တစ်ပင် ရှိထားရုံနဲ့ နောက်ထပ်ပျိုးပင် ဝယ်ဖို့ မလိုတော့တဲ့ မြေထုပ်စည်းမျိုးပွားနည်း
မျိုးစေ့မှ မျိုးပွားစိုက်ပျိုးခြင်းနှင့် ကိုင်းဖြတ်မျိုးပွားခြင်းတို့ပြီးလျှင် မြေထုပ်စည်းမျိုးပွားနည်း (Air-layering) သည် အသုံးများသော အပင်မျိုးပွားနည်း(Vegetative propagation) တစ်ခုဟု ဆိုနိုင်သည်။ ကိုင်းဖြတ်မျိုးပွားရန် ခက်ခဲသော အပင်များအတွက် အသုံးဝင်သော အပင်မျိုးပွားနည်းလည်းဖြစ်သည်။
အပင်မျိုးပွားခြင်းဆိုင်ရာ ဘာသာရပ် အခေါ်အဝေါ်အရ “Layering” ဆိုသည်မှာ အပင်တစ်၏ ကိုင်းအခက်အလက်တစ်ခုသည်မိခင်အပင်နှင့် အတူရှိနေစဉ် ၎င်းကိုင်းအခက်အလက်ပေါ်၌ အမြစ်ထွက်ဖြစ်ပေါ်လာခြင်းကို ဆိုလိုသည်။ ဥပမာ၊ ယင်းကဲ့သို့အဖြစ်အပျက်မျိုးကို စတော်ဘယ်ရီပင်နှင့် ပင့်ကူဂမုန်းပင်တို့တွင် အလွယ်တကူတွေ့နိုင်ပါသည်။မြေထုပ်စည်းမျိုးပွားနည်းစနစ်အသုံးပြုရခြင်း၏ အားသာချက်များ
ကုန်ကျစရိတ် သက်သာခြင်း၊ လုပ်ကိုင်ဆောင်ရွက်ရ လွယ်ကူခြင်းနှင့် အောင်မြင်မှုရာခိုင်နှုန်း များသောကြောင့် အသုံးပြုသူ များပြားသည်။အချိန်တိုအတွင်း အပင်များစွာကို မျိုးပွားရယူနိုင်၏။အပင်များ ကိုင်းနှိမ်ကိုင်းချိုင်ခြင်း မလုပ်မီကိုင်းအခက်အလက်များကို မြေထုပ်စည်းနည်းဖြင့် မျိုးပွားယူပါကအပင်များမျိုးပွားရယူနိုင်သကဲ့သို့ အပင်များအတွက်လည်း အတိုင်းအတာတစ်ခုအထိ ကိုင်းနှိမ် ကိုင်းချိုင်ပြီးသားဖြစ်သွားသည်။
မြေထုပ်စည်းမျိုးပွားနည်းစနစ်ဖြင့်မျိုးပွားနိုင်သော အပင်များရှောက်သံပုရာ လိမ္မော်မျိုးရင်းဝင်အပင်များ၊ မာလကာ၊ လိုက်ချီး၊ ကြက်မောက်၊ လောင်ဂန်၊ သကြားသီး၊ ဂွေးသီး စသော အသီးပင်များနှင့် နှင်းဆီ၊ ခေါင်ရမ်း၊ ရွက်လှ၊ ပုဏ္ဏရိပ်၊ ဇီဇဝါ၊ ညောင်၊ သဖန်း၊ နွယ်သာကီ၊ စက္ကူပန်း စသည့် ပန်းမန်အလှပင်များစွာကို ဤနည်းဖြင့် မျိုးပွားနိုင်ပါသည်။မြေထုပ်စည်းမျိုးပွားနည်းစနစ်ဖြင့်မျိုးပွားယူနိုင်သော အချိန်ကာလရာသီအပင်တွင် အစိုဓာတ်ရနေပါက တစ်နှစ်ပတ်လုံး မြေထုပ်စည်းမျိုးပွားနိုင်သော်လည်း
