အသားအရေ သိသိသာသာပြောင်းလဲလာစေမယ့် ပါဝင်ပစ္စည်း ၂ မျိုးဆီပဲ လိုအပ်တဲ့ ပေါင်းတင်နည်း (၈) မျိုး
အသားအရေထိန်းသိမ်းတဲ့အခါ ဈေးကြီးတဲ့ ပစ္စည်းတွေမှ သိသာတာ မဟုတ်ပါဘူး။ ကိုယ့်အသားအရေ အမျိုးအစားနဲ့ သင့်တော်တဲ့ ဈေးအသင့်အတင့် Skincare ပစ္စည်းတွေ ရှိရုံနဲ့တင် အဆင်ပြေပါတယ်
သင့်အသားအရေရဲ့ လိုအပ်မှုကို သိနေဖို့က အရေးကြီးပါတယ်။ ဒီတစ်ခေါက်မှာတော့ အသားအရေ အမျိုးအစားအလိုက် ကိုယ့်အသားအရေကို သိသိသာ သာ ကောင်းမွန်လာစေမယ့် အိမ်တွင်း DIY နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ အသားအရေတောက်ပဖို့
သင်က အသားညိုလို့ အသားအရေ လင်းပြီး တောက် ပချင်သူဆိုရင် ဒီနည်းလမ်းနဲ့ သင့်တော်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့- အုန်းဆီ ၂ ဇွန်းနဲ့ ခရမ်းချဉ်သီး ဖျော်ရည် ၁ ဇွန်းတို့ပါ။ ဒီနှစ်မျိုးကို ရောပြီး မျက်နှာပေါ် သုတ်လိမ်းပေးရပါမယ်။
၂။ ဆားဝက်ခြံပျောက်ဖို့
သင့်နှာခေါင်း၊ မေးစေ့တို့ပေါ်မှာ စိတ်ရှုပ်စရာ ဆားဝက်ခြံတွေ ရှိတဲ့အခါ ကျန်းမာတဲ့ အသားအရေကို မပိုင်ဆိုင်စေတော့ပါဘူး။
ဆားဝက်ခြံပျောက်ဖို့အတွက် လိုအပ်တဲ့ အိမ်တွင်း ပစ္စည်းတွေကတော့ – သံပယိုရည် တစ်ဇွန်းနဲ့ ကြက်ဥအကာ တစ်ဇွန်းတို့ပဲ ဖြစ်ပါတယ်။ ဆားဝက်ခြံတွေ ရှိတဲ့နေရာကို လိမ်းပေးရပါမယ်
၃။ ကျန်းမာတဲ့ အသားအရေ
ကျန်းမာတဲ့ အသားအရေက အပြစ်ပြောစရာမရှိတဲ့ အသားအရေမျိုးကို ဆိုလိုပါတယ်။ ဒီအသားအရေရဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့- အုန်းဆီတစ်ဇွန်းနဲ့ နနွင်းမှုန့် လေးပုံပုံ တစ်ပုံတို့ပဲ ဖြစ်ပါတယ်။
၄။ ငယ်ရွယ်နုပျိုတဲ့ အသားအရေ
ကလေးလေးလို အသားအရေ နုဖတ်ပြီး လှနေဖို့ ကော်ဖီမှုန့် ၂ ဇွန်းနဲ့ ပျားရည် ၂ ဇွန်းကို လိုအပ်ပါတယ်။ ဒီနှစ်မျိုးကို ရောပြီး မျက်နှာမှာ လိမ်းပေးရပါမယ်။
