လူ အ,တစ်ယောက် အဖြစ်မခံကြပါနဲ့တို့တော့ လူ အ,မဟုတ်ပါ
“”#လောဘများက_အမှားကြုံမည် “”
မိတ်ဆွေတစ်ယောက် ရွှေလာအပ်ရင်း လိုင်းပေါ်က 2dဂဏန်း လိုင်းပေါ်က ပေးလို့ပေါက်တာတဲ့ 10000 ဖိုးပေါက်တယ် အားရဝမ်းသာ ပြောပြတယ်။
မလုပ်ပါနဲ့ ဆက်မထိုးပါနဲ့အမ ဆိုတော့… သူကပြောပြတယ် ငါ့မောင် လုပ်စားရတာတွေက မလွယ်ဘူးကွယ် ဘာမှအလုပ်မဖြစ်ဖူးတဲ့ အခု ဒီဆရာက တစ်ကွက်ထဲပေးတာ တစ်ကွက်ထဲတန်းထွက်တာ ငါ့မောင်ရယ် တော်တော် တော်တဲ့ ဆရာပါဟယ်
အမပေါက်တာ 13000ဖိုးတဲ့… အမ ခုနကပြောတော့ တစ်သောင်းဖိုးပေါက်တယ် ပြောပါတယ်ဆိုတော့ဟုတ်ပါတယ် ငါ့မောင် ဒီလိုပါ ဆရာက သူ့ဖို့ 3000ဖိုး ပိုထိုးခိုင်းတယ်အခု 13000ဖိုးပေါက်တော့ သူ့ကို 3000ဖိုး လွဲပေးလိုက်တယ်တဲ့အမက 10000ဖိုး ပေါက်တာပေါ့တဲ့
အော် ကျနော် နားမရှင်းလို့ အဲ့ဒီဆရာက 3000ဖိုး ပိုထိုးခိုင်းတာလားဆိုတော့ ဟုတ်တယ် မောင်လေးတဲ့အဲ့ဆရာက ဘယ်အရွယ်လဲဆိုတော့ (အသက်၃၀)ဝန်းကျင်တဲ့သူသိရင် သူထိုးမှာပေါ့ အမရယ် ဘာလို့ (3000)ဖိုး ထိုးခိုင်းမှာလဲဆိုတော့ သူက လူအများရှုံးကြလို့ ကူညီပြီး ဂဏန်းပေးကယ်နေတာတဲ့ မောင်လေး ဆရာလေးမှာ လောဘမရှိဘူး
သြော် အဲ့လိုလားပေါ့ ကျနော်လဲဘာဘဲဖြစ်ဖြစ်အမရယ် မထိုးပါနဲ့တော့ ရသလောက်နဲ့ ရပ်ပါဆိုတော့ ဒီအမက ရောဂါစွဲနေပြီ ။ ဘာပြောသလဲဆိုတော့ မောင်လေး ဒီဆရာလေး ပေးနေသရွေ့ အမကတော့ ထိုးမယ်တဲ့သူကို ယုံတယ်တဲ့၊ သူမပေးတော့ရင် မထိုးတော့ဘူးတဲ့…
ကျနော်လည်း မပြောတော့ဘူးပေါ့ဗျာ သူလည်း ရွှေအပ်ပြီး ပြန်တော့မလို့ အထ ကျနော်ကို ပြောသွားတယ် မောင်လေး မပူနဲ့ နောက်ပေါက်တိုင်း ရွှေ လာအပ်မယ်တဲ့….
