သား သမီးအလိမ္မာ ပိုင်ဆိုင်ချင်ရင်

အေထြအေထြဗဟုသုတ

သား သမီးအလိမ္မာ ပိုင်ဆိုင်ချင်ရင် ဖတ်ကြည့်နော်…

ကျွန်တော်က ယောက္ခမအိမ်မှာ လိုက်နေရသည့် သမက်တစ်ယောက်ပေါ့။တစ်နေ့မှာတော့…ဇနီးသည်ရဲ့ လက်ဝါးတစ်စုံဟာ သားလေးရဲ့ ကျောပြင်အထက်မှာ ရောက်သွားပြီ သားဖြစ်သူကို ရိုက်၍ ပါးစပ်ကလည်း စကားတွေ တတွတ်တွတ်နဲ့ ပြောနေရှာပါတယ်။

သူမရဲ့ဖခင်ကြီးက ကြားတော့ အခန်းထဲမှ ထွက်လာပြီး ဟဲ့…ဟဲ့…သမီး ဘယ့်နှယ် မြေးလေးကို တအားရိုက်နေရတာလဲကွယ်။ဒီလိုပါ အဖေ…သမီး ရေချိုးသွားတဲ့အချိန် မှန်တင်ခုံပေါ်မှာ ပိုက်ဆံလေး တစ်ထောင်တန်တစ်ရွက် ချထားခဲ့တယ်။ဒီနားမှာလည်း သူတစ်ယောက်ထဲပဲရှိတာ။မေးတော့လည်း မယူဘူးပဲအတင်းငြင်းပြီး လိမ်နေတယ်။

ဒီငွေကို သူ မယူလို့ ဘယ်သူ ယူမှာလဲ အဖေရဲ့။ဒါနဲ့ ရှာလိုက်တော့ သူ့ဆီက တွေ့တယ်အဖေ။ဖြစ်ကြောင်းကုန်စင်ကို သေချာ သိလိုက်ရတဲ့ အဖေက သူ့သမီးကို ခုလို ဆုံးမစကားလေး ပြောပါတယ်။သမီးရယ်…မြေးလေးကို ခုလို ရိုက်လိုက်တော့ လိမ်မာသွားရောလား…?ဒီမယ် သမီး…မိခင် နဲ့ ဖခင်ဆိုတဲ့ စကားဟာ သူ့မှာ အဓိပ္ပါယ်ရှိတယ်။

မိခင်ဆိုတာ…မိမိရရ ထိထိမိမိ ကြင်ကြင်နာနာ ခင်ခင်မင်မင်နဲ့ သား သမီးကို လိမ္မာအောင် သွန်သင် ဆုံးမရမယ်။ဖခင်ဆိုတာ…ဖေးဖေးမမ နွေးနွေးထွေးထွေး ချစ်ချစ်ခင်ခင်ဖြစ်အောင် သား သမီးတွေကို လမ်းပြ နေထိုင်နိုင်ရတယ်။သား သမီး တစ်ယောက် မိဘတစ်ယောက်ကို ချစ်တာ နဲ့ ကြောက်တာ မတူဘူးနော် သမီး။

ကြောက်တယ်ဆိုတာ…တိရစ္ဆာန်မိုလို့ ကြောက်တာ။ဒီတော့ သမီးအနေနဲ့ ကိုယ့်ကိုယ်ကို တိရစ္ဆာန်တစ်ကောင် အဖြစ်ခံမလား-? သား သမီးက ကြောက်တယ်ဆိုတာထက် ချစ်တတ်အောင် သင်ပေးပါ။ဘာဖြစ်လို့လဲ ဆိုတော့…လူဆိုတာ ကြောက်ရင် လိမ်တဲ့အဆင့်ထိ ရောက်သွားတတ်တယ်နော် သမီး။

လိမ်ပါများတော့…မယုံကြည်ခြင်းတွေ သံသယစိတ်တွေ ဝင်လာမယ်။လောကမှာ…မိဘက သား သမီးကို မယုံ သား သမီးက မိဘကို မယုံကြည်။ဇနီးသည်က ခင်ပွန်းကို မယုံ ခင်ပွန်းသည်က သူ့ဇနီးကို မယုံကြည်။ဆရာက တပည့်ကို မယုံ တပည့်က ဆရာကို မယုံကြည်။စျေးဝယ်သူက စျေးရောင်းသူကို မယုံ စျေးရောင်းသူက စျေးဝယ်သူကို မယုံကြည်။

အစိုးရက ပြည်သူတွေကို မယုံ ပြည်သူတွေက အစိုးရကို မယုံကြည်တော့ဘူး ဆိုရင် ဒီမယုံကြည်ခြင်းတွေရဲ့ နောက်ကွယ်မှာ သံသယစိတ်တွေ ပါလာပြီးနောက်ဆုံး မလိုလားအပ်တဲ့ ပြဿနာတွေများစွာဖြစ်နိုင်တယ်။