အပင်အများစုအတွက် အကောင်းဆုံးကာလမှာ ပတ်ဝန်းကျင်စိုထိုင်းဆများပြားပြီး အပင်တွင်း ရေဓာတ်များပြားသောအချိန် မိုးရာသီ (ဇူလိုင်မှ သြဂုတ်အတွင်း) တွင် ဖြစ်ပါသည်။မျိုးပွားမည့် ပင်စည်ကိုင်းခတ်အား ရွေးချယ်ခြင်းမြေထုပ်စည်းမျိုးပွားရာတွင် မြေထုပ်စည်းမျိုးပွားမည့် ကိုင်းသည် ကျန်းမာသန်စွမ်းပြီး ပိုးမွှားရောဂါကင်းရမည်။
သက်တမ်းမှာ တစ်နှစ်သားခန့်ရှိပြီး မရင့်လွန်း၊ မနုလွန်းသည့် ကိုင်းလုံးပတ် (လက်မဝက် မှ ၁ လက်မ) အရွယ် အပွေးတက်စ ကိုင်းဖြစ်ရမည်။မြေထုပ်စည်း မျိုးပွားရန် ပြင်ဆင်ဆောင်ရွက်ခြင်းမြေထုပ်စည်း မျိုးပွားမည့်နေရာသည် ကိုင်းဖျား(အညွန့်) မှ (၁) ပေ၊ (၂) ပေခန့် ကွာဝေးသင့်သည်။
ရွေးချယ်ပြီးသော ကိုင်းပင်စည်နေရာ၏ အဆစ်အောက်နားကပ်ကာ အခေါက်ကို တစ်ပတ်လုံးရစ်၍ ခွာရမည် (အဆစ်နားကပ်၍ ခွာရခြင်းမှာ ကြီးထွားမှုဖြစ်စေသောဆဲလ်များသည် အဆစ်များ ပတ်ဝန်းကျင်တွင်စုစည်းတည်ရှိနေသောကြောင့်ဖြစ်ပြီး အမြစ်ဖြစ်ပေါ်မှုကို ပို၍ ကောင်းစေသည်)။ ခွာသည့် အခေါက် အကျယ်သည်
ကိုင်းအရွယ်အစားကို လိုက်၍ လက်မဝက်မှ တစ်လက်မခွဲ အထိထားနိုင်သည် ။ ဤနည်းစနစ်သည် အသားတိုးလွှာ (Cambium) သီးသန့်ရှိသော “Dicot” အပင်များတွင် အသုံးပြုရန် သင့်တော်သည်။နောက်နည်းစနစ်တစ်ခုမှာ အခေါက်မခွာဘဲ ပင်စည်ကိုင်း၏ တဝက်ခန့်အား စောင်း၍ အထက်ဘက်သို့ ၁ လက်မခန့်ဓားဖြင့် လှီးဖြတ် ဒဏ်ရာပေးရမည်။
၎င်းဒဏ်ရာအား သွားကြားထိုးတံကဲ့သို့ အရာတစ်ခုခုဖြင့် ပြန်မဆက်သွားစေရန် ဟထားပေးရမည် ။ ဤနည်းစနစ်သည် အပင်အများစုအတွက် အသုံးပြုရန် သင့်တော်သည်။သို့သော်လည်း အမြစ်ထွက်ရန် ခက်ခဲသော အပင်များ (ဥပမာ၊ ညောင်ကြက်ပေါင်) နှင့် အသားတိုးလွှာ (Cambium) သီးသန့်မရှိသော “Monocot” အပင်များတွင် ပို၍ အသုံးများသည်။
အခေါက်ခွာနည်းစနစ်ကို အသုံးပြုမည်ဆိုပါက အသားတိုးလွှာဟုခေါ်သော အတွင်းပိုင်း မျက်နှာပြင်အလွှာပါးကို အသားနု ပြန်မတက်စေရန် ဓားဖြင့် ကုန်စင်အောင် ခြစ်ထုတ်ပစ်ရမည်။