အဲ့ဒါနဲ့ ဒီအမပြန်သွားပြီး ကျနော် စဉ်းစားတယ်။မဖြစ်နိုင်ဘူးဆိုတာ သိနေပေမယ့် ကျနော် တွေးမရ အဖြေမထွက်ဒါနဲ့ ညဘက် အိပ်ခါနီးတော့ ထပ်တွေးကြည့်တယ် အဖြေရသွားပါပြီသို့သော် ဒီအမကို ရှင်းပြဖို့ ကျနော်မှာ ရွာနာမည် မသိဘူးရွှေအပ်စဉ် အခါက ဘယ်ရွာကလဲမမေးခဲ့မိဘူးလေ…
“ဒီလိုပါ ကျနော့် အဖြေက “ဒီဆရာဆိုတဲ့ကောင် လူလည်လုပ်နေတာ2d ကအကွက်(100) ၊ တစ်ယောက်တစ်ကွက်နှုန်း (လူ100) ပေးတယ် ။သေချာတာပေါ့ဗျာ တစ်ယောက် ပေါက်ပြီပေါ့ဗျာအဲ့ဒီတစ်ယောက်ချင်းကို ဆရာဆိုတဲ့ ကောင်က တစ်ယောက် (၃၀၀၀)ဖိုး ပိုထိုးခိုင်းထားတာ တစ်နေ့နှစ်ကြိမ်ထွက်တော့ ဆရာဆိုတဲ့ အကောင်က 2dထွက်တိုင်းတစ်ရက်(၆၀၀၀)ဖိုး ရနေတော့တာပေါ့ကျန် (၉၉)ယောက်ကတော့ မွဲပြီပေါ့
အဲ့ဒါနဲ့ ကျနော် အတွေး မှန် မမှန်သိရဖို့ နောက်နေ့မနက်မှာ စမ်းသပ်ပါတယ်ကျနော်တပည့်လေးတွေကို 2dဂဏန်းပေးနေတဲ့ ဆရာတွေကို ဖေ့စ်ဘုတ်မှာ ရှာခိုင်းပြီး ဂဏန်းတောင်းခိုင်းလိုက်ပါတယ်
မက်ဆေ့ဝင်လာတယ် ၂၃ နဲ့ ၄၉ တဲ့ ဒီဆရာကတော့ လောဘပိုကြီးတယ် သူ့ဖို့ ၅၀၀၀ဖိုး ပိုထိုးပေးပါတဲ့အဲ့ဒါနဲ့ တပည့်နောက်တစ်ယောက်ကို ဒီဆရာဆိုတဲ့လူကိုဘဲ ထပ်တောင်းခိုင်းတယ် မက်ဆေ့ထပ်ဝင်လာတာဘဲ ၁၅ နဲ့ ၃၇ထိုးပါတဲ့။ ထုံးစံအတိုင်း သူ့ဖို့၅၀၀၀ဖိုးပေါ့
သူ့ဗျူဟာက လူ၅၀ဆို အကွက်ပြည့်ပြီ ဒီဆရာက ခြေလှမ်းပိုကျဲတယ်စမ်းသပ်မှူ နဲ့ အတွေးမှန်ခဲ့ပါတယ် နေ့လည်2dထွက်တော့ (၇၆)တဲ့မလုပ်သင့်ပါဘူး ဆရာအပေါင်းတို့ရယ်ကိုယ်ရဖို့အတွက် ၉၉ယောက်သောသူတို့ ဘဝပျက်မည့်အလုပ်ကို မလုပ်ပါနဲ့လို့ အကြံပြုပါတယ်။
ကျွန်တော့်တို့ အမျိုးထဲက ဘကြီးကတော့ ချဲတစ်ခါပေါက်ဖူးတာ တစ်သက်လုံး ချဲသမားဖြစ်သွားတယ် ။ ညညဆို ညဉ့်နက်မှ အိပ်တယ် တစ်ယောက်ထဲ ချဲတွက်တာ ဗလာစာအုပ်တွေထပ်လို့၊ သေတဲ့အထိ ချဲထပ်မပေါက်သွားရှာဘူး။