သတိထားပါ သမီး။ဒါကြောင့်…ဘယ်အရာကိုမှ မလိမ်မိစေနဲ့။ဟန်မဆောင်မိစေနဲ့။ရိုးသားပွင့်လင်းစွာ ပြောဆိုပါ။ငါ့မြေးလေးကို မရိုက်ပဲ သမီးက ခုလိုလေး ပြောကြည့်ပါလား…သားလေးရေ…ဒီနားမှာ မေမေ ငွေလေးတစ်ထောင် ချထားတယ်။

သားသား မမြင်မိဘူးလား…?သူက မသိအောင် ယူထားတယ်လို့ သမီးရဲ့စိတ်ထဲမှာ ထင်နေရင်…သားလေးရေ…ဒီပိုက်ဆံဟာ သားလေး ကျောင်းသွားရင် မေမေက မုန့်ဖိုးပေးဖို့ ချထားတာနော်…အဲဒီအခါ သားလေးက ပြောလာမယ်။ဟုတ်ကဲ့ မေမေ…သားလေ မေမေ မသိအောင် ယူထားမိတယ် လို့ဖြေမယ်။

ဒီတော့မှ သားကို ခုလို ဆုံးမပါ။သားလေး…နောက်ဆို မေမေ မသိပဲ သူများပစ္စည်းတွေကို မကိုင်ရဘူးနော်။မယူရဘူးနော်…သူတစ်ပါးပစ္စည်းကို ယူရင် ငရဲကြီးတတ်တယ်။မေမေက သားလေး ငရဲကျမှာ မလိုလားလို့ပါ ဆိုပြီး အပြစ်ပြပြီး ဆုံးမလိုက်ရင် နောက်ဆို ဒီမြေးလေးဟာ လိမ်ပါဆိုလို့ မလိမ်တော့ပဲ ကြီးတဲ့အထိ လိမ္မာသွားနိုင်တယ်နော်…အဖေပြောတာ လက္ခံရဲ့လား-သမီး-?ဟုတ်…လက်ခံပါတယ် ဖေဖေ။

နောက်ကို မှတ်ထား သမီး…ကိုယ့်ရဲ့ သား သမီးကို ကောင်းစေချင်ရင် ဘယ်တော့မှ လူတွေကြားထဲမှာ သား သမီးကို မငေါက်မိစေနဲ့။အပြစ်မပြောမိစေနဲ့။မရိုက်မိစေနဲ့။သူတို့ကို လိမ္မာစေချင်ရင် ကိုယ်ဖြစ်ချင်တဲ့ ပုံစံလေးတွေကို မိဘနဲ့ သား သမီး နှစ်ယောက်ထဲရှိတဲ့ အချိန်ကြမှ မေတ္တာစိတ်နဲ့ ဆုံးမပေးပါ။

နောက်ပြီး လူတွေရဲ့ရှေ့မှာ ဒီသား ဒီသမီးတွေ လိမ္မာတဲ့ အကြောင်း တော်တဲ့အကြောင်းလေးတွေ များများပြောပေးပါ။ဒါဆို သူတို့ အမြဲတမ်း လိမ္မာသွားလိမ့်မယ် သမီး။ဟုတ်ကဲ့ပါ ဖေဖေ…သမီး ကိုယ့်စိတ်ကို မထိန်းမိပဲ သားလေးကို ကြောက်အောင်ရိုက်မိတယ်။

နောက်ဆို သတိထားပြီး ဆုံးမပါ့မယ် ဖေဖေ။ကျွန်တော်လည်း ဘေးနားက နားထောင်ပြီး ငိုနေတဲ့ သားလေးကို ရင်ခွင်လေးထဲ ထည့်၍ နှစ်သိမ့်ပေးနေမိပါတယ်။စိတ်ထဲကနေပြီး အဖေ့ရဲ့ ဆုံးမစကားလေးတွေ အပေါ်မှာ သဘောကျ နှစ်သက်ပြီး ချီးကျူးမိပါသည်။

လောကထဲရှိ မိခင် ဖခင်များအားလုံး ရတနာ ထိုက်သော သားကောင်း ရတနာ သမီးကောင်း ရတနာများ ပိုင်ဆိုင်နိုင်ကြပါစေ။

Credit

Zawgyi

သား သမီးအလိမၼာ ပိုင္ဆိုင္ခ်င္ရင္ ဖတ္ၾကည့္ေနာ္…

ကြၽန္ေတာ္က ေယာကၡမအိမ္မွာ လိုက္ေနရသည့္ သမက္တစ္ေယာက္ေပါ့။တစ္ေန႔မွာေတာ့…ဇနီးသည္ရဲ႕ လက္ဝါးတစ္စုံဟာ သားေလးရဲ႕ ေက်ာျပင္အထက္မွာ ေရာက္သြားၿပီ သားျဖစ္သူကို ႐ိုက္၍ ပါးစပ္ကလည္း စကားေတြ တတြတ္တြတ္နဲ႔ ေျပာေနရွာပါတယ္။

