တီလားပီးယားငါးကို လုံးဝ မစားသင့်တဲ့ အကြောင်းအရင်းများ
တီလားပီးယားငါးကို လုံးဝ မစားသင့်တဲ့ အကြောင်းအရင်းများ အရပ်ထဲမှာက နုတ်ကျိုးနေတဲ့ ဇလားဗီယား လို့ခေါ်တဲ့ တီလားပီယား ငါးအကြောင်း ကျနော်တို့စားနေတဲ့အဲဒီငါးအကြောင်းကြားရတာ ကြောက်စရာကြီးမို့ ပြောပြချင်လို့ပါ ။ တီလားပီယား သဘာဝအရိုင်းများက ရေမှော် ရေညှိ အပင်ငယ်များကိုသာ စားသုံးကြပြီး မွေးမြူရေးတီလားပီယားကတော့ လူလုပ်အစာများကိုသာ စားကြရပါတယ် ။
ဒါကြောင့် မွေးမြူရေးတီလားပီယား ငါးများမှာ သဘာဝအရိုင်း တီလားပီယား များလို ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ငါးအဆီ မပါရှိတော့ပါဘူး ။
မွေးမြူရေးတီလားပီယား ငါးများဟာ ကျန်းမာရေး ကို ဘယ်လို ထိခိုက်စေသလဲ ဆိုတော့ ရောင်ရမ်းစေခြင်း – မွေးမြူရေးတီလားပီယားငါးကို စားသုံးခြင်းဖြင့် ရှိရင်းစွဲရောဂါများကို ပိုဆိုးစေပါတယ် ။ ဥပမာ ပန်းနာရင်ကြပ်ရောဂါ ၊ နှလုံးရောဂါ ၊ အဆစ်အမြစ် ရောင်ရောဂါ များ ပိုဆိုးလာပါတယ် ။ မွေးမြူရေးတီလားပီယားငါးမှာ Omega 3 fatty acid မပါတော့လို့ ဖြစ်ပါတယ် ။
ကင်ဆာဖြစ်စေသောဓါတ်များ – မွေးမြူရေးတီလားပီယားများကို ကြက် ဝက် ဘဲ တို့ ၏ အညစ်အကြေး များဖြင့် ပြုလုပ်ထားသော အစာများ ကြွေးကြပါတယ် ။
တီလားပီယား သဘာဝငါးအရိုင်းထက် မွေးမြူရေးတီလားပီယားငါးမှာ ကင်ဆာဖြစ်စေသည့် ဓါတ် ၁၀ ဆ ပိုမိုပါဝင်နေပါတယ်။ ပိုးသတ်ဆေး / ပဋိဇိ၀ဆေးများ – မွေးမြူရေးငါးများဟာ တနေရာတည်းမှာ အကောင်ရေများစွာ ပြွတ်သိပ် နေရသည့်အတွက် ရောဂါဖြစ်လွယ် သေလွယ်ပါတယ် ။ ဒါကြောင့် ရောဂါမဖြစ်ပွားအောင် ပဋိဇီဝဆေး ( Antibiotics ) များ ထည့် လေ့ရှိပါတယ် ။
ငါးများမှာ သန်းမစွဲအောင် ပိုးသတ်ဆေး ( Pesticides ) များလည်း ထည့်ကြပါတယ် ။ ၎င်းဓါတ်များက စားသုံးသူကို အဆိပ်အတောက်ဖြစ်စေပါတယ် ။ အိုမီဂါ ၃ နည်းခြင်း – မွေးမြူရေးတီလားပီယားငါးများဟာ ၀နေတဲ့အတွက် အကောင်ကြီးပါတယ် ။ ပရိုတိန်းပါဝင်မှု နည်းပါတယ် ။