ဘယ်ပေါက်မလဲ ချဲထွက်တာက ဂေါ်လီနှိုက်တာ ကျနော်ဘကြီးက လက်နဲ့တွက်တာ ဘယ်လိုတွက်လဲ? ဟိုဂဏန်း ၂လုံးကျော်နဲ့ပေါင်း၊ ဒီဂဏန်းပြန်ဆွဲချ ။အောက်မှာပြန်နုတ် အဲ့လို ထွက်ပြီးသားဂဏန်းမရမချင်း အပေါင်းအနုတ် အမြှောက် အစားနဲ့သွားနေတာ ပြီးရင် ဆေးလိပ်လေးဖွာပြီး လူစုံရင်ပြောပြီ ဒီအပတ် ဂွင်ကျမှ ဂွင်ကျဘဲကွ ၁၀ပင်ခိုင်ခဲ့တာရော အပင်၂၀ မပျက်တာရော ရှုပ်နေတာဘဲ
ချဲထွက်ပြီဆိုတော့ သူသွားကြည့်တယ် ဟိုမှာ သူ့ရှေ့မှာ ဂေါ်လီဘဲနှိုက်ပြပြီး ချဲထွက်ပေးတာဘဲထွက်သွားပြီကွာ ပွတ်ကျသွားတာတဲ့ မပေါက်ပြန်ဘူး
ကျနော်ကတော့ ပွတ်ကျသွားတယ်ကြားလိုက်တော့ နံရိုးတွေများ စုတ်သွားသလားပေါ့ ။မဟုတ်ပါဘူး ဘကြီးစားစရာ မရှိတော့တာဆေးလိပ်ပြန်ဖွာ ပြန်တွက်ပြန်တာဘဲ ဟ အဲငါမှားတာတဲ့ ဒီမှာ ထိပ်စည်းကြီး အပိုင်ရနေတာကိုကွာတဲ့
ဒါနဲ့ဘဲ တစ်ခါဘဲပေါက်ဖူးပြီး ဆေးလိပ်တဖွာဖွာနဲ့ သေခဲ့ရတာဘဲလူတွေဟာ အရိုးစွဲမှားတွေကို သိသိနဲ့ လုပ်နေဆဲ လုပ်နေတတ်ကြပါတယ် အယူအဆ လွဲနေတာ သူတို့သိပါတယ်သို့သော် အခုထိ ချဲတွက်ကြတုန်းပါဘဲ….
(လူတွေ အလောင်းကစား ဝါသနာစတဲ့နေ့ဟာ ဒီအလောင်းကစား စဆော့လို့ ငွေစရဖူတဲ့နေ့ပါဘဲ။ သတိကပ်ပါ။အလောင်းကစားနွံ စတင်နစ်တော့မှာပါ)အပေါ်ကပြောခဲ့တဲ့ ပေါ်တော်မူ ဆရာတို့လည်း ပြောချင်ပါတယ်ကိုယ်ရဖို့အတွက် သူတို့သားသမီးလေးတွေ စားရမဲ့နေထိုင်စရာမဲ့ဖြစ်မည့်ဘဝကို ကိုယ့်မိသားစုသဖွယ် ကိုယ်ချင်းစာပေးပါလို့ ပြောလိုက်ပါရစေ ချစ်ညီကိုအပေါင်းတို့
ကျနော်နဲ့ စကားပြောခဲ့ဖူးသော အမလည်း လက်လွန်ကုန်ပြီလားမသိဘူးဒီစာလေးမြင်ပါစေ နောက်သို့ဆုတ်ပါကိုယ့်အမ အရင်းလို ချစ်ခင်ရပါသော အမ…..