သူမရဲ႕ဖခင္ႀကီးက ၾကားေတာ့ အခန္းထဲမွ ထြက္လာၿပီး ဟဲ့…ဟဲ့…သမီး ဘယ့္ႏွယ္ ေျမးေလးကို တအား႐ိုက္ေနရတာလဲကြယ္။ဒီလိုပါ အေဖ…သမီး ေရခ်ိဳးသြားတဲ့အခ်ိန္ မွန္တင္ခုံေပၚမွာ ပိုက္ဆံေလး တစ္ေထာင္တန္တစ္႐ြက္ ခ်ထားခဲ့တယ္။ဒီနားမွာလည္း သူတစ္ေယာက္ထဲပဲရွိတာ။ေမးေတာ့လည္း မယူဘူးပဲအတင္းျငင္းၿပီး လိမ္ေနတယ္။

ဒီေငြကို သူ မယူလို႔ ဘယ္သူ ယူမွာလဲ အေဖရဲ႕။ဒါနဲ႔ ရွာလိုက္ေတာ့ သူ႔ဆီက ေတြ႕တယ္အေဖ။ျဖစ္ေၾကာင္းကုန္စင္ကို ေသခ်ာ သိလိုက္ရတဲ့ အေဖက သူ႔သမီးကို ခုလို ဆုံးမစကားေလး ေျပာပါတယ္။သမီးရယ္…ေျမးေလးကို ခုလို ႐ိုက္လိုက္ေတာ့ လိမ္မာသြားေရာလား…?ဒီမယ္ သမီး…မိခင္ နဲ႔ ဖခင္ဆိုတဲ့ စကားဟာ သူ႔မွာ အဓိပၸါယ္ရွိတယ္။

မိခင္ဆိုတာ…မိမိရရ ထိထိမိမိ ၾကင္ၾကင္နာနာ ခင္ခင္မင္မင္နဲ႔ သား သမီးကို လိမၼာေအာင္ သြန္သင္ ဆုံးမရမယ္။ဖခင္ဆိုတာ…ေဖးေဖးမမ ေႏြးေႏြးေထြးေထြး ခ်စ္ခ်စ္ခင္ခင္ျဖစ္ေအာင္ သား သမီးေတြကို လမ္းျပ ေနထိုင္ႏိုင္ရတယ္။သား သမီး တစ္ေယာက္ မိဘတစ္ေယာက္ကို ခ်စ္တာ နဲ႔ ေၾကာက္တာ မတူဘူးေနာ္ သမီး။

ေၾကာက္တယ္ဆိုတာ…တိရစာၦန္မိုလို႔ ေၾကာက္တာ။ဒီေတာ့ သမီးအေနနဲ႔ ကိုယ့္ကိုယ္ကို တိရစာၦန္တစ္ေကာင္ အျဖစ္ခံမလား-? သား သမီးက ေၾကာက္တယ္ဆိုတာထက္ ခ်စ္တတ္ေအာင္ သင္ေပးပါ။ဘာျဖစ္လို႔လဲ ဆိုေတာ့…လူဆိုတာ ေၾကာက္ရင္ လိမ္တဲ့အဆင့္ထိ ေရာက္သြားတတ္တယ္ေနာ္ သမီး။

လိမ္ပါမ်ားေတာ့…မယုံၾကည္ျခင္းေတြ သံသယစိတ္ေတြ ဝင္လာမယ္။ေလာကမွာ…မိဘက သား သမီးကို မယုံ သား သမီးက မိဘကို မယုံၾကည္။ဇနီးသည္က ခင္ပြန္းကို မယုံ ခင္ပြန္းသည္က သူ႔ဇနီးကို မယုံၾကည္။ဆရာက တပည့္ကို မယုံ တပည့္က ဆရာကို မယုံၾကည္။ေစ်းဝယ္သူက ေစ်းေရာင္းသူကို မယုံ ေစ်းေရာင္းသူက ေစ်းဝယ္သူကို မယုံၾကည္။

အစိုးရက ျပည္သူေတြကို မယုံ ျပည္သူေတြက အစိုးရကို မယုံၾကည္ေတာ့ဘူး ဆိုရင္ ဒီမယုံၾကည္ျခင္းေတြရဲ႕ ေနာက္ကြယ္မွာ သံသယစိတ္ေတြ ပါလာၿပီးေနာက္ဆုံး မလိုလားအပ္တဲ့ ျပႆနာေတြမ်ားစြာျဖစ္ႏိုင္တယ္။

