“တန်ဖိုးချင်းတော့ မတူနိုင်”
တစ်ခါတုန်းက သစ်ပင်တွေဟာ စကားပြောတတ်တယ်ဆိုပဲ။ စကားပြောတတ်တဲ့ သစ်ပင်တွေကို ပန်းပုဆရာတစ်ယောက်က ပန်းပုထုဖို့ ယူလာခဲ့တယ်။ခုတ်ထားတဲ့ သစ်သား တုံးတွေကို ပန်းပုထုတော့သစ်သားတုံးတစ်တုံးက အထုခံရ၊ အခုတ်ခံရ၊အထွင်းခံရ၊ အရိုက်ခံရ၊ အနှက်ခံရတော့”နာတယ်” ဆိုပြီး အော်တယ်။
ဒါကြောင့် ပန်းပုဆရာဟာ အဲ့သစ်သားတုံးကိုအသေးစိတ် မွန်းမံမနေတော့ဘဲ တုံးမောင်းအဖြစ်နဲ့ပဲ ထားခဲ့လိုက်တော့တယ်။နောက်သစ်သားတုံးတစ်တုံးကျတော့ ဘယ်လောက် နာပေမယ့် သူ မအော်ဘဲ ကြိတ်မှိတ်သည်းခံပြီးတော့ နေခဲ့လိုက်တယ်။ ပန်းပုဆရာက အဲဒီသစ်တုံးကိုကျတော့လူသားတွေ အပူဇော်ခံမယ့် နတ်ဘုရားရုပ်တု အဖြစ် ထုခဲ့လိုက်တယ်။ လူသားတွေက တုံးမောင်းကို ခေါက်ပြီးနတ်ဘုရားရုပ်တုကို ပူဇော်တဲ့ အခါကျတော့တုံးမောင်းဖြစ်နေတဲ့ သစ်သားက အသည်းအသည် ငိုကြွေးတယ်။
သူတို့ဟာ အစပထမတုန်းက သစ်ပင်တွေ အတူတူ ဖြစ်ပါလျက်နဲ့ ခုကျမှ သူကျ အခေါက်ခံရပြီး ဟိုသစ်သားတုံးကျတော့ အပူဇော်ခံရတယ်ဆိုပြီး မကျေမနပ် ဖြစ်သွားတယ်။ဒါနဲ့ ပန်းပုဆရာကို ဘက်လိုက်တယ်ဆိုပြီးစွပ်စွဲလိုက်တယ်။ ဒီအချိန်မှာ နတ်ဘုရားရုပ်တု အဖြစ် ထုခံလိုက် ရတဲ့ သစ်သားက သူ့ကို ပြောတယ်။”မင်းကမှ သည်းမခံတာကိုး”ဟုတ်ပါတယ်။ လူသားတွေလည်း ကိုယ်ပိုင်လမ်းကြောင်းပေါ်ကိုတော့ သွားနေခဲ့ကြတာချင်းတူပါတယ်။
ဒါပေမယ့် အချို့က အောင်မြင်ကြတယ်။ တချို့က ဘာမှမဖြစ်ထွန်းကြဘူး။ တချို့က ဖြစ်တော့ ဖြစ် ထွန်းပါရဲ့၊ ဒါပေမယ့် အကျိုးဖြစ်ထွန်းမှု အားနည်းကြရတယ်။ဒါဟာ ဘာကြောင့် ဖြစ်ရတာလဲလို့ ဆန်းစစ်ကြည့်တော့ ခုနကပြောတဲ့ လော ကဓံရဲ့ ရိုက်ပုတ်မှုဒဏ်ကို အလူးအလဲ ခံရတဲ့အခါမှာ သည်းခံနိုင်မှု၊ သည်းမခံနိုင်မှုအပေါ်မှာ မူတည်ပြီးတော့ အကျိုးရလဒ်တွေလည်း ကွာ ခြားသွားတာမျိုး ဖြစ်ပါတယ်။
မူရင်း Credit