(ကိုဖြိုးလေး)
#Credit
Zawgyi
လူ အ,တစ္ေယာက္ အျဖစ္မခံၾကပါနဲ႔တို႔ေတာ့ လူ အ,မဟုတ္ပါ
“”#ေလာဘမ်ားက_အမွားႀကဳံမည္ “”
မိတ္ေဆြတစ္ေယာက္ ေ႐ႊလာအပ္ရင္း လိုင္းေပၚက 2dဂဏန္း လိုင္းေပၚက ေပးလို႔ေပါက္တာတဲ့ 10000 ဖိုးေပါက္တယ္ အားရဝမ္းသာ ေျပာျပတယ္။
မလုပ္ပါနဲ႔ ဆက္မထိုးပါနဲ႔အမ ဆိုေတာ့… သူကေျပာျပတယ္ ငါ့ေမာင္ လုပ္စားရတာေတြက မလြယ္ဘူးကြယ္ ဘာမွအလုပ္မျဖစ္ဖူးတဲ့ အခု ဒီဆရာက တစ္ကြက္ထဲေပးတာ တစ္ကြက္ထဲတန္းထြက္တာ ငါ့ေမာင္ရယ္ ေတာ္ေတာ္ ေတာ္တဲ့ ဆရာပါဟယ္
အမေပါက္တာ 13000ဖိုးတဲ့… အမ ခုနကေျပာေတာ့ တစ္ေသာင္းဖိုးေပါက္တယ္ ေျပာပါတယ္ဆိုေတာ့ဟုတ္ပါတယ္ ငါ့ေမာင္ ဒီလိုပါ ဆရာက သူ႔ဖို႔ 3000ဖိုး ပိုထိုးခိုင္းတယ္အခု 13000ဖိုးေပါက္ေတာ့ သူ႔ကို 3000ဖိုး လြဲေပးလိုက္တယ္တဲ့အမက 10000ဖိုး ေပါက္တာေပါ့တဲ့
ေအာ္ က်ေနာ္ နားမရွင္းလို႔ အဲ့ဒီဆရာက 3000ဖိုး ပိုထိုးခိုင္းတာလားဆိုေတာ့ ဟုတ္တယ္ ေမာင္ေလးတဲ့အဲ့ဆရာက ဘယ္အ႐ြယ္လဲဆိုေတာ့ (အသက္၃၀)ဝန္းက်င္တဲ့သူသိရင္ သူထိုးမွာေပါ့ အမရယ္ ဘာလို႔ (3000)ဖိုး ထိုးခိုင္းမွာလဲဆိုေတာ့ သူက လူအမ်ားရႈံးၾကလို႔ ကူညီၿပီး ဂဏန္းေပးကယ္ေနတာတဲ့ ေမာင္ေလး ဆရာေလးမွာ ေလာဘမရွိဘူး
ေၾသာ္ အဲ့လိုလားေပါ့ က်ေနာ္လဲဘာဘဲျဖစ္ျဖစ္အမရယ္ မထိုးပါနဲ႔ေတာ့ ရသေလာက္နဲ႔ ရပ္ပါဆိုေတာ့ ဒီအမက ေရာဂါစြဲေနၿပီ ။ ဘာေျပာသလဲဆိုေတာ့ ေမာင္ေလး ဒီဆရာေလး ေပးေနသေ႐ြ႕ အမကေတာ့ ထိုးမယ္တဲ့သူကို ယုံတယ္တဲ့၊ သူမေပးေတာ့ရင္ မထိုးေတာ့ဘူးတဲ့…
က်ေနာ္လည္း မေျပာေတာ့ဘူးေပါ့ဗ်ာ သူလည္း ေ႐ႊအပ္ၿပီး ျပန္ေတာ့မလို႔ အထ က်ေနာ္ကို ေျပာသြားတယ္ ေမာင္ေလး မပူနဲ႔ ေနာက္ေပါက္တိုင္း ေ႐ႊ လာအပ္မယ္တဲ့….