အခေါက်ခွာ/ဓားဒဏ်ရာပေးထားသောနေရာကို အစိုဓာတ်ထိန်းနိုင်သော မြေစပ်စာများဖြင့် သော်လည်းကောင်း၊ အုန်းဆံဖတ်များဖြင့်သော် လည်းကောင်း အုံမံ၍ အပေါ်မှ ပလပ်စတစ်နှင့် ထုပ်ပြီး ကြိုးဖြင့်လုံအောင် စည်းရမည် ။ယေဘုယျအားဖြင့် မြေထုပ်စည်းပြီး တစ်လ သို့မဟုတ် တစ်လခွဲခန့်ကြာလျှင် မြေထုပ်စည်းထားသော ကိုင်းနေရာမှ အမြစ်များ ထွက်လာသည်ကို မြင်ရမည်ဖြစ်သည် ။
ထို့နောက် ၎င်းမြေထုပ်၏ အောက်ဖက် တစ်လက်မခန့် အကွာမှ ဖြတ်ယူ၍ ပျိုးအိတ်၊ ပျိုးအိုး အတွင်းသို့ ပြောင်းစိုက်ရမည် ။ပျိုးအိတ်၊ ပျိုးအိုးများအား အရိပ်ကျဲစင်အောက်တွင် ထားပေးသင့်သည်။ အကယ်၍ အရွက်ပမာဏများနေလျှင် ထွက်လာသည့် အမြစ်ပမာဏနှင့် အရွက်ပမာဏကို
ထိန်းညှိရန် အရွက်အချို့ကို ခြွေလျှော့ပေးရမည် (မြေထုပ်အား အပင်မှ မဖြတ်ယူမီ တပတ်ခန့်က ကိုင်းအခတ်လက်ရှိအရွက်ပမာဏကို ကြိုတင်လျော့ချပေးထားလျှင်လည်း အကောင်းဆုံးဖြစ်သည်)။ ရေကိုလည်း လိုအပ်သလို လောင်းပေးရမည်။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
Zawgyi
တစ္ပင္ ရွိထား႐ုံနဲ႔ ေနာက္ထပ္ပ်ိဳးပင္ ဝယ္ဖို႔ မလိုေတာ့တဲ့ ေျမထုပ္စည္းမ်ိဳးပြားနည္း
မ်ိဳးေစ့မွ မ်ိဳးပြားစိုက္ပ်ိဳးျခင္းႏွင့္ ကိုင္းျဖတ္မ်ိဳးပြားျခင္းတို႔ၿပီးလွ်င္ ေျမထုပ္စည္းမ်ိဳးပြားနည္း (Air-layering) သည္ အသုံးမ်ားေသာ အပင္မ်ိဳးပြားနည္း(Vegetative propagation) တစ္ခုဟု ဆိုႏိုင္သည္။ ကိုင္းျဖတ္မ်ိဳးပြားရန္ ခက္ခဲေသာ အပင္မ်ားအတြက္ အသုံးဝင္ေသာ အပင္မ်ိဳးပြားနည္းလည္းျဖစ္သည္။
အပင္မ်ိဳးပြားျခင္းဆိုင္ရာ ဘာသာရပ္ အေခၚအေဝၚအရ “Layering” ဆိုသည္မွာ အပင္တစ္၏ ကိုင္းအခက္အလက္တစ္ခုသည္မိခင္အပင္ႏွင့္ အတူရွိေနစဥ္ ၎ကိုင္းအခက္အလက္ေပၚ၌ အျမစ္ထြက္ျဖစ္ေပၚလာျခင္းကို ဆိုလိုသည္။ ဥပမာ၊ ယင္းကဲ့သို႔အျဖစ္အပ်က္မ်ိဳးကို စေတာ္ဘယ္ရီပင္ႏွင့္ ပင့္ကူဂမုန္းပင္တို႔တြင္ အလြယ္တကူေတြ႕ႏိုင္ပါသည္။ေျမထုပ္စည္းမ်ိဳးပြားနည္းစနစ္အသုံးျပဳရျခင္း၏ အားသာခ်က္မ်ား