အိုမီဂါ ၃ ပါဝင်မှု နည်းပါးပြီး အိုမီဂါ ၆ အချိုးအစား များစွာပါဝင်ပါတယ် ။ အိုမီဂါ ၆ က များများစားမိရင် ရောင်းရမ်းမှုတွေဖြစ်စေပါတယ် ။ ဒိုင်အောက်စင်များခြင်း – ဒိုင်အောက်စင်ဓါတ်ဟာ ကင်ဆာဖြစ်စေပါတယ် ။ ကိုယ်ထဲကို တခါဝင်မိရင် ဖယ်ထုတ်ပစ်ဖို့ ၇ နှစ်ကနေ ၁၁ နှစ်ထိ ကြာပါတယ် ။ သဘာဝငါးထက် မွေးမြူရေတီလားပီယားမှာ ဒိုင်အောင်စင် ၁၁ ဆ ပို ပါဝင်ပါတယ် ။
ငါးမွေးမြူရေးလုပ်များအနက် တရုတ်ပြည်က ငါးမွေးမြူရေး လုပ်ငန်းတွေမှာ စီးလွတ်ဝါးလွတ် လုပ်ကိုင်မှုကြောင့် ၊ အဲဒီက တီလားပီးယားငါးတွေက ပိုဆိုးတယ်လို့ လေ့လာမှုများက ဖေါ်ပြ ပါတယ် ။ မြန်မာပြည်အကြောင်းတော့ မပါပါဘူး ။
မြန်မာပြည်မှာလည်း မဆလ ခေတ်ကစပြီး တီလားပီယားမွေးမြူရေး အကြီးအကျယ် စတင်ခဲ့ပါတယ် ။ စားသုံးမှု လည်း အရှိန်အဟုန်ကြီးခဲ့ပါတယ် ။
ယခုကာလမှာ စားသုံးမှုက အရှိန်ရနေပါပြီ ။ စည်းလွတ်ဝါးလွတ် လုပ်တဲ့နေရာမှာ မြန်မာလည်း တရုတ်အောက် လျော့မယ် မဟုတ်လို့ ၊ ကျနော်တို့ ဆီက တီလားပီယားတွေလည်း တရုတ်က တီလာပီယားတွေနဲ့ နင်လား ငါလားနေမှာပါ ။ အစားအသောက်အန္တရာယ်တွေက ရှာဖွေလေလေ တွေ့ ရှိလေလေ ဆိုတော့။
ကျန်းမာချမ်းသာကြပါစေ ဒေါက်တာမြင့်သိန်း
Zawgyi
တီလားပီးယားငါးကို လုံးဝ မစားသင့္တဲ့ အေၾကာင္းအရင္းမ်ား
တီလားပီးယားငါးကို လုံးဝ မစားသင့္တဲ့ အေၾကာင္းအရင္းမ်ား အရပ္ထဲမွာက ႏုတ္က်ိဳးေနတဲ့ ဇလားဗီယား လို႔ေခၚတဲ့ တီလားပီယား ငါးအေၾကာင္း က်ေနာ္တို႔စားေနတဲ့အဲဒီငါးအေၾကာင္းၾကားရတာ ေၾကာက္စရာႀကီးမို႔ ေျပာျပခ်င္လို႔ပါ ။ တီလားပီယား သဘာဝအ႐ိုင္းမ်ားက ေရေမွာ္ ေရညႇိ အပင္ငယ္မ်ားကိုသာ စားသုံးၾကၿပီး ေမြးျမဴေရးတီလားပီယားကေတာ့ လူလုပ္အစာမ်ားကိုသာ စားၾကရပါတယ္ ။
ဒါေၾကာင့္ ေမြးျမဴေရးတီလားပီယား ငါးမ်ားမွာ သဘာဝအ႐ိုင္း တီလားပီယား မ်ားလို က်န္းမာေရးအတြက္ေကာင္းမြန္တဲ့ ငါးအဆီ မပါရွိေတာ့ပါဘူး ။
ေမြးျမဴေရးတီလားပီယား ငါးမ်ားဟာ က်န္းမာေရး ကို ဘယ္လို ထိခိုက္ေစသလဲ ဆိုေတာ့ ေရာင္ရမ္းေစျခင္း – ေမြးျမဴေရးတီလားပီယားငါးကို စားသုံးျခင္းျဖင့္ ရွိရင္းစြဲေရာဂါမ်ားကို ပိုဆိုးေစပါတယ္ ။ ဥပမာ ပန္းနာရင္ၾကပ္ေရာဂါ ၊ ႏွလုံးေရာဂါ ၊ အဆစ္အျမစ္ ေရာင္ေရာဂါ မ်ား ပိုဆိုးလာပါတယ္ ။ ေမြးျမဴေရးတီလားပီယားငါးမွာ Omega 3 fatty acid မပါေတာ့လို႔ ျဖစ္ပါတယ္ ။