အဲ့ဒါနဲ႔ ဒီအမျပန္သြားၿပီး က်ေနာ္ စဥ္းစားတယ္။မျဖစ္ႏိုင္ဘူးဆိုတာ သိေနေပမယ့္ က်ေနာ္ ေတြးမရ အေျဖမထြက္ဒါနဲ႔ ညဘက္ အိပ္ခါနီးေတာ့ ထပ္ေတြးၾကည့္တယ္ အေျဖရသြားပါၿပီသို႔ေသာ္ ဒီအမကို ရွင္းျပဖို႔ က်ေနာ္မွာ ႐ြာနာမည္ မသိဘူးေ႐ႊအပ္စဥ္ အခါက ဘယ္႐ြာကလဲမေမးခဲ့မိဘူးေလ…
“ဒီလိုပါ က်ေနာ့္ အေျဖက “ဒီဆရာဆိုတဲ့ေကာင္ လူလည္လုပ္ေနတာ2d ကအကြက္(100) ၊ တစ္ေယာက္တစ္ကြက္ႏႈန္း (လူ100) ေပးတယ္ ။ေသခ်ာတာေပါ့ဗ်ာ တစ္ေယာက္ ေပါက္ၿပီေပါ့ဗ်ာအဲ့ဒီတစ္ေယာက္ခ်င္းကို ဆရာဆိုတဲ့ ေကာင္က တစ္ေယာက္ (၃၀၀၀)ဖိုး ပိုထိုးခိုင္းထားတာ တစ္ေန႔ႏွစ္ႀကိမ္ထြက္ေတာ့ ဆရာဆိုတဲ့ အေကာင္က 2dထြက္တိုင္းတစ္ရက္(၆၀၀၀)ဖိုး ရေနေတာ့တာေပါ့က်န္ (၉၉)ေယာက္ကေတာ့ မြဲၿပီေပါ့
အဲ့ဒါနဲ႔ က်ေနာ္ အေတြး မွန္ မမွန္သိရဖို႔ ေနာက္ေန႔မနက္မွာ စမ္းသပ္ပါတယ္က်ေနာ္တပည့္ေလးေတြကို 2dဂဏန္းေပးေနတဲ့ ဆရာေတြကို ေဖ့စ္ဘုတ္မွာ ရွာခိုင္းၿပီး ဂဏန္းေတာင္းခိုင္းလိုက္ပါတယ္
မက္ေဆ့ဝင္လာတယ္ ၂၃ နဲ႔ ၄၉ တဲ့ ဒီဆရာကေတာ့ ေလာဘပိုႀကီးတယ္ သူ႔ဖို႔ ၅၀၀၀ဖိုး ပိုထိုးေပးပါတဲ့အဲ့ဒါနဲ႔ တပည့္ေနာက္တစ္ေယာက္ကို ဒီဆရာဆိုတဲ့လူကိုဘဲ ထပ္ေတာင္းခိုင္းတယ္ မက္ေဆ့ထပ္ဝင္လာတာဘဲ ၁၅ နဲ႔ ၃၇ထိုးပါတဲ့။ ထုံးစံအတိုင္း သူ႔ဖို႔၅၀၀၀ဖိုးေပါ့
သူ႔ဗ်ဴဟာက လူ၅၀ဆို အကြက္ျပည့္ၿပီ ဒီဆရာက ေျခလွမ္းပိုက်ဲတယ္စမ္းသပ္မႉ နဲ႔ အေတြးမွန္ခဲ့ပါတယ္ ေန႔လည္2dထြက္ေတာ့ (၇၆)တဲ့မလုပ္သင့္ပါဘူး ဆရာအေပါင္းတို႔ရယ္ကိုယ္ရဖို႔အတြက္ ၉၉ေယာက္ေသာသူတို႔ ဘဝပ်က္မည့္အလုပ္ကို မလုပ္ပါနဲ႔လို႔ အႀကံျပဳပါတယ္။
ကြၽန္ေတာ့္တို႔ အမ်ိဳးထဲက ဘႀကီးကေတာ့ ခ်ဲတစ္ခါေပါက္ဖူးတာ တစ္သက္လုံး ခ်ဲသမားျဖစ္သြားတယ္ ။ ညညဆို ညဥ့္နက္မွ အိပ္တယ္ တစ္ေယာက္ထဲ ခ်ဲတြက္တာ ဗလာစာအုပ္ေတြထပ္လို႔၊ ေသတဲ့အထိ ခ်ဲထပ္မေပါက္သြားရွာဘူး။