၅။ အသားအရေ တောက်ပဖို့
Glow Skin ကို ပိုင်ဆိုင်ချင်ရင်တော့ ဒိန်ချဉ် ၂ ဇွန်းနဲ့ သံပယိုရည် ၂ ဇွန်းကို သုံးသင့်ပါတယ်။ ဒီနှစ်မျိုးကို ရောပြီး လိမ်းပေးရပါမယ်။
၆။ ဝက်ခြံသက်သာဖို့
သင်က ဝက်ခြံသက်သာချင်သူဆိုရင်တော့ ဒီအတွက် ရည်ရွယ်ထားတဲ့ Skincare ပစ္စည်းတွေကို သုံးသင့်ပါတယ်။
ဒီလို မသုံးဖြစ်သေးဘူးဆိုရင် သစ်ကြမ်းခေါက်မှုန့် လေးပုံပုံ တစ်ပုံနဲ့ ပျားရည်၂ ဇွန်းကို အသုံးပြုနိုင်ပါတယ်။
၇။ Anti Aging အတွက်
အသက်အရွယ် တစ်ခု ရောက်လာသူတွေအတွက် Anti Aging နည်းလမ်း ဖြစ်တဲ့ ရှားစောင်းလတ်ပတ် ၂ ဇွန်းနဲ့ ကြည်ဥအကာ ၁ ဇွန်းကို သုံးနိုင်ပါတယ်။ ဒီနှစ်မျိုးကို ရောပြီး လိမ်းပေးရပါမယ်။
၈။ ချွေးပေါက်အတွင်းထိ သန့်စင်ပေးဖို့
Deep Cleansing အတွက် DIY နည်းလမ်းတစ်ခုရှိပါတယ်။ ဒီအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ အုတ်ဂျုံ တစ်ဇွန်းနဲ့ ဒိန်ချဉ် ၂ ဇွန်းတို့ပဲ ဖြစ်ပါတယ်။
Zawgyi
အသားအေရ သိသိသာသာေျပာင္းလဲလာေစမယ့္ ပါဝင္ပစၥည္း ၂ မ်ိဳးဆီပဲ လိုအပ္တဲ့ ေပါင္းတင္နည္း (၈) မ်ိဳး
အသားအေရထိန္းသိမ္းတဲ့အခါ ေဈးႀကီးတဲ့ ပစၥည္းေတြမွ သိသာတာ မဟုတ္ပါဘူး။ ကိုယ့္အသားအေရ အမ်ိဳးအစားနဲ႔ သင့္ေတာ္တဲ့ ေဈးအသင့္အတင့္ Skincare ပစၥည္းေတြ ရွိ႐ုံနဲ႔တင္ အဆင္ေျပပါတယ္
သင့္အသားအေရရဲ႕ လိုအပ္မႈကို သိေနဖို႔က အေရးႀကီးပါတယ္။ ဒီတစ္ေခါက္မွာေတာ့ အသားအေရ အမ်ိဳးအစားအလိုက္ ကိုယ့္အသားအေရကို သိသိသာ သာ ေကာင္းမြန္လာေစမယ့္ အိမ္တြင္း DIY နည္းလမ္းေတြကို ေဖာ္ျပလိုက္ပါတယ္။
၁။ အသားအေရေတာက္ပဖို႔
သင္က အသားညိဳလို႔ အသားအေရ လင္းၿပီး ေတာက္ ပခ်င္သူဆိုရင္ ဒီနည္းလမ္းနဲ႔ သင့္ေတာ္ပါတယ္။ လိုအပ္တဲ့ပစၥည္းေတြကေတာ့- အုန္းဆီ ၂ ဇြန္းနဲ႔ ခရမ္းခ်ဥ္သီး ေဖ်ာ္ရည္ ၁ ဇြန္းတို႔ပါ။ ဒီႏွစ္မ်ိဳးကို ေရာၿပီး မ်က္ႏွာေပၚ သုတ္လိမ္းေပးရပါမယ္။