ကုန္က်စရိတ္ သက္သာျခင္း၊ လုပ္ကိုင္ေဆာင္႐ြက္ရ လြယ္ကူျခင္းႏွင့္ ေအာင္ျမင္မႈရာခိုင္ႏႈန္း မ်ားေသာေၾကာင့္ အသုံးျပဳသူ မ်ားျပားသည္။အခ်ိန္တိုအတြင္း အပင္မ်ားစြာကို မ်ိဳးပြားရယူႏိုင္၏။အပင္မ်ား ကိုင္းႏွိမ္ကိုင္းခ်ိဳင္ျခင္း မလုပ္မီကိုင္းအခက္အလက္မ်ားကို ေျမထုပ္စည္းနည္းျဖင့္ မ်ိဳးပြားယူပါကအပင္မ်ားမ်ိဳးပြားရယူႏိုင္သကဲ့သို႔ အပင္မ်ားအတြက္လည္း အတိုင္းအတာတစ္ခုအထိ ကိုင္းႏွိမ္ ကိုင္းခ်ိဳင္ၿပီးသားျဖစ္သြားသည္။ေျမထုပ္
စည္းမ်ိဳးပြားနည္းစနစ္ျဖင့္မ်ိဳးပြားႏိုင္ေသာ အပင္မ်ားေရွာက္သံပုရာ လိေမၼာ္မ်ိဳးရင္းဝင္အပင္မ်ား၊ မာလကာ၊ လိုက္ခ်ီး၊ ၾကက္ေမာက္၊ ေလာင္ဂန္၊ သၾကားသီး၊ ေဂြးသီး စေသာ အသီးပင္မ်ားႏွင့္ ႏွင္းဆီ၊ ေခါင္ရမ္း၊ ႐ြက္လွ၊ ပုဏၰရိပ္၊ ဇီဇဝါ၊ ေညာင္၊ သဖန္း၊ ႏြယ္သာကီ၊ စကၠဴပန္း စသည့္ ပန္းမန္အလွပင္မ်ားစြာကို ဤနည္းျဖင့္ မ်ိဳးပြားႏိုင္ပါသည္။ေျမထုပ္စည္းမ်ိဳးပြားနည္းစနစ္ျဖင့္မ်ိဳးပြားယူႏိုင္ေသာ အခ်ိန္ကာလရာသီအပင္တြင္ အစိုဓာတ္ရေနပါက တစ္ႏွစ္ပတ္လုံး ေျမထုပ္စည္းမ်ိဳးပြားႏိုင္ေသာ္လည္း
အပင္အမ်ားစုအတြက္ အေကာင္းဆုံးကာလမွာ ပတ္ဝန္းက်င္စိုထိုင္းဆမ်ားျပားၿပီး အပင္တြင္း ေရဓာတ္မ်ားျပားေသာအခ်ိန္ မိုးရာသီ (ဇူလိုင္မွ ၾသဂုတ္အတြင္း) တြင္ ျဖစ္ပါသည္။မ်ိဳးပြားမည့္ ပင္စည္ကိုင္းခတ္အား ေ႐ြးခ်ယ္ျခင္းေျမထုပ္စည္းမ်ိဳးပြားရာတြင္ ေျမထုပ္စည္းမ်ိဳးပြားမည့္ ကိုင္းသည္ က်န္းမာသန္စြမ္းၿပီး ပိုးမႊားေရာဂါကင္းရမည္။
သက္တမ္းမွာ တစ္ႏွစ္သားခန႔္ရွိၿပီး မရင့္လြန္း၊ မႏုလြန္းသည့္ ကိုင္းလုံးပတ္ (လက္မဝက္ မွ ၁ လက္မ) အ႐ြယ္ အေပြးတက္စ ကိုင္းျဖစ္ရမည္။ေျမထုပ္စည္း မ်ိဳးပြားရန္ ျပင္ဆင္ေဆာင္႐ြက္ျခင္းေျမထုပ္စည္း မ်ိဳးပြားမည့္ေနရာသည္ ကိုင္းဖ်ား(အၫြန႔္) မွ (၁) ေပ၊ (၂) ေပခန႔္ ကြာေဝးသင့္သည္။
ေ႐ြးခ်ယ္ၿပီးေသာ ကိုင္းပင္စည္ေနရာ၏ အဆစ္ေအာက္နားကပ္ကာ အေခါက္ကို တစ္ပတ္လုံးရစ္၍ ခြာရမည္ (အဆစ္နားကပ္၍ ခြာရျခင္းမွာ ႀကီးထြားမႈျဖစ္ေစေသာဆဲလ္မ်ားသည္ အဆစ္မ်ား ပတ္ဝန္းက်င္တြင္စုစည္းတည္ရွိေနေသာေၾကာင့္ျဖစ္ၿပီး အျမစ္ျဖစ္ေပၚမႈကို ပို၍ ေကာင္းေစသည္)။ ခြာသည့္ အေခါက္ အက်ယ္သည္