[zawgyi]
“တန္ဖိုးခ်င္းေတာ့ မတူႏိုင္”
တစ္ခါတုန္းက သစ္ပင္ေတြဟာ စကားေျပာတတ္တယ္ဆိုပဲ။ စကားေျပာတတ္တဲ့ သစ္ပင္ေတြကို ပန္းပုဆရာတစ္ေယာက္က ပန္းပုထုဖို႔ ယူလာခဲ့တယ္။ခုတ္ထားတဲ့ သစ္သား တုံးေတြကို ပန္းပုထုေတာ့သစ္သားတုံးတစ္တုံးက အထုခံရ၊ အခုတ္ခံရ၊အထြင္းခံရ၊ အ႐ိုက္ခံရ၊ အႏွက္ခံရေတာ့”နာတယ္” ဆိုၿပီး ေအာ္တယ္။
ဒါေၾကာင့္ ပန္းပုဆရာဟာ အဲ့သစ္သားတုံးကိုအေသးစိတ္ မြန္းမံမေနေတာ့ဘဲ တုံးေမာင္းအျဖစ္နဲ႔ပဲ ထားခဲ့လိုက္ေတာ့တယ္။ေနာက္သစ္သားတုံးတစ္တုံးက်ေတာ့ ဘယ္ေလာက္ နာေပမယ့္ သူ မေအာ္ဘဲ ႀကိတ္မွိတ္သည္းခံၿပီးေတာ့ ေနခဲ့လိုက္တယ္။ ပန္းပုဆရာက အဲဒီသစ္တုံးကိုက်ေတာ့လူသားေတြ အပူေဇာ္ခံမယ့္ နတ္ဘုရား႐ုပ္တု အျဖစ္ ထုခဲ့လိုက္တယ္။ လူသားေတြက တုံးေမာင္းကို ေခါက္ၿပီးနတ္ဘုရား႐ုပ္တုကို ပူေဇာ္တဲ့ အခါက်ေတာ့တုံးေမာင္းျဖစ္ေနတဲ့ သစ္သားက အသည္းအသည္ ငိုေႂကြးတယ္။
သူတို႔ဟာ အစပထမတုန္းက သစ္ပင္ေတြ အတူတူ ျဖစ္ပါလ်က္နဲ႔ ခုက်မွ သူက် အေခါက္ခံရၿပီး ဟိုသစ္သားတုံးက်ေတာ့ အပူေဇာ္ခံရတယ္ဆိုၿပီး မေက်မနပ္ ျဖစ္သြားတယ္။ဒါနဲ႔ ပန္းပုဆရာကို ဘက္လိုက္တယ္ဆိုၿပီးစြပ္စြဲလိုက္တယ္။ ဒီအခ်ိန္မွာ နတ္ဘုရား႐ုပ္တု အျဖစ္ ထုခံလိုက္ ရတဲ့ သစ္သားက သူ႔ကို ေျပာတယ္။”မင္းကမွ သည္းမခံတာကိုး”ဟုတ္ပါတယ္။ လူသားေတြလည္း ကိုယ္ပိုင္လမ္းေၾကာင္းေပၚကိုေတာ့ သြားေနခဲ့ၾကတာခ်င္းတူပါတယ္။
ဒါေပမယ့္ အခ်ိဳ႕က ေအာင္ျမင္ၾကတယ္။ တခ်ိဳ႕က ဘာမွမျဖစ္ထြန္းၾကဘူး။ တခ်ိဳ႕က ျဖစ္ေတာ့ ျဖစ္ ထြန္းပါရဲ႕၊ ဒါေပမယ့္ အက်ိဳးျဖစ္ထြန္းမႈ အားနည္းၾကရတယ္။ဒါဟာ ဘာေၾကာင့္ ျဖစ္ရတာလဲလို႔ ဆန္းစစ္ၾကည့္ေတာ့ ခုနကေျပာတဲ့ ေလာ ကဓံရဲ႕ ႐ိုက္ပုတ္မႈဒဏ္ကို အလူးအလဲ ခံရတဲ့အခါမွာ သည္းခံႏိုင္မႈ၊ သည္းမခံႏိုင္မႈအေပၚမွာ မူတည္ၿပီးေတာ့ အက်ိဳးရလဒ္ေတြလည္း ကြာ ျခားသြားတာမ်ိဳး ျဖစ္ပါတယ္။
မူရင္း Credit