ဘယ္ေပါက္မလဲ ခ်ဲထြက္တာက ေဂၚလီႏႈိက္တာ က်ေနာ္ဘႀကီးက လက္နဲ႔တြက္တာ ဘယ္လိုတြက္လဲ? ဟိုဂဏန္း ၂လုံးေက်ာ္နဲ႔ေပါင္း၊ ဒီဂဏန္းျပန္ဆြဲခ် ။ေအာက္မွာျပန္ႏုတ္ အဲ့လို ထြက္ၿပီးသားဂဏန္းမရမခ်င္း အေပါင္းအႏုတ္ အေျမႇာက္ အစားနဲ႔သြားေနတာ ၿပီးရင္ ေဆးလိပ္ေလးဖြာၿပီး လူစုံရင္ေျပာၿပီ ဒီအပတ္ ဂြင္က်မွ ဂြင္က်ဘဲကြ ၁၀ပင္ခိုင္ခဲ့တာေရာ အပင္၂၀ မပ်က္တာေရာ ရႈပ္ေနတာဘဲ
ခ်ဲထြက္ၿပီဆိုေတာ့ သူသြားၾကည့္တယ္ ဟိုမွာ သူ႔ေရွ႕မွာ ေဂၚလီဘဲႏႈိက္ျပၿပီး ခ်ဲထြက္ေပးတာဘဲထြက္သြားၿပီကြာ ပြတ္က်သြားတာတဲ့ မေပါက္ျပန္ဘူး
က်ေနာ္ကေတာ့ ပြတ္က်သြားတယ္ၾကားလိုက္ေတာ့ နံ႐ိုးေတြမ်ား စုတ္သြားသလားေပါ့ ။မဟုတ္ပါဘူး ဘႀကီးစားစရာ မရွိေတာ့တာေဆးလိပ္ျပန္ဖြာ ျပန္တြက္ျပန္တာဘဲ ဟ အဲငါမွားတာတဲ့ ဒီမွာ ထိပ္စည္းႀကီး အပိုင္ရေနတာကိုကြာတဲ့
ဒါနဲ႔ဘဲ တစ္ခါဘဲေပါက္ဖူးၿပီး ေဆးလိပ္တဖြာဖြာနဲ႔ ေသခဲ့ရတာဘဲလူေတြဟာ အ႐ိုးစြဲမွားေတြကို သိသိနဲ႔ လုပ္ေနဆဲ လုပ္ေနတတ္ၾကပါတယ္ အယူအဆ လြဲေနတာ သူတို႔သိပါတယ္သို႔ေသာ္ အခုထိ ခ်ဲတြက္ၾကတုန္းပါဘဲ….
(လူေတြ အေလာင္းကစား ဝါသနာစတဲ့ေန႔ဟာ ဒီအေလာင္းကစား စေဆာ့လို႔ ေငြစရဖူတဲ့ေန႔ပါဘဲ။ သတိကပ္ပါ။အေလာင္းကစားႏြံ စတင္နစ္ေတာ့မွာပါ)အေပၚကေျပာခဲ့တဲ့ ေပၚေတာ္မူ ဆရာတို႔လည္း ေျပာခ်င္ပါတယ္ကိုယ္ရဖို႔အတြက္ သူတို႔သားသမီးေလးေတြ စားရမဲ့ေနထိုင္စရာမဲ့ျဖစ္မည့္ဘဝကို ကိုယ့္မိသားစုသဖြယ္ ကိုယ္ခ်င္းစာေပးပါလို႔ ေျပာလိုက္ပါရေစ ခ်စ္ညီကိုအေပါင္းတို႔
က်ေနာ္နဲ႔ စကားေျပာခဲ့ဖူးေသာ အမလည္း လက္လြန္ကုန္ၿပီလားမသိဘူးဒီစာေလးျမင္ပါေစ ေနာက္သို႔ဆုတ္ပါကိုယ့္အမ အရင္းလို ခ်စ္ခင္ရပါေသာ အမ…..
(ကိုၿဖိဳးေလး)