ကိုင္းအ႐ြယ္အစားကို လိုက္၍ လက္မဝက္မွ တစ္လက္မခြဲ အထိထားႏိုင္သည္ ။ ဤနည္းစနစ္သည္ အသားတိုးလႊာ (Cambium) သီးသန႔္ရွိေသာ “Dicot” အပင္မ်ားတြင္ အသုံးျပဳရန္ သင့္ေတာ္သည္။ေနာက္နည္းစနစ္တစ္ခုမွာ အေခါက္မခြာဘဲ ပင္စည္ကိုင္း၏ တဝက္ခန႔္အား ေစာင္း၍ အထက္ဘက္သို႔ ၁ လက္မခန႔္ဓားျဖင့္ လွီးျဖတ္ ဒဏ္ရာေပးရမည္။
၎ဒဏ္ရာအား သြားၾကားထိုးတံကဲ့သို႔ အရာတစ္ခုခုျဖင့္ ျပန္မဆက္သြားေစရန္ ဟထားေပးရမည္ ။ ဤနည္းစနစ္သည္ အပင္အမ်ားစုအတြက္ အသုံးျပဳရန္ သင့္ေတာ္သည္။သို႔ေသာ္လည္း အျမစ္ထြက္ရန္ ခက္ခဲေသာ အပင္မ်ား (ဥပမာ၊ ေညာင္ၾကက္ေပါင္) ႏွင့္ အသားတိုးလႊာ (Cambium) သီးသန႔္မရွိေသာ “Monocot” အပင္မ်ားတြင္ ပို၍ အသုံးမ်ားသည္။
အေခါက္ခြာနည္းစနစ္ကို အသုံးျပဳမည္ဆိုပါက အသားတိုးလႊာဟုေခၚေသာ အတြင္းပိုင္း မ်က္ႏွာျပင္အလႊာပါးကို အသားႏု ျပန္မတက္ေစရန္ ဓားျဖင့္ ကုန္စင္ေအာင္ ျခစ္ထုတ္ပစ္ရမည္။
အေခါက္ခြာ/ဓားဒဏ္ရာေပးထားေသာေနရာကို အစိုဓာတ္ထိန္းႏိုင္ေသာ ေျမစပ္စာမ်ားျဖင့္ ေသာ္လည္းေကာင္း၊ အုန္းဆံဖတ္မ်ားျဖင့္ေသာ္ လည္းေကာင္း အုံမံ၍ အေပၚမွ ပလပ္စတစ္ႏွင့္ ထုပ္ၿပီး ႀကိဳးျဖင့္လုံေအာင္ စည္းရမည္ ။ေယဘုယ်အားျဖင့္ ေျမထုပ္စည္းၿပီး တစ္လ သို႔မဟုတ္ တစ္လခြဲခန႔္ၾကာလွ်င္ ေျမထုပ္စည္းထားေသာ ကိုင္းေနရာမွ အျမစ္မ်ား ထြက္လာသည္ကို ျမင္ရမည္ျဖစ္သည္ ။
ထို႔ေနာက္ ၎ေျမထုပ္၏ ေအာက္ဖက္ တစ္လက္မခန႔္ အကြာမွ ျဖတ္ယူ၍ ပ်ိဳးအိတ္၊ ပ်ိဳးအိုး အတြင္းသို႔ ေျပာင္းစိုက္ရမည္ ။ပ်ိဳးအိတ္၊ ပ်ိဳးအိုးမ်ားအား အရိပ္က်ဲစင္ေအာက္တြင္ ထားေပးသင့္သည္။ အကယ္၍ အ႐ြက္ပမာဏမ်ားေနလွ်င္ ထြက္လာသည့္ အျမစ္ပမာဏႏွင့္ အ႐ြက္ပမာဏကို
ထိန္းညႇိရန္ အ႐ြက္အခ်ိဳ႕ကို ေႁခြေလွ်ာ့ေပးရမည္ (ေျမထုပ္အား အပင္မွ မျဖတ္ယူမီ တပတ္ခန႔္က ကိုင္းအခတ္လက္ရွိအ႐ြက္ပမာဏကို ႀကိဳတင္ေလ်ာ့ခ်ေပးထားလွ်င္လည္း အေကာင္းဆုံးျဖစ္သည္)။ ေရကိုလည္း လိုအပ္သလို ေလာင္းေပးရမည္။
ဟန္ၿဖိဳးေအာင္ (ဥယ်ာဥ္ၿခံ)