သတိထားပါ သမီး။ဒါေၾကာင့္…ဘယ္အရာကိုမွ မလိမ္မိေစနဲ႔။ဟန္မေဆာင္မိေစနဲ႔။႐ိုးသားပြင့္လင္းစြာ ေျပာဆိုပါ။ငါ့ေျမးေလးကို မ႐ိုက္ပဲ သမီးက ခုလိုေလး ေျပာၾကည့္ပါလား…သားေလးေရ…ဒီနားမွာ ေမေမ ေငြေလးတစ္ေထာင္ ခ်ထားတယ္။

သားသား မျမင္မိဘူးလား…?သူက မသိေအာင္ ယူထားတယ္လို႔ သမီးရဲ႕စိတ္ထဲမွာ ထင္ေနရင္…သားေလးေရ…ဒီပိုက္ဆံဟာ သားေလး ေက်ာင္းသြားရင္ ေမေမက မုန္႔ဖိုးေပးဖို႔ ခ်ထားတာေနာ္…အဲဒီအခါ သားေလးက ေျပာလာမယ္။ဟုတ္ကဲ့ ေမေမ…သားေလ ေမေမ မသိေအာင္ ယူထားမိတယ္ လို႔ေျဖမယ္။

ဒီေတာ့မွ သားကို ခုလို ဆုံးမပါ။သားေလး…ေနာက္ဆို ေမေမ မသိပဲ သူမ်ားပစၥည္းေတြကို မကိုင္ရဘူးေနာ္။မယူရဘူးေနာ္…သူတစ္ပါးပစၥည္းကို ယူရင္ ငရဲႀကီးတတ္တယ္။ေမေမက သားေလး ငရဲက်မွာ မလိုလားလို႔ပါ ဆိုၿပီး အျပစ္ျပၿပီး ဆုံးမလိုက္ရင္ ေနာက္ဆို ဒီေျမးေလးဟာ လိမ္ပါဆိုလို႔ မလိမ္ေတာ့ပဲ ႀကီးတဲ့အထိ လိမၼာသြားႏိုင္တယ္ေနာ္…အေဖေျပာတာ လကၡံရဲ႕လား-သမီး-?ဟုတ္…လက္ခံပါတယ္ ေဖေဖ။

ေနာက္ကို မွတ္ထား သမီး…ကိုယ့္ရဲ႕ သား သမီးကို ေကာင္းေစခ်င္ရင္ ဘယ္ေတာ့မွ လူေတြၾကားထဲမွာ သား သမီးကို မေငါက္မိေစနဲ႔။အျပစ္မေျပာမိေစနဲ႔။မ႐ိုက္မိေစနဲ႔။သူတို႔ကို လိမၼာေစခ်င္ရင္ ကိုယ္ျဖစ္ခ်င္တဲ့ ပုံစံေလးေတြကို မိဘနဲ႔ သား သမီး ႏွစ္ေယာက္ထဲရွိတဲ့ အခ်ိန္ၾကမွ ေမတၱာစိတ္နဲ႔ ဆုံးမေပးပါ။

ေနာက္ၿပီး လူေတြရဲ႕ေရွ႕မွာ ဒီသား ဒီသမီးေတြ လိမၼာတဲ့ အေၾကာင္း ေတာ္တဲ့အေၾကာင္းေလးေတြ မ်ားမ်ားေျပာေပးပါ။ဒါဆို သူတို႔ အၿမဲတမ္း လိမၼာသြားလိမ့္မယ္ သမီး။ဟုတ္ကဲ့ပါ ေဖေဖ…သမီး ကိုယ့္စိတ္ကို မထိန္းမိပဲ သားေလးကို ေၾကာက္ေအာင္႐ိုက္မိတယ္။

ေနာက္ဆို သတိထားၿပီး ဆုံးမပါ့မယ္ ေဖေဖ။ကြၽန္ေတာ္လည္း ေဘးနားက နားေထာင္ၿပီး ငိုေနတဲ့ သားေလးကို ရင္ခြင္ေလးထဲ ထည့္၍ ႏွစ္သိမ့္ေပးေနမိပါတယ္။စိတ္ထဲကေနၿပီး အေဖ့ရဲ႕ ဆုံးမစကားေလးေတြ အေပၚမွာ သေဘာက် ႏွစ္သက္ၿပီး ခ်ီးက်ဴးမိပါသည္။

ေလာကထဲရွိ မိခင္ ဖခင္မ်ားအားလုံး ရတနာ ထိုက္ေသာ သားေကာင္း ရတနာ သမီးေကာင္း ရတနာမ်ား ပိုင္ဆိုင္ႏိုင္ၾကပါေစ။

Credit

Leave a Reply

Your email address will not be published. Required fields are marked *