တန်ဖိုးကြီးသော စကားကြီး သုံးခွန်း

အေထြအေထြဗဟုသုတ

တန်ဖိုးကြီးသော စကားကြီး သုံးခွန်း

တန်ဖိုးကြီးသော စကားကြီး သုံးခွန်း

၁။ နွယ်ပင် မဖြစ်စေနဲ့။

သူများကို အားကိုးတယ်ဆိုတာ

ခဏပဲ ကောင်းတယ်။ အမြဲတမ်း မှီဖို့မကြိုးစားနဲ့။

မှီလွန်းအားကြီးရင် နွယ်ပင် ဖြစ်သွားတယ်။

နွယ်ပင်ဆိုတာ အမှီမရှိရင် အပေါ်မတက်နိုင်ဘူး။

အမှီရှိလို့ အပေါ် ရောက်ခဲ့ပြန်လည်း

အမှီလဲတာနဲ့ ပြုတ်ကျမှာပဲ။

ဒါကြောင့် ကိုယ့်လမ်း ကိုယ်ဖောက်၊

ကိုယ့်အိမ် ကိုယ်ဆောက်တာ အကောင်းဆုံးပဲ။

၂။ ထမင်းပူကို မစားနဲ့။

သူများကို ဒုက္ခပေးပြီးမှ ကိုယ်နေရာရအောင်ယူရင်

အဲဒါ ထမင်းပူစားတာနှင့်တူတယ်။

ဒါကြောင့်

မတရားတဲ့အလုပ်တွေ နည်းနည်းမှ မလုပ်ကြနဲ့။

အကယ်၍ လုပ်ခဲ့ရင် လျှာအပူလောင်မှာပဲ။

၃။ ရောက်ရာဒေသခြေရာချခဲ့ပါ။

ဖြစ်တည်မှုနောက်မှာ ပျောက်ကွယ်မှု လာမှာပဲ။

ဒီတော့ ကိုယ်လည်း တနေ့

လောကကြီးကနေ ထွက်ခွါရဦးမှာဆိုတာကို

ဘယ်တော့မှ မမေ့ကြနဲ့။

ကိုယ် မပျောက်ကွယ်ခင် အချိန်လေးမှာ

ကောင်းမှုလေး တစ်ခုခုတော့ လုပ်သင့်ပါတယ်။

ကောင်းမှုလုပ်ခြင်းသည် ကိုယ့်နေရာ ကိုယ့်ဒေသကို

ခြေရာချခြင်းပဲ ဖြစ်ပါတယ်။

Credit to original writer

Zawgyi

တန္ဖိုးႀကီးေသာ စကားႀကီး သုံးခြန္း

တန္ဖိုးႀကီးေသာ စကားႀကီး သုံးခြန္း

၁။ ႏြယ္ပင္ မျဖစ္ေစနဲ႔။

သူမ်ားကို အားကိုးတယ္ဆိုတာ

ခဏပဲ ေကာင္းတယ္။ အၿမဲတမ္း မွီဖို႔မႀကိဳးစားနဲ႔။

မွီလြန္းအားႀကီးရင္ ႏြယ္ပင္ ျဖစ္သြားတယ္။

ႏြယ္ပင္ဆိုတာ အမွီမရွိရင္ အေပၚမတက္ႏိုင္ဘူး။

အမွီရွိလို႔ အေပၚ ေရာက္ခဲ့ျပန္လည္း

အမွီလဲတာနဲ႔ ျပဳတ္က်မွာပဲ။

ဒါေၾကာင့္ ကိုယ့္လမ္း ကိုယ္ေဖာက္၊

ကိုယ့္အိမ္ ကိုယ္ေဆာက္တာ အေကာင္းဆုံးပဲ။

၂။ ထမင္းပူကို မစားနဲ႔။

သူမ်ားကို ဒုကၡေပးၿပီးမွ ကိုယ္ေနရာရေအာင္ယူရင္

အဲဒါ ထမင္းပူစားတာႏွင့္တူတယ္။

ဒါေၾကာင့္

မတရားတဲ့အလုပ္ေတြ နည္းနည္းမွ မလုပ္ၾကနဲ႔။

အကယ္၍ လုပ္ခဲ့ရင္ လွ်ာအပူေလာင္မွာပဲ။

၃။ ေရာက္ရာေဒသေျခရာခ်ခဲ့ပါ။

ျဖစ္တည္မႈေနာက္မွာ ေပ်ာက္ကြယ္မႈ လာမွာပဲ။

ဒီေတာ့ ကိုယ္လည္း တေန႔

ေလာကႀကီးကေန ထြက္ခြါရဦးမွာဆိုတာကို

ဘယ္ေတာ့မွ မေမ့ၾကနဲ႔။

ကိုယ္ မေပ်ာက္ကြယ္ခင္ အခ်ိန္ေလးမွာ

ေကာင္းမႈေလး တစ္ခုခုေတာ့ လုပ္သင့္ပါတယ္။

ေကာင္းမႈလုပ္ျခင္းသည္ ကိုယ့္ေနရာ ကိုယ့္ေဒသကို

ေျခရာခ်ျခင္းပဲ ျဖစ္ပါတယ္။

Credit to original writer

Leave a Reply

Your email address will not be published. Required fields are marked *