၂။ ဆားဝက္ၿခံေပ်ာက္ဖို႔
သင့္ႏွာေခါင္း၊ ေမးေစ့တို႔ေပၚမွာ စိတ္ရႈပ္စရာ ဆားဝက္ၿခံေတြ ရွိတဲ့အခါ က်န္းမာတဲ့ အသားအေရကို မပိုင္ဆိုင္ေစေတာ့ပါဘူး။
ဆားဝက္ၿခံေပ်ာက္ဖို႔အတြက္ လိုအပ္တဲ့ အိမ္တြင္း ပစၥည္းေတြကေတာ့ – သံပယိုရည္ တစ္ဇြန္းနဲ႔ ၾကက္ဥအကာ တစ္ဇြန္းတို႔ပဲ ျဖစ္ပါတယ္။ ဆားဝက္ၿခံေတြ ရွိတဲ့ေနရာကို လိမ္းေပးရပါမယ္
၃။ က်န္းမာတဲ့ အသားအေရ
က်န္းမာတဲ့ အသားအေရက အျပစ္ေျပာစရာမရွိတဲ့ အသားအေရမ်ိဳးကို ဆိုလိုပါတယ္။ ဒီအသားအေရရဖို႔အတြက္ လိုအပ္တဲ့ ပစၥည္းေတြကေတာ့- အုန္းဆီတစ္ဇြန္းနဲ႔ နႏြင္းမႈန႔္ ေလးပုံပုံ တစ္ပုံတို႔ပဲ ျဖစ္ပါတယ္။
၄။ ငယ္႐ြယ္ႏုပ်ိဳတဲ့ အသားအေရ
ကေလးေလးလို အသားအေရ ႏုဖတ္ၿပီး လွေနဖို႔ ေကာ္ဖီမႈန႔္ ၂ ဇြန္းနဲ႔ ပ်ားရည္ ၂ ဇြန္းကို လိုအပ္ပါတယ္။ ဒီႏွစ္မ်ိဳးကို ေရာၿပီး မ်က္ႏွာမွာ လိမ္းေပးရပါမယ္။
၅။ အသားအေရ ေတာက္ပဖို႔
Glow Skin ကို ပိုင္ဆိုင္ခ်င္ရင္ေတာ့ ဒိန္ခ်ဥ္ ၂ ဇြန္းနဲ႔ သံပယိုရည္ ၂ ဇြန္းကို သုံးသင့္ပါတယ္။ ဒီႏွစ္မ်ိဳးကို ေရာၿပီး လိမ္းေပးရပါမယ္။
၆။ ဝက္ၿခံသက္သာဖို႔
သင္က ဝက္ၿခံသက္သာခ်င္သူဆိုရင္ေတာ့ ဒီအတြက္ ရည္႐ြယ္ထားတဲ့ Skincare ပစၥည္းေတြကို သုံးသင့္ပါတယ္။
ဒီလို မသုံးျဖစ္ေသးဘူးဆိုရင္ သစ္ၾကမ္းေခါက္မႈန႔္ ေလးပုံပုံ တစ္ပုံနဲ႔ ပ်ားရည္၂ ဇြန္းကို အသုံးျပဳႏိုင္ပါတယ္။
၇။ Anti Aging အတြက္
အသက္အ႐ြယ္ တစ္ခု ေရာက္လာသူေတြအတြက္ Anti Aging နည္းလမ္း ျဖစ္တဲ့ ရွားေစာင္းလတ္ပတ္ ၂ ဇြန္းနဲ႔ ၾကည္ဥအကာ ၁ ဇြန္းကို သုံးႏိုင္ပါတယ္။ ဒီႏွစ္မ်ိဳးကို ေရာၿပီး လိမ္းေပးရပါမယ္။
၈။ ေခြၽးေပါက္အတြင္းထိ သန႔္စင္ေပးဖို႔
Deep Cleansing အတြက္ DIY နည္းလမ္းတစ္ခုရွိပါတယ္။ ဒီအတြက္ လိုအပ္တဲ့ ပစၥည္းေတြကေတာ့ အုတ္ဂ်ဳံ တစ္ဇြန္းနဲ႔ ဒိန္ခ်ဥ္ ၂ ဇြန္းတို႔ပဲ ျဖစ္ပါတယ္။