ကင္ဆာျဖစ္ေစေသာဓါတ္မ်ား – ေမြးျမဴေရးတီလားပီယားမ်ားကို ၾကက္ ဝက္ ဘဲ တို႔ ၏ အညစ္အေၾကး မ်ားျဖင့္ ျပဳလုပ္ထားေသာ အစာမ်ား ေႂကြးၾကပါတယ္ ။
တီလားပီယား သဘာဝငါးအ႐ိုင္းထက္ ေမြးျမဴေရးတီလားပီယားငါးမွာ ကင္ဆာျဖစ္ေစသည့္ ဓါတ္ ၁၀ ဆ ပိုမိုပါဝင္ေနပါတယ္။ ပိုးသတ္ေဆး / ပဋိဇိ၀ေဆးမ်ား – ေမြးျမဴေရးငါးမ်ားဟာ တေနရာတည္းမွာ အေကာင္ေရမ်ားစြာ ႁပြတ္သိပ္ ေနရသည့္အတြက္ ေရာဂါျဖစ္လြယ္ ေသလြယ္ပါတယ္ ။ ဒါေၾကာင့္ ေရာဂါမျဖစ္ပြားေအာင္ ပဋိဇီဝေဆး ( Antibiotics ) မ်ား ထည့္ ေလ့ရွိပါတယ္ ။
ငါးမ်ားမွာ သန္းမစြဲေအာင္ ပိုးသတ္ေဆး ( Pesticides ) မ်ားလည္း ထည့္ၾကပါတယ္ ။ ၎ဓါတ္မ်ားက စားသုံးသူကို အဆိပ္အေတာက္ျဖစ္ေစပါတယ္ ။ အိုမီဂါ ၃ နည္းျခင္း – ေမြးျမဴေရးတီလားပီယားငါးမ်ားဟာ ၀ေနတဲ့အတြက္ အေကာင္ႀကီးပါတယ္ ။ ပ႐ိုတိန္းပါဝင္မႈ နည္းပါတယ္ ။
အိုမီဂါ ၃ ပါဝင္မႈ နည္းပါးၿပီး အိုမီဂါ ၆ အခ်ိဳးအစား မ်ားစြာပါဝင္ပါတယ္ ။ အိုမီဂါ ၆ က မ်ားမ်ားစားမိရင္ ေရာင္းရမ္းမႈေတြျဖစ္ေစပါတယ္ ။ ဒိုင္ေအာက္စင္မ်ားျခင္း – ဒိုင္ေအာက္စင္ဓါတ္ဟာ ကင္ဆာျဖစ္ေစပါတယ္ ။ ကိုယ္ထဲကို တခါဝင္မိရင္ ဖယ္ထုတ္ပစ္ဖို႔ ၇ ႏွစ္ကေန ၁၁ ႏွစ္ထိ ၾကာပါတယ္ ။ သဘာဝငါးထက္ ေမြးျမဴေရတီလားပီယားမွာ ဒိုင္ေအာင္စင္ ၁၁ ဆ ပို ပါဝင္ပါတယ္ ။
ငါးေမြးျမဴေရးလုပ္မ်ားအနက္ တ႐ုတ္ျပည္က ငါးေမြးျမဴေရး လုပ္ငန္းေတြမွာ စီးလြတ္ဝါးလြတ္ လုပ္ကိုင္မႈေၾကာင့္ ၊ အဲဒီက တီလားပီးယားငါးေတြက ပိုဆိုးတယ္လို႔ ေလ့လာမႈမ်ားက ေဖၚျပ ပါတယ္ ။ ျမန္မာျပည္အေၾကာင္းေတာ့ မပါပါဘူး ။
ျမန္မာျပည္မွာလည္း မဆလ ေခတ္ကစၿပီး တီလားပီယားေမြးျမဴေရး အႀကီးအက်ယ္ စတင္ခဲ့ပါတယ္ ။ စားသုံးမႈ လည္း အရွိန္အဟုန္ႀကီးခဲ့ပါတယ္ ။
ယခုကာလမွာ စားသုံးမႈက အရွိန္ရေနပါၿပီ ။ စည္းလြတ္ဝါးလြတ္ လုပ္တဲ့ေနရာမွာ ျမန္မာလည္း တ႐ုတ္ေအာက္ ေလ်ာ့မယ္ မဟုတ္လို႔ ၊ က်ေနာ္တို႔ ဆီက တီလားပီယားေတြလည္း တ႐ုတ္က တီလာပီယားေတြနဲ႔ နင္လား ငါလားေနမွာပါ ။ အစားအေသာက္အႏၲရာယ္ေတြက ရွာေဖြေလေလ ေတြ႕ ရွိေလေလ ဆိုေတာ့။
က်န္းမာခ်မ္းသာၾကပါေစ ေဒါက္တာျမင့္သိန္း