲ့မပြိုင်ပဲ သူဘာတွေလုပ်နေလဲ သူဘယ်လိုနေလဲ အဲ့ဒါတွေလျှောက်ကြည့်ပြီး အချိန်ကိုကုန်နေစေတယ် လူတစ်ယောက် ကိုယ့်ကို ဘယ်လိုတိုက်ခိုက်နေလဲ ငါဘယ်လို တုန့်ပြန်ချေပရမလဲဆိုတာတွေ စဉ်းစားရင်းအချိန်ကုန်စေတယ် မကောင်းတဲ့အကြောင်းကို ခေါင်းထဲကထုတ်ပစ်ပါ

ကိုယ်လုပ်နေတဲ့အလုပ်က ကိုယ့်အလုပ်ပါ တိုက်ခိုက်သူကို မချေပလိုက်ရလို့သင်လူညံ့စာရင်းမဝင်သွားတာ ကံကောင်းတာပါ ဥပေက္ခာ ပြုပြီးကိုယ့်အလုပ် ကိုယ်လုပ်ပါကျန်တာတွေမတွေးပဲ အလုပ်တစ်ခုကိုပဲ တစိုက်မတ်မတ် အာရုံထားကြိုးစားသူကတော့သာလွန်တဲ့ အရည်အချင်းမှီတဲ့ အောင်မြင်မှုတွေ သူပိုင်ဆိုင်ရတယ်

သူများအကြောင်းနဲ့အချိန်ပေးလိုက်သူကတော့ နောက်ဆုံးမှာ ရေပုံးအပေါက်နဲ့ ရေသယ်သလိုပဲ သူအတွက်ဆုံးရှုံးမှုပဲ ရရှိနေပါလိမ့်မယ် ပြောချင်မိတာက ကိုယ့်အချိန်နဲ့ ကိုယ်လုပ်နေတဲ့အလုပ်ကိုပဲစိတ်ဝင်စားပါ သူများကြောင့် ကိုယ့်အချိန်တွေ မကုန်ပါစေနဲ့ ရေပုံးအပေါက်နဲ့ ရေမသယ်မိပါစေနဲ့

Credit to ဆောင်းသဇင်

unicode








Credit to ဆောင်းသဇင်

Leave a Reply

Your email address will not be published. Required fields are marked *